< ဒံယေလ 6 >
1 ၁ ဒါရိ မင်းကြီးသည် နိုင်ငံ တော် အမှုအရေးအလုံးစုံ တို့ကို စီရင်ရသောမြို့ဝန် တရာ နှစ် ဆယ်တို့ကို ၎င်း၊
Now it pleased Darius to appoint 120 satraps to rule throughout the kingdom,
2 ၂ အကျိုး တော်ကို မ ယုတ်မလျော့စေခြင်းငှါ၊ ထိုမြို့ဝန် အပေါင်းတို့ကို အုပ်ချုပ်စစ်ကြောရသော ဝန်ကြီး သုံး ပါးကို၎င်းအလိုတော်ရှိသည်အတိုင်း ခန့်ထားတော်မူ၏။ ထိုဝန်ကြီးသုံးပါးတွင်ဒံယေလ သည် ဝန်ကြီးအရာကို ရသည်သာမက၊
and over them three administrators, including Daniel, to whom these satraps were accountable so that the king would not suffer loss.
3 ၃ ထူးဆန်း သော ဉာဏ် နှင့်ပြည့်စုံ၍ မြို့ဝန် တကာ၊ ဝန်ကြီး တကာတို့ထက် လွန်ကဲသောကြောင့်၊ နိုင်ငံ တော် တ နိုင်ငံလုံးကို သူ ၌ အပ်နှင်း မည် ဟုရှင် ဘုရင်သည် အကြံ ရှိတော်မူ၏။
Soon, by his extraordinary spirit, Daniel distinguished himself among the administrators and satraps. So the king planned to set him over the whole kingdom.
4 ၄ ထိုအခါ ဝန်ကြီး နှင့် မြို့ဝန် တို့သည် ဒံယေလ ၌ အပြစ်တင်ခွင့် ကို ရှာ၍၊ နိုင်ငံ တော်အမှုအရေးများကို စစ်ကြော ကြ၏။ ဒံယေလသည် သစ္စာ နှင့် ပြည့်စုံ၍ အပြစ် တစုံတခုမျှမရှိသောကြောင့်၊ အပြစ်တင်ခွင့် ကို ရှာ ၍မ တွေ့ကြသည်ရှိသော်၊
Thus the administrators and satraps sought a charge against Daniel concerning the kingdom, but they could find no charge or corruption, because he was trustworthy, and no negligence or corruption was found in him.
5 ၅ ဘုရား သခင်၏ ဘာသာမှုမှတပါးအခြားသော အမှုတွင် ဒံယေလ ၌ အပြစ်တင်ခွင့် ကိုငါတို့ မ တွေ့ နိုင် ကြဟု တိုင်ပင်ပြောဆို ပြီးမှ၊
Finally these men said, “We will never find any charge against this Daniel, unless we find something against him concerning the law of his God.”
6 ၆ အထံတော်သို့ လာရောက်စည်းဝေး ကြ၍ ၊ အရှင် မင်းကြီးဒါရိ ၊ အသက် တော် အစဉ် အမြဲရှင်ပါစေ။
So the administrators and satraps went together to the king and said, “O King Darius, may you live forever!
7 ၇ ကိုယ်တော် မြတ်မှတပါး အခြား သော လူ ကို ဖြစ်စေ၊ ဘုရား ကို ဖြစ်စေ၊ အရက် သုံး ဆယ်အတွင်း တွင် ဆုတောင်း သော သူမည်သည်ကို ခြင်္သေ့ လှောင် သော တွင်း ထဲသို့ ချ ပစ်ရမည်ဟုမ ဖေါက်ပြန်နိုင်သော အမိန့် တော် မြတ်ကို ထုတ် စေခြင်းငှါ နိုင်ငံ တော်ဝန်ကြီး ၊ မြို့ဝန် ၊ စော်ဘွား ၊ တိုင်ပင် မှူးမတ်၊ စစ်ကဲ အပေါင်း တို့သည် အညီအညွတ် တိုင်ပင် ကြပါပြီ။
All the royal administrators, prefects, satraps, advisers, and governors have agreed that the king should establish an ordinance and enforce a decree that for thirty days anyone who petitions any god or man except you, O king, will be thrown into the den of lions.
8 ၈ သို့ဖြစ်၍၊ အရှင် မင်းကြီး၊ အမိန့် ရှိတော်မူပါ။ မ ပြောင်းလဲ တတ်သော မေဒိ ၊ ပေရသိ ဓမ္မသတ် အတိုင်း အမိန့်တော်တည် စေခြင်းငှါ၊ တံဆိပ် ခတ်တော်မူပါဟု လျှောက်ထားကြလျှင်၊
Therefore, O king, establish the decree and sign the document so that it cannot be changed—in accordance with the law of the Medes and Persians, which cannot be repealed.”
9 ၉ ဒါရိ မင်းကြီး သည် အမိန့် တော်ကိုပေး၍ တံဆိပ် ခတ်တော်မူ၏။
Therefore King Darius signed the written decree.
10 ၁၀ အမိန့် တော်ထုတ်၍ တံဆိပ် ခတ်ကြောင်းကို ဒံယေလ သည် ကြား သိသော်လည်း၊ မိမိ အိမ် သို့ သွား ၍ ယေရုရှလင် မြို့သို့ မျက်နှာပြုရာ အထက်ခန်း ပြတင်းပေါက် ပွင့် လျက်ပင်၊ အထက် ပြု လေ့ရှိ သည်အတိုင်း ၊ တနေ့ သုံး ကြိမ် ဒူး ထောက်လျက် ဘုရား သခင်ကို ဆုတောင်း ၍ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းလေ၏။
Now when Daniel learned that the document had been signed, he went into his house, where the windows of his upper room opened toward Jerusalem, and three times a day he got down on his knees, prayed, and gave thanks to his God, just as he had done before.
11 ၁၁ ထိုသို့ဘုရား သခင်ကို ဆုတောင်း ပဌနာပြုလျက် နေသည်ကို မှူးမတ်အရာရှိတို့သည် စည်းဝေး ၍ တွေ့မြင် ကြလျှင်၊
Then these men went as a group and found Daniel petitioning and imploring his God.
12 ၁၂ အထံ တော်သို့ဝင် ၍ ၊ အရှင် မင်းကြီး၊ ကိုယ်တော် မြတ်မှတပါး အခြား သောလူ ကိုဖြစ်စေ၊ ဘုရား ကို ဖြစ်စေ၊ အရက် သုံး ဆယ်အတွင်း တွင် ဆုတောင်း သော သူမည်သည်ကို ခြင်္သေ့ လှောင် သောတွင်းထဲသို့ ချ ပစ်စေဟု အမိန့် တော်ကို တံဆိပ် ခတ်တော်မူလျက် ရှိပါသည်မ ဟုတ် လောဟု အမိန့် တော်အကြောင်း ကို မေးလျှောက်ကြ၏။ ရှင် ဘုရင်ကလည်း၊ မ ပြောင်းလဲ တတ်သော မေဒိ ၊ ပေရသိ ဓမ္မသတ် အတိုင်း မှန် ပေသည်ဟု မိန့် တော်မူ၏။
So they approached the king and asked about his royal decree: “Did you not sign a decree that for thirty days any man who petitions any god or man except you, O king, will be thrown into the den of lions?” The king replied, “According to the law of the Medes and Persians the order stands, and it cannot be repealed.”
13 ၁၃ မှူးမတ်အရာရှိတို့ကလည်း၊ အရှင် မင်းကြီး၊ ယုဒ ပြည်က သိမ်းယူ ခဲ့ သော ယုဒလူမျိုးဒံယေလ သည် အာဏာတော်ကို ပမာဏ မ ပြု၊ တံဆိပ် ခတ်တော်မူသော အမိန့် တော်ကို ဆန့်ကျင်လျက်၊ တနေ့ သုံး ကြိမ် တိုင်အောင်ဆုတောင်း ၍ နေပါသည်ဟု လျှောက်ထား ကြ၏။
Then they told the king, “Daniel, one of the exiles from Judah, shows no regard for you, O king, or for the decree that you have signed. He still makes his petition three times a day.”
14 ၁၄ ထိုစကား ကို ကြား လျှင် ၊ ရှင် ဘုရင်သည် အလွန် နောင်တ ရ၍ ဒံယေလ ကို လွှတ် ခြင်းငှါ စိတ် အားကြီးသဖြင့်၊ လွှတ် ရသောအခွင့်ကို နေ ဝင် သည်တိုင်အောင် ကြိုးစား ၍ ရှာတော်မူ၏။
As soon as the king heard this, he was deeply distressed and set his mind on delivering Daniel, and he labored until sundown to rescue him.
15 ၁၅ တဖန်မှူးမတ်အရာရှိတို့သည် အထံ တော်သို့ စည်းဝေး ၍ ၊ အရှင် မင်းကြီး၊ တခါထုတ် ပြီးသော အမိန့် တော်မ ပျက် နိုင်ရာဟု မေဒိ ၊ ပေရသိ ဓမ္မသတ် ၌ ပါကြောင်းကို သတိ ထားတော်မူပါဟု လျှောက် ကြပြန် လျှင်၊
Then the men approached the king together and said to him, “Remember, O king, that by the law of the Medes and Persians no decree or ordinance established by the king can be changed.”
16 ၁၆ တဖန် ရှင် ဘုရင်မိန့် တော်မူသည်အတိုင်း၊ ဒံယေလ ကို ခေါ် ၍ ခြင်္သေ့ တွင်း ထဲသို့ ချ ပစ်ကြ၏။ ရှင် ဘုရင်ကလည်း၊ သင် မ ပြတ်ကိုးကွယ် သော ဘုရား သခင် သည် သင့် ကိုကယ်လွှတ် ပါစေဟု ဒံယေလ ကို မိန့် တော်မူ၏။
So the king gave the order, and they brought Daniel and threw him into the den of lions. The king said to Daniel, “May your God, whom you serve continually, deliver you!”
17 ၁၇ ကျောက် ပြားကိုလည်း ယူ ခဲ့၍ တွင်း ဝ ကို ပိတ် ပြီးလျှင်၊ ဒံယေလ အမှု၌ စီရင်ချက်ကို မ တိုး မလျော့စေခြင်းငှါ၊ ရှင် ဘုရင်တံဆိပ် နှင့် မှူးမတ် တို့တံဆိပ် ကို ခတ်တော်မူ၏။
A stone was brought and placed over the mouth of the den, and the king sealed it with his own signet ring and with the rings of his nobles, so that nothing concerning Daniel could be changed.
18 ၁၈ ထိုနောက် ၊ ရှင် ဘုရင်သည် နန်းတော် သို့ ပြန် ၍ တညဉ့်လုံး စား တော်မခေါ်၊ အငြိမ့် တန်ဆာကို အထံ တော် သို့ မ သွင်း စေဘဲ စက်တော်ခေါ်၍ မပျော်နိုင်။
Then the king went to his palace and spent the night fasting. No entertainment was brought before him, and sleep fled from him.
19 ၁၉ နံနက် စောစောထ ၍ ခြင်္သေ့ တွင်း သို့ အလျင်အမြန် သွား တော်မူ၏။
At the first light of dawn, the king got up and hurried to the den of lions.
20 ၂၀ ရောက်လျှင်၊ ငိုကြွေး သော အသံ နှင့် ဒံယေလ ကို ခေါ်၍၊ အသက် ရှင်တော်မူသောဘုရား သခင်၏ ကျွန် ဒံယေလ ၊ သင် မ ပြတ် ကိုးကွယ် သော ဘုရား သခင်သည် သင့် ကို ခြင်္သေ့ ဘေးမှ ကယ်လွှတ် နိုင် သလောဟုမေး တော်မူ၏။
When he reached the den, he cried out in a voice of anguish, “O Daniel, servant of the living God, has your God, whom you serve continually, been able to deliver you from the lions?”
21 ၂၁ ဒံယေလ က၊ အရှင် မင်းကြီး၊ အသက် တော် အစဉ် အမြဲရှင်ပါစေ။
Then Daniel replied, “O king, may you live forever!
22 ၂၂ အကျွန်ုပ် ၏ ဘုရား သခင်သည် ကောင်းကင် တမန်ကို စေလွှတ် ၍ ခြင်္သေ့ နှုတ် ကို ပိတ် ထားတော်မူသဖြင့်၊ အကျွန်ုပ် သည် ခြင်္သေ့ဘေးနှင့် လွတ်ပါ၏။ အကြောင်း မူကား၊ ဘုရားသခင့်ရှေ့ ၌ အကျွန်ုပ် သည် အပြစ် ကင်းပါ၏။ ကိုယ်တော် မြတ်ကိုလည်း အလျှင်း မပြစ်မှားပါဟု ပြန် လျှောက်လေ၏။
My God sent His angel and shut the mouths of the lions. They have not hurt me, for I was found innocent in His sight, and I have done no wrong against you, O king.”
23 ၂၃ ထိုအခါ ရှင် ဘုရင်သည် အလွန် ဝမ်းမြောက် ၍ ၊ ဒံယေလ ကို တွင်း ထဲက ထုတ် ယူစေဟု အမိန့် တော်ရှိသည် အတိုင်း ဒံယေလ ကို တွင်း ထဲက ထုတ် ယူ၍ ၊ ဘုရား သခင်ကို ယုံကြည် သောကြောင့် သူ ၌ ထိခိုက် သောအနာတခုမျှ မ ရှိ ။
The king was overjoyed and gave orders to lift Daniel out of the den, and when Daniel was lifted out of the den, no wounds whatsoever were found on him, because he had trusted in his God.
24 ၂၄ ထိုနောက်၊ ဒံယေလ ၌ အပြစ်တင် သော သူတို့ ကို ရှင် ဘုရင်၏ အမိန့်တော်နှင့် ခေါ် ၍၊ သား မယား နှင့်တကွခြင်္သေ့ တွင်း ထဲသို့ ချ ပစ်ကြလျှင်၊ မြေ သို့ မ ရောက် မှီ ခြင်္သေ့ တို့သည် နိုင်၍သူ တို့ အရိုး ရှိသမျှ တို့ကို ချိုးဖဲ့ ကြ၏။
At the command of the king, the men who had falsely accused Daniel were brought and thrown into the den of lions—they and their children and wives. And before they had reached the bottom of the den, the lions overpowered them and crushed all their bones.
25 ၂၅ ထိုအခါ မြေကြီး တပြင်လုံး တွင် အရပ်ရပ်တို့၌ နေ ၍၊ အသီးသီးအခြားခြားသော ဘာသာ စကားကို ပြောသော လူမျိုး တကာ တို့ရှိရာသို့ အမိန့်တော်စာနှင့် စေလွှတ်တော်မူ၏။ စာချက်ဟူမူကား၊ သင် တို့၌ ငြိမ်ဝပ် ချမ်းသာခြင်းများပြား စေသော။
Then King Darius wrote to the people of every nation and language throughout the land: “May your prosperity abound.
26 ၂၆ ငါအစိုးရသောတနိုင်ငံလုံးတွင် ရှိနေသော သင်တို့သည် ဒံယေလ ၏ ဘုရား သခင်ကို ကြောက်ရွံ ရိုသေကြကုန်ဟု ငါအမိန့် တော်ရှိ၏။ အကြောင်း မူကား၊ ထို ဘုရား သခင်သည် အသက် ရှင်တော်မူသောဘုရား၊ နိစ္စ ထာဝရတည် တော်မူသောဘုရားဖြစ်တော်မူ၏။ နိုင်ငံ တော်သည် ပျက်စီး ခြင်းသို့ မ ရောက်နိုင်။ အာဏာစက် တော်လည်း အစဉ်အဆက် တည်လိမ့်မည်။
I hereby decree that in every part of my kingdom, men are to tremble in fear before the God of Daniel: For He is the living God, and He endures forever; His kingdom will never be destroyed, and His dominion will never end.
27 ၂၇ မစ ကယ်တင် ခြင်း ကျေးဇူးကို ပြု တော်မူ၏။ ကောင်းကင် မြေကြီး ၌ နိမိတ် လက္ခဏာ၊ အံ့ဩဘွယ် တို့ကို ဖြစ်စေတော်မူ၏။ ဒံယေလ ကို ခြင်္သေ့ လက် မှ ကယ်လွှတ် တော်မူသော ဘုရားသခင်သည် ထိုသို့သော ဘုရားဖြစ် တော်မူ၏ဟု အမိန့်တော်ရှိ၏။
He delivers and rescues; He performs signs and wonders in the heavens and on the earth, for He has rescued Daniel from the power of the lions.”
28 ၂၈ ထိုသို့ဒံယေလ သည်ဒါရိ မင်းကြီးလက်ထက်၌ ၎င်း ၊ ပေရသိ အမျိုးကုရု မင်းကြီးလက်ထက်၌ ၎င်း ကောင်းစား လျက်နေ၏။
So Daniel prospered during the reign of Darius and the reign of Cyrus the Persian.