< ဒံယေလ 1 >
1 ၁ ယုဒ ရှင်ဘုရင် ယောယကိမ် နန်းစံ သုံး နှစ် တွင် ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ယေရုရှလင် မြို့သို့ ချီလာ၍ ဝန်းရံ လေ၏။
In the third year of the reign of Jehoiakim king of Judah, Nebuchadnezzar king of Babylonia came to Jerusalem and surrounded the city to cut off all supplies to it.
2 ၂ ထာဝရ ဘုရားသည် ယုဒ ရှင်ဘုရင် ယောယကိမ် မှစ၍ ဗိမာန် တော်တန်ဆာ အချို့ တို့ကို နေဗုခဒ်နေဇာလက် သို့ အပ်နှံ တော်မူ၍ ၊ ထိုတန်ဆာ များကို နေဗုခဒ်နေဇာမင်းသည် ရှိနာ ပြည် ၌ရှိသောမိမိ ဘုရား ၏ကျောင်း သို့ ယူ သွားပြီးလျှင် ၊ ရွှေ တိုက်၌ သွင်း ထားတော်မူ၏။
The Lord gave Nebuchadnezzar victory over Jehoiakim king of Judah, and he gave him some of the sacred objects from the house of God. He brought them into the land of Babylonia, to the house of his god, and he placed the sacred objects in his god's treasury.
3 ၃ ထိုအခါ ရှင် ဘုရင်သည် မိန်းမစိုး အုပ် အာရှပေနတ် ကို ခေါ်တော်မူ၍၊
The king spoke to Ashpenaz, his chief official, to bring in some of the people of Israel, both of the royal family and of the nobility—
4 ၄ မကောင်း သော လက္ခဏာကင်း လျက်၊ လှ သောအဆင်း သဏ္ဌာန်နှင့်ပြည့်စုံ၍ ၊ ကောင်း သောဉာဏ်နှင့်တကွ အထူးထူး အပြားပြားသော အတတ် ပညာများကို လေ့ကျက် ၍ ၊ နန်းတော် ၌ အမှု ထမ်းခြင်းငှါ တတ်စွမ်း နိုင်သော လူပျို တို့ကို ဣသရေလ မင်း မျိုး မင်းသား ထဲက ရွေးကောက်၍၊ ခါလဒဲ ဘာသာ အတတ်ကို သင် စေဟု အမိန့် တော်ရှိ၏။
young men without blemish, attractive in appearance, skillful in all wisdom, filled with knowledge and understanding, and qualified to serve in the king's palace. He was to teach them the Babylonians' literature and language.
5 ၅ ပွဲတော်မှ ကြွင်းသောအစာ နှင့် သောက် တော်မူသော စပျစ်ရည် ကို နေ့ တိုင်းပေး၍ သုံး နှစ် ကျွေးမွေးပြီးမှ၊ အမှု တော်ထမ်းရမည်အကြောင်းစီရင် တော်မူ၏။
The king counted out for them a daily portion of his delicacies and some of the wine that he drank. These young men were to be trained for three years, and after that, they would serve the king.
6 ၆ ထိုသူ တို့တွင် ယုဒ အမျိုးသား ဒံယေလ ၊ ဟာနနိ ၊ မိရှေလ ၊ အာဇရိ တို့သည် ပါ ကြ၏။
Among these were Daniel, Hananiah, Mishael, and Azariah, some of the people of Judah.
7 ၇ မိန်းမစိုး အုပ်သည် ထိုသူ တို့ကို အမည် နာမလဲ၍၊ ဒံယေလ ကို ဗေလတရှာဇာ ၊ ဟာနနိ ကို ရှာဒရက် ၊ မိရှေလ ကို မေရှက် ၊ အာဇရိ ကို အဗေဒနေဂေါ ဟု၊ အသီးအသီးအမည်အသစ်ကိုပေး ၏။
The chief official gave them names: Daniel he called Belteshazzar, Hananiah he called Shadrach, Mishael he called Meshach, and Azariah he called Abednego.
8 ၈ ဒံယေလ မူကား ၊ ပွဲတော်မှကြွင်းသောအစာ နှင့် သောက် တော်မူသောစပျစ်ရည် ကို မသောက်မစားဘဲ၊ ညစ်ညူးခြင်းကို ရှောင်မည်ဟု အကြံ ရှိ၍၊ မိမိကို မ ညစ်ညူး စေမည်အကြောင်း ၊ မိန်းမစိုး အုပ်ကို အခွင့် တောင်း၏။
But Daniel intended in his mind that he would not pollute himself with the king's delicacies or with the wine that he drank. So he asked permission from the chief official that he might not pollute himself.
9 ၉ ဘုရား သခင်ပြုပြင်တော်မူသောအားဖြင့် ၊ မိန်းမစိုး အုပ်သည် ဒံယေလ ကို အလွန်ချစ် သနားသော်လည်း ၊
Now God gave Daniel favor and compassion through the respect that the chief official had for him.
10 ၁၀ ငါ့ သခင် ကြည့်ရှုစေခြင်းငှါမိန်းမစိုး အုပ်ခန့်ထား သော စားတော်ကဲကို ငါ ကြောက် ၏။ သင် တို့အစား အသောက် ကို စီရင်တော်မူပြီ။ သင် တို့မျက်နှာ သည် အရွယ် တူ လူပျို တို့၏ မျက်နှာလောက် အဆင်း မလှ သည်ကို မြင် တော်မူလျှင် ၊ သင်တို့အတွက် ငါ သည် ရာဇဝတ်သင့်၍ အသက်မလွတ်ရဟု ဒံယေလကို ပြောဆို၏။
The chief official said to Daniel, “I am afraid of my master the king. He has commanded what food and drink you should have. Why should he see you looking worse than the other young men of your own age? The king might have my head because of you.”
11 ၁၁ ထိုအခါ ဒံယေလ ၊ ဟာနနိ ၊ မိရှေလ ၊ အာဇရိ တို့ကို ကြည့်ရှုစေခြင်းငှါ မိန်းမစိုး အုပ်ခန့်ထား သော စားတော်ကဲ ကို ဒံယေလ က၊
Then Daniel spoke to the steward whom the chief official had assigned over Daniel, Hananiah, Mishael, and Azariah.
12 ၁၂ အကျွန်ုပ် တို့ စား သောက် စရာဘို့ ဟင်းသီး ဟင်းရွက်နှင့် ရေ ကိုသာ ဆယ် ရက် ပတ်လုံးပေးစမ်းပါ။
He said, “Please test us, your servants, for ten days. Give us only some vegetables to eat and water to drink.
13 ၁၃ ထိုနောက် ၊ အကျွန်ုပ် တို့မျက်နှာနှင့်၊ ပွဲတော်မှ ကြွင်းသော အစာ ကို စား သောလူပျို တို့၏မျက်နှာကို သခင် ရှေ့ ၌ စစ်တော်မူပါစေ။ ကိုယ်တော်တိုင်မြင် ပြီးမှ ၊ အကျွန်ုပ်တို့ကို စီရင် တော်မူပါဟုပြော လျှင်၊
Then compare our appearance with the appearance of the young men who eat the king's delicacies, and treat us, your servants, based on what you see.”
14 ၁၄ စားတော်ကဲသည် ဝန်ခံ ၍ ဆယ် ရက် စုံစမ်း လေ၏။
So the steward agreed with him to do this, and he tested them for ten days.
15 ၁၅ ဆယ် ရက် စေ့ လျှင် သူ တို့မျက်နှာသည်၊ ပွဲတော်မှ ကြွင်းသောအစာ ကို စား သော လူပျို အပေါင်း တို့၏ မျက်နှာထက် အဆင်း လှ၍ ဖွံ့ဝ လျက်ရှိ၏။
At the end of ten days their appearance was more healthy, and they were better nourished, than all the young men who ate the king's delicacies.
16 ၁၆ ထိုအခါ စားတော်ကဲ သည် သူ တို့အစာ ကို၎င်း ၊ သူ တို့သောက် ဘို့ စပျစ်ရည် ကို၎င်းရုပ်သိမ်း ၍၊ ဟင်းသီး ဟင်းရွက်နှင့်သာ ကျွေးမွေး ၏။
So the steward took away their delicacies and their wine and gave them only vegetables.
17 ၁၇ ဘုရား သခင်သည် ထို လုလင် လေး ယောက်တို့ အား အထူးထူး သော သိပ္ပံ အတတ်ပညာတို့ကို သိ စေခြင်းငှါ၊ ထိုးထွင်း၍ နားလည်နိုင်သော ဉာဏ် သတ္တိကို ပေး သနားတော်မူ၏။ ဒံယေလ သည်လည်း ဗျာဒိတ် ရူပါရုံနှင့် အိပ်မက် ကိုနားလည် နိုင်သော ဉာဏ်ပညာနှင့်ပြည့်စုံ၏။
As for these four young men, God gave them knowledge and insight in all literature and wisdom, and Daniel could understand all kinds of visions and dreams.
18 ၁၈ နန်းတော်သို့ သွင်း စေခြင်းငှါ ချိန်းချက် တော်မူသော အချိန် ရောက် သော်၊ မိန်းမစိုး အုပ်သည် လုလင်များ တို့ကို ခေါ်၍ နန်းတော်သို့ သွင်း လေ၏။
At the end of the time set by the king to bring them in, the chief official brought them in before Nebuchadnezzar.
19 ၁၉ ရှင် ဘုရင်သည် ထိုလုလင် တို့နှင့် ဆွေးနွေး မေးမြန်းတော်မူပြီးလျှင် ၊ ဒံယေလ ၊ ဟာနနိ ၊ မိရှေလ ၊ အာဇရိ တို့နှင့် တူ သောသူတယောက်မျှမ ရှိ သောကြောင့် ၊ သူတို့သည် အထံ တော်၌ ခစား ရသောအခွင့်အရာကို ရကြ၏။
The king spoke with them, and among the whole group there were none to compare with Daniel, Hananiah, Mishael, and Azariah. They stood before the king, ready to serve him.
20 ၂၀ ရှင်ဘုရင် မေး တော်မူသမျှ သော အတတ် ပညာ ကို ထိုလုလင်တို့သည် နိုင်ငံ တော်၌ရှိသမျှ သော မာဂု ပညာရှိ၊ ဗေဒင် တတ်များထက် သာ၍ဆယ် ဆ တတ်ကြသည် ကို တွေ့မြင် တော်မူ၏။
In every question of wisdom and understanding that the king asked them, he found them ten times better than all the magicians and those who claimed to speak with the dead, who were in his entire kingdom.
21 ၂၁ ဒံယေလ သည် ကုရု မင်းကြီး နန်းစံပဌမ နှစ် တိုင်အောင် ရှိ နေသတည်း။
Daniel was there until the first year of King Cyrus.