< ဒံယေလ 5 >

1 တရံရောအခါဗေလရှာဇာ မင်းကြီး သည် မှူးမတ် တထောင် ကို ခေါ်ပြီးလျှင်ကြီး စွာသော ပွဲ ကို လုပ် ၍ ၊ မှူးမတ်တထောင် နှင့်တကွစပျစ်ရည် ကို သောက် တော်မူ၏။
Belshazzar the king made a great feast for a thousand of his lords, drinking wine before the thousand.
2 စပျစ်ရည် ကို မြည်းစမ်းသောအခါ၊ ယေရုရှလင် မြို့ ဗိမာန် တော် ထဲက ခမည်းတော် နေဗုခဒ်နေဇာ သိမ်းယူ ဆောင်ခဲ့သော ရွှေ ဖလား ၊ ငွေ ဖလားတို့နှင့် ကိုယ်တော်တိုင်မှစ၍မင်းသား ၊ မိဖုရား ၊ မောင်းမမိဿံ တို့သည် သောက် ရမည်အကြောင်း၊ ထိုဖလားတို့ကို ယူ ခဲ့ရမည်ဟု အမိန့် တော်ရှိသည်အတိုင်း၊
Belshazzar, while he was overcome with wine, gave orders for them to put before him the gold and silver vessels which Nebuchadnezzar, his father, had taken from the Temple in Jerusalem; so that the king and his lords, his wives and his other women, might take their drink from them.
3 ယေရုရှလင် မြို့၌ ရှိသော ဘုရား သခင်၏ ဗိမာန် တော်တိုက်ထဲက သိမ်းယူ ဆောင်ခဲ့သော ရွှေ ဖလား တို့ကို ယူ ခဲ့၍၊ မင်းကြီး ၊ မင်းသား ၊ မိဖုရား ၊ မောင်းမမိဿံ တို့သည် ထိုဖလားတို့နှင့် သောက် ကြ၏။
Then they took in the gold and silver vessels which had been in the Temple of the house of God at Jerusalem; and the king and his lords, his wives and his other women, took wine from them.
4 စပျစ်ရည် ကိုသောက် ၍ ၊ ရွေ ဘုရား ၊ ငွေ ဘုရား၊ ကြေးဝါ ဘုရား၊ သံ ဘုရား၊ သစ်သား ဘုရား၊ ကျောက် ဘုရားတို့ကို ချီးမွမ်း ကြ၏။
They took their wine and gave praise to the gods of gold and silver, of brass and iron and wood and stone.
5 ထိုအချိန် နာရီတွင် လူ ၏လက်ဖျားသည် ပေါ် လာ၍ မီးခုံအထက်၊ နန်းတော် အုတ်ထရံ အင်္ဂတေ ၌ အက္ခရာ တင်၍ ရေးထား၏။ ထိုသို့ရေး သော လက်ဖျားကို ရှင် ဘုရင်မြင် တော်မူလျှင်၊
In that very hour the fingers of a man's hand were seen, writing opposite the support for the light on the white wall of the king's house, and the king saw the part of the hand which was writing.
6 မျက်နှာ တော်ညှိုးငယ်၍ စိတ် ပူပန် ခြင်းသို့ ရောက်သဖြင့်၊ ခါး ဆစ် ပြုတ်မတတ်ဖြစ်၍ဒူး ခြင်းထိခိုက် သည်ရှိသော်၊
Then the colour went from the king's face, and he was troubled by his thoughts; strength went from his body, and his knees were shaking.
7 ဗေဒင် တတ်၊ ခါလဒဲ ဆရာ၊ အနာဂတ္တိ ဆရာ တို့ကို ခေါ် ချေဟု ဟစ်ကြော် ပြီးလျှင်၊ ထို စာ ကို ဘတ် ၍ အနက် ကို ဘော်ပြ နိုင်သော သူ သည်အဝတ်နီ ကိုဝတ်ဆင် ၍ လည်ပင်း ၌ ရွှေ စလွယ် ဆွဲလျက်၊ နိုင်ငံ တော်တွင် တတိယ မင်း ဖြစ်စေဟု ဗာဗုလုန် ပညာရှိ တို့အား အမိန့် တော်ရှိ၍ ၊
The king, crying out with a loud voice, said that the users of secret arts, the Chaldaeans, and the readers of signs, were to be sent for. The king made answer and said to the wise men of Babylon, Whoever is able to make out this writing, and make clear to me the sense of it, will be clothed in purple and have a chain of gold round his neck, and will be a ruler of high authority in the kingdom.
8 ပညာရှိ ဆရာတော်အပေါင်း တို့သည် လာ ရောက်ကြသော်လည်း၊ ထိုစာ ကို မ ဘက် နိုင် ကြ။ အနက် အဓိပ္ပါယ်ကို ရှင် ဘုရင်အား မဟော မပြောနိုင်သောကြောင့် ၊
Then all the king's wise men came in: but they were not able to make out the writing or give the sense of it to the king.
9 ဗေလရှာဇာ မင်းကြီး သည် အလွန် စိတ် ပူပန်ခြင်း၊ မျက်နှာ တော်ညှိုးငယ်ခြင်းရှိ၍၊ မှူး တော်မတ်တော်တို့ သည် မှိုင် လျက်နေကြ၏။
Then King Belshazzar was greatly troubled and the colour went from his face, and his lords were at a loss.
10 ၁၀ ထိုအခါ မယ်တော် မိဖုရားသည် ရှင် ဘုရင်၏ စကား ၊ မှူးမတ် တို့၏ စကားကို ကြားသိလျှင်၊ ပွဲ တော်သို့ ဝင် ၍၊ အရှင် မင်းကြီး၊ အသက် တော် အစဉ်အမြဲ ရှင်ပါစေ။ စိတ် တော်ပူပန် ခြင်းမ ရှိပါနှင့်။ မျက်နှာ ညှိုးငယ်တော် မ မူပါနှင့်။
The queen, because of the words of the king and his lords, came into the house of the feast: the queen made answer and said, O King, have life for ever; do not be troubled by your thoughts or let the colour go from your face:
11 ၁၁ သန့်ရှင်း သော ဘုရား သခင်၏ ဝိညာဉ် တော်နှင့် ပြည့်စုံသော သူတယောက်သည် နိုင်ငံ တော်တွင် ရှိ ပါ၏။ ခမည်းတော် ဘုရားလက်ထက် တော်၌ ၊ ထိုသူတွင် ဘုရား ပညာ နှင့် တူသော ပညာ ဉာဏ် သတ္တိ ထင်ရှားလျက် ရှိပါ၏။ ထိုသူကို ခမည်းတော် ဘုရား နေဗုခဒ်နေဇာ မင်းကြီး သည် မာဂု ပညာရှိ၊ ဗေဒင် တတ်၊ ခါလဒဲ ဆရာ၊ အနာဂတ္တိ ဆရာတို့အပေါ်တွင် ဆရာ အုပ်အရာ၌ ခန့် ထားတော်မူ ၏။
There is a man in your kingdom in whom is the spirit of the holy gods; and in the days of your father, light and reason like the wisdom of the gods were seen in him: and King Nebuchadnezzar, your father, made him master of the wonder-workers, and the users of secret arts, and the Chaldaeans, and the readers of signs;
12 ၁၂ အကြောင်း မူကား၊ အိပ်မက် အနက် ကို ဘတ်ခြင်း၊ နက်နဲ ခက်ခဲသောအရာကိုဖွင့်ပြ ခြင်း၊ ပုစ္ဆာအမေးကို ဖြေ ခြင်းငှါတတ်စွမ်းနိုင် သောဉာဏ် ပညာ နှင့်တကွ၊ ထူးဆန်း သောစိတ် ဝိညာဉ်သည် ဒံယေလ အမည်ရှိသောထိုသူတွင် ထင်ရှား လျက်ရှိပါ၏။ ဗေလတရှာဇာ ဟူသော ဘွဲ့နာမ ကိုလည်း ရှင် ဘုရင်ပေး သနား တော်မူ၏။ ထိုဒံယေလ ကို ခေါ် တော်မူလျှင်၊ အနက် ကို ဟောပြော ပါလိမ့်မည်ဟု လျှောက် သော်၊
Because a most special spirit, and knowledge and reason and the power of reading dreams and unfolding dark sayings and answering hard questions, were seen to be in him, even in Daniel (named Belteshazzar by the king): now let Daniel be sent for, and he will make clear the sense of the writing.
13 ၁၃ ဒံယေလ ကို အထံ တော်သို့ ခေါ် သွင်းလေ၏။ ရှင် ဘုရင်က၊ ငါ့ ခမည်းတော် ဘုရားသည် ယုဒ ပြည်က သိမ်းယူ တော်မူခဲ့၍၊ ယုဒ လူစု၌ ပါသော ဒံယေလ မှန်သလော။
Then they took Daniel in before the king; the king made answer and said to Daniel, So you are that Daniel, of the prisoners of Judah, whom my father took out of Judah.
14 ၁၄ သင် သည် ဘုရား သခင်၏ ဝိညာဉ် နှင့်၎င်း ၊ ထူးဆန်း သော ပညာ ဉာဏ် သတ္တိနှင့်၎င်း ပြည့်စုံသည်ဟု သင် ၏ သိတင်းကို ငါကြား ၏။
And I have had news of you, that the spirit of the gods is in you, and that light and reason and special wisdom have been seen in you.
15 ၁၅ ထို စာ ကို ဘတ် ၍ အနက် ကို ငါ့ အား ဘော်ပြ စေခြင်းငှါ ဗေဒင် တတ်ပညာရှိ တို့ကို ငါ့ ထံသို့ သွင်း သော်လည်း ၊ သူတို့သည်အနက် ကို မ ဘော် မပြနိုင် ကြ။
And now the wise men, the users of secret arts, have been sent in before me for the purpose of reading this writing and making clear to me the sense of it: but they are not able to make clear the sense of the thing:
16 ၁၆ သင်သည် အနက် များကို ဘော်ပြ ၍ ပုစ္ဆာ အမေးတို့ကို ဖြေ နိုင် သည်ဟု ငါ ကြား ပြီးအတိုင်း၊ ထိုစာ ကိုဘတ် ၍ အနက် ကိုငါ့ အား ဘော်ပြ နိုင် လျှင် ၊ အဝတ်နီ ကိုဝတ်ဆင် ၍ လည်ပင်း ၌ ရွှေ စလွယ် ဆွဲလျက်၊ နိုင်ငံ တော်တွင် တတိယ မင်း ဖြစ်ရလိမ့်မည်ဟု မိန့်တော်မူ ၏။
And I have had news of you, that you have the power of making things clear, and of answering hard questions: now if you are able to make out the writing and give me the sense of it, you will be clothed in purple and have a gold chain round your neck and be a ruler of high authority in the kingdom.
17 ၁၇ ဒံယေလ ကလည်း၊ ဆု တော်လပ်တော်ကို ကိုယ်တော် ၌ ရှိ စေတော်မူပါ။ ပေးလိုသောအရာများကို အခြား သူအား ပေး သနားတော်မူပါ။ သို့သော်လည်း ၊ ရှေ့ တော်၌ ထိုစာ ကို ဘတ် ၍ အနက် ကိုဘော်ပြ ပါမည်။
Then Daniel made answer and said to the king, Keep your offerings for yourself, and give your rewards to another; but I, after reading the writing to the king, will give him the sense of it.
18 ၁၈ အရှင် မင်းကြီး၊ အမြင့်ဆုံး သော ဘုရား သခင်သည် ခမည်းတော် နေဗုခဒ်နေဇာ မင်းကြီး၌ နိုင်ငံ တော် နှင့်တကွရွှေဘုန်း တော်မြတ်၊ ဂုဏ် အသရေတော်ကိုပေး သနားတော်မူ၏။
As for you, O King, the Most High God gave to Nebuchadnezzar, your father, the kingdom and great power and glory and honour:
19 ၁၉ ပေး သနားတော်မူသော ထိုရွှေဘုန်း တော်မြတ် ကြောင့် ၊ အရပ်ရပ်တို့၌ နေ၍ အသီးသီးအခြားခြားသော ဘာသာ စကားကို ပြောသော လူမျိုး တကာ တို့သည် ရှေ့ တော်၌ ကြောက်ရွံ့ တုန်လှုပ် လျက် နေကြ၏။ သတ်လို သော သူတို့ ကိုသတ် တော်မူ၏။ အသက်ရှင်စေလို သော သူတို့ ကို ရှင် စေတော်မူ၏။ ချီးမြှောက်လို သော သူတို့ ကို ချီးမြှောက် တော်မူ၏။ နှိမ့်ချလို သော သူတို့ကို နှိမ့်ချ တော်မူ၏။
And because of the great power he gave him, all peoples and nations and languages were shaking in fear before him: some he put to death and others he kept living, at his pleasure, lifting up some and putting others down as it pleased him.
20 ၂၀ မာန် မာနစိတ် နှင့် ထောင်လွှားစော်ကားခြင်း ရှိသောအခါ ၊ ဘုန်း တန်ခိုးကွယ်ပျောက် ၍ နန်း တော်မှ ကျ ၏။
But when his heart was lifted up and his spirit became hard with pride, he was put down from his place as king, and they took his glory from him:
21 ၂၁ လူ သား စုထဲက နှင်ထုတ် ခြင်းကိုခံ၍ တိရစ္ဆာန် သဘောနှင့် ပြည့်စုံ၏။ အမြင့်ဆုံး သော ဘုရား သခင်သည် လောကီ နိုင်ငံ ကို အုပ်စိုး ၍၊ အလို တော်ရှိသော သူ တို့အား အပ် တော်မူသည်ကို မ သိမှတ် မှီတိုင်အောင်၊ မြည်းရိုင်း တို့နှင့် ပေါင်းဘော်လျက်၊ နွား ကဲ့သို့ မြက် ကိုစား လျက်၊ မိုဃ်း စွတ်ခြင်းကိုခံ ၍နေရ၏။
And he was sent out from among the sons of men; and his heart was made like the beasts', and he was living with the asses of the fields; he had grass for his food like the oxen, and his body was wet with the dew of heaven, till he was certain that the Most High is ruler in the kingdom of men, and gives power over it to anyone at his pleasure.
22 ၂၂ အရှင်သားတော် ဗေလရှာဇာ ၊ ကိုယ်တော်သည် ထို အမှုအလုံးစုံ တို့ကို သိ သော်လည်း ၊ စိတ် နှလုံးကို မ နှိမ့်ချ ဘဲ၊
And you, his son, O Belshazzar, have not kept your heart free from pride, though you had knowledge of all this;
23 ၂၃ ကောင်းကင် ဘုံ၏ အရှင် ကို ဆန့်ကျင်ဘက်ပြု၍၊ ဗိမာန် တော်၏ ဖလား တို့ကို ရှေ့ တော်သို့ ယူ ခဲ့စေ၍ ၊ ကိုယ်တော်တိုင်မှစသောမှူး တော် မတ်တော်၊ မိဖုရား ၊ မောင်းမမိဿံ တို့သည် ထိုဖလားတို့နှင့်စပျစ်ရည် ကို သောက် ကြပြီတကား။ မျက်စိမ မြင် ၊ နားမ ကြား ၊ အဘယ် အရာကိုမျှ မ သိ သော ငွေ ဘုရား၊ ရွှေ ဘုရား၊ ကြေးဝါ ဘုရား၊ သံ ဘုရား၊ သစ်သား ဘုရား၊ ကျောက် ဘုရား တို့ကို ချီးမွမ်း ၍၊ ကိုယ်တော် ၏ အသက် သခင်တည်းဟူသောကိုယ်တော်၏ အမှု အလုံးစုံ တို့ကိုစီရင်ပိုင်တော်မူသောဘုရား သခင်ကို မ ချီးမွမ်း ဘဲ နေပါပြီတကား။
But you have been lifting yourself up against the Lord of heaven, and they have put the vessels of his house before you, and you and your lords, your wives and your women, have taken wine in them; and you have given praise to gods of silver and gold, of brass and iron and wood and stone, who are without the power of seeing or hearing, and without knowledge: and to the God in whose hand your breath is, and whose are all your ways, you have not given glory;
24 ၂၄ ထိုကြောင့်၊ လက်ဖျားကိုစေလွှတ် ၍ ထို စာ ကို ရေး စေတော်မူ၏။
Then the part of the hand was sent out from before him, and this writing was recorded.
25 ၂၅ စာ ချက်ဟူမူကား၊ မေနေ မေနေ ၊ တေကလ ၊ ဖေရက် ဟု အက္ခရာ တင် လျက်ရှိ၏။
And this is the writing which was recorded, Mene, tekel, peres.
26 ၂၆ မေနေ ၏ အနက် အဓိပ္ပါယ်ကား၊ ကိုယ်တော် ၏ နိုင်ငံ ကို ဘုရား သခင်ရေတွက် ၍ ဆုံး စေတော်မူ၏။
This is the sense of the words: Mene; your kingdom has been numbered by God and ended.
27 ၂၇ တေကလ ၏ အနက်အဓိပ္ပါယ်ကား၊ ကိုယ်တော်ကို ချိန်ခွင် နှင့် ချိန် ၍လျော့ ကြောင်းကို တွေ့မြင် တော်မူ ၏။
Tekel; you have been put in the scales and seen to be under weight.
28 ၂၈ ဖေရက် ၏ အနက်အဓိပ္ပါယ်ကား၊ နိုင်ငံ တော်ကို ခွဲဝေ ၍ မေဒိ လူ၊ ပေရသိ လူတို့အား အပ် ပေးတော်မူ၏ဟု ဆိုလိုသတည်းဟု ဒံယေလသည် အထံတော်၌ ပြန်ကြား လျှောက်ထား၏။
Peres; your kingdom has been cut up and given to the Medes and Persians.
29 ၂၉ ထိုအခါ ဗေလရှာဇာ မင်းကြီးမိန့် တော်မူသည် အတိုင်း၊ ဒံယေလ ကို အဝတ်နီ ဝတ်ဆင် စေ၍ လည်ပင်း ၌ ရွှေ စလွယ် ဆွဲပြီးမှ၊ နိုင်ငံ တော်တွင် တတိယ မင်း ဖြစ် သည်ဟု မြို့ကိုလည်၍ဟစ်ကြော် ကြ၏။
Then, by the order of Belshazzar, they put a purple robe on Daniel, and a gold chain round his neck, and a public statement was made that he was to be a ruler of high authority in the kingdom.
30 ၃၀ ထိုညဉ့် ၌ပင် ခါလဒဲ ရှင် ဘုရင် ဗေလရှာဇာ မင်းသည် အသက် ဆုံး၍၊
That very night Belshazzar, the king of the Chaldaeans, was put to death.
31 ၃၁ မေဒိ အမျိုး ဒါရိ မင်းသည် အသက်ခြောက် ဆယ်နှစ် နှစ် တွင် နိုင်ငံ တော်ကို သိမ်းယူ တော်မူ၏။
And Darius the Mede took the kingdom, being then about sixty-two years old.

< ဒံယေလ 5 >