< တရားဟောရာ 10 >

1 ထိုအခါ ထာဝရဘုရား က၊ အရင် ကျောက်ပြား နှစ် ပြားနည်းတူ ၊ ကျောက်ပြားနှစ်ပြားကို ခုတ် ဦးလော့။ ငါ ရှိရာသို့ တက် လာလော့။ သေတ္တာ ကိုလည်း လုပ် လော့။
``ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား`ယ​ခင် ကျောက်​ပြား​ကဲ့​သို့​ကျောက်​ပြား​နှစ်​ချပ်​ကို​ခုတ် လော့။ ထို​ကျောက်​ပြား​ကို​ထည့်​ရန် သစ်​သား​သေတ္တာ တော်​ကို​လည်း​ပြု​လုပ်​လော့။ ထို့​နောက်​ငါ​ရှိ​ရာ တောင်​ပေါ်​သို့​တက်​လာ​လော့။-
2 သင်ချိုးဖဲ့ သော အရင် ကျောက်ပြား ၌ စကား ပါ သည် အတိုင်း ၊ နောက်ကျောက်ပြား ပေါ် မှာ ငါရေးထား ဦးမည်။ သင်သည် ထို ကျောက်ပြားကို သေတ္တာ ထဲမှာ ထား ရမည်ဟု ငါ့ အား မိန့် တော်မူ၏။
သင့်​ကြောင့်​ကျိုး​ပဲ့​ခဲ့​သော​ကျောက်​ပြား​များ ပေါ်​တွင် ငါ​ရေး​ခဲ့​သော​ပညတ်​တော်​များ​ကို ဤ ကျောက်​ပြား​များ​ပေါ်​တွင်​ငါ​ရေး​မည်။ သင်​သည် ထို​ကျောက်​ပြား​များ​ကို သေတ္တာ​တော်​ထဲ​တွင် ထည့်​ထား​ရ​မည်' ဟု​မိန့်​တော်​မူ​၏။''
3 ငါသည်လည်း ၊ အကာရှ သစ်သား ဖြင့် သေတ္တာ ကို လုပ် ၍ ၊ အရင် ကျောက်ပြား နည်းတူ ကျောက်ပြားနှစ် ပြားကို ခုတ် ပြီးမှ ၊ ထိုကျောက်ပြား ကို ကိုင် လျက် တောင် ပေါ်သို့ တက် လေ၏။
``သို့​ဖြစ်​၍​ငါ​သည် အ​ကာ​ရှ​သစ်​သား​ဖြင့် သေတ္တာ​တော်​ကို​ပြု​လုပ်​၍ ယ​ခင်​ကျောက်​ပြား များ​နှင့်​အ​လား​တူ​ကျောက်​ပြား​နှစ်​ပြား​ကို ခုတ်​ပြီး​လျှင် ကျောက်​ပြား​များ​ကို​ယူ​ဆောင် လျက်​တောင်​ပေါ်​သို့​တက်​သွား​၏။-
4 သင် တို့စည်းဝေး သောနေ့ ၌ ထာဝရဘုရား သည် တောင် ပေါ် မှာ မီး ထဲက မိန့် မြွက်တော်မူသော ပညတ် တော်ဆယ် ပါးတို့ကို၊ အရင် စာ ၌ လာသည်အတိုင်း ၊ ထာဝရဘုရား သည် ရေးထား ၍ ငါ့ အား ပေး တော်မူ၏။
ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​တောင် ခြေ​တွင်​စု​ရုံး​သော​နေ့​က မီး​ထဲ​မှ​သင်​တို့​အား မိန့်​တော်​မူ​သော​ပ​ညတ်​တော်​ဆယ်​ပါး​ကို ယ​ခင် ကျောက်​ပြား​များ​ပေါ်​တွင်​ရေး​သား​တော်​မူ သည်​အ​တိုင်း ထို​ကျောက်​ပြား​များ​ပေါ်​တွင် ရေး​သား​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည် ထို ကျောက်​ပြား​များ​ကို​ငါ့​အား​ပေး​တော်​မူ​၏။-
5 ငါသည်လည်း လှည့် ၍ တောင် ပေါ်က ဆင်း သဖြင့် ၊ လုပ် ပြီးသော သေတ္တာ ထဲ ၌ ထိုကျောက်ပြား ကို ထား ၍ ၊ ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ ထို သေတ္တာထဲ ၌ ယခုရှိ ၏။
ထို့​နောက်​ငါ​သည်​တောင်​ပေါ်​မှ​ပြန်​ဆင်း​ခဲ့​၏။ ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း ငါ​သည်​ထို​ကျောက်​ပြား​များ​ကို​ငါ​ပြု​လုပ် သော​သေတ္တာ​တော်​ထဲ​တွင်​ထည့်​ထား​သည်​ဖြစ် ရာ ထို​ကျောက်​ပြား​များ​သည်​ယ​နေ့​တိုင် အောင်​သေတ္တာ​တော်​ထဲ​၌​ရှိ​သ​တည်း။''
6 ငါ သည်တောင် ပေါ် မှာ အရင် နေ သောကာလ နှင့်အမျှ ၊ အရက် လေးဆယ် ပတ်လုံးတဖန်နေပြန်၍၊ ထိုအခါ ၌ လည်း ထာဝရဘုရား သည် သင် တို့ကို မ ဖျက်ဆီး မည်အကြောင်း၊ ငါ့ စကားကို နားထောင် တော်မူ၏။
(ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဗင်္ယာ​ကန်​ရေ တွင်း​မှ​မော​သ​ရုတ်​စ​ခန်း​သို့​ခ​ရီး​သွား​ကြ​၏။ အာ​ရုန်​သည်​ထို​စ​ခန်း​တွင်​အနိစ္စ​ရောက်​သ​ဖြင့် သူ့ အား​သင်္ဂြိုဟ်​ကြ​လေ​သည်။ သူ​၏​သား​ဧ​လာ​ဇာ သည်​ဖ​ခင်​၏​ယဇ်​ပု​ရော​ဟိတ်​အ​ရိုက်​အ​ရာ ကို​ဆက်​ခံ​လေ​သည်။-
7 ထာဝရဘုရားကလည်း၊ ထလော့။ ဤလူမျိုးအားပေး ခြင်းငှာ၊ သူတို့ဘိုးဘေးတို့အား ငါကျိန်ဆိုသောပြည်သို့ သူတို့သည် သွား၍ သိမ်းယူမည်အကြောင်း၊ သူတို့ရှေ့မှာ ခရီးသွားလော့ဟု ငါ့အား မိန့်တော်မူ၏။
သူ​တို့​သည်​ထို​စ​ခန်း​မှ​ရုတ်​ဂေါ​ဒ​စ​ခန်း​သို့ လည်း​ကောင်း၊ ထို​မှ​တစ်​ဆင့်​စမ်း​ပေါက်​ပေါ​များ ရာ ယု​ဟ​ဘ​သ​အ​ရပ်​သို့​လည်း​ကောင်း​ခ​ရီး ဆက်​ကြ​၏။-
8 ဣသရေလ အမျိုးသား တို့သည် မောသရုတ် အရပ်မှ ခရီး သွား၍၊ ဗင်္ယာကန်အရပ်၌စားခန်းချကြ၏။ ထိုအရပ်မှ ခရီးသွား၍ ဟောရဂိဒ်ဂဒ်အရပ်၌စားခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ဧဗြောနအရပ်၌စားခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ဧဇယုန်ဂါဗာအရပ်၌စားခန်းချကြ၏။
တောင်​ပေါ်​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​လေဝိ​အမျိုး သား​တို့​အား ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ထိန်း သိမ်း​ရန်​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ ကို​ဆောင်​ရွက်​ရန်​လည်း​ကောင်း၊ ကိုယ်​တော်​၏ နာ​မ​တော်​ကို​အ​မှီ​ပြု​၍ ကောင်း​ချီး​မင်္ဂလာ ပေး​ရန်​လည်း​ကောင်း​ခန့်​ထား​တော်​မူ​၏။ ယ​နေ့ တိုင်​အောင်​သူ​တို့​သည်​ထို​ဝတ္တရား​များ​ကို ဆောင်​ရွက်​လျက်​ရှိ​ကြ​၏။-
9 ထိုအရပ်မှခရီးသွား၍ ဇိနတောကာဒေရှအရပ်၌စားခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ဟောရတောင်၌စားခန်းချကြ၏။ ထို အရပ်၌အာရုန် သည်အနိစ္စရောက် ၍၊ သူ့ကိုသင်္ဂြိုဟ် ရ၏။ သူ ၏သား ဧလာဇာ သည် အဘ ၏အရာ ၌ယဇ်ပုရောဟိတ် အမှုကိုဆောင်ရ၏။
ထို​အ​ကြောင်း​ကြောင့်​လေ​ဝိ​အ​မျိုး​သား​တို့ သည်​အ​ခြား​အ​မျိုး​သား​ချင်း​တို့​နည်း​တူ နယ်​မြေ​သီး​ခြား​မ​ရ​ခဲ့​ကြ​ချေ။ သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​က​တိ​တော် အ​တိုင်း သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ယဇ် ပု​ရော​ဟိတ်​များ​ဖြစ်​ရ​သည့်​အ​ခွင့်​ထူး​ကို ရ​ရှိ​ကြ​လေ​သည်။)
10 ၁၀ လေဝိ သားတို့သည် ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ ကို ထမ်း စေခြင်းငှာ ၎င်း၊ ရှေ့ တော်၌ ရပ် ၍ အမှုတော် ကို ဆောင်ရွက်စေခြင်းငှာ ၎င်း၊ အခွင့် တော်နှင့် ကောင်းကြီး ပေးစေခြင်းငှာ ၎င်း၊ ယနေ့ တိုင်အောင် ထို သူတို့ ကို ခွဲ ခန့်တော်မူ၏။
၁၀``ငါ​သည်​ပ​ထ​မ​အ​ကြိမ်​ကဲ့​သို့ တောင်​ပေါ် တွင်​ရက်​ပေါင်း​လေး​ဆယ်​ပတ်​လုံး​နေ​ခဲ့​သည်။ သင်​တို့​အား​မ​သုတ်​သင်​မ​ဖျက်​ဆီး​ပစ်​ရန် ငါ​တောင်း​ပန်​လျှောက်​ထား​ချက်​ကို​ထာ​ဝ​ရ ဘု​ရား​သည် ဤ​တစ်​ကြိမ်​၌​လည်း​နား​ညောင်း လက်​ခံ​တော်​မူ​၏။-
11 ၁၁ ထို့ကြောင့် လေဝိ သားတို့သည် ညီအစ်ကို တို့နှင့် ရော ၍ အဘို့ ကိုမပိုင်၊ အမွေ ကိုမ ခံ ရ။ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သူ တို့ခံရသောအမွေ ဖြစ် တော်မူ၏။
၁၁ထို့​နောက်​သင်​တို့​၏​ဘိုး​ဘေး​တို့​အား ပေး​မည် ဟု​က​တိ​ထား​တော်​မူ​သော​ပြည်​ကို​ချီ​တက် သိမ်း​ယူ​နိုင်​ရန် သင်​တို့​ကို​ခေါင်း​ဆောင်​ရ​မည် ဟု​ငါ့​အား​မိန့်​တော်​မူ​၏။''
12 ၁၂ အို ဣသရေလ အမျိုး၊ သင် ၏ဘုရားသခင် ထာဝရဘုရား ကို ကြောက်ရွံ့ ၍ ၊ လမ်း တော်သို့ လိုက်သွား ခြင်း၊ သင် ၏ဘုရားသခင် ထာဝရဘုရား ကို စိတ်နှလုံး အကြွင်းမဲ့ ချစ် ၍ အမှုတော် ကို ဆောင်ရွက်ခြင်း၊
၁၂``အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော် မူ​သော​ကျင့်​ဝတ်​ကား​ဤ​သို့​တည်း၊ ထာ​ဝ​ရ ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​၍၊-
13 ၁၃ သင် ၏ အကျိုး ကို ထောက် ၍ ယနေ့ ငါ ဆင့်ဆို သော ထာဝရဘုရား ၏ ပညတ် တော်ကို စောင့်ရှောက် ခြင်းအမှုမှတပါး ၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် အဘယ် အမှုကို တောင်း တော်မူသနည်း။
၁၃မိန့်​တော်​မူ​သ​မျှ​ကို​လိုက်​နာ​လော့။ ထာ​ဝ​ရ ဘု​ရား​ကို​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ချစ်​၍ အ​မှု တော်​ကို​ဆောင်​ရွက်​လော့။ သင်​တို့​၏​ကောင်း​ကျိုး အ​လို့​ငှာ ယ​နေ့​ငါ​ပေး​သော​ပ​ညတ်​အ​လုံး စုံ​ကို​စောင့်​ထိန်း​လော့။-
14 ၁၄ မိုဃ်း ကောင်းကင်နှင့် ကောင်းကင် ဘဝဂ်ကို၎င်း၊ မြေကြီးနှင့် မြေကြီး တန်ဆာရှိသမျှ ကို၎င်း၊ သင် ၏ဘုရားသခင် ထာဝရဘုရား ပိုင်တော်မူ၏။
၁၄ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကောင်း​ကင်​အ​ထက် ဘ​ဝဂ်​ကို​ပင်​ပိုင်​တော်​မူ​၏။ ကမ္ဘာ​မြေ​ကြီး​နှင့် မြေ​ကြီး​ပေါ်​တွင် ရှိ​သ​မျှ​အ​ရာ​ခပ်​သိမ်း​တို့ ကို​လည်း​ပိုင်​တော်​မူ​၏။-
15 ၁၅ သို့ရာတွင် ထာဝရဘုရား သည် သင် ၏ဘိုးဘေး တို့ကို ချစ်ခင် မြတ်နိုး၍၊ ယနေ့ ရှိသကဲ့သို့ ၊ သူ တို့အမျိုးအနွယ် တည်းဟူသော သင့် ကို ၊ အခြားသော လူမျိုး တကာ တို့ တွင် ရွေးကောက် တော်မူ၏။
၁၅သို့​သော်​လည်း​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့ ၏​ဘိုး​ဘေး​တို့​ကို​ချစ်​ခင်​မြတ်​နိုး​သ​ဖြင့် လူ မျိုး​များ​စွာ​ရှိ​သည့်​အ​နက်​သင်​တို့​ကို​ရွေး ချယ်​တော်​မူ​ခဲ့​ရာ သင်​တို့​သည်​ယ​နေ့​တိုင် အောင်​ကိုယ်တော်​၏​လူ​မျိုး​တော်​ဖြစ်​ကြ​၏။-
16 ၁၆ သို့ဖြစ်၍ သင် ၏နှလုံး အရေဖျား ကို လှီး ဖြတ် လော့။ နောက် တဖန် ခိုင်မာ သောလည်ပင်း မ ရှိစေနှင့်။
၁၆သို့​ဖြစ်​သော​ကြောင့်​သင်​တို့​သည်​ယ​ခု​မှ​စ​၍ ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​နာ​ခံ လျက် ခေါင်း​မာ​သော​သ​ဘော​ကို​ပယ်​ရှား​ကြ လော့။-
17 ၁၇ အကြောင်း မူကား၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည်၊ ဘုရား တို့၏ ဘုရား ၊ သခင် တို့၏သခင် ၊ ကြီးမြတ် သောဘုရား ၊ တန်ခိုး နှင့် ပြည့်စုံ၍ ကြောက်မက် ဘွယ်သောဘုရား၊ လူမျက်နှာ ကို မ ထောက် ၊ တံစိုး ကို မ စား ဘဲ၊
၁၇သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​အ​ပေါင်း​တို့​နှင့်​အ​ရှင်​သ​ခင်​အ​ပေါင်း တို့​၏​အ​ထွတ်​အ​ထိပ်​ဖြစ်​တော်​မူ​၏။ ထာ​ဝ​ရ ဘု​ရား​သည်​ကြီး​မြတ်​၍​တန်​ခိုး​တော်​နှင့်​ပြည့် စုံ​သော​ဘု​ရား၊ ကြောက်​ရွံ့​ရို​သေ​ဖွယ်​သော ဘု​ရား​ဖြစ်​တော်​မူ​၏။ လူ​ကဲ့​သို့​မျက်​နှာ လိုက်​ခြင်း​တံစိုး​လက်​ဆောင်​စား​ခြင်း​ရှိ​တော် မ​မူ။-
18 ၁၈ မိဘ မရှိသော သူငယ်၊ မုတ်ဆိုးမ ဘက်၌ တရားစီရင် ၍ ၊ ဧည့်သည် အာဂန္တုတို့ကို စုံမက် သဖြင့်၊ အဝတ် အစား တို့ကိုပေး သနားသော ဘုရားဖြစ်တော်မူ၏။
၁၈မိ​ဘ​မဲ့​က​လေး​များ​နှင့်​မု​ဆိုး​မ​များ​သည် တ​ရား​မျှ​တ​မှု​ရ​ရှိ​စေ​ရန်​စီ​ရင်​တော်​မူ​၏။ သင်​တို့​နှင့်​အ​တူ​တ​ကွ​နေ​ထိုင်​သော​လူ​မျိုး ခြား​များ​ကို​ချစ်​တော်​မူ​သ​ဖြင့် သူ​တို့​၏ စား​ရေး​ဝတ်​ရေး​ကို​ကြည့်​ရှု​တော်​မူ​၏။-
19 ၁၉ သို့ဖြစ်၍ ဧည့်သည် တို့ကို ချစ် ကြလော့။ အကြောင်း မူကား၊ သင်တို့သည် အဲဂုတ္တု ပြည် ၌ ဧည့်သည် ဖြစ် ကြဘူးပြီ။
၁၉သို့​ဖြစ်​၍​လူ​မျိုး​ခြား​တို့​ကို​ချစ်​ကြ​လော့။ အ​ဘယ်​ကြောင့်​ဆို​သော် သင်​တို့​သည်​ယ​ခင် အ​ခါ​က​အီ​ဂျစ်​ပြည်​တွင်​လူ​မျိုး​ခြား အ​ဖြစ်​နေ​ထိုင်​ခဲ့​ရ​ဖူး​သော​ကြောင့်​ဖြစ်​သည်။-
20 ၂၀ သင် ၏ဘုရားသခင် ထာဝရဘုရား ကို ကြောက်ရွံ့ ၍ အမှုတော် ကို ဆောင်ရွက်ရမည်။ ကိုယ်တော် ၌ ဆည်းကပ် ရမည်။ နာမ တော်အားဖြင့် ကျိန်ဆို ခြင်းကို ပြုရမည်။
၂၀သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ရို​သေ​၍ ကိုယ်​တော်​ကို​သာ​ဝတ်​ပြု ကိုး​ကွယ်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို​သစ္စာ စောင့်​၍ နာ​မ​တော်​ကို​သာ​တိုင်​တည်​လျက် သစ္စာ​ဆို​ရ​မည်။-
21 ၂၁ ထာဝရဘုရားသည် သင် ၏ဂုဏ် အသရေ၊ သင် ၏ဘုရား သခင်ဖြစ်တော်မူ၏။ သင်သည် ကိုယ် မျက်စိ နှင့် မြင် သည်အတိုင်း ၊ ကြောက်မက် ဘွယ်သော အမူအရာကြီး တို့ကို သင့် အဘို့ ပြု တော်မူပြီ။
၂၁ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။ ကိုယ်​တော်​သည် သင်​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​၏။ သင်​တို့​အ​တွက် ကိုယ်​တော်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​သော​အ​မှု ကြီး​များ​ကို သင်​တို့​ကိုယ်​တိုင်​မြင်​ခဲ့​ရ​ကြ​ပြီ။-
22 ၂၂ သင် ၏ ဘိုးဘေး တို့သည်၊ အရေ အတွက်အားဖြင့် လူ ခုနစ် ဆယ်မျှသာ ရှိလျက် ၊ အဲဂုတ္တု ပြည်သို့ ဆင်း သွားကြ၏။ ယခု မူကား၊ အရေအတွက်အားဖြင့်မိုဃ်း ကောင်းကင်ကြယ် နှင့်အမျှ သင် ၏ဘုရား သခင်ထာဝရဘုရား သည် များပြားစေ တော်မူပြီ။
၂၂သင်​တို့​၏​ဘိုး​ဘေး​တို့​သည် အီ​ဂျစ်​ပြည်​သို့ သွား​စဉ်​က​လူ​ဦး​ရေ​အား​ဖြင့်​ခု​နစ်​ဆယ် မျှ​သာ​ရှိ​၏။ သို့​ရာ​တွင်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ယ​ခု​အ​ခါ သင်​တို့​ကို​မိုး​ကောင်း​ကင်​ကြယ်​နှင့်​အ​မျှ လူ​ဦး​ရေ​များ​ပြား​စေ​တော်​မူ​ပြီ။''

< တရားဟောရာ 10 >