< ဒံယေလ 3 >

1 တရံရောအခါနေဗုခဒ်နေဇာ မင်းကြီး သည် အမြင့် အတောင် ခြောက် ဆယ်၊ အနံ ခြောက် တောင် ရှိသောရွှေ ရုပ်တု ကို လုပ် ပြီးမှ၊ ဗာဗုလုန် ကျေးလက် ဒုရ လွင်ပြင် ၌ တည် ထားတော်မူ၍၊
King Nebuchadnezzar made a golden statue sixty cubits high and six cubits wide, and he set it up on the plain of Dura in the province of Babylon.
2 စော်ဘွား ၊ မြို့ဝန် ၊ စစ်ကဲ ၊ တရားသူကြီး ၊ အခွန် တော်ဝန်၊ တိုင်ပင် မှူးမတ်၊ မြို့ စာရေး၊ နိုင်ငံ တော် အရာရှိ အပေါင်း တို့သည် မင်းကြီး တည် ထားတော်မူသော ရုပ်တု ကို သာဓု အနုမောဒနာခေါ်သောပွဲသို့ စုဝေး စေခြင်းငှါ အမိန့်တော်ရှိ၍၊
Then King Nebuchadnezzar sent word to assemble the satraps, prefects, governors, advisers, treasurers, judges, magistrates, and all the other officials of the provinces to attend the dedication of the statue he had set up.
3 စော်ဘွား ၊ မြို့ဝန် ၊ စစ်ကဲ ၊ တရားသူကြီး ၊ အခွန် တော်ဝန်၊ တိုင်ပင် မှူးမတ်၊ မြို့ စာရေး၊ နိုင်ငံ တော် အရာရှိ အပေါင်း တို့သည် စုဝေး ရောက်လာ၍၊ တည် ထား တော်မူသော ရုပ်တု ရှေ့ မှာ ရပ် နေကြ၏။
So the satraps, prefects, governors, advisers, treasurers, judges, magistrates, and all the rulers of the provinces assembled for the dedication of the statue that King Nebuchadnezzar had set up, and they stood before it.
4 ထိုအခါ သံတော်ဆင့် တယောက်က၊ အသီးသီးအခြားခြားသော ဘာသာ စကားကို ပြောသော လူ အမျိုးမျိုးတို့၊
Then the herald loudly proclaimed, “O people of every nation and language, this is what you are commanded:
5 တံပိုး ၊ ခရာ၊ စောင်း ၊ ပုလွေ ၊ တယော၊ ပတ်သာအစရှိသော တုရိယာ မျိုး တီးမှုတ်ခြင်းအသံ ကို ကြား သောအခါ ၊ နေဗုခဒ်နေဇာ မင်းကြီး တည် ထားတော်မူသော ရွှေ ရုပ်တု ကို ပြပ်ဝပ် ကိုးကွယ် ရကြမည်။
As soon as you hear the sound of the horn, flute, zither, lyre, harp, pipes, and all kinds of music, you must fall down and worship the golden statue that King Nebuchadnezzar has set up.
6 မ ပြပ်ဝပ် မကိုးကွယ် ဘဲနေသော သူ မည်သည်ကို မီး လောင် လျက်ရှိသောမီးဖို ထဲသို့ ချက်ခြင်းချ ပစ်စေဟု အမိန့် တော်မြတ်ရှိသည်ဟု ဟစ်ကြော် ၏။
And whoever does not fall down and worship will immediately be thrown into the blazing fiery furnace.”
7 ထိုကြောင့် ၊ လူ အပေါင်း တို့သည် တံပိုး ၊ ခရာ၊ စောင်း ၊ ပုလွေ ၊ တယော၊ ပတ်သာအစရှိသော တူရိယာ မျိုး တီးမှုတ်ခြင်း အသံ ကို ကြား သောအခါ ၊ အသီးသီးအခြားခြားသော ဘာသာ စကားကိုပြောသော လူ အမျိုးမျိုးအပေါင်း တို့သည် ပြပ်ဝပ် ၍ ၊ နေဗုခဒ်နေဇာ မင်းကြီး တည် ထားသော ရွှေ ရုပ်တု ကို ကိုးကွယ် ကြ၏။
Therefore, as soon as all the people heard the sound of the horn, flute, zither, lyre, harp, and all kinds of music, the people of every nation and language would fall down and worship the golden statue that King Nebuchadnezzar had set up.
8 ထိုအခါ၊ ခါလဒဲ လူ အချို့တို့သည် နေဗုခဒ်နေဇာမင်းကြီးထံ တော်သို့ ချဉ်းကပ် လျက်၊
At this time some astrologers came forward and maliciously accused the Jews,
9 အရှင် မင်းကြီး၊ အသက် တော်အစဉ်အမြဲ ရှင်ပါစေ ။
saying to King Nebuchadnezzar, “O king, may you live forever!
10 ၁၀ တံပိုး ၊ ခရာ၊ စောင်း ၊ ပုလွေ ၊ တယော၊ ပတ်သာအစရှိသော တုရိယာ မျိုး တီးမှုတ်ခြင်းအသံ ကို ကြား သော သူ ရှိသမျှ တို့သည် ရွှေ ရုပ်တု ကို ပြပ်ဝပ် ကိုးကွယ် ရကြမည်။
You, O king, have issued a decree that everyone who hears the sound of the horn, flute, zither, lyre, harp, pipes, and all kinds of music must fall down and worship the golden statue,
11 ၁၁ မ ပြပ်ဝပ် မကိုးကွယ် ဘဲ နေသော သူ မည်သည်ကို မီး လောင် လျက်ရှိသောမီးဖို ထဲသို့ ချ ပစ်စေဟု အမိန့် တော်မြတ်ရှိပါ၏။
and that whoever does not fall down and worship will be thrown into the blazing fiery furnace.
12 ၁၂ အရှင် မင်းကြီး၊ ကိုယ်တော်သည် ဗာဗုလုန် နိုင်ငံ တွင် ဝန်အရာ၌ ခန့်ထား တော်မူသော ယုဒ လူ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ အမည်ရှိသောသူ တို့ သည် အာဏာတော်ကို ပမာဏ မ ပြုပါ။ ကိုယ်တော် ၏ ဘုရား တို့ကို ဝတ် မ ပြုပါ။ တည် ထားတော်မူသော ရွှေ ရုပ်တု ကို လည်း မ ကိုးကွယ် ပါဟု၊ ယုဒလူတို့ကို အပြစ်တင် ၍ လျှောက်ထားကြ၏။
But there are some Jews you have appointed to manage the province of Babylon—Shadrach, Meshach, and Abednego—who have ignored you, O king, and have refused to serve your gods or worship the golden statue you have set up.”
13 ၁၃ ထိုအခါ နေဗုခဒ်နေဇာ မင်းကြီးသည် ပြင်းစွာ အမျက်ထွက်၍၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့ကို ခေါ်ချေဟုမိန့် တော်မူသည်အတိုင်း၊ သူ တို့သည် အထံ တော်သို့ ရောက် လျှင်၊
Then Nebuchadnezzar, furious with rage, summoned Shadrach, Meshach, and Abednego. So these men were brought before the king,
14 ၁၄ ဟယ်၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့၊ ငါ ၏ဘုရား တို့ကို ဝတ် မ ပြုလော။ ငါတည် ထားသော ရွှေ ရုပ်တု ကို မ ကိုးကွယ် လော။
and Nebuchadnezzar said to them, “Shadrach, Meshach, and Abednego, is it true that you do not serve my gods or worship the golden statue I have set up?
15 ၁၅ ယခု တွင် တံပိုး ၊ ခရာ၊ စောင်း ၊ ပုလွေ ၊ တယော၊ ပတ်သာအစရှိသော တုရိယာ မျိုး တီးမှုတ်ခြင်း အသံ ကို ကြား သောအခါ ၊ ငါလုပ် သော ရွှေရုပ်တု ကို ပြပ်ဝပ် ကိုးကွယ်အံ့သောငှါအသင့် နေကြ။ သို့မဟုတ်လျှင်၊ မီး လောင် လျက်ရှိသောမီးဖို ထဲသို့ ချက်ခြင်းချ ပစ်မည်။ ငါ ၏လက် မှ ကယ် လွှတ်နိုင်သော ဘုရား ကား၊ အဘယ် ဘုရားရှိသနည်းဟု မိန့် တော်မူ၏။
Now, if you are ready, as soon as you hear the sound of the horn, flute, zither, lyre, harp, pipes, and all kinds of music, you must fall down and worship the statue I have made. But if you refuse to worship, you will be thrown at once into the blazing fiery furnace. Then what god will be able to deliver you from my hands?”
16 ၁၆ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့ကလည်း၊ အရှင် မင်းကြီးနေဗုခဒ်နေဇာ ၊ အကျွန်ုပ် တို့သည် ဤ အမှု၌ ပြန် လျှောက်ရမည်အကြောင်းမ ရှိပါ။
Shadrach, Meshach, and Abednego replied to the king, “O Nebuchadnezzar, we have no need to answer you in this matter.
17 ၁၇ အကျွန်ုပ် တို့ကိုးကွယ် သော ဘုရား သခင်သည်မီး လောင် လျက်ရှိသောမီးဖို ထဲက အကျွန်ုပ် တို့ကို ကယ်လွှတ် နိုင် တော်မူ၏။ ကိုယ်တော် ၏ လက် မှ လည်း ကယ် လွှတ်တော်မူလိမ့်မည်။
If the God whom we serve exists, then He is able to deliver us from the blazing fiery furnace and from your hand, O king.
18 ၁၈ ထိုသို့ကယ်လွှတ်တော်မမူသော်လည်းအရှင် မင်းကြီး၊ ကိုယ်တော် ၏ဘုရား တို့ကို အကျွန်ုပ်တို့သည် ဝတ်မပြုပါ။ တည် ထားတော်မူသော ရွှေ ရုပ်တု ကို လည်း မ ကိုးကွယ် ပါဟု ပြန် လျှောက်ကြ၏။
But even if He does not, let it be known to you, O king, that we will not serve your gods or worship the golden statue you have set up.”
19 ၁၉ ထိုအခါ နေဗုခဒ်နေဇာ မင်းကြီးသည် ပြင်းစွာအမျက် ထွက်သဖြင့်၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့ကို ကြည့်ရှု၍ မျက်နှာ တော်ပျက် လျက်၊ မီးဖို ကို အရင်ထက် ခုနစ် ဆတိုး၍ ပူ စေခြင်းငှါ ၎င်း ၊
At this, Nebuchadnezzar was filled with rage, and the expression on his face changed toward Shadrach, Meshach, and Abednego. He gave orders to heat the furnace seven times hotter than usual,
20 ၂၀ ခွန်အား ကြီးသော စစ် သူရဲတို့သည် ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့ကို တုပ်နှောင်၍၊ မီး လောင် လျက်ရှိသောမီးဖို ထဲသို့ ချ ပစ်စေခြင်းငှါ ၎င်း အမိန့် တော် ရှိသည်အတိုင်း၊
and he commanded some mighty men of valor in his army to tie up Shadrach, Meshach, and Abednego and throw them into the blazing fiery furnace.
21 ၂၁ ထို သူသုံးယောက်တို့ကို ပေါင်းဘီ ၊ အင်္ကျီ ၊ ဝတ်လုံ အစရှိသည် တို့နှင့်တကွတုပ် နှောင်၍၊ မီး လောင် လျက် ရှိသောမီးဖို ထဲသို့ ချ ပစ်ကြသောအခါ ၊
So they were tied up, wearing robes, trousers, turbans, and other clothes, and they were thrown into the blazing fiery furnace.
22 ၂၂ ရှင် ဘုရင်၏ အမိန့် တော်ကျပ်တည်း ၍ မီးဖို သည် အလွန် ပူ သောကြောင့် ၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့ကို ဆွဲချ သော သူ တို့ သည် မီး လျှံ အရှိန်ကြောင့် သေ ကြ၏။
The king’s command was so urgent and the furnace so hot that the fiery flames killed the men who carried up Shadrach, Meshach, and Abednego.
23 ၂၃ ထို သူသုံး ယောက်တို့မူကား၊ တုပ် နှောင်လျက် ပြင်းစွာလောင် သော မီးဖို ထဲသို့ ကျရောက် လေ၏။
And these three men, Shadrach, Meshach, and Abednego, firmly bound, fell into the blazing fiery furnace.
24 ၂၄ ထိုအခါ နေဗုခဒ်နေဇာ မင်းကြီး သည် အံ့ဩမိန်းမော၍ အလျင် တဆောထ ပြီးလျှင်၊ လူ သုံး ယောက် တို့ကို တုပ် နှောင်၍ မီးထဲသို့ ချ ပစ်သည် မ ဟုတ်လောဟု တိုင်ပင် မှူးမတ်တို့အား မေး တော်မူ၏။ မှူးမတ်တို့ကလည်း ၊ မှန်ပါ၏ဘုရားဟု ပြန် လျှောက်ကြလျှင်၊
Suddenly King Nebuchadnezzar jumped up in amazement and asked his advisers, “Did we not throw three men, firmly bound, into the fire?” “Certainly, O king,” they replied.
25 ၂၅ ရှင်ဘုရင်က၊ လူ လေး ယောက်တို့သည် မ တုပ် မနှောင်ဘဲ မီး ထဲ၌ သွား လာ၍ ဘေးဥပဒ် နှင့် ကင်းလွတ် သည်ကို ငါ မြင် သည်တကား။ စတုတ္ထ သူသည်ဘုရား သား ၏ အဆင်း သဏ္ဌာန်ရှိ သည်ဟု မိန့် တော်မူ၍၊
“Look!” he exclaimed. “I see four men, unbound and unharmed, walking around in the fire—and the fourth looks like a son of the gods!”
26 ၂၆ မီး လောင် လျက်ရှိသောမီးဖိုဝ နားသို့ ချဉ်းကပ် ပြီးလျှင်၊ အမြင့် ဆုံးသော ဘုရား သခင်၏ကျွန် ၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့၊ ထွက် ၍လာကြလော့ဟု မိန့် တော်မူသည်အတိုင်း၊ သူတို့သည် မီး ထဲက ထွက် လာကြ ၏။
Then Nebuchadnezzar approached the door of the blazing fiery furnace and called out, “Shadrach, Meshach, and Abednego, servants of the Most High God, come out!” So Shadrach, Meshach, and Abednego came out of the fire,
27 ၂၇ စော်ဘွား ၊ မြို့ဝန် ၊ စစ်ကဲ၊ အတွင်းဝန် တို့သည် ဝိုင်း ၍မီး မ လောင် နိုင်သော ထို သူတို့ကို ကြည့်ရှု ကြ၏။ သူ တို့ဆံခြည် တပင်မျှ မ မြိုက် ၊ ဝတ်လုံ လည်း ခြားနား ခြင်း မ ရှိ၊ မီးလောင်သောအနံ့ လည်းကင်းလွတ် ၏။
and when the satraps, prefects, governors, and royal advisers had gathered around, they saw that the fire had no effect on the bodies of these men. Not a hair of their heads was singed, their robes were unaffected, and there was no smell of fire on them.
28 ၂၈ နေဗုခဒ်နေဇာ မင်းကြီးကလည်း၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့၏ ဘုရား သခင်သည် မင်္ဂလာ ရှိတော်မူစေသတည်း။ မိမိ တို့ဘုရား မှတပါး အခြား သော ဘုရား ကို ဝတ်ပြု ကိုးကွယ်ခြင်းနှင့် ကင်းလွတ် မည်အကြောင်း၊ ဘုရားသခင်ကို ယုံကြည် ကိုးစား၍ မင်းကြီး အမိန့် တော်ကို ဆန် လျက်၊ မိမိ တို့ကိုယ် ကိုပင် အပ်နှံ သော ကျွန် တော်ရင်း တို့ရှိရာသို့ ၊ ထိုဘုရားသခင်သည် ကောင်းကင် တမန်ကို စေလွှတ် ၍ ကယ်တင် တော်မူပြီ။
Nebuchadnezzar declared, “Blessed be the God of Shadrach, Meshach, and Abednego, who has sent His angel and delivered His servants who trusted in Him. They violated the king’s command and risked their lives rather than serve or worship any god except their own God.
29 ၂၉ ထိုကြောင့်၊ အရပ်ရပ်တို့၌ နေ၍အသီးသီးအခြားခြားသော ဘာသာ စကားကို ပြောသော လူ အမျိုးမျိုး တို့တွင် တစုံတယောက်သောသူသည်၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့၏ ဘုရား သခင်အား ပြစ်မှားသော စကား ကို ပြောလျှင်၊ ထိုသူကို အပိုင်းပိုင်း စဉ်း စေ။ သူ ၏အိမ် ကိုလည်း နောက်ချေးပုံ ဖြစ်စေဟု ငါ အမိန့် တော် ရှိ၏။ အကြောင်း မူကား၊ ထိုမျှလောက် သော ကယ်တင် ခြင်းကို ထိုဘုရားသခင်မှတပါး အဘယ်ဘုရား မျှ မ ပြုနိုင် ဟု မိန့်တော်မူပြီးမှ၊
Therefore I decree that the people of any nation or language who say anything offensive against the God of Shadrach, Meshach, and Abednego will be cut into pieces and their houses reduced to rubble. For there is no other god who can deliver in this way.”
30 ၃၀ ဗာဗုလုန် နိုင်ငံ တွင် ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့ကို ချီးမြှောက် တော်မူ၏။
Then the king promoted Shadrach, Meshach, and Abednego in the province of Babylon.

< ဒံယေလ 3 >