< ဒံယေလ 8 >

1 ဗေလရှာဇာ မင်းကြီး နန်းစံ သုံး နှစ် တွင် ၊ ငါ ဒံယေလ သည် ယခင် ဗျာဒိတ်တော်ကို မြင် ပြီးသည်နောက် ၊ တဖန် ဗျာဒိတ် ရူပါရုံကို မြင် ရသောအကြောင်းအရာဟူမူကား၊
In the third year of King Belshazzar's reign I, Daniel, saw another vision after the one I had seen previously.
2 ဧလံ ပြည် ၊ ရှုရှန် မြို့ တော်၌ ဥလဲ မြစ် နား မှာ ငါ ရှိ စဉ်၊ ရူပါရုံ ထင်ရှား ၍ ၊
In my vision I looked around and saw I was in the castle at Susa in the province of Elam. In the vision I was beside the River Ulai.
3 ငါမျှော် ကြည့်သော၊ ရှည်လျား သော ချို နှစ်ချောင်းရှိသောသိုး တကောင် သည် မြစ် တဘက် ၌ ရပ် နေ ၏။ ထိုချိုနှစ်ချောင်းသည်မညီ၊ တချောင်းသာ၍ရှည်၏။ သာ၍ရှည်သောချိုသည် နောက် ပေါက် သတည်း။
I looked around and saw a ram standing beside the river. It had two long horns, one longer than the other, even though the longer one had grown last.
4 ထိုသိုး သည် အနောက် ၊ တောင် ၊ မြောက် ၊ သုံး မျက်နှာသို့ တိုးခွေ့ သောကြောင့်အဘယ် တိရစ္ဆာန် မျှ မ ခံနိုင် ၊ အဘယ်သူ မျှသူ့ လက် မှမကယ် မလွှတ်နိုင်သည် ဖြစ်၍မိမိအလို ရှိသည့်အတိုင်း ပြု သဖြင့် ကြီးမား ခြင်းသို့ ရောက်လေ၏။
I watched the ram charging west, north, and south. No animal could stand up to it—nor was there any chance of rescue from its power. It did whatever it wanted and grew powerful.
5 ထိုအမှုကို ငါ ဆင်ခြင် လျက်နေသောအခါ ၊ မျက်စိ နှစ်လုံးကြား ၌ ထူးဆန်း သော ချို တချောင်းရှိသောဆိတ် တကောင်သည် အနောက် မျက်နှာ က လာ ၍၊ မြေ ကို မ နင်း ဘဲ မြေကြီး တပြင်လုံး ကို ကျော်လေ၏။
As I was thinking about what I'd seen, a male goat came in from the west, racing in across the surface of the earth so fast it didn't touch the ground. It had a large, prominent horn between its eyes.
6 ချို နှစ်ချောင်းနှင့်မြစ် တဘက် ၌ ထင်ရှားသော သိုး ရှိရာ သို့ ပြင်း စွာသော အဟုန် နှင့်ပြေး ၍ ၊
It approached the ram with the two horns which I had seen standing beside the river, rushing in to attack in a furious rage.
7 အနားသို့ ရောက် သောအခါ၊ ပြင်းစွာ အမျက်ထွက် သဖြင့် သိုး ကို ခတ် ၍ သိုးချို နှစ် ချောင်းကို ချိုးဖဲ့ ၏။ သိုး သည်ခံနိုင် သော တန်ခိုး မ ရှိ သည်ဖြစ်၍ ၊ ဆိတ်သည် သူ့ ကိုမြေ ၌ လှဲ ၍ နင်း လေ၏။ သူ့ လက် မှ အဘယ်သူမျှသိုး ကို မ ကယ် မလွှတ်နိုင်။
I watched as the goat charged furiously at the ram, hitting it and breaking off its two horns. The ram did not have the strength to resist the goat's attack. The goat threw the ram to the ground, trampling on it, and there was no possibility of rescuing it from the goat's power.
8 သို့ဖြစ်၍ ၊ ထိုဆိတ် သည် အလွန် ကြီးမား ခြင်းသို့ ရောက်လေ၏။ ခွန်အား ကြီးသောအခါ ချို ကြီး ကျိုးပဲ့ ၏။ ထိုချိုအရာ၌ ထူးဆန်း သော ချိုလေး ချောင်းပေါက် ၍၊ မိုဃ်း ကောင်းကင်လေး မျက်နှာသို့ မျက်နှာပြုကြ၏။
The goat grew very powerful, but at the height of its power its large horn was broken off. In its place four large horns came up, pointing to the four winds of heaven.
9 ထိုချိုလေးချောင်းတွင် တချောင်း ထဲက အခြား သောချိုတက် တချောင်းပေါက် ပြန်၍ တောင် မျက်နှာသို့ ၎င်း ၊ အရှေ့ မျက်နှာသို့ ၎င်း ၊ သာယာ သော ပြည်သို့ ၎င်း မျက်နှာပြု၍၊ အလွန် ကြီးမားခြင်းသို့ ရောက်လေ၏။
A little horn came up from one of them, and grew extremely powerful to the south and to the east and to the Beautiful Land.
10 ၁၀ ကောင်းကင် ဗိုလ်ခြေ တိုင်အောင် ကြီးမား ၍ ၊ ထိုဗိုလ်ခြေ အချို့တို့နှင့် ကြယ် အချို့တို့ကို မြေ သို့ ချ ၍ နင်း လေ၏။
It grew in power until it reached the heavenly army, throwing some of them and some of the stars down to the earth and trampled on them.
11 ၁၁ ထိုမျှမက၊ ဗိုလ်ခြေ သခင် တိုင်အောင် ထောင်လွှား ခြင်းကို ပြုလျက် ၊ နေ့ရက်အစဉ် ပြုသောဝတ်ကိုပယ်၍၊ သန့်ရှင်း ရာဌာနတော်ကို ရှုတ်ချ လေ၏။
It even tried to make itself as great as the Prince of the heavenly army—it removed the continual service, and the place of his sanctuary was destroyed.
12 ၁၂ အပြစ် များသောကြောင့် နေ့ရက်အစဉ် ပြုသောဝတ်နှင့်တကွ ဗိုလ်ခြေ ကိုလည်း ထိုချိုသည်ရ၍ သမ္မာ တရား ကို မြေ သို့ နှိမ့်ချ ၏။ ထိုသို့ ပြု ၍ အောင်မြင် ခြင်းသို့ ရောက်လေ၏။
An army of people and the continual service were handed over to it because of rebellion, and it overthrew truth, and it was successful in everything it did.
13 ၁၃ ထိုအခါ သန့်ရှင်း သူတပါး ၏ စကားပြော သံကို ငါကြား ၏။ သန့်ရှင်း သူတပါး က၊ ယခင်ပြော သောသူကို ဟစ်၍၊ သန့်ရှင်း ရာဌာနနှင့် ဗိုလ်ခြေ ကိုနင်း ခြင်း အလိုငှာ နေ့ရက်အစဉ် ပြုသောဝတ်ကို ပယ်ခြင်းနှင့်၎င်း ၊ ဖျက်ဆီး တတ်သော လွန်ကျူး ခြင်းနှင့်၎င်း စပ်ဆိုင်သော ဗျာဒိတ် ရူပါရုံသည်အဘယ် မျှ ကာလပတ်လုံး တည်လိမ့်မည် နည်းဟုမေးမြန်း လျှင် ၊
Then I heard a holy one speaking, and another holy one asked the one who was speaking, “How long is this vision for—the removal of the continual service, the rebellion that causes devastation, the handing over of the sanctuary and the army of people to be trampled down?”
14 ၁၄ ယခင်ပြောသောသူက ရက်ပေါင်းနှစ် ထောင်သုံး ရာ တိုင်တိုင် တည် လိမ့်မည်။ ထိုနောက်၊ သန့်ရှင်း ရာဌာနကို တဖန် ဆေးကြော သုတ်သင်ကြ လိမ့်မည်ဟုပြန်၍ ပြောဆို ၏။
He replied, “For two thousand three hundred evenings and mornings, then the sanctuary will be cleansed.”
15 ၁၅ ငါ ဒံယေလ သည် ထိုရူပါရုံ ကို မြင် ၍ အနက် ကို ရှာဖွေ သောအခါ ၊ လူ သဏ္ဌာန် ရှိသောသူတဦးသည် ငါ့ ရှေ့ တွင် ရပ် နေ၏။
As I, Daniel, tried to work out what this vision meant suddenly I saw someone who looked like a man standing in front of me.
16 ၁၆ အခြားသော သူက၊ အိုဂါဗြေလ ၊ ထို သူသည် ယခု မြင်သော ဗျာဒိတ် ရူပါရုံကို နားလည် စေခြင်းငှါအနက်ကို ပြန်ပြောလော့ဟု၊ ဥလဲ မြစ်နားကြား မှာ လူ အသံ နှင့်ဟစ် ၍ ပြောဆို သည်ကို ငါကြား ၏။
I also heard a human voice calling from the River Ulai, “Gabriel, explain to this man the meaning of the vision.”
17 ၁၇ ထိုသူသည် ငါ ရပ် နေရာအပါး သို့လာ လျှင် ၊ ငါသည် ကြောက်ရွံ့ ၍ ပြပ်ဝပ် လျက်နေ၏။ ထိုသူက၊ အချင်းလူ သား ၊ နားလည် လော့။ ဤဗျာဒိတ် ရူပါရုံသည် အမှုကုန် ရသောကာလ နှင့်ဆိုင်သည်ဟု ငါ့ အား ပြောဆို ၏။
As he approached me, I was terrified and fell face down before him. “Son of man,” he told me, “You need to understand that this vision refers to the time of the end.”
18 ၁၈ ထိုသို့ ဆို သောအခါ ငါသည် မြေ ပေါ်မှာပြပ်ဝပ်၍ မိန်းမောတွေဝေလျက်နေ၏။ ထိုသူသည်ငါ့ ကို လက်နှင့် တို့ ၍ ယခင်နေရာ ၌ မတ်တတ် နေစေပြီးလျှင် ၊
As he spoke to me I lost consciousness as I laid face down on the ground. But he took hold of me and helped me to my feet.
19 ၁၉ ဒေါသ အမျက်တော်အဆုံး ၌ ဖြစ် လတံ့သော အရာ ကိုငါ ကြား ပြောဦးမည်။ ချိန်းချက် သောအချိန်၌ လက်စသတ် လိမ့်မည်။
He told me, “Pay attention! I'm going to explain to you what's going to happen during the time of anger, which refers to the appointed time of the end.
20 ၂၀ ချို နှစ်ချောင်းနှင့် ပေါ် လာသော သိုး သည် မေဒိ ရှင်ဘုရင် ၊ ပေရသိ ရှင်ဘုရင်ဖြစ်၏။
The ram with two horns that you saw symbolizes the kings of Media and Persia.
21 ၂၁ အမွေးကြမ်း သော ဆိတ် သည် ဟေလသ ရှင်ဘုရင် ဖြစ်၏။ မျက်စိ နှစ်လုံးကြား ၌ရှိသော ချို ကြီး သည် ပဌမ မင်း ဖြစ်၏။
The male goat is the kingdom of Greece, and the large horn between its eyes is its first king.
22 ၂၂ ထိုချိုကျိုးပဲ့ ၍ ၊ သူ့ အရာ ၌ ချိုလေး ချောင်းပေါက် သည်မှာ၊ အရင်နိုင်ငံ တွင် နိုင်ငံ လေး ပါး တည်ထောင် လိမ့်မည်။ အရင်နိုင်ငံ၏တန်ခိုး နှင့် မ ပြည့်စုံကြ။
The four horns that came up in place of the large horn that was broken represent the four kingdoms that arose from that nation, but not as powerful as the first.
23 ၂၃ ထိုနိုင်ငံ တို့၏ အဆုံးစွန်သောကာလ၌ လွန်ကျူး သောသူတို့ ၏ အပြစ်ပြည့်စုံ သောအခါ ၊ ရဲရင့် သော မျက်နှာ ရှိ၍ ပရိယာယ် တို့ကို နားလည် သော မင်းကြီး တပါး ပေါ် လာလိမ့်မည်။
When those kingdoms come to an end, when their sins have reached their fullest extent, a ferocious and treacherous kingdom will rise to power.
24 ၂၄ ထိုမင်းကြီးသည် ကိုယ် တန်ခိုး မ ရှိဘဲလျက် တန်ခိုး ကြီး လိမ့်မည်။ အထူးသဖြင့်ဖျက်ဆီး ၍ တိုးပွားအောင်မြင် လိမ့်မည်။ စွမ်းအား ကြီးသော လူစု၊ သန့်ရှင်း သော လူစု ကို ပင် ဖျက်ဆီး လိမ့်မည်။
It will become very powerful but not by its own power. It will be terribly destructive, and will succeed in everything it does. It will destroy great leaders and God's dedicated people.
25 ၂၅ သူသည်လိမ္မာ စွာပြုသဖြင့်၊ မုသာ လည်း အောင်မြင် လိမ့်မည်။ စိတ်ထောင်လွှား ခြင်းနှင့်တကွမိဿဟာယဖွဲ့သောအားဖြင့် လူများ တို့ကို ဖျက်ဆီး ၍ ၊ သခင် တို့၏သခင် ကို ဆန့်ကျင်ဘက် ပြုလိမ့်မည်။ သို့သော်လည်း ၊ လူလက် ဖြင့် ဒဏ်မ ခတ်ဘဲ ကျိုးပဲ့ ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။
Through its deviousness, its lies will be convincing and successful. It shows its arrogance both in thought and action, destroying those who thought they were perfectly safe. It even fights in opposition against the Prince of princes, but it will be defeated, though not by any human power.
26 ၂၆ ညဦး နှင့် နံနက် ကို ဘော်ပြသော ဗျာဒိတ် ရူပါရုံ စကားမှန် သည် ဖြစ်၍ ၊ ထိုစကားကို တံဆိပ်ခတ် ထား လော့။ တာရှည် သော ကာလ တိုင်တိုင်တည် လိမ့်မည်ဟု ဆို၏။
The vision about the evenings and mornings that has been explained to you is true, but for now seal up this vision because it refers to the distant future.”
27 ၂၇ ထိုအခါ ငါ ဒံယေလ သည် မော ၍ နာ လျက် နေ၏။ တဖန် အနာမှထမြောက် ၍ ဘုရင် ၏အမှု တော်ကို ဆောင်ရွက် ၏။ မြင်ပြီးသော ဗျာဒိတ် ရူပါရုံကို ငါအံ့ဩ သော်လည်း ထိုအမှုကို အဘယ်သူမျှမ ရိပ်မိ ကြ။
After this, I, Daniel, became exhausted, and I was sick for days. Then I got up and went back to working for the king, but I was devastated at what I'd seen in vision and I couldn't understand it.

< ဒံယေလ 8 >