< ဒံယေလ 3 >

1 တရံရောအခါနေဗုခဒ်နေဇာ မင်းကြီး သည် အမြင့် အတောင် ခြောက် ဆယ်၊ အနံ ခြောက် တောင် ရှိသောရွှေ ရုပ်တု ကို လုပ် ပြီးမှ၊ ဗာဗုလုန် ကျေးလက် ဒုရ လွင်ပြင် ၌ တည် ထားတော်မူ၍၊
နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည်​အ​မြင့်​ပေ​ကိုး ဆယ်၊ အ​နံ​ကိုး​ပေ​ရှိ​သော​ရွှေ​ရုပ်​ကြီး​ကို သွန်း​လုပ်​စေ​ပြီး​လျှင်​ဗာ​ဗု​လုန်​ဒု​ရ​လွင် ပြင်​တွင်​တည်​ထား​စေ​တော်​မူ​၏။-
2 စော်ဘွား ၊ မြို့ဝန် ၊ စစ်ကဲ ၊ တရားသူကြီး ၊ အခွန် တော်ဝန်၊ တိုင်ပင် မှူးမတ်၊ မြို့ စာရေး၊ နိုင်ငံ တော် အရာရှိ အပေါင်း တို့သည် မင်းကြီး တည် ထားတော်မူသော ရုပ်တု ကို သာဓု အနုမောဒနာခေါ်သောပွဲသို့ စုဝေး စေခြင်းငှါ အမိန့်တော်ရှိ၍၊
မင်း​ကြီး​သည်​မင်း​ညီ​မင်း​သား​များ၊ ဘု​ရင်​ခံ များ၊ ဒု​တိ​ယ​ဘု​ရင်​ခံ​များ၊ တိုင်း​မင်း​ကြီး များ၊ ငွေ​တိုက်​စိုး​များ၊ တ​ရား​သူ​ကြီး​များ၊ ရဲ​မှူး​များ​အ​စ​ရှိ​သည့်​အ​ရာ​ရှိ​အ​ပေါင်း တို့​အား မိ​မိ​တည်​ထား​သည့်​ရွှေ​ရုပ်​ကြီး အ​နု​မော​ဒ​နာ​ပွဲ​ကို​တက်​ရောက်​ကြ​ရန် အ​မိန့်​ပေး​တော်​မူ​၏။-
3 စော်ဘွား ၊ မြို့ဝန် ၊ စစ်ကဲ ၊ တရားသူကြီး ၊ အခွန် တော်ဝန်၊ တိုင်ပင် မှူးမတ်၊ မြို့ စာရေး၊ နိုင်ငံ တော် အရာရှိ အပေါင်း တို့သည် စုဝေး ရောက်လာ၍၊ တည် ထား တော်မူသော ရုပ်တု ရှေ့ မှာ ရပ် နေကြ၏။
အ​ရာ​ရှိ​အ​ပေါင်း​တို့​သည်​ရွှေ​ရုပ်​ကြီး ၏​ရှေ့​တွင်​ရပ်​နေ​ကြ​သော​အ​ခါ၊-
4 ထိုအခါ သံတော်ဆင့် တယောက်က၊ အသီးသီးအခြားခြားသော ဘာသာ စကားကို ပြောသော လူ အမျိုးမျိုးတို့၊
သံ​တော်​ဆင့်​တစ်​ဦး​က``ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ကို​ပြော​ဆို​ကြ​သော​လူ​မျိုး အ​သီး​သီး​နှင့်​နိုင်​ငံ​အ​သီး​သီး​က​လူ အ​ပေါင်း​တို့၊-
5 တံပိုး ၊ ခရာ၊ စောင်း ၊ ပုလွေ ၊ တယော၊ ပတ်သာအစရှိသော တုရိယာ မျိုး တီးမှုတ်ခြင်းအသံ ကို ကြား သောအခါ ၊ နေဗုခဒ်နေဇာ မင်းကြီး တည် ထားတော်မူသော ရွှေ ရုပ်တု ကို ပြပ်ဝပ် ကိုးကွယ် ရကြမည်။
သင်​တို့​သည်​တံ​ပိုး​ခ​ရာ​မှုတ်​သံ​ကို​ကြား ရ​ပြီး​နောက်​ပ​လွေ၊ ပတ်​သာ၊ စောင်း​ကြီး၊ စောင်း ငယ်​တို့​ကို​တီး​မှုတ်​သံ​ကို​လည်း​ကောင်း၊ ထို နောက်​အ​ခြား​တူ​ရိ​ယာ​များ​တီး​မှုတ်​သံ ကို​လည်း​ကောင်း​ကြား​ကြ​လိမ့်​မည်။ တူ​ရိ​ယာ တီး​မှုတ်​သံ​စ​သည်​နှင့်​တစ်​ပြိုင်​နက် နေ​ဗု​ခဒ် နေ​ဇာ​မင်း​တည်​ထား​သည့်​ရွှေ​ရုပ်​ကြီး​ကို သင်​တို့​ဦး​ညွှတ်​ရှိ​ခိုး​ကြ​စေ။-
6 မ ပြပ်ဝပ် မကိုးကွယ် ဘဲနေသော သူ မည်သည်ကို မီး လောင် လျက်ရှိသောမီးဖို ထဲသို့ ချက်ခြင်းချ ပစ်စေဟု အမိန့် တော်မြတ်ရှိသည်ဟု ဟစ်ကြော် ၏။
ဦး​ညွှတ်​ရှိ​ခိုး​ခြင်း​မ​ပြု​သူ​မည်​သူ​မ​ဆို ပြင်း​စွာ​အ​လျှံ​ထ​လျက်​နေ​သော မီး​ဖို​ကြီး ထဲ​သို့​ချက်​ချင်း​ပစ်​ချ​ခြင်း​ကို​ခံ​စေ'' ဟု အ​သံ​ကျယ်​စွာ​ကြေ​ညာ​လေ​သည်။-
7 ထိုကြောင့် ၊ လူ အပေါင်း တို့သည် တံပိုး ၊ ခရာ၊ စောင်း ၊ ပုလွေ ၊ တယော၊ ပတ်သာအစရှိသော တူရိယာ မျိုး တီးမှုတ်ခြင်း အသံ ကို ကြား သောအခါ ၊ အသီးသီးအခြားခြားသော ဘာသာ စကားကိုပြောသော လူ အမျိုးမျိုးအပေါင်း တို့သည် ပြပ်ဝပ် ၍ ၊ နေဗုခဒ်နေဇာ မင်းကြီး တည် ထားသော ရွှေ ရုပ်တု ကို ကိုးကွယ် ကြ၏။
သို့​ဖြစ်​၍​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ပြော ဆို​သော​လူ​မျိုး​အ​သီး​သီး​နှင့် နိုင်​ငံ​အ​သီး သီး​က​လူ​တို့​သည်​တူ​ရိ​ယာ​တီး​မှုတ်​သံ ကို​ကြား​သည်​နှင့်​တစ်​ပြိုင်​နက် နေ​ဗု​ခဒ် နေ​ဇာ​တည်​ထား​သည့်​ရွှေ​ရုပ်​ကြီး​ကို​ဦး ညွှတ်​ရှိ​ခိုး​ကြ​ကုန်​၏။
8 ထိုအခါ၊ ခါလဒဲ လူ အချို့တို့သည် နေဗုခဒ်နေဇာမင်းကြီးထံ တော်သို့ ချဉ်းကပ် လျက်၊
ဗာ​ဗု​လုန်​ပြည်​သား​အ​ချို့​တို့​သည်​ယု​ဒ အ​မျိုး​သား​တို့​အား ပြစ်​တင်​ပြော​ဆို​ရန် အ​ခွင့်​ကောင်း​ကို​ယူ​၍၊-
9 အရှင် မင်းကြီး၊ အသက် တော်အစဉ်အမြဲ ရှင်ပါစေ ။
နေ​ဗု​ခဒ်​နေ​ဇာ​မင်း​အား``အ​ရှင်​မင်း​ကြီး သက်​တော်​ရာ​ကျော်​ရှည်​ပါ​စေ။-
10 ၁၀ တံပိုး ၊ ခရာ၊ စောင်း ၊ ပုလွေ ၊ တယော၊ ပတ်သာအစရှိသော တုရိယာ မျိုး တီးမှုတ်ခြင်းအသံ ကို ကြား သော သူ ရှိသမျှ တို့သည် ရွှေ ရုပ်တု ကို ပြပ်ဝပ် ကိုးကွယ် ရကြမည်။
၁၀တူ​ရိ​ယာ​စ​တင်​တီး​မှုတ်​သည်​နှင့်​တစ်​ပြိုင် နက်​ရွှေ​ရုပ်​ကြီး​အား​လူ​တိုင်း​ဦး​ညွှတ်​ရှိ ခိုး​စေ။-
11 ၁၁ မ ပြပ်ဝပ် မကိုးကွယ် ဘဲ နေသော သူ မည်သည်ကို မီး လောင် လျက်ရှိသောမီးဖို ထဲသို့ ချ ပစ်စေဟု အမိန့် တော်မြတ်ရှိပါ၏။
၁၁ထို​အ​ရုပ်​ကြီး​အား​ဦး​ညွှတ်​ခြင်း​မ​ပြု​သူ ဟူ​သ​မျှ​သည် ပြင်း​စွာ​အ​လျှံ​ထ​လျက်​နေ သော​မီး​ဖို​ကြီး​ထဲ​သို့​ပစ်​ချ​ခြင်း​ကို​ခံ​စေ ဟူ​၍​အ​ရှင်​အ​မိန့်​တော်​ထုတ်​ပြန်​ခဲ့​ပါ​၏။-
12 ၁၂ အရှင် မင်းကြီး၊ ကိုယ်တော်သည် ဗာဗုလုန် နိုင်ငံ တွင် ဝန်အရာ၌ ခန့်ထား တော်မူသော ယုဒ လူ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ အမည်ရှိသောသူ တို့ သည် အာဏာတော်ကို ပမာဏ မ ပြုပါ။ ကိုယ်တော် ၏ ဘုရား တို့ကို ဝတ် မ ပြုပါ။ တည် ထားတော်မူသော ရွှေ ရုပ်တု ကို လည်း မ ကိုးကွယ် ပါဟု၊ ယုဒလူတို့ကို အပြစ်တင် ၍ လျှောက်ထားကြ၏။
၁၂ဗာ​ဗု​လုန်​နယ်​ကို​အုပ်​ချုပ်​ရန်​အ​ရှင်​မင်း ကြီး​တာ​ဝန်​ပေး​ထား​သူ​ရှာ​ဒ​ရက်၊ မေ​ရှက် နှင့်​အ​ဗေ​ဒ​နေ​ဂေါ​ဟူ​သော​ယု​ဒ​အ​မျိုး သား​များ​သည် အ​ရှင်​၏​အ​မိန့်​တော်​ကို မ​နာ​ခံ​ဘဲ​နေ​ကြ​ပါ​၏။ သူ​တို့​သည် အ​ရှင်​၏​ဘု​ရား​ကို​ရှိ​မ​ခိုး​ကြ​ပါ။ အရှင် တည်​ထား​သည့်​ရွှေ​ရုပ်​ကြီး​ကို​လည်း​ဦး မ​ညွှတ်​ကြ​ပါ'' ဟု​လျှောက်​ထား​ကြ​၏။
13 ၁၃ ထိုအခါ နေဗုခဒ်နေဇာ မင်းကြီးသည် ပြင်းစွာ အမျက်ထွက်၍၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့ကို ခေါ်ချေဟုမိန့် တော်မူသည်အတိုင်း၊ သူ တို့သည် အထံ တော်သို့ ရောက် လျှင်၊
၁၃ထို​အ​ခါ​မင်း​ကြီး​သည်​ပြင်း​စွာ​အ​မျက် ထွက်​တော်​မူ​သ​ဖြင့် ထို​သူ​သုံး​ယောက်​ကို အ​ထံ​တော်​သို့​ခေါ်​ဆောင်​ခဲ့​ရန်​အ​မိန့် ပေး​တော်​မူ​၏။-
14 ၁၄ ဟယ်၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့၊ ငါ ၏ဘုရား တို့ကို ဝတ် မ ပြုလော။ ငါတည် ထားသော ရွှေ ရုပ်တု ကို မ ကိုးကွယ် လော။
၁၄မင်း​ကြီး​က``ရှာ​ဒ​ရက်၊ မေ​ရှက်​နှင့်​အ​ဗေ​ဒ နေ​ဂေါ​တို့ သင်​တို့​သည်​ငါ​၏​ဘု​ရား​ကို​ရှိ မ​ခိုး၊ ငါ​စိုက်​ထူ​တည်​ထား​သည့်​ရွှေ​ရုပ်​ကြီး ကို​ဦး​မ​ညွှတ်​ဘဲ​နေ​ကြ​သည်​ဟု​ဆို​သည် မှာ​မှန်​သ​လော။-
15 ၁၅ ယခု တွင် တံပိုး ၊ ခရာ၊ စောင်း ၊ ပုလွေ ၊ တယော၊ ပတ်သာအစရှိသော တုရိယာ မျိုး တီးမှုတ်ခြင်း အသံ ကို ကြား သောအခါ ၊ ငါလုပ် သော ရွှေရုပ်တု ကို ပြပ်ဝပ် ကိုးကွယ်အံ့သောငှါအသင့် နေကြ။ သို့မဟုတ်လျှင်၊ မီး လောင် လျက်ရှိသောမီးဖို ထဲသို့ ချက်ခြင်းချ ပစ်မည်။ ငါ ၏လက် မှ ကယ် လွှတ်နိုင်သော ဘုရား ကား၊ အဘယ် ဘုရားရှိသနည်းဟု မိန့် တော်မူ၏။
၁၅ယ​ခု​သင်​တို့​သည်​တံ​ပိုး​ခ​ရာ၊ ပ​လွေ၊ စောင်း ငယ်၊ ပတ်​သာ၊ စောင်း​ကြီး​နှင့်​အ​ခြား​တူ​ရိ ယာ​များ​တီး​မှုတ်​သံ​ကို​ကြား​သည်​နှင့်​တစ် ပြိုင်​နက်​ရွှေ​ရုပ်​ကြီး​ကို​ဦး​ညွှတ်​ရှိ​ခိုး​ကြ လော့။ အ​ကယ်​၍​ရှိ​မ​ခိုး​ကြ​ပါ​က​သင်​တို့ သည်​ပြင်း​စွာ​အ​လျှံ​ထ​လျက်​နေ​သော​မီး ဖို​ထဲ​သို့​ချက်​ချင်း​ပစ်​ချ​ခြင်း​ကို​ခံ​ရ ကြ​လတ္တံ့။ သင်​တို့​အား​ကယ်​နိုင်​မည့်​ဘု​ရား ရှိ​သည်​ဟု​သင်​တို့​ထင်​မှတ်​ကြ​သ​လော'' ဟု​မိန့်​တော်​မူ​၏။
16 ၁၆ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့ကလည်း၊ အရှင် မင်းကြီးနေဗုခဒ်နေဇာ ၊ အကျွန်ုပ် တို့သည် ဤ အမှု၌ ပြန် လျှောက်ရမည်အကြောင်းမ ရှိပါ။
၁၆ရှာ​ဒ​ရက်၊ မေ​ရှက်​နှင့်​အ​ဗေ​ဒ​နေ​ဂေါ​တို့ က``အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​တို့​သည်​မိ​မိ တို့​အ​တွက်​ထု​ချေ​လျှောက်​လဲ​ကြ​မည် မ​ဟုတ်​ပါ။-
17 ၁၇ အကျွန်ုပ် တို့ကိုးကွယ် သော ဘုရား သခင်သည်မီး လောင် လျက်ရှိသောမီးဖို ထဲက အကျွန်ုပ် တို့ကို ကယ်လွှတ် နိုင် တော်မူ၏။ ကိုယ်တော် ၏ လက် မှ လည်း ကယ် လွှတ်တော်မူလိမ့်မည်။
၁၇အ​ကျွန်ုပ်​တို့​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင် သည် အ​ကျွန်ုပ်​တို့​အား​ပြင်း​စွာ​အ​လျှံ​ထ လျက်​ရှိ​သော​မီး​ဖို​ကြီး​ထဲ​မှ​လည်း​ကောင်း၊ အ​ရှင်​၏​လက်​မှ​လည်း​ကောင်း​ကယ်​နိုင် လျှင်​လည်း​ကယ်​တော်​မူ​မည်။-
18 ၁၈ ထိုသို့ကယ်လွှတ်တော်မမူသော်လည်းအရှင် မင်းကြီး၊ ကိုယ်တော် ၏ဘုရား တို့ကို အကျွန်ုပ်တို့သည် ဝတ်မပြုပါ။ တည် ထားတော်မူသော ရွှေ ရုပ်တု ကို လည်း မ ကိုးကွယ် ပါဟု ပြန် လျှောက်ကြ၏။
၁၈ကယ်​တော်​မ​မူ​လျှင်​လည်း​အ​ကျွန်ုပ်​တို့ သည်​အ​ရှင်​၏​ဘု​ရား​ကို​ရှိ​မ​ခိုး၊ အ​ရှင် ၏​ရွှေ​ရုပ်​ကြီး​ကို​လည်း​ဦး​မ​ညွှတ်​ကြောင်း သိ​မှတ်​တော်​မူ​ပါ'' ဟု​ပြန်​လည်​လျှောက် ထား​ကြ​၏။
19 ၁၉ ထိုအခါ နေဗုခဒ်နေဇာ မင်းကြီးသည် ပြင်းစွာအမျက် ထွက်သဖြင့်၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့ကို ကြည့်ရှု၍ မျက်နှာ တော်ပျက် လျက်၊ မီးဖို ကို အရင်ထက် ခုနစ် ဆတိုး၍ ပူ စေခြင်းငှါ ၎င်း ၊
၁၉ထို​အ​ခါ​နေ​ဗု​ခဒ်​နေ​ဇာ​သည်​မိ​မိ​စိတ်​ကို မ​ချုပ်​တည်း​နိုင်​တော့​ဘဲ ရှာ​ဒ​ရက်၊ မေ​ရှက်​နှင့် အ​ဗေ​ဒ​နေ​ဂေါ​တို့​အ​ပေါ်​တွင်​အ​မျက်​ထွက် ကာ​မျက်​နှာ​နီ​မြန်း​၍​လာ​တော်​မူ​၏။ ထို ကြောင့်​မင်း​ကြီး​သည်​မီး​ဖို​ကြီး​ကို​ခု​နစ်​ဆ မျှ​ပို​၍​ပူ​အောင်​မီး​ထိုး​စေ​တော်​မူ​ပြီး​လျှင်၊-
20 ၂၀ ခွန်အား ကြီးသော စစ် သူရဲတို့သည် ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့ကို တုပ်နှောင်၍၊ မီး လောင် လျက်ရှိသောမီးဖို ထဲသို့ ချ ပစ်စေခြင်းငှါ ၎င်း အမိန့် တော် ရှိသည်အတိုင်း၊
၂၀မိ​မိ​၏​တပ်​မ​တော်​တွင်​ခွန်​အား​အ​ကြီး​မား ဆုံး​သော​သူ​တို့​အား ထို​သူ​သုံး​ယောက်​ကို ပြင်း​စွာ​အ​လျှံ​ထ​လျက်​ရှိ​သော​မီး​ဖို​ကြီး ထဲ​သို့​ပစ်​ချ​ရန်​အ​မိန့်​ပေး​တော်​မူ​၏။-
21 ၂၁ ထို သူသုံးယောက်တို့ကို ပေါင်းဘီ ၊ အင်္ကျီ ၊ ဝတ်လုံ အစရှိသည် တို့နှင့်တကွတုပ် နှောင်၍၊ မီး လောင် လျက် ရှိသောမီးဖို ထဲသို့ ချ ပစ်ကြသောအခါ ၊
၂၁သို့​ဖြစ်​၍​သူ​တို့​သည်​ထို​သူ​သုံး​ယောက်​တို့ အား​ဘောင်း​ဘီ၊ အင်္ကျီ၊ ဝတ်​လုံ​အင်္ကျီ​အ​စ​ရှိ သည့်​အ​ဝတ်​တန်​ဆာ​များ​နှင့်​တ​ကွ​တုပ် နှောင်​ပြီး​လျှင် ပြင်း​စွာ​အ​လျှံ​ထ​လျက်​နေ သော​မီး​ဖို​ကြီး​ထဲ​သို့​ပစ်​ချ​လိုက်​ကြ​၏။-
22 ၂၂ ရှင် ဘုရင်၏ အမိန့် တော်ကျပ်တည်း ၍ မီးဖို သည် အလွန် ပူ သောကြောင့် ၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့ကို ဆွဲချ သော သူ တို့ သည် မီး လျှံ အရှိန်ကြောင့် သေ ကြ၏။
၂၂မင်း​ကြီး​ကြပ်​တည်း​စွာ​မိန့်​မှာ​တော်​မူ​ခဲ့​သည့် အ​တိုင်း မီး​ဖို​ကြီး​ကို​အ​လွန့်​အ​လွန်​ပူ​အောင် ပြု​လုပ်​ထား​သ​ဖြင့်​ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ ဒ​နေ​ဂေါ​တို့​အား​မီး​ဖို​ကြီး​သို့​သယ်​ဆောင် လာ​သော​သူ​တို့​သည် မီး​လျှံ​အ​ရှိန်​ကြောင့် သေ​ကြ​ကုန်​၏။-
23 ၂၃ ထို သူသုံး ယောက်တို့မူကား၊ တုပ် နှောင်လျက် ပြင်းစွာလောင် သော မီးဖို ထဲသို့ ကျရောက် လေ၏။
၂၃သို့​ဖြစ်​၍​ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ တို့​သည် တုပ်​နှောင်​လျက်​ပင်​ပြင်း​စွာ​အ​လျှံ ထ​လျက်​နေ​သော​မီး​ဖို​ကြီး​ထဲ​သို့​ကျ ရောက်​သွား​ကြ​လေ​သည်။
24 ၂၄ ထိုအခါ နေဗုခဒ်နေဇာ မင်းကြီး သည် အံ့ဩမိန်းမော၍ အလျင် တဆောထ ပြီးလျှင်၊ လူ သုံး ယောက် တို့ကို တုပ် နှောင်၍ မီးထဲသို့ ချ ပစ်သည် မ ဟုတ်လောဟု တိုင်ပင် မှူးမတ်တို့အား မေး တော်မူ၏။ မှူးမတ်တို့ကလည်း ၊ မှန်ပါ၏ဘုရားဟု ပြန် လျှောက်ကြလျှင်၊
၂၄ထို​အ​ခါ​နေ​ဗု​ခဒ်​နေ​ဇာ​သည်​အံ့​အား​သင့် လျက် ရုတ်​တ​ရက်​ထ​တော်​မူ​ပြီး​လျှင် မိ​မိ ၏​အ​တိုင်​ပင်​ခံ​အ​ရာ​ရှိ​များ​အား``ငါ​တို့ သည်​လူ​သုံး​ယောက်​တို့​ကို​တုပ်​နှောင်​၍​ပြင်း စွာ​အ​လျှံ​ထ​လျက်​ရှိ​သည့်​မီး​ဖို​ကြီး​ထဲ သို့​ပစ်​ချ​ခဲ့​ကြ​သည်​မ​ဟုတ်​ပါ​လော'' ဟု မေး​တော်​မူ​၏။
25 ၂၅ ရှင်ဘုရင်က၊ လူ လေး ယောက်တို့သည် မ တုပ် မနှောင်ဘဲ မီး ထဲ၌ သွား လာ၍ ဘေးဥပဒ် နှင့် ကင်းလွတ် သည်ကို ငါ မြင် သည်တကား။ စတုတ္ထ သူသည်ဘုရား သား ၏ အဆင်း သဏ္ဌာန်ရှိ သည်ဟု မိန့် တော်မူ၍၊
၂၅ထို​သူ​တို့​က``မှန်​ပါ​သည်​အ​ရှင်​မင်း​ကြီး'' ဟု​လျှောက်​ထား​လျှင်၊ မင်း​ကြီး​က``ယင်း​သို့​ဖြစ်​ပါ​မူ​မီး​ထဲ​တွင် လူ​လေး​ယောက်​သွား​လာ​နေ​သည်​ကို​အ​ဘယ် ကြောင့်​ငါ​မြင်​ရ​ပါ​သ​နည်း။ သူ​တို့​အား တုပ်​နှောင်​ထား​ခြင်း​လည်း​မ​ရှိ၊ သူ​တို့​သည် မီး​လောင်​ခံ​ကြ​ရ​ပုံ​လည်း​မ​ပေါ်။ ထို့​ပြင် စ​တုတ္ထ​လူ​သည်​ကောင်း​ကင်​တမန် နှင့်​တူ​သည်'' ဟု​မိန့်​တော်​မူ​၏။
26 ၂၆ မီး လောင် လျက်ရှိသောမီးဖိုဝ နားသို့ ချဉ်းကပ် ပြီးလျှင်၊ အမြင့် ဆုံးသော ဘုရား သခင်၏ကျွန် ၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့၊ ထွက် ၍လာကြလော့ဟု မိန့် တော်မူသည်အတိုင်း၊ သူတို့သည် မီး ထဲက ထွက် လာကြ ၏။
၂၆သို့​ဖြစ်​၍​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည် ပြင်း​စွာ အ​လျှံ​ထ​လျက်​နေ​သော​မီး​ဖို​ကြီး​အ​ဝ သို့​ချဉ်း​ကပ်​ပြီး​လျှင်``အ​မြင့်​မြတ်​ဆုံး​သော ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ရှာ​ဒ​ရက်၊ မေ​ရှက် နှင့်​အ​ဗေ​ဒ​နေ​ဂေါ​တို့၊ မီး​ဖို​ထဲ​မှ​ထွက်​လာ ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​သူ​တို့ သည်​ချက်​ချင်း​ပင်​ထွက်​လာ​ကြ​၏။-
27 ၂၇ စော်ဘွား ၊ မြို့ဝန် ၊ စစ်ကဲ၊ အတွင်းဝန် တို့သည် ဝိုင်း ၍မီး မ လောင် နိုင်သော ထို သူတို့ကို ကြည့်ရှု ကြ၏။ သူ တို့ဆံခြည် တပင်မျှ မ မြိုက် ၊ ဝတ်လုံ လည်း ခြားနား ခြင်း မ ရှိ၊ မီးလောင်သောအနံ့ လည်းကင်းလွတ် ၏။
၂၇မင်း​ညီ​မင်း​သား​များ၊ ဘု​ရင်​ခံ​များ၊ ဒု​တိ​ယ ဘု​ရင်​ခံ​များ​နှင့်​ဘု​ရင့်​အ​တိုင်​ပင်​ခံ​အ​ရာ ရှိ​အ​ပေါင်း​တို့​သည် မီး​လောင်​ခြင်း​မ​ခံ​ရ ကြ​သော​လူ​သုံး​ဦး​တို့​ကို​ဝိုင်း​၍​ကြည့်​ရှု​ကြ ကုန်​၏။ ထို​သူ​တို့​၏​ဆံ​ခြည်​ပင်​တစ်​ပင်​မျှ မီး​မ​မြိုက်။ အ​ဝတ်​အင်္ကျီ​များ​သည်​မီး​မ​လောင်၊ သူ​တို့​ကိုယ်​မှ​မီး​ခိုး​နံ့​လည်း​မ​ရ။
28 ၂၈ နေဗုခဒ်နေဇာ မင်းကြီးကလည်း၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့၏ ဘုရား သခင်သည် မင်္ဂလာ ရှိတော်မူစေသတည်း။ မိမိ တို့ဘုရား မှတပါး အခြား သော ဘုရား ကို ဝတ်ပြု ကိုးကွယ်ခြင်းနှင့် ကင်းလွတ် မည်အကြောင်း၊ ဘုရားသခင်ကို ယုံကြည် ကိုးစား၍ မင်းကြီး အမိန့် တော်ကို ဆန် လျက်၊ မိမိ တို့ကိုယ် ကိုပင် အပ်နှံ သော ကျွန် တော်ရင်း တို့ရှိရာသို့ ၊ ထိုဘုရားသခင်သည် ကောင်းကင် တမန်ကို စေလွှတ် ၍ ကယ်တင် တော်မူပြီ။
၂၈မင်း​ကြီး​က``ရှာ​ဒ​ရက်၊ မေ​ရှက်​နှင့်​အ​ဗေ​ဒ နေ​ဂေါ​တို့​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်​ကို ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​သည်​ကောင်း ကင်​တ​မန်​ကို​စေ​လွှတ်​တော်​မူ​၍ မိ​မိ​ကို​ယုံ ကြည်​ကိုး​စား​ကြ​သော​ဤ​သူ​သုံး​ဦး​တို့ အား​ကယ်​တင်​တော်​မူ​၏။ သူ​တို့​သည်​မိ​မိ တို့​၏​ဘု​ရား​မှ​တစ်​ပါး​အ​ခြား​ဘု​ရား​ကို ဦး​ညွှတ်​ရှိ​ခိုး​မည့်​အ​စား မိ​မိ​တို့​အ​သက် ဘေး​ကို​ပင်​ပ​မာ​ဏ​မ​ပြု​ဘဲ​ငါ​၏​အ​မိန့် ကို​ဖီ​ဆန်​ခဲ့​ကြ​၏။
29 ၂၉ ထိုကြောင့်၊ အရပ်ရပ်တို့၌ နေ၍အသီးသီးအခြားခြားသော ဘာသာ စကားကို ပြောသော လူ အမျိုးမျိုး တို့တွင် တစုံတယောက်သောသူသည်၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့၏ ဘုရား သခင်အား ပြစ်မှားသော စကား ကို ပြောလျှင်၊ ထိုသူကို အပိုင်းပိုင်း စဉ်း စေ။ သူ ၏အိမ် ကိုလည်း နောက်ချေးပုံ ဖြစ်စေဟု ငါ အမိန့် တော် ရှိ၏။ အကြောင်း မူကား၊ ထိုမျှလောက် သော ကယ်တင် ခြင်းကို ထိုဘုရားသခင်မှတပါး အဘယ်ဘုရား မျှ မ ပြုနိုင် ဟု မိန့်တော်မူပြီးမှ၊
၂၉``ထို​ကြောင့်​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ကို ပြော​ဆို​သော​လူ​မျိုး​အ​သီး​သီး​နှင့်​နိုင်​ငံ အ​သီး​သီး​က​မည်​သူ​မ​ဆို​ရှာ​ဒ​ရက်၊ မေ​ရှက် နှင့်​အ​ဗေ​ဒ​နေ​ဂေါ​တို့​၏​ဘု​ရား​အား​မ​ရို မ​သေ​ပြော​ဆို​သည်​ဆို​အံ့၊ ထို​သူ​အား​အ​ပိုင်း ပိုင်း​ဖြတ်​၍​နေ​အိမ်​ကို​လည်း ပြာ​ပုံ​ဖြစ်​စေ ဟု​ယ​ခု​ငါ​အ​မိန့်​ပေး​၏။ ထို​သူ​သုံး​ဦး​တို့ ၏​ဘု​ရား​ကဲ့​သို့​အ​ဘယ်​ဘု​ရား​မျှ​မ​ကယ် တင်​နိုင်'' ဟု​မိန့်​တော်​မူ​၏။
30 ၃၀ ဗာဗုလုန် နိုင်ငံ တွင် ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့ကို ချီးမြှောက် တော်မူ၏။
၃၀ထို​နောက်​မင်း​ကြီး​သည် ရှာ​ဒ​ရက်၊ မေ​ရှက်​နှင့် အ​ဗေ​ဒ​နေ​ဂေါ​တို့​အား ဗာ​ဗု​လုန်​ပြည် နယ်​တွင်​ပို​မို​ကြီး​မြင့်​သည့်​ရာ​ထူး​များ ဖြင့်​ချီး​မြှင့်​တော်​မူ​လေ​သည်။

< ဒံယေလ 3 >