< ဒံယေလ 9 >
1 ၁ ယေရုရှလင် မြို့ပျက်စီး ၍ အနှစ် ခုနစ် ဆယ် လွန် စေမည်ဟု၊
Darius was the son of Ahasuerus, a descendant of the Medes. It was Ahasuerus who had been made king over the realm of the Babylonians.
2 ၂ ထာဝရဘုရား ၏ ဗျာဒိတ် တော်ကို ပရောဖက် ယေရမိ ခံဘူးသည်ဖြစ်၍၊ ခါလာဒဲ နိုင်ငံ ကို အစိုးရ သော မေဒိ အမျိုး ၊ အာရွှေရု သား ဒါရိ နန်းစံပဌမ နှစ် တွင် ၊ ငါ ဒံယေလ သည် ထိုနှစ် ပေါင်းအရေအတွက် ကို ကျမ်းစာ အားဖြင့် သိ ရသောကြောင့် ၊
Now in the first year of Darius' reign I, Daniel, was studying the books containing Yahweh's word, the word that had come to Jeremiah the prophet. I observed that there would be seventy years until Jerusalem's abandonment would end.
3 ၃ အစာ ကိုရှောင်လျက်၊ လျှော်တေ အဝတ်ကို ဝတ် လျက်၊ ပြာ နှင့်လူးလျက်၊ အရှင် ဘုရား သခင့်ထံ တော်သို့ ချဉ်းကပ်၍ ဆုတောင်း ပဌနာပြု၏။
I turned my face to the Lord God, to seek him with prayer and requests, with fasting, wearing sackcloth, and sitting in ashes.
4 ၄ ထိုသို့ အပြစ်ကို ဘော်ပြ တောင်းပန်၍ ငါ ကိုးကွယ်သော ဘုရား သခင်ထာဝရဘုရား ထံ ငါပြုသောပဌနာ ဟူမူကား ၊ ကိုယ်တော် ကိုချစ် ၍ ပညတ် တော်တို့ကို စောင့် သောသူတို့ အား သစ္စာတော်မပျက်၊ ကရုဏာ တရားကိုစောင့် တော်မူထသော၊ အလွန် ကြီးမြတ်၍ ကြောက်ရွံ့ ဘွယ်ဖြစ်တော်မူသောအရှင် ဘုရား သခင်၊
I prayed to Yahweh my God, and I made confession of our sins. I said, “Please, Lord—you are the great and awesome God—you are the one who keeps the covenant and is faithful to love those who love you and keep your commandments.
5 ၅ အကျွန်ုပ်တို့သည် ပြစ်မှား မိပါပြီ။ ဒုစရိုက် ကို ပြုမိ ပါပြီ။ မ တရားသဖြင့် ကျင့်မိပါပြီ။ ပုန်ကန် မိပါပြီ။ စီရင် ထုံးဖွဲ့တော်မူသောတရား လမ်းမှ လွှဲ မိပါပြီ။
We have sinned and have done what is wrong. We have acted wickedly and we have rebelled, turning aside from your commands and decrees.
6 ၆ အကျွန်ုပ် တို့၏ရှင် ဘုရင်၊ မင်းသား အသက်ကြီးသူမှစ၍ပြည်သူ ပြည်သားအပေါင်း တို့အား ကိုယ်တော် ၏အခွင့် နှင့် ဟောပြော သော ကိုယ်တော် ၏ ကျွန် ၊ ပရောဖက် တို့၏စကားများကို အကျွန်ုပ်တို့သည် နား မ ထောင်ဘဲနေကြပါပြီ။
We have not listened to your servants the prophets who spoke in your name to our kings, our leaders, our ancestors, and to all the people of the land.
7 ၇ အိုဘုရား ရှင်၊ ကိုယ်တော် သည် တရား နှင့် ဆိုင် တော်မူ၏။ ကိုယ်တော်ကို ပြစ်မှားသောအပြစ် ကြောင့် နှင်ထုတ် တော်မူ၍၊ နီး သောပြည်၊ ဝေး သောပြည်၊ အရပ်ရပ် တို့၌ နေရသော ယုဒ ပြည်သူ ၊ ယေရုရှလင် မြို့သား မှစ၍ဣသရေလ လူအပေါင်း တည်းဟူသောအကျွန်ုပ် တို့ သည် ယနေ့ ၌ရှိသည်အတိုင်း ၊ မျက်နှာ ပျက် ခြင်းနှင့် ဆိုင်ကြပါ၏။
To you, Lord, belongs righteousness. To us today, however, belongs shame on our faces—for the people of Judah and those who live in Jerusalem, and to all Israel. This includes those who are near and those who are far away in all the lands where you scattered them. This is because of the great treachery that we committed against you.
8 ၈ အိုဘုရား ရှင်၊ ကိုယ်တော် ကို ပြစ်မှား သောကြောင့် ၊ အကျွန်ုပ် တို့၏ရှင် ဘုရင်၊ မင်းသား ၊ အသက်ကြီးသူမှစ၍အကျွန်ုပ် တို့သည် မျက်နှာပျက် ခြင်းနှင့် ဆိုင်ကြပါ ၏။
To us, Yahweh, belongs shame on our faces—to our kings, to our leaders, and to our ancestors—because we have sinned against you.
9 ၉ အကျွန်ုပ်တို့သည် ကိုယ်တော် ကို ပုန်ကန် သော်လည်း ၊ အကျွန်ုပ် တို့အရှင် ဘုရား သခင်သည် ကရုဏာ ကို ပြခြင်း၊ အပြစ် ကို ဖြေရှင်းခြင်းအခွင့်နှင့် ဆိုင်တော်မူ၏။
To the Lord our God belong compassion and forgiveness, for we have rebelled against him.
10 ၁၀ အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား သည် ကျွန် တော်ရင်း၊ ပရောဖက် တို့ဖြင့် အကျွန်ုပ် တို့၌ ထား တော်မူ သော ပညတ် တရားတော်လမ်းသို့ လိုက် ခြင်းငှါ ၊ ဗျာဒိတ် တော်အသံ ကို အကျွန်ုပ်တို့သည်နား မ ထောင်ဘဲ နေကြ ပါပြီ။
We have not obeyed the voice of Yahweh our God by walking in his laws he gave us through his servants the prophets.
11 ၁၁ အကယ်စင်စစ်ဣသရေလ အမျိုးသားအပေါင်း တို့ သည် ဗျာဒိတ်တော်အသံ ကို နား မ ထောင်၊ လွှဲ သွား၍ ပညတ် တရားတော်ကို လွန်ကျူး ကြပါပြီ။ သို့ဖြစ်၍ ၊ ကိုယ်တော် ကို ပြစ်မှား သော အပြစ်ကြောင့် ၊ ကျိန်ဆို တော်မူ ခြင်းတည်းဟူသော၊ ဘုရား သခင်၏ ကျွန် မောရှေ ၏ ပညတ္တိ ကျမ်း၌ မှတ်သား သော အကျိန် ကို အကျွန်ုပ် တို့ အပေါ် သို့ သွန်းလောင်း တော်မူ၏။
All Israel has transgressed your law and turned aside, refusing to obey your voice. The curse and oath that are written in the law of Moses, the servant of God, have been poured out on us, for we have sinned against him.
12 ၁၂ အကျွန်ုပ် တို့တဘက် ၊ အကျွန်ုပ် တို့ကို အုပ် သော တရားသူကြီး တို့ တဘက် ၌ မိန့် တော်မူသော စကား တော် ကို တည် စေ၍ ၊ အကျွန်ုပ် တို့အပေါ် မှာ ကြီးစွာ သော ဘေးဥပဒ် ကို ရောက် စေတော်မူပြီ။ အကြောင်းမူကား၊ ယေရုရှလင် မြို့၌ ဘေးရောက်သကဲ့သို့ ကောင်းကင် အောက် တွင် အဘယ်အရပ်၌မျှ မ ရောက်စဖူးပါ။
Yahweh has confirmed the words that he spoke against us and against our rulers over us, by bringing on us a great disaster. For under the whole of heaven there has not been done anything that could compare with what has been done to Jerusalem.
13 ၁၃ မောရှေ ၏ ပညတ္တိ ကျမ်းစာ၌ မှတ်သား သည် အတိုင်း ၊ ဤ ဘေးဥပဒ် ရှိသမျှ သည် အကျွန်ုပ် တို့အပေါ် မှာ ရောက် ပါပြီ။ အကျွန်ုပ် တို့သည် ဒုစရိုက် များကိုရှောင်၍ သမ္မာ တရားတော်ကို နားလည် ခြင်းအလိုငှါ ၊ အကျွန်ုပ် တို့ ဘုရား သခင်ထာဝရဘုရား ထံ တော်၌ မ တောင်းပန် ဘဲ နေကြပါပြီတကား။
As it is written in the law of Moses, all this disaster has come on us, yet we have not begged for mercy from Yahweh our God by turning away from our iniquities and paying attention to your truth.
14 ၁၄ ထို့ကြောင့် ၊ ထာဝရဘုရား သည် ဘေးဥပဒ် ကို စောင့်၍၊ အကျွန်ုပ် တို့အပေါ် သို့ရောက် စေတော်မူပြီ။ အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား သည် ပြု တော်မူသမျှ တို့၌ ဖြောင့်မတ် တော်မူ၏။ အကျွန်ုပ်တို့ သည် ဗျာဒိတ်တော်အသံ ကို နား မ ထောင်ဘဲ နေကြပါပြီ တကား။
Therefore Yahweh has kept the disaster ready and has brought it on us, for Yahweh our God is righteous in all the deeds he does, yet we have not obeyed his voice.
15 ၁၅ တန်ခိုး ကြီးသောလက် တော်ဖြင့် ကိုယ်တော် ၏ လူ တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် ၍ ၊ ယနေ့ ၌ရှိသည် အတိုင်း အသရေတော်ကို ထင်ရှားစေတော်မူသောအကျွန်ုပ် တို့၏ အရှင် ဘုရား သခင်၊ အကျွန်ုပ်တို့သည် ပြစ်မှား မိပါပြီ။ မ တရားသဖြင့်ပြုမိပါပြီ။
Now, Lord our God, you brought out your people from the land of Egypt with a mighty hand, and you have made a famous name for yourself, as in this present day. But still we sinned; we have done wicked things.
16 ၁၆ အိုဘုရား ရှင်၊ ဖြောင့်မတ် တော်မူခြင်း တရား တော်ရှိသမျှ တို့နှင့်အညီ ၊ သန့်ရှင်း သော တောင် တော် တည်းဟူသောကိုယ်တော် ၏ ယေရုရှလင် မြို့ မှ ပြင်းစွာသော ဒေါသ အမျက် တော်ကို လွှဲ တော်မူပါဟု အကျွန်ုပ် တောင်းပန်ပါ၏။ အကြောင်း မူကား၊ အကျွန်ုပ် တို့ အပြစ် များမှစ၍ဘိုးဘေး တို့၏ အပြစ် များကြောင့် ၊ ယေရုရှလင် မြို့နှင့် ကိုယ်တော် ၏လူစု သည် ပတ်ဝန်းကျင် ၌ရှိသောသူတို့ တွင် ကဲ့ရဲ့ စရာအကြောင်းဖြစ်ပါ၏။
Lord, because of all your righteous deeds, let your anger and your wrath turn away from your city Jerusalem, your holy mountain. Because of our sins, and because of the iniquities of our ancestors, Jerusalem and your people have become an object of scorn to all those around us.
17 ၁၇ ယခု မူကား ၊ အကျွန်ုပ် တို့ဘုရား သခင်၊ ကိုယ်တော် ၏ ကျွန် ပြုသောပဌနာ စကားကို နားထောင် တော်မူ ပါ။ ဆိတ်ညံ လျက်ရှိသောသန့်ရှင်း ရာဌာနတော်ကို ဘုရား ရှင်၏ အကျိုး တော်ကြောင့်၊ မျက်နှာ တော် ရောင်ခြည်ကို ထွန်းလင်း စေတော်မူပါ။
Now, our God, listen to the prayer of your servant and to his pleas for mercy; for your sake, Lord, make your face shine on your sanctuary that is desolate.
18 ၁၈ အကျွန်ုပ် ၏ဘုရား သခင်၊ နား တော်ကိုလှည့် ၍ နားထောင် တော်မူပါ။ မျက်စိ တော်ကိုဖွင့် ၍ အကျွန်ုပ် တို့ ပျက်စီး ရာများကို၎င်း၊ နာမ တော်ဖြင့် သမုတ် သော မြို့ ကို၎င်း ကြည့်ရှု တော်မူပါ။ အကျွန်ုပ် တို့သည် ကိုယ် ကုသိုလ် ကို အမှီ မ ပြု၊ မဟာ ကရုဏာ တော်ကိုသာ အမှီ ပြု၍ ပဌနာ စကားကို ရှေ့ တော်၌ ဆက်ကပ်ပါ၏။
My God, open your ears and listen; open your eyes and see. We have been devastated; look at the city that is called by your name. We do not beg for your help because of our righteousness, but because of your great mercy.
19 ၁၉ အိုဘုရား ရှင်၊ နားထောင် တော်မူပါ။ အိုဘုရား ရှင်၊ အပြစ်ကိုလွှတ် တော်မူပါ။ အိုဘုရား ရှင်၊ နားထောင် ၍ ပြု တော်မူပါ။ အကျွန်ုပ် ၏ဘုရား သခင်၊ ကိုယ်တော် အတွက် ဖင့်နွှဲ တော်မ မူပါနှင့်။ ကိုယ်တော် ၏မြို့ ၊ ကိုယ်တော် ၏ လူစု သည် နာမ တော်ဖြင့် သမုတ် ခြင်းရှိပါသည်ဟု ဆုတောင်းပဌနာပြု ၏။
Lord, listen! Lord, forgive! Lord, pay attention and take action! For your own sake, do not delay, my God, for your city and your people are called by your name.”
20 ၂၀ ထိုသို့ဆုတောင်း ပဌနာပြု၍၊ ကိုယ် အပြစ် ကို၎င်း ၊ အမျိုးသား ချင်း ဣသရေလ လူတို့၏ အပြစ် ကို၎င်းဘော်ပြ တောင်းပန်၍ ၊ ငါ ကိုးကွယ်သော ဘုရား သခင်၏ သန့်ရှင်း သော တောင် တော်အဘို့ ငါ ပြုသော ပဌနာ စကားကို၊ ငါ ၏ဘုရား သခင်ထာဝရဘုရား ရှေ့ တော်၌ ဆက်ကပ်လျက်နေ၍၊
While I was speaking—praying and confessing my sin and the sin of my people Israel, and presenting my requests before Yahweh my God on behalf of God's holy mountain—
21 ၂၁ ဆုတောင်း သော အမှုမပြီးမှီ မြွက်ဆို စဉ် တွင်၊ ယခင် ဗျာဒိတ် ရူပါရုံ၌ ထင်ရှား သော သူ၊ ဂါဗေလ သည် လျင်မြန်စွာ ပျံ ၍လာ သဖြင့်၊ ညဦးယံ ပူဇော် ချိန် ၌ ရှိရာသို့ ရောက်၍၊
while I was praying, the man Gabriel, whom I had seen in the vision at the first, flew down to me in rapid flight, at the time of the evening sacrifice.
22 ၂၂ နှုတ်ဆက်လျက်၊ အချင်းဒံယေလ ၊ ငါသည် သင် ၌ ဉာဏ် ပညာတိုးပွားစေမည်အကြောင်းထွက် လာပြီ။
He gave me understanding and said to me, “Daniel, I have now come out to give you insight and understanding.
23 ၂၃ သင် သည် ဆုတောင်း စ ပြုသောအခါ အမိန့် တော်ရှိသည်ဖြစ်၍၊ သင့်အားကြားပြော ခြင်းငှါ ငါ ရောက် လာပြီ။ သင် သည် အလွန် ချစ်အပ်သောသူဖြစ်၏။ ထိုကြောင့် ၊ ဗျာဒိတ် တော်အချက်ကို ဆင်ခြင် ၍ နားလည် ရသောအခွင့်ရှိ၏။
When you began pleading for mercy, the order was given and I have come to tell you the answer, for you are greatly loved. Therefore consider this word and understand the revelation.
24 ၂၄ လွန်ကျူး ခြင်းအမှုကို ဆီးတား ၍ အပြစ် ကို တံဆိပ်ခတ်စေခြင်းငှါ ၎င်း ၊ ဒုစရိုက် အပြစ်ကို ဖြေရှင်း ၍ ထာဝရ ကုသိုလ်ကို သွင်း စေခြင်းငှါ ၎င်း ၊ ဗျာဒိတ် ရူပါရုံနှင့် အနာဂတ္တိ ဗျာဒိတ်တော်တို့ကို တံဆိပ် ခတ်၍ ၊ အလွန် သန့်ရှင်း သော အရပ်ဌာနကိုလိမ်း စေခြင်းငှါ ၎င်း ၊ သိတင်း ခုနစ် ဆယ်ကို သင် ၏ အမျိုးသား ချင်းအဘို့ နှင့် သင် ၏ သန့်ရှင်း သောမြို့ အဘို့ ဆုံးဖြတ် ခြင်းရှိ၏။
Seventy sevens are decreed for your people and your holy city to end the guilt and put an end to sin, to atone for wickedness, to bring everlasting righteousness, to carry out the vision and the prophecy, and to consecrate the most holy place.
25 ၂၅ ထိုကြောင့် ၊ ယေရုရှလင် မြို့ကိုတဖန် တည်ထောင် ပြုစုစေခြင်းငှါ ၊ အမိန့် တော်ရှိသည် နေ့မှစ၍ ခရစ်တော်သခင်၏ လက်ထက်တိုင်အောင် ၊ ခုနစ် သိတင်း နှင့် ခြောက် ဆယ်နှစ် သိတင်း ကြာလိမ့်မည်ဟု သိမှတ် နားလည် လော့။ အနှောင့် အရှက် ခံရသောကာလ ၌ မြို့လမ်း ကို တဖန် တည်ထောင် ပြုစုရမည်ဟု စီရင် ဆုံးဖြတ်ခြင်းရှိ၏။
Know and understand that from the issuing of the order to restore and rebuild Jerusalem to the coming of the anointed one (who will be a leader), there will be seven sevens and sixty-two sevens. Jerusalem will be rebuilt with streets and a moat, despite the times of distress.
26 ၂၆ ထိုသိတင်းခြောက် ဆယ်နှစ် သိတင်း လွန် ပြီးမှ၊ ခရစ်တော်သည် အခွင့်မ ရဘဲအသေ သတ်ခြင်းကိုခံရလိမ့်မည်။ ထိုနောက်မှလာသော သခင် ၏ လူ တို့သည် မြို့ တော်ကို၎င်း ၊ သန့်ရှင်း ရာဌာနကို၎င်း ဖြိုဖျက် ကြ လိမ့်မည်။ ရေ လွှမ်းမိုးသော အားဖြင့် ဆုံးရှုံးခြင်းဖြစ်လိမ့်မည်။ အဆုံး တိုင်အောင် စစ်တိုက် ခြင်း၊ ပျက်စီး ရာနှင့်ဆိုင်သော စီရင် ဆုံးဖြတ်ခြင်းရှိလိမ့်မည်။
After the sixty-two sevens, the anointed one will be destroyed and will have nothing. The army of a coming ruler will destroy the city and the holy place. Its end will come with a flood, and there will be war even to the end. Desolations have been decreed.
27 ၂၇ တ သိတင်း တွင် လူအများ တို့နှင့် ပဋိညာဉ် ဖွဲ့ခြင်းရှိ၍၊ ထိုသိတင်း တဝက် တွင် ယဇ် ပူဇော်ခြင်းနှင့် ဆက်ကပ် ခြင်းကို ပပျောက် စေလိမ့်မည်။ ရွံ့ရှာ ဘွယ်သောအရာ၏ အထွဋ်ပေါ် သို့ ဖျက်ဆီး သောသူသည် ရောက်၍၊ စီရင် ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်း သည် ပျက်စီး အပ်သောသူတို့ ကို မလွှမ်းမိုးမှီတိုင်အောင် ထိုသို့ဖြစ်လိမ့်မည်ဟု ကြားပြော၏။
He will confirm a covenant with many for one seven. In the middle of the seven he will put an end to the sacrifice and the offering. On the wing of abominations will come someone who makes desolate. A full end and destruction are decreed to be poured out on the one who has made the desolation.”