< ဒံယေလ 8 >
1 ၁ ဗေလရှာဇာ မင်းကြီး နန်းစံ သုံး နှစ် တွင် ၊ ငါ ဒံယေလ သည် ယခင် ဗျာဒိတ်တော်ကို မြင် ပြီးသည်နောက် ၊ တဖန် ဗျာဒိတ် ရူပါရုံကို မြင် ရသောအကြောင်းအရာဟူမူကား၊
伯沙撒王在位第三年,有异象现与我—但以理,是在先前所见的异象之后。
2 ၂ ဧလံ ပြည် ၊ ရှုရှန် မြို့ တော်၌ ဥလဲ မြစ် နား မှာ ငါ ရှိ စဉ်၊ ရူပါရုံ ထင်ရှား ၍ ၊
我见了异象的时候,我以为在以拦省书珊城中;我见异象又如在乌莱河边。
3 ၃ ငါမျှော် ကြည့်သော၊ ရှည်လျား သော ချို နှစ်ချောင်းရှိသောသိုး တကောင် သည် မြစ် တဘက် ၌ ရပ် နေ ၏။ ထိုချိုနှစ်ချောင်းသည်မညီ၊ တချောင်းသာ၍ရှည်၏။ သာ၍ရှည်သောချိုသည် နောက် ပေါက် သတည်း။
我举目观看,见有双角的公绵羊站在河边,两角都高。这角高过那角,更高的是后长的。
4 ၄ ထိုသိုး သည် အနောက် ၊ တောင် ၊ မြောက် ၊ သုံး မျက်နှာသို့ တိုးခွေ့ သောကြောင့်အဘယ် တိရစ္ဆာန် မျှ မ ခံနိုင် ၊ အဘယ်သူ မျှသူ့ လက် မှမကယ် မလွှတ်နိုင်သည် ဖြစ်၍မိမိအလို ရှိသည့်အတိုင်း ပြု သဖြင့် ကြီးမား ခြင်းသို့ ရောက်လေ၏။
我见那公绵羊往西、往北、往南抵触。兽在它面前都站立不住,也没有能救护脱离它手的;但它任意而行,自高自大。
5 ၅ ထိုအမှုကို ငါ ဆင်ခြင် လျက်နေသောအခါ ၊ မျက်စိ နှစ်လုံးကြား ၌ ထူးဆန်း သော ချို တချောင်းရှိသောဆိတ် တကောင်သည် အနောက် မျက်နှာ က လာ ၍၊ မြေ ကို မ နင်း ဘဲ မြေကြီး တပြင်လုံး ကို ကျော်လေ၏။
我正思想的时候,见有一只公山羊从西而来,遍行全地,脚不沾尘。这山羊两眼当中有一非常的角。
6 ၆ ချို နှစ်ချောင်းနှင့်မြစ် တဘက် ၌ ထင်ရှားသော သိုး ရှိရာ သို့ ပြင်း စွာသော အဟုန် နှင့်ပြေး ၍ ၊
它往我所看见、站在河边有双角的公绵羊那里去,大发忿怒,向它直闯。
7 ၇ အနားသို့ ရောက် သောအခါ၊ ပြင်းစွာ အမျက်ထွက် သဖြင့် သိုး ကို ခတ် ၍ သိုးချို နှစ် ချောင်းကို ချိုးဖဲ့ ၏။ သိုး သည်ခံနိုင် သော တန်ခိုး မ ရှိ သည်ဖြစ်၍ ၊ ဆိတ်သည် သူ့ ကိုမြေ ၌ လှဲ ၍ နင်း လေ၏။ သူ့ လက် မှ အဘယ်သူမျှသိုး ကို မ ကယ် မလွှတ်နိုင်။
我见公山羊就近公绵羊,向它发烈怒,抵触它,折断它的两角。绵羊在它面前站立不住;它将绵羊触倒在地,用脚践踏,没有能救绵羊脱离它手的。
8 ၈ သို့ဖြစ်၍ ၊ ထိုဆိတ် သည် အလွန် ကြီးမား ခြင်းသို့ ရောက်လေ၏။ ခွန်အား ကြီးသောအခါ ချို ကြီး ကျိုးပဲ့ ၏။ ထိုချိုအရာ၌ ထူးဆန်း သော ချိုလေး ချောင်းပေါက် ၍၊ မိုဃ်း ကောင်းကင်လေး မျက်နှာသို့ မျက်နှာပြုကြ၏။
这山羊极其自高自大,正强盛的时候,那大角折断了,又在角根上向天的四方长出四个非常的角来。
9 ၉ ထိုချိုလေးချောင်းတွင် တချောင်း ထဲက အခြား သောချိုတက် တချောင်းပေါက် ပြန်၍ တောင် မျက်နှာသို့ ၎င်း ၊ အရှေ့ မျက်နှာသို့ ၎င်း ၊ သာယာ သော ပြည်သို့ ၎င်း မျက်နှာပြု၍၊ အလွန် ကြီးမားခြင်းသို့ ရောက်လေ၏။
四角之中有一角长出一个小角,向南、向东、向荣美之地,渐渐成为强大。
10 ၁၀ ကောင်းကင် ဗိုလ်ခြေ တိုင်အောင် ကြီးမား ၍ ၊ ထိုဗိုလ်ခြေ အချို့တို့နှင့် ကြယ် အချို့တို့ကို မြေ သို့ ချ ၍ နင်း လေ၏။
它渐渐强大,高及天象,将些天象和星宿抛落在地,用脚践踏。
11 ၁၁ ထိုမျှမက၊ ဗိုလ်ခြေ သခင် တိုင်အောင် ထောင်လွှား ခြင်းကို ပြုလျက် ၊ နေ့ရက်အစဉ် ပြုသောဝတ်ကိုပယ်၍၊ သန့်ရှင်း ရာဌာနတော်ကို ရှုတ်ချ လေ၏။
并且它自高自大,以为高及天象之君;除掉常献给君的燔祭,毁坏君的圣所。
12 ၁၂ အပြစ် များသောကြောင့် နေ့ရက်အစဉ် ပြုသောဝတ်နှင့်တကွ ဗိုလ်ခြေ ကိုလည်း ထိုချိုသည်ရ၍ သမ္မာ တရား ကို မြေ သို့ နှိမ့်ချ ၏။ ထိုသို့ ပြု ၍ အောင်မြင် ခြင်းသို့ ရောက်လေ၏။
因罪过的缘故,有军旅和常献的燔祭交付它。它将真理抛在地上,任意而行,无不顺利。
13 ၁၃ ထိုအခါ သန့်ရှင်း သူတပါး ၏ စကားပြော သံကို ငါကြား ၏။ သန့်ရှင်း သူတပါး က၊ ယခင်ပြော သောသူကို ဟစ်၍၊ သန့်ရှင်း ရာဌာနနှင့် ဗိုလ်ခြေ ကိုနင်း ခြင်း အလိုငှာ နေ့ရက်အစဉ် ပြုသောဝတ်ကို ပယ်ခြင်းနှင့်၎င်း ၊ ဖျက်ဆီး တတ်သော လွန်ကျူး ခြင်းနှင့်၎င်း စပ်ဆိုင်သော ဗျာဒိတ် ရူပါရုံသည်အဘယ် မျှ ကာလပတ်လုံး တည်လိမ့်မည် နည်းဟုမေးမြန်း လျှင် ၊
我听见有一位圣者说话,又有一位圣者问那说话的圣者说:“这除掉常献的燔祭和施行毁坏的罪过,将圣所与军旅践踏的异象,要到几时才应验呢?”
14 ၁၄ ယခင်ပြောသောသူက ရက်ပေါင်းနှစ် ထောင်သုံး ရာ တိုင်တိုင် တည် လိမ့်မည်။ ထိုနောက်၊ သန့်ရှင်း ရာဌာနကို တဖန် ဆေးကြော သုတ်သင်ကြ လိမ့်မည်ဟုပြန်၍ ပြောဆို ၏။
他对我说:“到二千三百日,圣所就必洁净。”
15 ၁၅ ငါ ဒံယေလ သည် ထိုရူပါရုံ ကို မြင် ၍ အနက် ကို ရှာဖွေ သောအခါ ၊ လူ သဏ္ဌာန် ရှိသောသူတဦးသည် ငါ့ ရှေ့ တွင် ရပ် နေ၏။
我—但以理见了这异象,愿意明白其中的意思。忽有一位形状像人的站在我面前。
16 ၁၆ အခြားသော သူက၊ အိုဂါဗြေလ ၊ ထို သူသည် ယခု မြင်သော ဗျာဒိတ် ရူပါရုံကို နားလည် စေခြင်းငှါအနက်ကို ပြန်ပြောလော့ဟု၊ ဥလဲ မြစ်နားကြား မှာ လူ အသံ နှင့်ဟစ် ၍ ပြောဆို သည်ကို ငါကြား ၏။
我又听见乌莱河两岸中有人声呼叫说:“加百列啊,要使此人明白这异象。”
17 ၁၇ ထိုသူသည် ငါ ရပ် နေရာအပါး သို့လာ လျှင် ၊ ငါသည် ကြောက်ရွံ့ ၍ ပြပ်ဝပ် လျက်နေ၏။ ထိုသူက၊ အချင်းလူ သား ၊ နားလည် လော့။ ဤဗျာဒိတ် ရူပါရုံသည် အမှုကုန် ရသောကာလ နှင့်ဆိုင်သည်ဟု ငါ့ အား ပြောဆို ၏။
他便来到我所站的地方。他一来,我就惊慌俯伏在地;他对我说:“人子啊,你要明白,因为这是关乎末后的异象。”
18 ၁၈ ထိုသို့ ဆို သောအခါ ငါသည် မြေ ပေါ်မှာပြပ်ဝပ်၍ မိန်းမောတွေဝေလျက်နေ၏။ ထိုသူသည်ငါ့ ကို လက်နှင့် တို့ ၍ ယခင်နေရာ ၌ မတ်တတ် နေစေပြီးလျှင် ၊
他与我说话的时候,我面伏在地沉睡;他就摸我,扶我站起来,
19 ၁၉ ဒေါသ အမျက်တော်အဆုံး ၌ ဖြစ် လတံ့သော အရာ ကိုငါ ကြား ပြောဦးမည်။ ချိန်းချက် သောအချိန်၌ လက်စသတ် လိမ့်မည်။
说:“我要指示你恼怒临完必有的事,因为这是关乎末后的定期。
20 ၂၀ ချို နှစ်ချောင်းနှင့် ပေါ် လာသော သိုး သည် မေဒိ ရှင်ဘုရင် ၊ ပေရသိ ရှင်ဘုရင်ဖြစ်၏။
你所看见双角的公绵羊,就是米底亚和波斯王。
21 ၂၁ အမွေးကြမ်း သော ဆိတ် သည် ဟေလသ ရှင်ဘုရင် ဖြစ်၏။ မျက်စိ နှစ်လုံးကြား ၌ရှိသော ချို ကြီး သည် ပဌမ မင်း ဖြစ်၏။
那公山羊就是希腊王;两眼当中的大角就是头一王。
22 ၂၂ ထိုချိုကျိုးပဲ့ ၍ ၊ သူ့ အရာ ၌ ချိုလေး ချောင်းပေါက် သည်မှာ၊ အရင်နိုင်ငံ တွင် နိုင်ငံ လေး ပါး တည်ထောင် လိမ့်မည်။ အရင်နိုင်ငံ၏တန်ခိုး နှင့် မ ပြည့်စုံကြ။
至于那折断了的角,在其根上又长出四角,这四角就是四国,必从这国里兴起来,只是权势都不及他。
23 ၂၃ ထိုနိုင်ငံ တို့၏ အဆုံးစွန်သောကာလ၌ လွန်ကျူး သောသူတို့ ၏ အပြစ်ပြည့်စုံ သောအခါ ၊ ရဲရင့် သော မျက်နှာ ရှိ၍ ပရိယာယ် တို့ကို နားလည် သော မင်းကြီး တပါး ပေါ် လာလိမ့်မည်။
这四国末时,犯法的人罪恶满盈,必有一王兴起,面貌凶恶,能用双关的诈语。
24 ၂၄ ထိုမင်းကြီးသည် ကိုယ် တန်ခိုး မ ရှိဘဲလျက် တန်ခိုး ကြီး လိမ့်မည်။ အထူးသဖြင့်ဖျက်ဆီး ၍ တိုးပွားအောင်မြင် လိမ့်မည်။ စွမ်းအား ကြီးသော လူစု၊ သန့်ရှင်း သော လူစု ကို ပင် ဖျက်ဆီး လိမ့်မည်။
他的权柄必大,却不是因自己的能力;他必行非常的毁灭,事情顺利,任意而行;又必毁灭有能力的和圣民。
25 ၂၅ သူသည်လိမ္မာ စွာပြုသဖြင့်၊ မုသာ လည်း အောင်မြင် လိမ့်မည်။ စိတ်ထောင်လွှား ခြင်းနှင့်တကွမိဿဟာယဖွဲ့သောအားဖြင့် လူများ တို့ကို ဖျက်ဆီး ၍ ၊ သခင် တို့၏သခင် ကို ဆန့်ကျင်ဘက် ပြုလိမ့်မည်။ သို့သော်လည်း ၊ လူလက် ဖြင့် ဒဏ်မ ခတ်ဘဲ ကျိုးပဲ့ ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။
他用权术成就手中的诡计,心里自高自大,在人坦然无备的时候,毁灭多人;又要站起来攻击万君之君,至终却非因人手而灭亡。
26 ၂၆ ညဦး နှင့် နံနက် ကို ဘော်ပြသော ဗျာဒိတ် ရူပါရုံ စကားမှန် သည် ဖြစ်၍ ၊ ထိုစကားကို တံဆိပ်ခတ် ထား လော့။ တာရှည် သော ကာလ တိုင်တိုင်တည် လိမ့်မည်ဟု ဆို၏။
所说二千三百日的异象是真的,但你要将这异象封住,因为关乎后来许多的日子。”
27 ၂၇ ထိုအခါ ငါ ဒံယေလ သည် မော ၍ နာ လျက် နေ၏။ တဖန် အနာမှထမြောက် ၍ ဘုရင် ၏အမှု တော်ကို ဆောင်ရွက် ၏။ မြင်ပြီးသော ဗျာဒိတ် ရူပါရုံကို ငါအံ့ဩ သော်လည်း ထိုအမှုကို အဘယ်သူမျှမ ရိပ်မိ ကြ။
于是我—但以理昏迷不醒,病了数日,然后起来办理王的事务。我因这异象惊奇,却无人能明白其中的意思。