< ဒံယေလ 5 >
1 ၁ တရံရောအခါဗေလရှာဇာ မင်းကြီး သည် မှူးမတ် တထောင် ကို ခေါ်ပြီးလျှင်ကြီး စွာသော ပွဲ ကို လုပ် ၍ ၊ မှူးမတ်တထောင် နှင့်တကွစပျစ်ရည် ကို သောက် တော်မူ၏။
၁တစ်ညသ၌ဗေလရှာဇာမင်းသည်ညစာ စားပွဲကြီးသို့မှူးမတ်တစ်ထောင်ကိုဖိတ် ကြားပြီးလျှင် သူတို့နှင့်အတူစပျစ်ရည် သောက်တော်မူသည်။-
2 ၂ စပျစ်ရည် ကို မြည်းစမ်းသောအခါ၊ ယေရုရှလင် မြို့ ဗိမာန် တော် ထဲက ခမည်းတော် နေဗုခဒ်နေဇာ သိမ်းယူ ဆောင်ခဲ့သော ရွှေ ဖလား ၊ ငွေ ဖလားတို့နှင့် ကိုယ်တော်တိုင်မှစ၍မင်းသား ၊ မိဖုရား ၊ မောင်းမမိဿံ တို့သည် သောက် ရမည်အကြောင်း၊ ထိုဖလားတို့ကို ယူ ခဲ့ရမည်ဟု အမိန့် တော်ရှိသည်အတိုင်း၊
၂ယင်းသို့သောက်လျက်နေစဉ်ယေရုရှလင် မြို့ဗိမာန်တော်မှခမည်းတော်နေဗုခဒ် နေဇာမင်းသိမ်းယူခဲ့သည့် ရွှေဖလား၊ ငွေ ဖလားများကိုရှေ့တော်သို့ဆောင်ယူခဲ့ရန် မိန့်တော်မူ၏။ မိမိနှင့်တကွမှူးမတ်များ၊ မိဖုရားများနှင့်မောင်းမမိဿံများစပျစ် ရည်သောက်ရန်ထိုဖလားများကိုယူခဲ့ရန် အမိန့်ပေး၏။-
3 ၃ ယေရုရှလင် မြို့၌ ရှိသော ဘုရား သခင်၏ ဗိမာန် တော်တိုက်ထဲက သိမ်းယူ ဆောင်ခဲ့သော ရွှေ ဖလား တို့ကို ယူ ခဲ့၍၊ မင်းကြီး ၊ မင်းသား ၊ မိဖုရား ၊ မောင်းမမိဿံ တို့သည် ထိုဖလားတို့နှင့် သောက် ကြ၏။
၃ချက်ချင်းပင်ရွှေဖလားများရောက်ရှိလာ သောအခါ သူတို့သည်ထိုဖလားတို့ဖြင့် သောက်လျက်၊-
4 ၄ စပျစ်ရည် ကိုသောက် ၍ ၊ ရွေ ဘုရား ၊ ငွေ ဘုရား၊ ကြေးဝါ ဘုရား၊ သံ ဘုရား၊ သစ်သား ဘုရား၊ ကျောက် ဘုရားတို့ကို ချီးမွမ်း ကြ၏။
၄ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ သစ်သား၊ ကျောက်နှင့် ပြုလုပ်သောဘုရားတို့ကိုထောမနာပြု ကြ၏။
5 ၅ ထိုအချိန် နာရီတွင် လူ ၏လက်ဖျားသည် ပေါ် လာ၍ မီးခုံအထက်၊ နန်းတော် အုတ်ထရံ အင်္ဂတေ ၌ အက္ခရာ တင်၍ ရေးထား၏။ ထိုသို့ရေး သော လက်ဖျားကို ရှင် ဘုရင်မြင် တော်မူလျှင်၊
၅ထိုအခါလူ၏လက်တစ်ဖက်သည်ရုတ် တရက်ပေါ်လာပြီးလျှင် မီးအလင်းရောင် အများဆုံးရရှိသည့်နန်းတော်နံရံတွင် စာတန်းတစ်ခုကိုရေးသားလေ၏။ ယင်း သို့ရေးသားနေသည်ကိုမင်းကြီးမြင် တော်မူလျှင်၊-
6 ၆ မျက်နှာ တော်ညှိုးငယ်၍ စိတ် ပူပန် ခြင်းသို့ ရောက်သဖြင့်၊ ခါး ဆစ် ပြုတ်မတတ်ဖြစ်၍ဒူး ခြင်းထိခိုက် သည်ရှိသော်၊
၆မျက်နှာညှိုးငယ်၍သွားတော်မူ၏။ သူသည် အလွန်ကြောက်လန့်ကာမျက်နှာဖြူဖတ်ဖြူ ရော်ဖြစ်လျက်ဒူးများပင်ခိုက်ခိုက်တုန်၍ လာ၏။-
7 ၇ ဗေဒင် တတ်၊ ခါလဒဲ ဆရာ၊ အနာဂတ္တိ ဆရာ တို့ကို ခေါ် ချေဟု ဟစ်ကြော် ပြီးလျှင်၊ ထို စာ ကို ဘတ် ၍ အနက် ကို ဘော်ပြ နိုင်သော သူ သည်အဝတ်နီ ကိုဝတ်ဆင် ၍ လည်ပင်း ၌ ရွှေ စလွယ် ဆွဲလျက်၊ နိုင်ငံ တော်တွင် တတိယ မင်း ဖြစ်စေဟု ဗာဗုလုန် ပညာရှိ တို့အား အမိန့် တော်ရှိ၍ ၊
၇သို့ဖြစ်၍ပယောဂဆရာများ၊ မှော်ဆရာ များနှင့်နက္ခတ်ဆရာများကိုခေါ်သွင်းရန် ဟစ်အော်၍ မင်းချင်းတစ်ယောက်အားစေခိုင်း တော်မူ၏။ ထိုသူတို့ရောက်ရှိလာကြသော အခါမင်းကြီးက``ထိုစာတန်းကိုဖတ်၍ အနက်ကိုငါ့အားပြောကြားနိုင်သူအား တော်ဝင်ခရမ်းရောင်ဝတ်လုံကိုဝတ်စေမည်။ ဂုဏ်ထူးဆောင်ရွှေစလွယ်တော်ကိုလည်းဆွဲ စေလျက်နိုင်ငံတော်တွင်တတိယတန်ခိုး အကြီးဆုံးသောသူအဖြစ်ငါခန့်ထား မည်'' ဟုမိန့်တော်မူ၏။-
8 ၈ ပညာရှိ ဆရာတော်အပေါင်း တို့သည် လာ ရောက်ကြသော်လည်း၊ ထိုစာ ကို မ ဘက် နိုင် ကြ။ အနက် အဓိပ္ပါယ်ကို ရှင် ဘုရင်အား မဟော မပြောနိုင်သောကြောင့် ၊
၈ဘုရင့်အတိုင်ပင်ခံအရာရှိအပေါင်းတို့ သည်ရှေ့တော်သို့ရောက်ရှိလာကြသော်လည်း အဘယ်သူမျှထိုစာတန်းကိုမဖတ်နိုင်။ ထို စာတန်း၏အနက်ကိုလည်းမင်းကြီးအား မဖော်ပြနိုင်ကြ။-
9 ၉ ဗေလရှာဇာ မင်းကြီး သည် အလွန် စိတ် ပူပန်ခြင်း၊ မျက်နှာ တော်ညှိုးငယ်ခြင်းရှိ၍၊ မှူး တော်မတ်တော်တို့ သည် မှိုင် လျက်နေကြ၏။
၉ထိုအခါဗေလရှာဇာမင်းသည်လွန်စွာပူပင် သောကရောက်တော်မူသဖြင့် ပို၍ပင်မျက်နှာ ညှိုးငယ်လာလေသည်။ မှူးမတ်တို့သည်လည်း မှိုင်တွေလျက်နေကြ၏။
10 ၁၀ ထိုအခါ မယ်တော် မိဖုရားသည် ရှင် ဘုရင်၏ စကား ၊ မှူးမတ် တို့၏ စကားကို ကြားသိလျှင်၊ ပွဲ တော်သို့ ဝင် ၍၊ အရှင် မင်းကြီး၊ အသက် တော် အစဉ်အမြဲ ရှင်ပါစေ။ စိတ် တော်ပူပန် ခြင်းမ ရှိပါနှင့်။ မျက်နှာ ညှိုးငယ်တော် မ မူပါနှင့်။
၁၀မယ်တော်မိဖုရားကြီးသည်မင်းကြီးနှင့်မှူး မတ်တို့ပြောဆိုကြသည့်စကားကိုကြား သဖြင့် စားသောက်ပွဲကျင်းပရာအခန်းထဲ သို့ဝင်လာပြီးလျှင်``အရှင်မင်းကြီး၊ သက် တော်ရာကျော်ရှည်ပါစေ။ ဤမျှစိတ်အနှောင့် အယှက်ဖြစ်၍မနေပါနှင့်။ ဤမျှမျက်နှာ ညှိုးငယ်၍လည်းမနေပါနှင့်။-
11 ၁၁ သန့်ရှင်း သော ဘုရား သခင်၏ ဝိညာဉ် တော်နှင့် ပြည့်စုံသော သူတယောက်သည် နိုင်ငံ တော်တွင် ရှိ ပါ၏။ ခမည်းတော် ဘုရားလက်ထက် တော်၌ ၊ ထိုသူတွင် ဘုရား ပညာ နှင့် တူသော ပညာ ဉာဏ် သတ္တိ ထင်ရှားလျက် ရှိပါ၏။ ထိုသူကို ခမည်းတော် ဘုရား နေဗုခဒ်နေဇာ မင်းကြီး သည် မာဂု ပညာရှိ၊ ဗေဒင် တတ်၊ ခါလဒဲ ဆရာ၊ အနာဂတ္တိ ဆရာတို့အပေါ်တွင် ဆရာ အုပ်အရာ၌ ခန့် ထားတော်မူ ၏။
၁၁သင်၏နိုင်ငံတော်တွင်သန့်ရှင်းမြင့်မြတ်သော ဘုရားတို့၏ဝိညာဉ်ဖြင့်ပြည့်ဝသူလူတစ် ယောက်ရှိပါ၏။ သင်၏ခမည်းတော်နန်းစံစဉ် အခါက ထိုသူ၌အသိပညာနှင့်အမြော် အမြင်၊ ဘုရားကဲ့သို့ပညာဉာဏ်ရှိကြောင်း ထင်ရှားခဲ့ပါ၏။ သင်၏ခမည်းတော်နေဗုခဒ် နေဇာမင်းသည်သူ့အားဗေဒင်ဆရာ၊ မှော် ဆရာ၊ ပယောဂဆရာနှင့်နက္ခတ်ဆရာတို့ ၏အကြီးအမှူးအဖြစ်ဖြင့်ခန့်ထားတော် မူခဲ့ပါ၏။-
12 ၁၂ အကြောင်း မူကား၊ အိပ်မက် အနက် ကို ဘတ်ခြင်း၊ နက်နဲ ခက်ခဲသောအရာကိုဖွင့်ပြ ခြင်း၊ ပုစ္ဆာအမေးကို ဖြေ ခြင်းငှါတတ်စွမ်းနိုင် သောဉာဏ် ပညာ နှင့်တကွ၊ ထူးဆန်း သောစိတ် ဝိညာဉ်သည် ဒံယေလ အမည်ရှိသောထိုသူတွင် ထင်ရှား လျက်ရှိပါ၏။ ဗေလတရှာဇာ ဟူသော ဘွဲ့နာမ ကိုလည်း ရှင် ဘုရင်ပေး သနား တော်မူ၏။ ထိုဒံယေလ ကို ခေါ် တော်မူလျှင်၊ အနက် ကို ဟောပြော ပါလိမ့်မည်ဟု လျှောက် သော်၊
၁၂သူသည်အိပ်မက်များ၏အနက်ကိုပြန်ဆိုမှု၊ ခက်ခဲသောအမေးပုစ္ဆာများကိုဖြေရှင်းမှု၊ လျှို့ဝှက်နက်နဲသောအရာများကိုထုတ်ဖော် မှုတို့တွင်အထူးတတ်ကျွမ်းသူဖြစ်ပါ၏။ သို့ ဖြစ်၍ဗေလတရှာဇာဟူသောဘွဲ့နာမကို ခမည်းတော်ပေးအပ်တော်မူခဲ့သူဒံယေလ အားဆင့်ခေါ်ပါ။ သူသည်စာတန်း၏အနက် ကိုဖော်ပြပါလိမ့်မည်'' ဟုဆို၏။
13 ၁၃ ဒံယေလ ကို အထံ တော်သို့ ခေါ် သွင်းလေ၏။ ရှင် ဘုရင်က၊ ငါ့ ခမည်းတော် ဘုရားသည် ယုဒ ပြည်က သိမ်းယူ တော်မူခဲ့၍၊ ယုဒ လူစု၌ ပါသော ဒံယေလ မှန်သလော။
၁၃သူတို့သည်ဒံယေလအားချက်ချင်းပင်ဘုရင့် ရှေ့တော်သို့သွင်းကြသောအခါ မင်းကြီးက ဒံယေလအား``သင်သည်ယုဒပြည်မှငါ၏ ခမည်းတော်ဘုရင်မင်းခေါ်ဆောင်ခဲ့သည့် ယုဒအမျိုးသားသုံ့ပန်းတစ်ယောက်ဖြစ် သူဒံယေလဆိုသူပေလော။-
14 ၁၄ သင် သည် ဘုရား သခင်၏ ဝိညာဉ် နှင့်၎င်း ၊ ထူးဆန်း သော ပညာ ဉာဏ် သတ္တိနှင့်၎င်း ပြည့်စုံသည်ဟု သင် ၏ သိတင်းကို ငါကြား ၏။
၁၄ဘုရားများ ၏ဝိညာဉ်သည်သင်၏အတွင်း၌ကိန်းအောင်းသည် ဖြစ်၍ သင်သည်ကျွမ်းကျင်လိမ်မာလျက်၊ အသိ အမြင်ဉာဏ်ပညာတို့ဖြင့်ပြည့်စုံသူဖြစ်ကြောင်း ငါကြားသိရသည်။-
15 ၁၅ ထို စာ ကို ဘတ် ၍ အနက် ကို ငါ့ အား ဘော်ပြ စေခြင်းငှါ ဗေဒင် တတ်ပညာရှိ တို့ကို ငါ့ ထံသို့ သွင်း သော်လည်း ၊ သူတို့သည်အနက် ကို မ ဘော် မပြနိုင် ကြ။
၁၅ငါသည်မိမိ၏အတိုင်ပင်ခံအရာရှိများ နှင့်ဗေဒင်ဆရာများကိုဆင့်ခေါ်ကာစေခိုင်း သော်လည်း သူတို့သည်မဖော်ပြနိုင်ကြပါ။-
16 ၁၆ သင်သည် အနက် များကို ဘော်ပြ ၍ ပုစ္ဆာ အမေးတို့ကို ဖြေ နိုင် သည်ဟု ငါ ကြား ပြီးအတိုင်း၊ ထိုစာ ကိုဘတ် ၍ အနက် ကိုငါ့ အား ဘော်ပြ နိုင် လျှင် ၊ အဝတ်နီ ကိုဝတ်ဆင် ၍ လည်ပင်း ၌ ရွှေ စလွယ် ဆွဲလျက်၊ နိုင်ငံ တော်တွင် တတိယ မင်း ဖြစ်ရလိမ့်မည်ဟု မိန့်တော်မူ ၏။
၁၆သင်သည်တိမ်မြုပ်နေသောအနက်တို့ကိုဖော် ထုတ်နိုင်၍ လျှို့ဝှက်ခက်ခဲသောအရာတို့ကို ရှင်းလင်းဖော်ပြနိုင်ကြောင်းငါကြားသိတော် မူရသည်။ သင်သည်ဤစာတန်းကိုဖတ်၍ အနက်ကိုငါ့အားဖော်ပြနိုင်ပါလျှင် ငါသည် သင့်အားတော်ဝင်ခရမ်းရောင်ဝတ်လုံကိုဝတ် စေ၍ဂုဏ်ထူးဆောင်ရွှေစလွယ်တော်ကိုဆွဲ စေလျက် ငါ၏နိုင်ငံတော်တွင်တတိယတန် ခိုးအကြီးဆုံးသောသူအဖြစ်ခန့်ထား မည်'' ဟုမိန့်တော်မူ၏။
17 ၁၇ ဒံယေလ ကလည်း၊ ဆု တော်လပ်တော်ကို ကိုယ်တော် ၌ ရှိ စေတော်မူပါ။ ပေးလိုသောအရာများကို အခြား သူအား ပေး သနားတော်မူပါ။ သို့သော်လည်း ၊ ရှေ့ တော်၌ ထိုစာ ကို ဘတ် ၍ အနက် ကိုဘော်ပြ ပါမည်။
၁၇ဒံယေလက``အရှင်၏ဆုတော်လာဘ်တော် တို့ကို ကိုယ်တော်ထံတော်၌သာထားရှိတော် မူပါ။ သို့မဟုတ်အခြားသူတစ်စုံတစ် ယောက်အားချီးမြှင့်တော်မူပါ။ သို့ရာတွင် အကျွန်ုပ်သည်ထိုစာတန်းကိုဖတ်၍ အနက် ကိုအရှင့်အားလျှောက်ထားပါမည်။
18 ၁၈ အရှင် မင်းကြီး၊ အမြင့်ဆုံး သော ဘုရား သခင်သည် ခမည်းတော် နေဗုခဒ်နေဇာ မင်းကြီး၌ နိုင်ငံ တော် နှင့်တကွရွှေဘုန်း တော်မြတ်၊ ဂုဏ် အသရေတော်ကိုပေး သနားတော်မူ၏။
၁၈``အမြင့်မြတ်ဆုံးသောဘုရားသခင်သည် အရှင့်ခမည်းတော်နေဗုခဒ်နေဇာမင်းအား အုပ်စိုးခွင့်အာဏာနှင့်ကြီးမြတ်သည့်ဘုရင် တစ်ပါးဖြစ်စေတော်မူလျက် ဂုဏ်အသရေ နှင့်လည်းကောင်း၊ အာနုဘော်နှင့်လည်းကောင်း ပြည့်စုံစေတော်မူပါ၏။-
19 ၁၉ ပေး သနားတော်မူသော ထိုရွှေဘုန်း တော်မြတ် ကြောင့် ၊ အရပ်ရပ်တို့၌ နေ၍ အသီးသီးအခြားခြားသော ဘာသာ စကားကို ပြောသော လူမျိုး တကာ တို့သည် ရှေ့ တော်၌ ကြောက်ရွံ့ တုန်လှုပ် လျက် နေကြ၏။ သတ်လို သော သူတို့ ကိုသတ် တော်မူ၏။ အသက်ရှင်စေလို သော သူတို့ ကို ရှင် စေတော်မူ၏။ ချီးမြှောက်လို သော သူတို့ ကို ချီးမြှောက် တော်မူ၏။ နှိမ့်ချလို သော သူတို့ကို နှိမ့်ချ တော်မူ၏။
၁၉သူသည်လွန်စွာကြီးမြတ်တော်မူသဖြင့် ဘာ သာစကားအမျိုးမျိုးပြောဆိုသူလူမျိုး အသီးသီးနှင့် နိုင်ငံအသီးသီးတို့ရှိလူ အပေါင်းတို့သည်ကြောက်လန့်တုန်လှုပ်ကြ ပါ၏။ သူသည်မိမိကွပ်မျက်လိုသူကိုကွပ် မျက်၍အသက်ရှင်စေလိုသူကိုရှင်စေ တော်မူခဲ့ပါ၏။ ချီးမြှောက်လိုသူကိုချီး မြှောက်၍နှိမ့်ချလိုသူကိုနှိမ့်ချတော်မူ ခဲ့ပါ၏။-
20 ၂၀ မာန် မာနစိတ် နှင့် ထောင်လွှားစော်ကားခြင်း ရှိသောအခါ ၊ ဘုန်း တန်ခိုးကွယ်ပျောက် ၍ နန်း တော်မှ ကျ ၏။
၂၀သို့ရာတွင်သူသည်မာန်မာနထောင်လွှား ကာခေါင်းမာလျက် ရက်စက်စွာပြုကျင့်၍ လာသောအခါဘုန်းတန်ခိုးကွယ်ပျောက် ၍နန်းမှကျရလေပြီ။-
21 ၂၁ လူ သား စုထဲက နှင်ထုတ် ခြင်းကိုခံ၍ တိရစ္ဆာန် သဘောနှင့် ပြည့်စုံ၏။ အမြင့်ဆုံး သော ဘုရား သခင်သည် လောကီ နိုင်ငံ ကို အုပ်စိုး ၍၊ အလို တော်ရှိသော သူ တို့အား အပ် တော်မူသည်ကို မ သိမှတ် မှီတိုင်အောင်၊ မြည်းရိုင်း တို့နှင့် ပေါင်းဘော်လျက်၊ နွား ကဲ့သို့ မြက် ကိုစား လျက်၊ မိုဃ်း စွတ်ခြင်းကိုခံ ၍နေရ၏။
၂၁သူသည်လူ့အသိုင်းအဝိုင်းမှနှင်ထုတ်ခြင်း ကိုခံရကာတိရစ္ဆာန်စိတ်ပေါက်၍လာလေ သည်။ မြည်းရိုင်းတို့နှင့်အတူနေထိုင်၍နွား ကဲ့သို့မြက်ကိုစားခဲ့ရပါ၏။ အကွယ် အကာမရှိဘဲဆီးနှင်းတောတွင်စက်တော် ခေါ်ခဲ့ရလေသည်။ နောက်ဆုံး၌အမြင့်မြတ် ဆုံးသောဘုရားသခင်သည်လောကီနိုင်ငံ တို့ကိုအစိုးရတော်မူ၍ မိမိအလိုရှိသူ မည်သူအားမဆိုဤနိုင်ငံများကိုပေး တော်မူနိုင်ကြောင်းကိုမင်းကြီးဝန်ခံတော် မူခဲ့ပါ၏။-
22 ၂၂ အရှင်သားတော် ဗေလရှာဇာ ၊ ကိုယ်တော်သည် ထို အမှုအလုံးစုံ တို့ကို သိ သော်လည်း ၊ စိတ် နှလုံးကို မ နှိမ့်ချ ဘဲ၊
၂၂သူ၏သားတော်ဖြစ်သူအရှင်သည်လည်း ထိုအမှုအရာအလုံးစုံတို့ကိုသိရှိပါ သော်လည်းမိမိကိုယ်ကိုနှိမ့်ချတော်မ မူဘဲ၊-
23 ၂၃ ကောင်းကင် ဘုံ၏ အရှင် ကို ဆန့်ကျင်ဘက်ပြု၍၊ ဗိမာန် တော်၏ ဖလား တို့ကို ရှေ့ တော်သို့ ယူ ခဲ့စေ၍ ၊ ကိုယ်တော်တိုင်မှစသောမှူး တော် မတ်တော်၊ မိဖုရား ၊ မောင်းမမိဿံ တို့သည် ထိုဖလားတို့နှင့်စပျစ်ရည် ကို သောက် ကြပြီတကား။ မျက်စိမ မြင် ၊ နားမ ကြား ၊ အဘယ် အရာကိုမျှ မ သိ သော ငွေ ဘုရား၊ ရွှေ ဘုရား၊ ကြေးဝါ ဘုရား၊ သံ ဘုရား၊ သစ်သား ဘုရား၊ ကျောက် ဘုရား တို့ကို ချီးမွမ်း ၍၊ ကိုယ်တော် ၏ အသက် သခင်တည်းဟူသောကိုယ်တော်၏ အမှု အလုံးစုံ တို့ကိုစီရင်ပိုင်တော်မူသောဘုရား သခင်ကို မ ချီးမွမ်း ဘဲ နေပါပြီတကား။
၂၃ကောင်းကင်ဘုံရှင်ကိုဆန့်ကျင်ဘက်ပြု၍ ဗိမာန်တော်မှရွှေဖလားများကိုရှေ့တော် သို့ယူစေတော်မူခဲ့ပါ၏။ အရှင်နှင့်တကွ အရှင့်မှူးမတ်များ၊ မိဖုရားများ၊ မောင်း မမိဿံများသည်ထိုရွှေဖလားများတွင် စပျစ်ရည်ကိုထည့်၍သောက်ပြီးလျှင် မျက်စိ မမြင်၊ နားမကြား၊ အဘယ်အရာကိုမျှ မသိသောရွှေ၊ ငွေ၊ကြေးဝါ၊ သံ၊ သစ်သား၊ ကျောက်တို့နှင့်လုပ်သောဘုရားများကို ထောမနာပြုကြပေသည်။ သို့ရာတွင် အရှင်သည်မိမိ၏အသက်ကိုလည်းကောင်း၊ မိမိပြုသောအမှုကိစ္စမှန်သမျှကို လည်းကောင်းစိုးပိုင်တော်မူသောဘုရားသခင်၏ဂုဏ်တော်ကိုကားချီးမွမ်းတော် မမူပါ။-
24 ၂၄ ထိုကြောင့်၊ လက်ဖျားကိုစေလွှတ် ၍ ထို စာ ကို ရေး စေတော်မူ၏။
၂၄သို့ဖြစ်၍ဘုရားသခင်သည်လက်ကို စေလွှတ်၍ ဤစာတန်းကိုရေးစေတော်မူ ပါ၏။
25 ၂၅ စာ ချက်ဟူမူကား၊ မေနေ မေနေ ၊ တေကလ ၊ ဖေရက် ဟု အက္ခရာ တင် လျက်ရှိ၏။
၂၅``ရေးထားသောစာကား`ရေတွက်၊ ရေတွက်၊ အလေးချိန်၊ ခွဲဝေ' ဟူ၍ဖြစ်သတည်း။-
26 ၂၆ မေနေ ၏ အနက် အဓိပ္ပါယ်ကား၊ ကိုယ်တော် ၏ နိုင်ငံ ကို ဘုရား သခင်ရေတွက် ၍ ဆုံး စေတော်မူ၏။
၂၆ရေတွက်ဟူသောစကား၏အနက်အဋ္ဌိပ္ပါယ် မှာ အရှင့်နိုင်ငံသက်တမ်းကိုဘုရားသခင် ရေတွက်၍ ဆုံးခန်းတိုင်ရောက်စေတော်မူ ပြီဟူ၍ဖြစ်ပါ၏။-
27 ၂၇ တေကလ ၏ အနက်အဓိပ္ပါယ်ကား၊ ကိုယ်တော်ကို ချိန်ခွင် နှင့် ချိန် ၍လျော့ ကြောင်းကို တွေ့မြင် တော်မူ ၏။
၂၇အလေးချိန်ဟူသောစကား၏အနက်အဋ္ဌိပ္ပါယ် မှာ အရှင့်အားချိန်ခွင်တွင်ချိန်တွယ်၍ အလေး ချိန်လျော့နည်းနေကြောင်းတွေ့ရှိတော်မူပြီ ဟူ၍ဖြစ်ပါ၏။-
28 ၂၈ ဖေရက် ၏ အနက်အဓိပ္ပါယ်ကား၊ နိုင်ငံ တော်ကို ခွဲဝေ ၍ မေဒိ လူ၊ ပေရသိ လူတို့အား အပ် ပေးတော်မူ၏ဟု ဆိုလိုသတည်းဟု ဒံယေလသည် အထံတော်၌ ပြန်ကြား လျှောက်ထား၏။
၂၈ခွဲဝေဟူသောစကား၏အနက်အဋ္ဌိပ္ပါယ်မှာ အရှင်၏နိုင်ငံတော်ကိုမေဒိအမျိုးသား များနှင့်ပါရှအမျိုးသားတို့အားခွဲဝေ ပေးတော်မူပြီဟူ၍ဖြစ်ပါ၏'' ဟုလျှောက် ထား၏။
29 ၂၉ ထိုအခါ ဗေလရှာဇာ မင်းကြီးမိန့် တော်မူသည် အတိုင်း၊ ဒံယေလ ကို အဝတ်နီ ဝတ်ဆင် စေ၍ လည်ပင်း ၌ ရွှေ စလွယ် ဆွဲပြီးမှ၊ နိုင်ငံ တော်တွင် တတိယ မင်း ဖြစ် သည်ဟု မြို့ကိုလည်၍ဟစ်ကြော် ကြ၏။
၂၉ထိုအခါချက်ချင်းပင်ဗေလရှာဇာမင်း သည် ဒံယေလအားတော်ဝင်ခရမ်းရောင် ဝတ်လုံကိုဝတ်ဆင်စေ၍ လည်ပင်း၌ဂုဏ် ထူးဆောင်ရွှေစလွယ်ကိုဆွဲစေပြီးနောက် ဒံယေလအားနိုင်ငံတော်တွင်တတိယ တန်ခိုးအကြီးဆုံးရာထူးတွင်ခန့်ထား တော်မူ၏။-
30 ၃၀ ထိုညဉ့် ၌ပင် ခါလဒဲ ရှင် ဘုရင် ဗေလရှာဇာ မင်းသည် အသက် ဆုံး၍၊
၃၀ထိုည၌ပင်လျှင်ဗာဗုလုန်ပြည်ဘုရင်၊ ဗေလရှာဇာသည်လုပ်ကြံခြင်းကိုခံ ရ၍၊-
31 ၃၁ မေဒိ အမျိုး ဒါရိ မင်းသည် အသက်ခြောက် ဆယ်နှစ် နှစ် တွင် နိုင်ငံ တော်ကို သိမ်းယူ တော်မူ၏။
၃၁အသက်ခြောက်ဆယ့်နှစ်နှစ်ရှိသောမေဒိ လူမျိုးဒါရိမင်းသည်နိုင်ငံကိုသိမ်းယူ လေသည်။