< တရားဟောရာ 11 >
1 ၁ သို့ဖြစ်၍ သင်သည် သင် ၏ဘုရားသခင် ထာဝရဘုရား ကို ချစ် ရမည်။ စီရင် ထုံးဖွဲ့တော်မူချက်၊ မှာထား တော်မူသောပညတ် တော်တို့ကို အစဉ် စောင့်ရှောက် ရမည်။
So have love for the Lord your God, and give him worship, and keep his laws and his decisions and his orders at all times.
2 ၂ သင် ၏ဘုရားသခင် ထာဝရဘုရား ဆုံးမ တော်မူခြင်း ကို၎င်း၊ ဘုန်း အာနုဘော်တော်ကို၎င်း၊ အားကြီး သော လက်ရုံး ဆန့် တော်မူခြင်းကို၎င်း၊
And be certain in your minds this day; for these words are not said to your children, who have had no experience of the training of the Lord your God, and who have not seen his great power or his strong hand and his stretched-out arm,
3 ၃ ထူးဆန်း သော တန်ခိုးတော်ကို၎င်း ၊ အဲဂုတ္တု ပြည် ၌ ၊ အဲဂုတ္တု ရှင်ဘုရင် ဖါရော မင်းနှင့် ပြည်သူ ပြည်သားများတို့အား ပြု တော်မူသော အမှု ကို၎င်း၊
Or his signs and wonders which he did in Egypt, to Pharaoh, king of Egypt, and all his land;
4 ၄ အဲဂုတ္တု စစ်သူရဲ အလုံးအရင်းတည်းဟူသောမြင်း စီးသူရဲ၊ ရထား စီးသူရဲတို့အား ပြု တော်မူသောအမှု ကို ၎င်း ၊ သင် တို့ကိုလိုက် သောသူ တို့ ကို ဧဒုံ ပင်လယ် ရေ လွှမ်းမိုး စေ၍ ၊ ယနေ့ တိုင်အောင် ဖျက်ဆီး တော်မူကြောင်း ကို၎င်း၊
And what he did to the army of Egypt, to their horses and their war-carriages; how he made the waters of the Red Sea come up over them when they went after you, and how the Lord put an end to them even to this day;
5 ၅ ဤ အရပ် သို့ မ ရောက် မှီ၊ တော ၌ လှည့်လည်စဉ်တွင် သင် တို့အား ပြု တော်မူသောအမှု ကို၎င်း၊
And what he did for you in the waste land, till you came to this place;
6 ၆ ရုဗင် အမျိုး ၊ ဧလျာဘ သား ဒါသန် နှင့် အဘိရံ တို့ အား ပြု တော်မူသောအမှု ကို၎င်း ၊ မြေကြီး သည် မိမိ ခံတွင်း ကို ဖွင့် ၍ သူ တို့နှင့် အိမ်သူ အိမ်သားများ၊ တဲ များ၊ သူ တို့၌ ရတတ်သမျှ သော ဥစ္စာ ပစ္စည်းများကို၊ ဣသရေလ အမျိုးသားတို့ အလယ် ၌ ၊ မျို ကြောင်းကို၎င်း မ သိ မမြင် သော သင် တို့၏ သားသမီး တို့အား ငါမပြော၊ သင်တို့ကိုယ်တိုင် သိမှတ် ကြလော့။
And what he did to Dathan and Abiram, the sons of Eliab, the son of Reuben; when they went down into the open mouth of the earth, with their families and their tents and every living thing which was theirs, before the eyes of all Israel:
7 ၇ ထာဝရဘုရား ပြု တော်မူသော အမှု ကြီး အလုံးစုံ တို့ကို သင် တို့သည် ကိုယ်တိုင် မြင် ကြပြီ။
But your eyes have seen all the great works of the Lord which he has done.
8 ၈ ထို့ကြောင့် ၊ သင်တို့သည်သွား ၍ ဝင်စား လတံ့ သောပြည် ကို ကြီးစွာသောခွန်အား နှင့် ဝင်စား မည် အကြောင်း၊
So keep all the orders which I give you today, so that you may be strong, and go in and take the land which is to be your heritage;
9 ၉ ထာဝရဘုရား သည် သင် တို့၏ ဘိုးဘေး တို့နှင့် သူ တို့အမျိုးအနွယ် အား ပေး ခြင်းငှာ ကျိန်ဆို တော်မူသော ပြည် ၊ နို့ နှင့် ပျားရည် စီး သောပြည် ၌ သင်တို့အသက်တာ ရှည် မည်အကြောင်း ၊ ယနေ့ ငါ မှာ ထားသမျှ သောပညတ် တို့ကို စောင့်ရှောက် ရကြမည်။
And that your days may be long in the land which the Lord gave by an oath to your fathers and to their seed after them, a land flowing with milk and honey.
10 ၁၀ သင် တို့သွား ၍ ဝင်စားလတံ့သော ပြည် သည် ကား ၊ ယာ လုပ်သကဲ့သို့ မျိုးစေ့ ကြဲ ၍ ခြေ ဖြင့် ရေ လောင်း ရသောပြည်တည်းဟူသောသင်တို့ထွက် လာသော အဲဂုတ္တု ပြည် နှင့် တူသည်မ ဟုတ်။
For the land where you are going is not like the land of Egypt from which you have come, where you put in your seeds, watering them with your foot, like a planted garden:
11 ၁၁ သင် တို့သွား ၍ ဝင်စား လတံ့သော ပြည် သည် တောင် များ၊ ချိုင့် များနှင့် ပြည့်စုံ၍ မိုဃ်း ရေကို သောက် သောပြည်၊
But the land where you are going is a land of hills and valleys, drinking in the rain of heaven:
12 ၁၂ သင် တို့၏ဘုရားသခင် ထာဝရဘုရား ပြုစု ၍ တနှစ် ပတ်လုံးကြည့်ရှု တော်မူသော ပြည် ဖြစ်၏။
A land cared for by the Lord your God: the eyes of the Lord your God are on it at all times from one end of the year to the other.
13 ၁၃ သင် တို့ဘုရားသခင် ထာဝရဘုရား ကို စိတ်နှလုံး အကြွင်းမဲ့ ချစ် ၍ အမှုတော် ကို ဆောင်ရွက်မည် အကြောင်း ၊ ယနေ့ ငါ မှာ ထားသမျှသော ပညတ် တို့ကို စေ့စေ့နားထောင် လျှင်၊
And it will be that if you truly give ear to the orders which I put before you this day, loving the Lord your God and worshipping him with all your heart and all your soul,
14 ၁၄ သင် တို့သည် စပါး ၊ စပျစ် ရည်၊ ဆီ တို့ကို စုသိမ်း စေခြင်းငှာ အရင်မိုဃ်း ၊ နောက် မိုဃ်း တည်းဟူသောသင် တို့ပြည် နှင့်ဆိုင်သော မိုဃ်း ရေကို ငါပေး မည်။
Then I will send rain on your land at the right time, the early rains and the late rains, so that you may get in your grain and your wine and your oil.
15 ၁၅ သင်တို့သည် ဝ စွာစား ရမည်အကြောင်း ၊ သင် တို့တိရစ္ဆာန် များအဘို့ လွင်ပြင် ၌ မြက်ပင် ကို ငါပေါက် စေမည်။
And I will give grass in your fields for your cattle, so that you may have food in full measure.
16 ၁၆ သင် တို့သည် မိစ္ဆာဒိဌိ အယူကိုစွဲ၍ လမ်းမလွဲ ၊ အခြား တပါးသော ဘုရား တို့ကို ဝတ်ပြု ၊ ကိုးကွယ် ခြင်းနှင့် ကင်းလွှတ်မည်အကြောင်း ၊ ကိုယ် ကိုကိုယ်သတိ ပြုကြ လော့။
But take care that your hearts are not turned to false ways so that you become servants and worshippers of other gods;
17 ၁၇ သို့မဟုတ်ထာဝရဘုရား သည် အမျက် တော် ထွက် ၍ မိုဃ်း မ ရွာ ၊ မြေ ၏အသီးအနှံ ကို မ ဖြစ် စေခြင်းငှာ။ မိုဃ်းကောင်းကင် ကို ပိတ် တော်မူမည်။ ထာဝရဘုရား ပေး တော်မူသော ကောင်းမွန် သောပြည် ၌ သင်တို့သည် အလျှင် အမြန် ပျောက် ပျက်ကြလိမ့်မည်။
For if you do so, the wrath of the Lord will be burning against you, and the heaven will be shut up so that there is no rain and the land will give no fruit; and in a very little time you will be cut off from the good land which the Lord is giving you.
18 ၁၈ သို့ဖြစ်၍ ငါ ဟောပြောသော ဤ စကား ကို စိတ် နှလုံး၌ သွင်း ထား၍ ၊ လက် ၌ လက္ခဏာ သက်သေဘို့ ရာ၎င်း၊ မျက်စိ ကြား မှာ သင်းကျစ် ကဲ့သို့ ၎င်း ချည် ထားရကြမည်။
So keep these words deep in your heart and in your soul, and have them fixed on your hand for a sign and marked on your brow;
19 ၁၉ ထို စကားကို သင် တို့သည် အိမ် ၌ ထိုင် လျက် နေသည်ဖြစ်စေ၊ ခရီး သွား သည်ဖြစ်စေ ၊ အိပ် လျက် ထ လျက် ရှိသည်ဖြစ်စေဟောပြော ၍ ၊ သားသမီး တို့အား သွန်သင် ရကြမည်။
Teaching them to your children, and talking of them when you are at rest in your house or walking by the way, when you go to sleep and when you get up:
20 ၂၀ အိမ် တံခါး မြို့တံခါး ၌ လည်း ရေး ထားရကြမည်။
Writing them on the pillars of your houses and over the doors of your towns:
21 ၂၁ သို့ပြုလျှင် ထာဝရဘုရား သည် ဘိုးဘေး တို့အား ပေး ခြင်းငှာ ကျိန်ဆို တော်မူသော ပြည် ၌ သင် တို့အသက် ၊ သားသမီး များ အသက်တာ သည်၊ ကောင်းကင် ၌ အသက်တာ ရှည် သကဲ့သို့ ၊ မြေကြီး ပေါ် မှာ တာရှည် ရလိမ့်မည်။
So that your days, and the days of your children, may be long in the land which the Lord by his oath to your fathers said he would give them, like the days of the eternal heavens.
22 ၂၂ သင် တို့သည် သင် တို့၏ဘုရားသခင် ထာဝရဘုရား ကို ချစ် သောစိတ်နှင့် လမ်း တော်သို့ လိုက် ၍၊ ကိုယ်တော် ၌ ဆည်းကပ်မှီဝဲ မည် အကြောင်း၊ ငါ မှာ ထားသမျှသော ဤ ပညတ် တို့ကို ကျင့် အံ့သောငှာ သတိနှင့် စောင့်ရှောက် လျှင်၊
For if you take care to keep all the orders which I give you, and to do them; loving the Lord your God and walking in all his ways and being true to him:
23 ၂၃ ထာဝရဘုရား သည် ဤ လူမျိုး ခပ်သိမ်း တို့ကို သင် တို့ရှေ့ မှ နှင်ထုတ် တော်မူသဖြင့် ၊ သင် တို့သည် ကိုယ်ထက် အားကြီး ၍ များပြား သော လူမျိုး တို့ကို အစိုးရ ကြ လိမ့်မည်။
Then the Lord will send these nations in flight before you, and you will take the lands of nations greater and stronger than yourselves.
24 ၂၄ သင် တို့သည် ခြေ နှင့်နင်း သမျှ သောအရပ် ကို ပိုင်သဖြင့်၊ တော မှစ၍ လေဗနုန် တောင်တိုင်အောင်၎င်း၊ ဥဖရတ် မြစ် ကြီးမှစ၍ ပင်လယ် ကမ်းနားတိုင်အောင် ၎င်း၊ မြေတရှောက်လုံးသည် သင် တို့၏ နိုင်ငံ အဝင် ဖြစ် လိမ့်မည်။
Every place where you put your foot will be yours: from the waste land and Lebanon, from the river, the river Euphrates as far as the Great Sea, will be the limits of your land.
25 ၂၅ သင် တို့ရှေ့ မှာ အဘယ်သူ မျှမ ရပ် မနေနိုင် အောင်၊ သင်တို့နင်း သော မြေ အရပ်၌ ရှိသောသူအပေါင်း တို့သည် သင် တို့ကို ကြောက်ရွံ့ ထိတ်လန့် မည် အကြောင်း၊ သင် တို့၏ဘုရားသခင် ထာဝရဘုရား သည်၊ ဂတိ တော်ရှိသည်အတိုင်း ပြု တော်မူမည်။
All people will give way before you: for the Lord your God will put the fear of you on all the land through which you go, as he has said.
26 ၂၆ ယနေ့ ကောင်းကြီး ပေးခြင်းနှင့် ကျိန် ခြင်းတည်းဟူသောဤနှစ်ပါးကို သင် တို့ရှေ့ မှာ ငါ ထား ၏။
Today I put before you a blessing and a curse:
27 ၂၇ ယနေ့ ငါ ဆင့်ဆို သော သင် တို့ဘုရားသခင် ထာဝရဘုရား ၏ ပညတ် တော်တို့ကို နားထောင် လျှင် မူကား၊ ကောင်းကြီး ပေးခြင်း၊
The blessing if you give ear to the orders of the Lord your God, which I give you this day:
28 ၂၈ သင် တို့ဘုရားသခင် ထာဝရဘုရား ၏ ပညတ် တော်တို့ကို နား မ ထောင်၊ ယနေ့ ငါ မှာ ထားသော လမ်း မှ လွှဲ ရှောင်၍ ၊ မ သိ ဘူးသော အခြား တပါးသောဘုရား ကို မှီဝဲဆည်းကပ်လျှင်မူကား ကျိန် ခြင်းကို ငါထား၏။
And the curse if you do not give ear to the orders of the Lord your God, but let yourselves be turned from the way which I have put before you this day, and go after other gods which are not yours.
29 ၂၉ သင် တို့သည်သွား ၍ ဝင်စား လတံ့သောပြည် သို့ သင် တို့၏ ဘုရားသခင် ထာဝရဘုရား သည် ဆောင် သွင်း တော်မူပြီးမှ ၊ ကောင်းကြီး မင်္ဂလာကို ဂေရဇိမ် တောင် ပေါ် ၌၎င်း၊ ကျိန် ခြင်းကို ဧဗလ တောင် ပေါ် ၌၎င်း တင် ထားရကြမည်။
And when the Lord your God has taken you into the land of your heritage, you are to put the blessing on Mount Gerizim and the curse on Mount Ebal.
30 ၃၀ ထိုတောင်တို့သည် ယော်ဒန် မြစ်အနောက် ၊ နေ ဝင် ရာဘက် မှာ ခါနနိ လူတို့နေရာ အရပ်တည်းဟူသော၊ မောရေ သပိတ် တောအနား ၊ ဂိလဂါလ မြို့နှင့် ဆိုင်သော လွင်ပြင် ၌ ရှိသည်မ ဟုတ်လော။
Are they not on the other side of Jordan, looking west, in the land of the Canaanites living in the Arabah, opposite Gilgal, by the holy tree of Moreh?
31 ၃၁ သင် တို့၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူ သော ပြည် ကို ဝင်စား ခြင်းငှာ ၊ ယော်ဒန် မြစ်တဘက်သို့ ကူး သွား၍၊ ထိုပြည်ကို ဝင်စား လျက် နေ ရကြမည်။
For you are about to go over Jordan to take the heritage which the Lord your God is giving you, and it will be your resting-place.
32 ၃၂ ယနေ့ ငါ ထား သမျှ သော စီရင် ထုံးဖွဲ့ချက်တို့ကို ကျင့် အံ့သောငှာ စောင့်ရှောက် ရကြမည်။
And you are to take care to keep all the laws and the decisions which I put before you today.