< ဒံယေလ 2 >

1 နေဗုခဒ်နေဇာ မင်းသည် နန်းစံနှစ် နှစ် တွင် ၊ အိပ်မက် ကို မြင် တော်မူ၍ ထိတ်လန့် ခြင်း စိတ် ရှိသောကြောင့် ၊ စက်တော် မခေါ်နိုင်သည်ဖြစ်၍၊
El segundo año de su reinado, Nabucodonosor tuvo un sueño. Su espíritu se perturbó de tal modo que no pudo dormir.
2 အိပ်မက် တော်ကို ပြန်ပြော စေခြင်းငှါ မာဂု ပညာရှိ၊ ဗေဒင် တတ်၊ သူပြု ဆရာ၊ ခါလဒဲ ဆရာတို့ကို ခေါ် ချေဟု အမိန့် တော်ရှိသည်အတိုင်း ၊ သူတို့သည် အထံ တော်သို့ ရောက် လာကြသည်ရှိသော် ၊
El rey llamó a los magos, astrólogos, hechiceros y caldeos, para que interpretaran el sueño del rey. Fueron y se presentaron ante el rey.
3 ရှင်ဘုရင် က၊ ငါသည် အိပ်မက် ကိုမြင် ပြီ။ ထိုအိပ်မက် ကိုမသိ ၊ နားမလည်သည်ဖြစ်၍စိတ် မအီမသာ ရှိသည်ဟု မိန့် တော်မူ၏။
Él les dijo: Tuve un sueño, y mi espíritu desespera por entenderlo.
4 ခါလဒဲ ပညာရှိတို့ကလည်း ၊ အရှင် မင်းကြီး၊ အသက် တော်အစဉ် အမြဲရှင်ပါစေ။ အကျွန်ုပ်တို့အား အိပ်မက် တော်ကို မိန့် တော်မူပါ။ အကျွန်ုပ်တို့သည် အနက် ကို ဘော်ပြ ပါမည်ဟု၊ ရှုရိ ဘာသာဖြင့် လျှောက် ကြ၏။
Entonces los caldeos respondieron al rey en lengua aramea: ¡Vive para siempre, oh rey! Dí el sueño a tus esclavos, y te diremos la interpretación.
5 ရှင် ဘုရင်ကလည်း၊ ငါအမိန့် တော်ရှိပြီ။ ထိုအိပ်မက် နှင့် အနက် ကို သင်တို့မ ဘော် မပြလျှင် ၊ သင်တို့ကို အပိုင်းပိုင်း စဉ်း မည်။ သင် တို့အိမ် များကိုလည်း နောက်ချေးပုံ ဖြစ် စေမည်။
El rey respondió a los caldeos: Olvidé el asunto, pero si no me dicen el sueño y su interpretación, serán despedazados y sus casas serán convertidas en muladares.
6 အိပ်မက် နှင့်အနက် ကို ဘော်ပြ လျှင် ၊ ဆုလပ် သပ်ပကာ၊ ဂုဏ် အသရေများကို ငါပေးမည်။ သို့ဖြစ်၍ ၊ အိပ်မက် နှင့်အနက် ကို ငါ့အားဘော်ပြ ကြဟု၊ ခါလဒဲ ပညာရှိတို့ကို မိန့် တော်မူ၏။
Sin embargo, si me declaran el sueño y su interpretación, recibirán regalos, recompensas y grandes honores de mi parte. Solo declárenme el sueño y su interpretación.
7 ထိုသူတို့က၊ အရှင် မင်းကြီး၊ မြင်မက် တော်မူချက် ကို အမိန့် ရှိတော်မူပါ။ အကျွန်ုပ်တို့သည် အနက် ကို ဘော်ပြ ပါမည်ဟု တဖန် လျှောက် ကြပြန်လျှင်၊
Respondieron por segunda vez: Diga el rey el sueño a sus esclavos, y le diremos la interpretación.
8 ရှင် ဘုရင်က၊ ငါ့အမိန့်တော်ရှိပြီးသောကြောင့် ၊ သင် တို့သည် နေ့ရက် အချိန်ကာလကြာစေခြင်းငှါ ရွှေ့ချင် သည်ကို ငါ အမှန် သိ ၏။
El rey respondió: En verdad veo que ponen dilaciones, porque saben que el asunto se me fue.
9 အိပ်မက် ကို ငါ့ အားမ ဘော် မပြလျှင် ၊ သင်တို့သည် အကြံတခု တည်းသာရှိသည်ဖြစ်၍၊ ကာလ ပြောင်းလဲ သည်တိုင်အောင် ၊ ငါ့ ရှေ့ ၌ လျှောက် စရာဘို့ ကောက်ကျစ် လိမ် လစ်သောစကား ကို ပြင်ဆင် နှင့်ကြပြီ။ အိပ်မက် ကို ပြန်ပြော ကြ။ ထိုသို့ပြောလျှင်၊ အိပ်မက်အနက် ကို ဘော်ပြ နိုင်သည်ကို ငါသိ မည်ဟု ပြန်၍ မိန့်တော်မူ၏။
Si no me muestran el sueño, su sentencia será una sola. Ciertamente preparan respuesta mentirosa y perversa para presentármela, mientras pasa el tiempo. ¡Declárenme de una vez el sueño, y sabré que pueden interpretármelo!
10 ၁၀ ခါလဒဲ ဆရာတို့ကလည်း၊ အရှင် မင်းကြီး၏ အမှု အရာကို ဖြေ နိုင် မည်သူ ၊ မြေကြီး ပေါ် မှာ တယောက်မျှ မ ရှိ ပါ။ အဘယ်မည်သော ရှင် ဘုရင်သည် ဘုန်း တန်ခိုးကြီးသော်လည်း၊ မာဂု ပညာရှိ၊ ဗေဒင် တတ်၊ ခါလဒဲ ဆရာတို့ကို ဤသို့ မေးမြန်း လေ့မ ရှိပါ။
Los caldeos respondieron al rey: No hay hombre en la tierra que pueda declarar lo que pide el rey. Ningún rey, aunque fuera poderoso, pidió cosa semejante a algún mago, astrólogo o caldeo.
11 ၁၁ အရှင် မင်းကြီးမေးမြန်း တော်မူသော အရာ သည် ခက်ခဲ သော အရာဖြစ်ပါ၏။ လူ ပကတိနှင့် မ ဆက်ဆံ သော ဘုရား မှတပါး အဘယ်သူမျှအရှင် မင်းကြီးရှေ့ တော်၌ မထုတ် မ ဘော်နိုင်ပါဟု တဖန်ပြန်ကြား လျှောက်ထားကြ၏။
Porque el asunto que el rey demanda es cosa ardua, y no hay quien lo pueda declarar al rey, excepto los ʼelohim cuya morada no está entre los hombres.
12 ၁၂ ထိုစကားကို ကြားတော်မူလျှင် ပြင်းစွာ အမျက် တော်ထွက်၍၊ ဗာဗုလုန် မြို့၌ ရှိသမျှ သော ပညာရှိ တို့ကို ပယ်ရှင်း စေဟုအမိန့် တော်ရှိ၏။
Por esto el rey, airado y con gran enojo, ordenó que todos los sabios de Babilonia fueran exterminados.
13 ၁၃ ထိုအမိန့် တော်ဆင့် ၍ ဒံယေလ နှင့် သူ ၏ အပေါင်း အဘော်တို့ကို သတ် ခြင်းငှါ ရှာ ကြသော်၊
Se publicó el edicto según el cual los sabios fueran ejecutados. También buscaron a Daniel y a sus compañeros para ejecutarlos.
14 ၁၄ ဒံယေလ က၊ ရှင် ဘုရင်၏အမိန့် တော်သည် အဘယ်ကြောင့် ဤမျှလောက်လျင်မြန် သနည်းဟု၊
Entonces Daniel habló sabia y prudentemente a Arioc, capitán de la guardia del rey, encargado de matar a los sabios de Babilonia.
15 ၁၅ ဗာဗုလုန် ပညာရှိ တို့ကို ပယ်ရှင်း ခြင်းငှါ ထွက်သွား သော ကိုယ်ရံတော် မှူးအာရုတ် ကို သတိ ပညာနှင့် မေးမြန်း၍၊ အာရုတ် သည် ထိုအကြောင်း ကို ကြား ပြောလျှင် ၊
Le preguntó a Arioc, capitán del rey: ¿Por cual razón el edicto del rey es tan urgente? Entonces Arioc informó a Daniel con respecto al asunto.
16 ၁၆ ဒံယေလ သည် နန်းတော်သို့ ဝင် ၍ အိပ်မက် တော်ကို ဖြေရသော နေ့ ရက်အချိန်ကိုပေး တော်မူမည် အကြောင်း အသနား တော်ခံပြီးမှ၊
Daniel entró y pidió al rey que le diera tiempo para declarar la interpretación al rey.
17 ၁၇ မိမိ အိမ် သို့ ပြန် သွား၍ ၊ ထိုအကြောင်း ကို မိမိ အပေါင်း အဘော်ဟာနနိ ၊ မိရှေလ ၊ အာဇရိ တို့အား ကြား ပြော၍၊
Luego Daniel fue a su casa e informó el asunto a sus compañeros Ananías, Misael y Azarías,
18 ၁၈ ငါတို့သည် အခြား သောဗာဗုလုန် ပညာရှိ တို့နှင့်အတူ မ သေ မပျောက်စေခြင်းငှါ ၊ ဤ နက်နဲ သောအရာ၌ ကရုဏာ ကျေးဇူးတော်ကိုခံရမည်အကြောင်း၊ ကောင်းကင်ဘုံရှင် ဘုရားသခင် ကို ဆုတောင်း ကြကုန်အံ့ဟု ပြောဆို၏။
para que pidieran compasión del ʼEloha del cielo con respecto a este misterio, a fin de que Daniel y sus compañeros no perecieran con el resto de los sabios de Babilonia.
19 ၁၉ ညဉ့် အခါ ဗျာဒိတ် တော်အားဖြင့် ထိုနက်နဲ သော အရာကို ဒံယေလ အား ဘုရားသခင်ဘော်ပြ တော်မူ၏။
Entonces, en una visión nocturna, el misterio le fue revelado a Daniel, por lo cual Daniel bendijo al ʼEloha del cielo.
20 ၂၀ ထိုအခါ ဒံယေလ သည် ကောင်းကင် ဘုံရှင် ဘုရား သခင်၏ ကျေးဇူး တော်ကို ချီးမွမ်းလျက်၊ ဘုရား သခင် ၏ နာမ တော်သည် ထာဝရ မင်္ဂလာ ရှိ ပါစေသတည်း။ ပညာ နှင့်၎င်း ၊ အစွမ်း သတ္တိနှင့်၎င်း ပြည့်စုံတော်မူ၏။
Daniel habló: Bendito sea el Nombre de ʼEloha Por los siglos de los siglos, Porque la sabiduría y el poder pertenecen a Él.
21 ၂၁ ကာလ အချိန် ဥတု များကို ပြောင်းလဲ စေတော်မူ ၏။ ရှင် ဘုရင်တို့ကိုလည်း နှိမ့်ချ ချီးမြှောက် တော်မူ၏။ ပညာရှိ တို့အား ပညာ ကို ပေး တော်မူ၏။ ဉာဏ် ရှိသောသူတို့ သည် ကျေးဇူးတော်အားဖြင့်သာ၊ ထိုးထွင်း၍ နားလည် တတ်ကြ၏။
Él cambia los tiempos y las épocas. Él remueve reyes y establece los reyes. Él da sabiduría a los sabios Y conocimiento a los de entendimiento.
22 ၂၂ နက်နဲ ခက်ခဲသော အရာတို့ကို ထင်ရှား စွာ ပြတော်မူ၏။ မှောင်မိုက် ၌ ရှိသမျှတို့ကို သိမြင် ၍ အလင်း ၏တည် ရာဖြစ်တော်မူ၏။
Revela las cosas profundas y ocultas. Conoce lo que está en la oscuridad. La luz mora con Él.
23 ၂၃ အကျွန်ုပ် ဘိုးဘေး တို့၏ ဘုရား သခင်၊ အကျွန်ုပ် အား ပညာ အစွမ်း သတ္တိကို ပေး သနား၍ ၊ အကျွန်ုပ်တို့ ဆုတောင်း သည်အတိုင်း၊ ရှင် ဘုရင်၏ အိပ်မက် ကို ဖွင့်ပြ တော်မူ သောကျေးဇူး တော်ကို ချီးမွမ်းထောမနာ ပြုပါ၏ဟု ဒံယေလ မြွက်ဆို ပြီးမှ၊
¡A ti, oh ʼEloha de mis antepasados, Doy gracias y alabo! Pues me diste sabiduría y fortaleza, Y me revelaste lo que te pedimos: ¡Nos diste a conocer el asunto del rey!
24 ၂၄ ဗာဗုလုန် ပညာရှိ တို့ကို ပယ်ရှင်း စေခြင်းငှါ ၊ ရှင် ဘုရင်ခန့် ထားတော်မူသော အာရုတ် ထံ သို့သွား ၍ ၊ ဗာဗုလုန် ပညာရှိ တို့ကို မ လုပ်ကြံ ပါနှင့်။ အကျွန်ုပ် ကို အထံ တော်သို့ခေါ် သွင်းပါ။ အကျွန်ုပ်သည် အိပ်မက်တော်နှင့် အနက် ကိုဘော်ပြ ၍ လျှောက်ပါမည်ဟုဆို ၏။
Después de esto Daniel fue a Arioc, a quien el rey designó para matar a los sabios de Babilonia, y le dijo: No mates a los sabios de Babilonia. Llévame ante el rey, y yo le mostraré la interpretación del sueño.
25 ၂၅ ထိုအခါ အာရုတ်သည် ဒံယေလကို အလျင် တဆောအထံတော်သို့ ခေါ်သွင်းပြီးလျှင်၊ အိပ်မက်တော် နှင့်အနက်ကို အရှင်မင်းကြီးအား ဘော်ပြနိုင်သော သူတယောက်ကို ယုဒအမျိုး လက်ရလူတို့တွင် အကျွန်ုပ် တွေ့ပါပြီဟု လျှောက်လေ၏။
Arioc llevó prontamente a Daniel ante el rey y le dijo: Hallé a un varón de los deportados de Judá que puede dar la interpretación al rey.
26 ၂၆ ရှင် ဘုရင်ကလည်း၊ ငါမြင် မက်သော အိပ်မက် ကို ပြန်ပြော၍ အနက် ကို ဘော်ပြ နိုင် သလောဟု၊ ဗေလတရှာဇာ အမည် ရှိသောဒံယေလ ကို မေး တော်မူလျှင်၊
El rey preguntó a Daniel, a quien llamaban Beltsasar: ¿Puedes tú declararme el sueño que vi y su interpretación?
27 ၂၇ ဒံယေလ က၊ အရှင် မင်းကြီးမေးမြန်း တော်မူသော အရာကို ပညာရှိ ၊ ဗေဒင် တတ်၊ မာဂု ဆရာ၊ အနာဂတ္တိ ဆရာတို့သည် အရှင် မင်းကြီးအား ဘော် ခြင်းငှါ မ တတ်နိုင် ကြပါ။
Daniel respondió al rey: El misterio que el rey demanda no se lo pueden revelar ni sabios, ni astrólogos, ni magos ni adivinos.
28 ၂၈ နက်နဲ သော အရာတို့ကို ဖွင့်ပြ ၍၊ နောင် ကာလ ၌ ဖြစ် လတံ့သော အရာတို့ကို နေဗုခဒ်နေဇာ မင်းကြီး အား ကြား ပြောတော်မူသောဘုရား သခင်တဆူသည် ကောင်းကင် ဘုံမှာ ရှိ တော်မူ၏။
Pero ʼElah existe en los cielos, Quien revela los misterios, Quien informa al rey Nabucodonosor lo que acontecerá en los últimos días. Este fue tu sueño y las visiones que tuviste en tu cama:
29 ၂၉ အရှင် မင်းကြီး၊ နောင်၌ ဖြစ်လတံ့သော အရာတို့ ကို ကိုယ်တော်သည် စက်တော်ခေါ်၍ မြော်လင့်တော်မူ ၏။ နက်နဲ သောအရာကိုဖွင့်ပြ တော်မူသောဘုရား သည် နောင်ကာလ၌ ဖြစ် လတံ့သော အရာတို့ကို ကိုယ်တော် အားပြ တော်မူ၏။
Cuando tú estabas en tu cama, oh rey, tus pensamientos se dirigieron hacia lo que ocurrirá en lo futuro. El que revela misterios te mostró lo que sucederá.
30 ၃၀ ဤ နက်နဲ သောအရာကိုကား၊ အခြားသော သတ္တဝါ အပေါင်း တို့ထက် အကျွန်ုပ် သာ၍ပညာ ရှိ သောကြောင့် ၊ အကျွန်ုပ် အား ဘုရားသခင်ဖွင့်ပြ တော်မူသည် မ ဟုတ်ပါ။ ကိုယ်တော်သည် စိတ် နှလုံးတော်၏ အထင် ကို နားလည် မည်အကြောင်း၊ ထို အနက် ကို အကျွန်ုပ်ပြန်ကြား လျှောက်ထားစိမ့်သောငှါသာ ဘုရားသခင်ဖွင့်ပြတော်မူ ၏။
A mí me fue revelado el misterio, no porque hay más sabiduría en mí que en cualquier otro humano, sino para que se declare la interpretación al rey y que entiendas tus pensamientos.
31 ၃၁ အရှင် မင်းကြီး၊ စက်တော်ခေါ်၍ မြင်မက်တော်မူ သောရူပါရုံဟူမူကား၊ ကိုယ်တော်သည် ကြည့်ရှု ၍ ရုပ်တု ကြီးကို မြင် တော်မူ၏။ ထူးမြတ် သော အရောင် အဝါ နှင့် ပြည်စုံ၍ ၊ ကြီး မြင့်သော ထို ရုပ်တု သည် ကြောက်မက် ဘွယ်သော ပုံသဏ္ဌာန် ကိုဆောင်လျက် ကိုယ်တော် ရှေ့ ၌ တည်ရှိ ၏။
Tú mirabas, oh rey, y ¡ahí estaba una estatua colosal! Esta estatua gigantesca, cuyo esplendor era muy sublime, estaba en pie ante ti. Su aspecto era asombroso.
32 ၃၂ သူ ၏ ဦးခေါင်း သည် ရွှေ စင် ဖြစ်၏။ ရင်ပတ် နှင့် လက် နှစ်ဘက်သည် ငွေ ဖြစ်၏။
La cabeza de esta estatua era de oro fino, su pecho y sus brazos de plata, su vientre y sus muslos de bronce,
33 ၃၃ ဝမ်း နှင့် ပေါင် နှစ်ဘက်သည် ကြေးဝါ ဖြစ်၏။ ခြေသလုံး နှစ်ဘက်သည် သံ ဖြစ်၏။ ခြေဘဝါး နှင့် ဖမိုး သည် သံ တပိုင်းသရွတ်တပိုင်းဖြစ်၏။
sus piernas de hierro, sus pies, en parte de hierro y en parte de barro cocido.
34 ၃၄ ကိုယ်တော်သည် ကြည့်ရှု တော်မူစဉ် ၊ လက် ဖြင့် မ ထု မလုပ်ဘဲ အလိုလိုဖြစ်သော ကျောက် တလုံးသည် သံ နှင့် သရွတ် ဖြစ်သော ရုပ်တု ၏ခြေ ကို ထိခိုက်၍ ချိုးဖဲ့ သည်ရှိသော်၊
Estabas mirando hasta que fue lanzada una piedra no con manos. Golpeó a la estatua en sus pies de hierro y barro, y los desmenuzó.
35 ၃၅ သံ ၊ သရွတ် ၊ ကြေးဝါ ၊ ငွေ ၊ ရွှေ တို့သည် ကျိုးပဲ့ ကြေမွလျက်၊ နွေ ကာလ၌ ကောက်နယ် တလင်း အမုန့် ကဲ့သို့ ဖြစ် သဖြင့်၊ လေ တိုက် လွှင့်၍ သူ တို့နေရာ မ ရှိ ၊ ပျောက်လေ၏။ ရုပ်တု ကို ထိခိုက် သော ကျောက် မူကား၊ တိုးပွားသဖြင့် တောင် ကြီး ဖြစ်၍၊ မြေကြီး တပြင်လုံး ကို ဖုံးလွှမ်း သည်ဟု မြင်မက်တော်မူ၏။
Entonces fueron desmenuzados juntamente el hierro, el barro cocido, el bronce, la plata y el oro. Fueron como conchas de grano trillado en las eras de verano que el viento arrebata sin que de ellas quede algún rastro. Pero la piedra que golpeó a la estatua se volvió una gran montaña que llenó toda la tierra.
36 ၃၆ ယခုတွင် အိပ်မက် တော်၏အနက် ကို ဘော်ပြ၍ နားတော်လျှောက် ပါမည်။
Éste es el sueño, y ahora diremos al rey su interpretación:
37 ၃၇ အရှင် မင်းကြီး၊ ကိုယ်တော် သည် ဘုရင် တို့၏ ဘုရင် ဖြစ်တော်မူ၏။ ကောင်းကင် ဘုံရှင် ဘုရား သခင်သည် နိုင်ငံ နှင့်တကွတန်ခိုး အာနုဘော်အစွမ်း သတ္တိ ဘုန်း အသရေကို ကိုယ်တော် အား ပေး တော်မူပြီ။
Tú, oh rey, eres el rey de reyes, a quien el ʼElah del cielo te dio el reino y el poder, la fortaleza y el esplendor.
38 ၃၈ လူ နေရာ ရှိသမျှ တို့နှင့် မြေကြီး သား တိရစ္ဆာန် ၊ မိုဃ်း ကောင်းကင်ငှက် များတို့ကို ကိုယ်တော် လက် ၌ အပ် ပေး ၍၊ ကိုယ်တော် သည် အလုံးစုံ တို့ကို အုပ်စိုး ရသောအခွင့်ရှိတော်မူ၏။ ကိုယ်တော် သည် ရုပ်တု၏ ရွှေ ဦးခေါင်း ဖြစ်တော်မူ၏။
Él entregó en tu mano las bestias del campo y las aves del espacio dondequiera que viven los hijos de hombres. Te dio el dominio sobre todo. ¡Tú eres la cabeza de oro!
39 ၃၉ ကိုယ်တော် နောက် ၌ ကိုယ်တော်၏ နိုင်ငံ လောက်မမြတ်သော နိုင်ငံ တခုသည် တည်ထောင် လိမ့်မည် ။ ထိုနောက်၊ မြေကြီး တပြင်လုံး ကို အုပ်စိုး သော ကြေးဝါ နိုင်ငံတည်းဟူသောတတိယ နိုင်ငံတည်ထောင်လိမ့်မည်။
Después de ti, se levantará otro reino inferior al tuyo, y luego un tercer reino de bronce, el cual dominará sobre toda la tierra.
40 ၄၀ စတုတ္ထ နိုင်ငံ သည် သံ ကဲ့သို့ ခိုင်မာ သော နိုင်ငံဖြစ် လိမ့်မည်။ သံ သည် အခြားသောအရာရှိသမျှ တို့ကို ချိုးဖဲ့ ၍ နိုင် သကဲ့သို့ ၊ စတုတ္ထနိုင်ငံသည် ချိုးဖဲ့ နှိပ်စက် ခြင်း ကို ပြုလိမ့်မည်။
Como el hierro, el cuarto reino será fuerte. El hierro desmenuza y rompe todas las cosas. Así desmenuzará y quebrantará todo.
41 ၄၁ ရုပ်တု၏ခြေ နှင့် ခြေချောင်း တို့သည် သရွတ် တပိုင်း သံ တပိုင်းရှိသည်ကို မြင် တော်မူသည်အတိုင်း ၊ အချင်းချင်းကွဲပြား သော နိုင်ငံ ဖြစ် လိမ့်မည်။ သို့သော်လည်းဖုတ်သောသရွတ် နှင့် သံ ရောနှော သည်ကို မြင် တော်မူသည်ဖြစ်၍ ၊ သံ သည်ခိုင်မာ ခြင်း သတ္တိရှိ လိမ့်မည်။
Lo que viste de los pies y los dedos, en parte de barro cocido de alfarero y en parte de hierro, representan un reino dividido. Pero habrá en él algo de la solidez del hierro, según viste el hierro mezclado con el barro cocido.
42 ၄၂ ခြေချောင်း တို့သည် သံ တပိုင်းသရွတ် တပိုင်း ဖြစ်သည်နှင့်အညီ၊ ထိုနိုင်ငံ သည် ခိုင်မာ ခြင်းနှင့်၎င်း ၊ ကျိုးပဲ့ ခြင်းနှင့်၎င်း ဆက်ဆံ လိမ့်မည်။
Por ser los dedos de los pies en parte de hierro y en parte de barro cocido, el reino será en parte fuerte y en parte débil.
43 ၄၃ ဖုတ်သောသရွတ် နှင့် သံ ရောနှော သည်ကို မြင် တော်မူသည်နှင့် လျော်စွာ၊ နိုင်ငံသားတို့သည် အခြား သော လူမျိုး သား တို့နှင့် ပေါင်းဘော် ကြလိမ့်မည်။ သို့သော်လည်း၊ သရွတ် နှင့် သံ မ ရောနှော နိုင်သကဲ့သို့ ၊ သူတို့သည် အချင်းချင်းပေါင်းဘော် ၍ မ သင့်နိုင်ကြ။
Según viste el hierro mezclado con el barro, se mezclarán por medio de alianzas humanas, pero no se unirán el uno con el otro, como el hierro no se mezcla con el barro.
44 ၄၄ လက် နှင့် မ ထုမလုပ်ဘဲ ကျောက် တလုံးသည် တောင် ပေါ်က အလိုလိုပဲ့ကွာ ၍၊ သံ ၊ ကြေးဝါ ၊ သရွတ် ၊ ငွေ ၊ ရွှေ တို့ကိုချိုးဖဲ့ သည် ကိုမြင် တော်မူသည်အကြောင်းအရာမှာ ၊ ပျက်စီး ခြင်းသို့မ ရောက်နိုင်သော နိုင်ငံ တခုကို ထို မင်းကြီး များလက်ထက် ၌ ကောင်းကင်ဘုံ ရှင်ဘုရားသခင် သည်တည်ထောင် စေတော်မူမည်။
En los días de estos reyes, el ʼElah del cielo establecerá un reino que jamás será destruido, ni será dejado a otro pueblo, sino que desmenuzará y consumirá a todos estos reinos. Pero él permanecerá para siempre,
45 ၄၅ ထို နိုင်ငံ သည်အခြား သောလူမျိုး လက်သို့မ ရောက် ရဘဲ၊ အထက် ဆိုခဲ့ပြီးသောနိုင်ငံ ရှိသမျှ တို့ကိုချိုးဖဲ့ ဖျက်ဆီး ၍ အစဉ်အမြဲ တည် လိမ့်မည်။ ထိုသို့ နောင် ၌ဖြစ်လတံ့ သော အရာ တို့ကိုကြီးမြတ် တော်မူသောဘုရားသခင် သည် အရှင် မင်းကြီးအား ကြားပြော တော်မူ၏။ အိပ်မက် တော်ရွေ့လျော့ ခြင်းမရှိ။ အနက် သည်လည်း မှန် ပါ၏ဟု ဒံယေလသည် အထံတော်၌လျှောက်ထား၏။
tal como viste que una piedra fue lanzada de la montaña no con mano, la cual desmenuzó el hierro, el bronce, el barro, la plata y el oro. El gran ʼElah mostró al rey lo que va a suceder en lo futuro. El sueño es verdadero, y su interpretación es fiel.
46 ၄၆ ထိုအခါ နေဗုခဒ်နေဇာ မင်းကြီး သည် ပြပ်ဝပ် ၍ ဒံယေလ ကို ရှိခိုး ကိုးကွယ်ပြီးလျှင်၊ ပူဇော် သက္ကာပြုခြင်းငှါ၎င်း ၊ နံ့သာမျိုး ကို မီးရှို့၍ ဆပ်ကပ် ခြင်းငှါ ၎င်း စီရင် တော်မူလျက်၊
Entonces el rey Nabucodonosor se postró, hizo reverencia a Daniel y mandó que le ofrecieran presentes e incienso.
47 ၄၇ ကိုယ်တော်သည် ဤနက်နဲ သောအရာကို ဖွင့်ပြ နိုင်သည်ဖြစ်၍၊ အကယ် စင်စစ်ကိုယ်တော် ၏ ဘုရား သခင်သည် ဘုရား တို့၏ဘုရား ၊ ဘုရင် တို့၏ အရှင် ၊ နက်နဲ သော အရာကိုဖွင့်ပြ တော်မူသောသခင်ဖြစ် တော်မူ၏ဟု မိန့် တော်မူ၍၊
Y el rey habló a Daniel: ¡Ciertamente tu ʼElah es un ʼElah de ʼelahs, ʼAdón de reyes y revelador de misterios, pues pudiste revelar este misterio!
48 ၄၈ ဒံယေလ ကို ချီးမြှောက် လျက်၊ များစွာ သော ဆုလပ် သပ်ပကာတို့ကိုပေး ၍၊ ဗာဗုလုန် နိုင်ငံ တွင် ဝန်ကြီး အရာ၌၎င်း ၊ ဗာဗုလုန် ပညာရှိ တို့ကို အုပ်စိုး သော ဝန် အရာ၌၎င်း ခန့်ထားတော်မူ၏။
Entonces el rey promovió a Daniel, le dio muchos presentes grandes y lo constituyó gobernador de toda la provincia de Babilonia y jefe de todos los sabios de Babilonia.
49 ၄၉ ထိုအခါ ဒံယေလ သည် သံတော်ဦး တင်သောကြောင့် ၊ မင်းကြီး သည် ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့ကို ဗာဗုလုန် နိုင်ငံ တွင် ဝန်အရာ၌ ခန့် ထားတော်မူ ၏။ ဒံယေလ သည် နန်း တော်ဦး၌ နေရလေ၏။
Entonces Daniel solicitó del rey y obtuvo que designara a Sadrac, Mesac y Abed-nego como jefes de la administración de la provincia de Babilonia, pero Daniel permaneció en la corte del rey.

< ဒံယေလ 2 >