< ဒံယေလ 4 >
1 ၁ ငါ နေဗုခဒ်နေဇာ မင်းကြီး ကြားမှာလိုက်သည်။ မြေကြီး တပြင်လုံး ၌ အရပ်ရပ်နေ ၍ အသီးသီးအခြားခြားသော ဘာသာ စကားကို ပြောသောလူမျိုး တကာတို့၊ သင် တို့၌ ငြိမ်ဝပ် ချမ်းသာခြင်းများပြား စေသော။
Nabucodonozor rei: a todos os povos, nações, e linguas, que moram em toda a terra: Paz vos seja multiplicada.
2 ၂ မြင့်မြတ် တော်မူသောဘုရား သခင်သည် ငါ ၌ ပြု တော်မူသော နိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို ပြ ခြင်းငှါ ငါ အလို ရှိ၏။
Pareceu-me bem fazer notorios os signaes e maravilhas que Deus, o Altissimo, tem feito para comigo.
3 ၃ နိမိတ် လက္ခဏာတော်သည် အလွန် ကြီးပေ၏။ အံ့ဘွယ် သော အမှုတော်လည်း တန်ခိုး နှင့်ပြည်စုံပေ၏။ ဘုရားသခင်၏နိုင်ငံ တော်သည် ထာဝရ နိုင်ငံ ဖြစ်၏။ အာဏာစက် တော်လည်း ကမ္ဘာ အဆက်ဆက်တည်တော်မူ ၏။
Quão grandes são os seus signaes, e quão poderosas as suas maravilhas! o seu reino é um reino sempiterno, e o seu dominio de geração em geração.
4 ၄ ငါ နေဗုခဒ်နေဇာ သည် နန်းတော် ၌ ငြိမ်ဝပ် စွာ နေ၍ စည်းစိမ် ကြီးစဉ်အခါ၊
Eu, Nabucodonozor, estava socegado em minha casa, e florescente no meu palacio.
5 ၅ ကြောက်မက်ဘွယ်သော အိပ်မက် ကို မြင် ၍ ၊ သာလွန် ပေါ် မှာ အိပ်လျက် စိတ်ထဲ၌အာရုံပြုသောရူပါရုံ အားဖြင့်တုန်လှုပ် ခြင်းသို့ ငါ ရောက်လေ၏။
Tive um sonho, que me espantou; e as imaginações na minha cama e as visões da minha cabeça me turbaram.
6 ၆ ထိုကြောင့်၊ အိပ်မက် အနက် ကို ငါ့ အားဘော်ပြ စေခြင်းငှါ၊ ဗာဗုလုန် ပညာရှိ အပေါင်း တို့ကို အထံ တော်သို့ သွင်း စေဟု ငါအမိန့် တော်ရှိသည်အတိုင်း၊
Por mim pois se fez um decreto, para introduzir á minha presença todos os sabios de Babylonia, para que me fizessem saber a interpretação do sonho.
7 ၇ မာဂု ပညာရှိ၊ ဗေဒင် တတ်၊ ခါလဒဲ ဆရာ၊ အနာဂတ္တိ ဆရာတို့သည် ဝင် ကြလျှင်၊ ငါ မြင်မက်သော အိပ်မက် ကို သူ တို့အား ပြပြော သော်လည်း၊ သူတို့သည် အနက် ကို မ ဘော် မပြနိုင်ကြ။
Então entraram os magos, os astrologos, os chaldeos, e os adivinhadores, e eu contei o sonho diante d'elles; mas não me fizeram saber a sua interpretação.
8 ၈ နောက်မှငါ ကိုးကွယ်သောဘုရား ၏ နာမ အားဖြင့်ဗေလတရှာဇာ ဟုခေါ်သမုတ်၍၊ သန့်ရှင်း သော ဘုရား သခင်၏ ဝိညာဉ် တော်နှင့် ပြည့်စုံသော ဒံယေလ သည် ငါ့ ထံသို့ ဝင်လာလျှင်၊
Porém por fim entrou na minha presença Daniel, cujo nome é Belteshazzar, segundo o nome do meu deus, e no qual ha o espirito dos deuses sanctos; e eu contei o sonho diante d'elle:
9 ၉ အချင်းမာဂု ဆရာချုပ် ဗေလတရှာဇာ ၊ သင် သည် သန့်ရှင်း သော ဘုရား သခင်၏ ဝိညာဉ် တော်နှင့် ပြည့်စုံသည်ကို၎င်း၊ နက်နဲ သောအရာရှိသမျှ တို့ကို ဖွင့်ပြနိုင်သည်ကို၎င်းငါ သိ ၏။ သို့ဖြစ်၍၊ ငါမြင်မက် သော အိပ်မက် ၏ အနက် ကိုဘော်ပြ လော့။
Belteshazzar, principe dos magos, pois eu sei que ha em ti o espirito dos deuses sanctos, e nenhum segredo te é difficil; dize-me as visões do meu sonho que tive e a sua interpretação.
10 ၁၀ ငါအိပ်ပျော်စဉ်တွင်မြင်မက်သည်ကား၊ ငါကြည့်ရှု ၍ မြေကြီး အလယ် ၌ အရပ်မြင့် လှသော သစ်ပင် တပင်ရှိ၏။
Eram pois as visões da minha cabeça, na minha cama: eu estava vendo, e eis uma arvore no meio da terra, cuja altura era grande;
11 ၁၁ ထိုအပင် သည် ကြီးပွား ၍ ခိုင်မာ ခြင်းသို့ ရောက်၏။ မိုဃ်း ကောင်းကင်သို့ ထိ ၍ မြေကြီး စွန်း တိုင်အောင် ထင်ရှား၏။
Crescia esta arvore, e se fazia forte, de maneira que a sua altura chegava até ao céu; e foi vista até á extremidade de toda a terra.
12 ၁၂ အရွက် လည်းလှ ၏။ သတ္တဝါ အပေါင်း တို့စား၍ ဝလောက်သော အသီး နှင့်ပြည့်စုံ၏။ မြေ တိရစ္ဆာန် တို့သည် ထိုသစ်ပင်အရိပ် ၌ ခိုကြ၏။ အခက် အလက်တို့၌ ကောင်းကင် ငှက် တို့သည် နားနေ ကြ၏။
A sua folhagem era formosa, e o seu fructo muito, e havia n'ella sustento para todos: debaixo d'ella as bestas do campo achavam sombra, e as aves do céu faziam morada nos seus ramos, e toda a carne se mantinha d'ella.
13 ၁၃ အိပ်ပျော်၍ မြင်မက် စဉ်၊ တဖန်ငါကြည့်ရှု ပြန် လျှင်၊ သစ်ပင်စောင့် တည်းဟူသောသန့်ရှင်း သူတယောက်သည် ကောင်းကင် မှ ဆင်းလာ ၍၊
Estava vendo nas visões da minha cabeça, na minha cama; e eis que um vigia, um sancto, descia do céu,
14 ၁၄ သစ်ပင် ကိုလှဲ လော့။ အခက် တို့ကို ခုတ် လော့။ အသီး အရွက် တို့ကို လှုပ် ချွေလော့။ တိရစ္ဆာန် တို့သည် သစ်ပင်အောက် က ထွက်၍၊ ငှက် တို့သည်လည်း အကိုင်း အခက်ထဲက သွား ကြစေ။
Clamando fortemente, e dizendo assim: Cortae a arvore, e decotae-lhe os ramos, sacudi as suas folhas, espalhae o seu fructo; afugentem-se as bestas de debaixo d'ella, e as aves dos seus ramos.
15 ၁၅ သို့သော်လည်း ၊ မြေ ၌ စွဲသော အမြစ် နှင့်တကွသစ်ငုတ် ကိုခြွင်း ထား၍၊ သံ ကြိုး ၊ ကြေးဝါ ကြိုးနှင့် ချည်နှောင်သကဲ့သို့နု သောမြက်ပင်ထဲ၌ ရှိစေလော့။ ခုနစ်နှစ်ပတ်လုံးမိုဃ်းစွတ်ခြင်းကိုခံ၍၊ တိရစ္ဆာန် တို့နှင့်အတူ ဆက်ဆံလျက် မြက်ပင်ကို စားစေလော့။
Porém o tronco com as suas raizes deixae na terra, e com atadura de ferro e de bronze, na herva do campo: e seja molhado do orvalho do céu, e a sua porção seja com as bestas na gramma da terra:
16 ၁၆ လူစိတ်သဘောပျောက်၍ တိရစ္ဆာန်စိတ် သဘောနှင့်ပြည့်စုံစေလော့။
Seja mudado o seu coração, que não seja mais coração de homem, e lhe seja dado coração de besta; e passem sobre elle sete tempos
17 ၁၇ အကြောင်းမူကား၊ အမြင့်ဆုံး သောဘုရားသည် လောကီနိုင်ငံ ကို အုပ်စိုး တော်မူသည်ကို၎င်း၊ ပေးလို သောသူတို့ အားပေး တော်မူသည်ကို၎င်း၊ ယုတ်မာသောသူတို့ ကို ချီးမြှောက်၍ နိုင်ငံကို အပ်ပေးတော်မူသည်ကို၎င်းသတ္တဝါတို့ သိနားလည်ရသောအခွင့်ရှိစေခြင်းငှါ၊ သစ်ပင်စောင့်တို့သည် ဤသို့စီရင်ကြပြီ။ သန့်ရှင်းသူတို့ သည် အမိန့်တော်ကိုပေး ကြပြီဟု ဟစ်ကြော်လေ၏။
Esta sentença é por decreto dos vigiadores, e este mando por dito dos sanctos; a fim de que conheçam os viventes que o Altissimo domina sobre os reinos dos homens; e os dá a quem quer, e até ao mais baixo dos homens constitue sobre elles.
18 ၁၈ ထိုသို့ ငါ နေဗုခဒ်နေဇာ မင်းကြီး သည် မြင်မက် ရပြီ။ ယခုတွင် အချင်းဗေလတရှာဇာ ၊ ငါမြင်သော အိပ်မက်အနက် ကိုဘော်ပြ လော့။ ငါ့ နိုင်ငံ တွင် ပညာရှိ အပေါင်း တို့သည် အနက် ကို ငါ့ အား မ ဘော် မပြနိုင် သော်လည်း ၊ သင် သည် သန့်ရှင်း သော ဘုရား သခင်၏ ဝိညာဉ် နှင့်ပြည့်စုံ၍ ဘော်ပြနိုင် သည်ဟု ငါသည် ကိုယ်မြင်သော အိပ်မက် ကို ဒံယေလအား ပြန်ပြော၏။
Isto em sonho vi eu, rei Nabucodonozor: tu, pois, Belteshazzar, dize a interpretação: porque todos os sabios do meu reino não poderam fazer-me saber a sua interpretação; mas tu podes; pois ha em ti o espirito dos deuses sanctos.
19 ၁၉ ထိုအခါ ဗေလတရှာဇာ အမည် ရှိသော ဒံယေလ သည် တ နာရီ လောက် မိန်းမော တွေဝေ၍ စိတ် ပူပန်လျက် နေ၏။ ရှင် ဘုရင်က၊ အချင်းဗေလတရှာဇာ ၊ အိပ်မက် အနက် အဓိပ္ပါယ်ကြောင့် ပူပန် သောစိတ်မ ရှိပါနှင့်ဟု မိန့် တော်မူ၏။ ဗေလတရှာဇာ ကလည်း၊ အရှင် စော၊ ကိုယ်တော် ကို မုန်း သော ရန်သူ တို့အပေါ်၌ အိပ်မက်အနက် ရောက်ပါစေသော။
Então Daniel, cujo nome era Belteshazzar, esteve attonito quasi uma hora, e os seus pensamentos o turbavam; fallou pois o rei, e disse: Belteshazzar, não te espante o sonho, nem a sua interpretação. Respondeu Belteshazzar, e disse; Senhor meu: o sonho seja contra os que te teem odio, e a sua interpretação aos teus inimigos.
20 ၂၀ မြင်မက် တော်မူစဉ်တွင် ကြီးပွား ၍ ခိုင်မာ ထသော၊ မိုဃ်း ကောင်းကင် သို့ ထိ ၍ မြေကြီး တပြင်လုံး ၌ ထင်ရှားထသော၊
A arvore que viste, que cresceu, e se fez forte, cuja altura chegava até ao céu, e que foi vista por toda a terra,
21 ၂၁ အရွက် လှ လျက်၊ သတ္တဝါ အပေါင်းတို့ စား၍ ဝလောက်သော အသီး နှင့် ပြည့်စုံထသော၊ မြေ တိရစ္ဆာန် တို့သည် အောက် ၌နေကြသဖြင့်၊ အခက် အလက်တို့၌ ကောင်းကင် ငှက် များ မှီခို နားနေရာဖြစ်သော သစ်ပင် သည်၊
E cujas folhas eram formosas, e o seu fructo muito, e em que para todos havia mantimento, debaixo da qual moravam as bestas do campo, e em cujos ramos habitavam as aves do céu;
22 ၂၂ အရှင် မင်းကြီး၊ ကိုယ်တော် ပင် ဖြစ်ပါ၏။ ကိုယ်တော်သည် ကြီးပွား ၍ ခွန်အား နှင့်ပြည့်စုံတော်မူ၏။ ဘုန်း စည်းစိမ်တော်ကြီး မြင့်၍ မိုဃ်း ကောင်းကင်သို့ ထိ ၏။ အာဏာစက် တော်လည်း၊ မြေကြီး စွန်း တိုင်အောင် ရောက် တော်မူ၏။
Esta arvore és tu, ó rei, que cresceste, e te fizeste forte; e a tua grandeza cresceu, e chegou até ao céu, e o teu dominio até á extremidade da terra
23 ၂၃ သစ်ပင်စောင့် ၊ သန့်ရှင်း သူတယောက်သည် ကောင်းကင် မှ ဆင်းလာ ၍ ၊ သစ်ပင် ကို ခုတ်လှဲ ဖျက်ဆီး လော့။ သို့သော်လည်း ၊ မြေ ၌ စွဲသော အမြစ် နှင့်တကွသစ်ငုတ် ကို ခြွင်း ထား၍ သံ ကြိုး ၊ ကြေးဝါ ကြိုးနှင့် ချည်နှောင်သကဲ့သို့နု သောမြက်ပင်ထဲ၌ ရှိစေလော့။ ခုနစ် နှစ်ပတ်လုံးမိုဃ်း စွတ်ခြင်းကိုခံ ၍ ၊ မြေ တိရစ္ဆာန် တို့နှင့် ဆက်ဆံစေဟုဆိုသည်မှာ၊
E quanto ao que viu o rei, um vigia, um sancto, que descia do céu, e disse: Cortae a arvore, e a destrui, porém o tronco com as suas raizes deixae na terra, e com atadura de ferro e de bronze, na herva do campo; e seja molhado do orvalho do céu, e a sua porção seja com as bestas do campo, até que passem sobre elle sete tempos:
24 ၂၄ အမြင့်ဆုံး သော ဘုရားသခင်စီရင် တော်မူ၍၊ အရှင် မင်းကြီး အပေါ် ၌ ရောက် ရသော မြင်မက်တော်မူချက်၏ အနက် ဟူမူကား ၊
Esta é a interpretação, ó rei: e este é o decreto do Altissimo, que virá sobre o rei, meu senhor,
25 ၂၅ ကိုယ်တော် ကို လူစု ထဲက နှင်ထုတ် ၍ ၊ မြေ တိရစ္ဆာန် တို့နှင့်အတူ နေရာ ချကြလိမ့်မည်။ အမြင့်ဆုံး သောဘုရားသည် လောကီ နိုင်ငံ ကို အုပ်စိုး ၍၊ ပေးလို သော သူ တို့ အား ပေး တော်မူသည်ကို ကိုယ်တော်မသိ မ မှတ်မှီကာလ၊ ခုနစ် နှစ်ပတ်လုံးနွား ကဲ့သို့ မြက် ကိုစား ၍ ၊ မိုဃ်း စွတ်ခြင်းကိုခံ လျက်နေရမည်။
A saber: Lançar-te-hão de entre os homens, e a tua morada será com as bestas do campo, e te farão comer herva como os bois, e serás molhado do orvalho do céu; e passar-se-hão sete tempos por cima de ti: até que conheças que o Altissimo domina sobre o reino dos homens, e os dá a quem quer
26 ၂၆ သစ်မြစ် ၊ သစ်ငုတ် ကိုခြွင်း ထားစေခြင်းငှါ စီရင် ကြသည်အရာမှာ၊ ကောင်းကင် ဘုံသည် အုပ်စိုး ကြောင်း ကို ကိုယ်တော်သိ ပြီးသော နောက်၊ နိုင်ငံ တော်သည် လက်တော်မှ မရွေ့ဘဲ တည် လိမ့်မည်။
E quanto ao que foi dito, que deixassem o tronco com as raizes da arvore, o teu reino te ficará firme, depois que tiveres conhecido que o céu reina.
27 ၂၇ သို့ဖြစ်၍ ၊ အရှင် မင်းကြီး၊ အကျွန်ုပ် စကား ကို နာယူ တော်မူပါ။ တရား သော အမှုကိုပြုခြင်း၊ ဆင်းရဲ သောသူတို့ကို သနား ခြင်းအားဖြင့် ဒုစရိုက် အပြစ်တို့ကို ပယ် ဖြတ်တော်မူပါ။ ထိုသို့ပြုလျှင်၊ ချမ်းသာ ရကောင်း ရတော်မူလိမ့်မည်ဟု ဒံယေလလျှောက်ထား၏။
Portanto, ó rei, acceita o meu conselho, e desfaze os teus peccados pela justiça, e as tuas iniquidades usando de misericordia com os pobres, se porventura houver prolongação da tua paz
28 ၂၈ ထိုအမှုအရာအလုံးစုံ တို့သည် နေဗုခဒ်နေဇာ မင်းကြီး အပေါ် သို့ ရောက် သည်အကြောင်းကား၊
Todas estas coisas vieram sobre o rei Nabucodonozor.
29 ၂၉ တဆယ် နှစ် လ လွန် ပြီးသော်၊ ဗာဗုလုန် နန်းတော် ပေါ် မှာ စင်္ကြံ သွားလျက်၊
Porque ao cabo de doze mezes, quando andava passeando sobre o palacio real de Babylonia,
30 ၃၀ ဤ မြို့ကား၊ ငါ့နိုင်ငံတည်ရာ၊ ငါ့ ရွှေဘုန်း တော်ကို ချီးမြှောက် ရာဘို့ ၊ ငါ့ တန်ခိုး အာနုဘော်အားဖြင့် ငါ တည် လုပ်သော ဗာဗုလုန် မြို့ကြီး မ ဟုတ်လောဟု မြွက်ဆို ၏။
Fallou o rei, e disse: Porventura não é esta a grande Babylonia que eu edifiquei para a casa real, com a força da minha potencia, e para gloria da minha magnificencia?
31 ၃၁ ထိုစကား ကို မြွက်ဆိုစဉ် ပင်၊ ကောင်းကင် မှ သက်ရောက် သော အသံ ဟူမူကား၊ အိုနေဗုခဒ်နေဇာ မင်းကြီး ၊ နားထောင်လော့။ နိုင်ငံ တော်သည် သင့် လက်မှ ရွေ့ သွားပြီ။
Ainda estava a palavra na bocca do rei, quando caiu uma voz do céu: A ti se diz, ó rei Nabucodonozor: Passou de ti o reino.
32 ၃၂ သင့် ကို လူစု ထဲက နှင်ထုတ် ၍ ၊ မြေ တိရစ္ဆာန် တို့ နှင့်အတူ နေရာ ချကြလိမ့်မည်။ အမြင့်ဆုံး သောဘုရား သည် လောကီ နိုင်ငံ ကို အုပ်စိုး ၍၊ ပေးလို သော သူ တို့အား ပေး တော်မူသည်ကို မင်းကြီးမသိ မ မှတ်မှီကာလ ၊ ခုနစ် နှစ် ပတ်လုံးနွား ကဲ့သို့ မြက် ကိုစား လျက်နေရမည်ဟု အသံ ဖြစ်လေ၏။
E te lançarão d'entre os homens, e a tua morada será com as bestas do campo: far-te-hão comer herva como os bois, e passar-se-hão sete tempos sobre ti, até que conheças que o Altissimo domina sobre os reinos dos homens, e os dá a quem quer.
33 ၃၃ ထိုစကားနှင့်အညီနေဗုခဒ်နေဇာ ၌ ချက်ခြင်းဖြစ်၍၊ လူစု ထဲက နှင်ထုတ် ကြလျှင်၊ သူသည်နွား ကဲ့သို့ မြက် ကိုစား ၍ မိုဃ်း စွတ်ခြင်းကိုခံ သဖြင့်၊ ကိုယ်အမွေး သည် ရွှေလင်းတ အတောင်ကဲ့သို့ ၎င်း ၊ လက်သည်း ခြေသည်းတို့သည် ငှက် ခြေသည်းကဲ့သို့ ၎င်း ဖြစ်၏။
Na mesma hora se cumpriu a palavra sobre Nabucodonozor, e foi lançado d'entre os homens, e comia herva como os bois, e o seu corpo foi molhado do orvalho do céu, até que lhe cresceu pello, como as pennas da aguia, e as suas unhas como as das aves.
34 ၃၄ ကာလ အချိန်စေ့ သောအခါ၊ ငါ နေဗုခဒ်နေဇာ သည် ကောင်းကင် သို့ မျှော်ကြည့်၍ သတိရပြန်လျှင်၊ အမြင့်ဆုံး သောဘုရားကို ကောင်းကြီး ပေး၍ ၊ ထာဝရ အသက် ရှင်တော်မူသောဘုရားကို ချီးမွမ်း ထောမနာ ပြု၏။ အာဏာ တော်သည် ထာဝရ အာဏာ ဖြစ်၏။ နိုင်ငံ တော်သည် ကမ္ဘာ အဆက်ဆက်တည်၏။
Mas ao fim d'aquelles dias eu, Nabucodonozor, levantei os meus olhos ao céu, e tornou-me a vir o meu entendimento, e eu bemdisse o Altissimo, e louvei e glorifiquei ao que vive para sempre, cujo dominio é um dominio sempiterno, e cujo reino é de geração em geração.
35 ၃၅ မြေကြီး သားအပေါင်း တို့သည် ရှေ့တော်၌ အဘယ်မျှ မဟုတ်သကဲ့သို့ ဖြစ်ကြ၏။ ကောင်းကင် ဗိုလ်ခြေ တို့၌ ၎င်း ၊ မြေကြီး သားတို့၌၎င်း အလို တော်ရှိသည်အတိုင်း စီရင် ပြုပြင်တော်မူ၏။ လက် တော်ကို အဘယ်သူ မျှမ ဆီးတား နိုင်။ အဘယ်သို့ ပြု သနည်းဟု ကိုယ်တော် ကို ဆို နိုင်သောသူ မရှိ ။
E todos os moradores da terra são reputados em nada, e segundo a sua vontade faz com o exercito do céu e os moradores da terra: não ha quem possa estorvar a sua mão, e lhe diga, Que fazes?
36 ၃၆ ထိုအခါ ငါ့စိတ်ပကတိဖြစ်ပြန်၍၊ ငါ့ နိုင်ငံ ၏ အသရေ ဘို့ ယမန်ကဲ့သို့တင့်တယ်ခြင်း အရောင် အဆင်း နှင့် ပြည့်စုံ၍၊ တိုင်ပင် သော မှူးတော်မတ်တော်တို့သည် ညီလာခံဝင်ကြလျှင်၊ ငါ ၏အာဏာတည်မြဲတည်၏။ ငါ့ဘုန်း အာနုဘော်လည်း ယခင် ထက် တိုးပွါး၏။
No mesmo tempo me tornou a vir o meu entendimento, e para a dignidade do meu reino tornou-me a vir a minha magestade e o meu resplandor; e me buscaram os meus capitães e os meus grandes; e fui restabelecido no meu reino, e se me accrescentou uma gloria maior do que nunca.
37 ၃၇ ယခု တွင် ငါ နေဗုခဒ်နေဇာ သည် ကောင်းကင် ဘုံ၏ အရှင် ဘုရားသခင်ကို ချီးမွမ်း ထောပနာပြု၏။ စီရင် ဖန်ဆင်း တော်မူသမျှ သော အရာတို့သည် သစ္စာ နှင့် ပြည့်စုံ၍ တရား နှင့် ညီလျော်ကြ၏။ မာန ထောင်လွှား သောသူတို့ ကို နှိမ်ချ ခြင်းငှါ တတ်နိုင် တော်မူ၏ဟု အမိန့်တော်ကို အရပ်ရပ်သို့ ပြန့်စေတော်မူ၏။
Agora pois eu, Nabucodonozor, louvo, e exalço, e glorifico ao rei do céu; porque todas as suas obras são verdade, e os seus caminhos juizo, e pode humilhar aos que andam na soberba.