< ဒံယေလ 11 >

1 ငါ သည်လည်း မေဒိ အမျိုး ဒါရိ မင်းကြီးနန်းစံပဌမ နှစ် တွင် သူ့ကို နှိုးဆော် ၍ ခိုင်ခံ့ မြဲမြံစေခြင်းငှါ ကြိုးစား အားထုတ်လေ၏။
And from the first year of Darius the Mede I stood up that he might be strengthened and confirmed.
2 ယခု မူကား ၊ မှန် သောအရာကိုငါပြ မည်။ ပေရသိ နိုင်ငံကို အစိုးရသောရှင်ဘုရင် သုံး ပါးပေါ် လေဦးမည်။ စတုတ္ထ ရှင်ဘုရင်မူကား ၊ ထိုသူ ရှိသမျှ တို့ထက် ငွေ ရတတ်လိမ့်မည်။ ထိုသို့ ရတတ်၍ အား ကြီးသောကြောင့် ၊ ဟေလသ နိုင်ငံ ကို ရန်ဘက်ပြုစေခြင်းငှါ၊ ခပ်သိမ်း သောသူတို့ ကို နှိုးဆော် လိမ့်မည်။
And now I will shew thee the truth. Behold there shall stand yet three kings in Persia, and the fourth shall be enriched exceedingly above them all: and when he shall be grown mighty by his riches, he shall stir up all against the kingdom of Greece.
3 ထိုအခါ တန်ခိုး ကြီးသော ရှင်ဘုရင် တပါးလည်း ပေါ် လာလိမ့်မည်။ အာဏာ တော်ကြီး လျက် အစိုးရ ၍ မိမိ အလို ရှိသည်အတိုင်း ပြု လိမ့်မည်။
But there shall rise up a strong king, and shall rule with great power: and he shall do what he pleaseth.
4 ထိုသူသည် ပေါ် လာပြီးမှ နိုင်ငံ တော်ကျိုးပဲ့ ၍ ၊ သူတပါးတို့သည် မိုဃ်း ကောင်းကင်လေး မျက်နှာတို့၌ ခွဲဝေ ကြလိမ့်မည်။ သို့ရာတွင် ၊ အစိုးရသောသူတို့ သည် အမျိုးအနွယ်တော်မဟုတ်၊ အာဏာတော်နှင့် အစိုးမရ၊ နိုင်ငံ တော်ကို နှုတ်ပစ် ၍ အမျိုးအနွယ်တော်မှတပါး အခြား သောသူတို့ သည် ရကြလိမ့်မည်။
And when he shall come to his height, his kingdom shall be broken, and it shall be divided towards the four winds of the heaven: but not to his posterity, nor according to his power with which he ruled. For his kingdom shall be rent in pieces, even for strangers, beside these.
5 ထိုအခါ တောင် ရှင် ဘုရင်သည် တန်ခိုး ကြီးလိမ့်မည် ။ မင်း စုထဲ၌မင်းတပါးသည် ထိုသူ ထက် တန်ခိုး ကြီး၍ အာဏာ တည်လိမ့်မည်။ သူ ၏အာဏာ လည်း အလွန် ကျယ်လိမ့်မည်။
And the king of the south shall be strengthened, and one of his princes shall prevail over him, and he shall rule with great power: for his dominion shall be great.
6 ကာလ လွန် သောအခါ သူတို့သည် အဆွေ ဖွဲ့ကြ လိမ့်မည်။ အသင့်အတင့် ဖြစ်စေခြင်းငှါ တောင် ရှင်ဘုရင် ၏ သမီး သည် မြောက် ရှင်ဘုရင် ထံသို့ ရောက် လိမ့်မည်။ သို့သော်လည်း ၊ ထိုမင်းသမီး၏ အာဏာ သည် မ တည် ရ။ ထိုမင်း နှင့်တကွ အမျိုးအနွယ် တော် သည်လည်း မတည်ရ။ မင်းသမီး ကို၎င်း၊ ဆောင် ခဲ့သောသူတို့ ကို၎င်း၊ သူ ၏သား ကို၎င်း ၊ ထိုကာလ ၌ သူ့ ကိုထောက်ပင့် သော သူများကို၎င်းဆုံးရှုံးခြင်းသို့အပ် ရလိမ့်မည်။
And after the end of years they shall be in league together: and the daughter of the king of the south shall come to the king of the north to make friendship, but she shall not obtain the strength of the arm, neither shall her seed stand: and she shall be given up, and her young men that brought her, and they that strengthened her in these times.
7 ထိုမင်းသမီး၏ အဆွေအမျိုး ဖြစ်သောသူ တယောက်သည် အဘ၏ အရိပ်အရာ ကိုရသဖြင့် စစ်ချီ၍ လာ လိမ့်မည်။ မြောက် ရှင်ဘုရင် ၏ မြို့တော်သို့ ရောက် လျှင် ၊ မြို့သားတို့ကို တိုက် ၍ နိုင်လိမ့်မည်။
And a plant of the bud of her roots, shall stand up: and he shall come with an army, and shall enter into the province of the king of the north: and he shall abuse them, and shall prevail.
8 သူ တို့၏ဘုရား များ၊ သွန်း သောရုပ်တုများ၊ အဘိုး ထိုက်သောငွေ ဖလား ၊ ရွှေ ဖလားများကို အဲဂုတ္တု ပြည်သို့ သိမ်း သွားလိမ့်မည်။ သူသည်လည်း မြောက် ရှင်ဘုရင် ထက် အသက် ရှည်လိမ့်မည်။
And he shall also carry away captive into Egypt their gods, and their graven things, and their precious vessels of gold and silver: he shall prevail against the king of the north.
9 တဖန် မြောက်ရှင်ဘုရင်သည် တောင် ရှင်ဘုရင် ၏နိုင်ငံ သို့ ဝင် သော်လည်း မိမိ ပြည် သို့ ပြန် သွားရ လိမ့်မည်။
And the king of the south shall enter into the kingdom, and shall return to his own land.
10 ၁၀ သား တော်တို့သည် ထပြန်၍ များစွာ သော အလုံးအရင်း ကို စုဝေး ကြလိမ့်မည်။ သားတယောက်လည်း ဆက်ဆက်လာ၍ လွှမ်းမိုး ချင်းနင်း လိမ့်မည်။ တဖန် ပြန် လာ၍ သူ ၏မြို့ တိုင်အောင် လုပ်ကြံ လိမ့်မည်။
And his sons shall be provoked, and they shall assemble a multitude of great forces: and he shall come with haste like a flood: and he shall return and be stirred up, and he shall join battle with his forces.
11 ၁၁ တောင် ရှင် ဘုရင်သည် အမျက် ထွက်သဖြင့် ၊ မြောက် ရှင်ဘုရင် ကို ဆီးကြို ၍ တိုက် လိမ့်မည်။ မြောက်ရှင်ဘုရင် သည် များစွာ သော စစ်သည်ဗိုလ်ခြေအလုံးအရင်း တို့ကိုစီရင် သော်လည်း ၊ တောင်ရှင်ဘုရင်သည် ထိုအလုံးအရင်း တို့ကို သိမ်းယူလိမ့်မည်။
And the king of the south being provoked shall go forth, and shall fight against the king of the north, and shall prepare an exceeding great multitude, and a multitude shall be given into his hand.
12 ၁၂ ထိုအလုံးအရင်း တို့ကို ပယ်ရှင်းပြီးမှ မာန စိတ် ပေါက်လျက်၊ အထောင် သောင်းမကများစွာသော လူတို့ကို လုပ်ကြံ သော်လည်း ၊ မိမိအာဏာကို မ တည် စေရ။
And he shall take a multitude, and his heart shall be lifted up, and he shall cast down many thousands: but he shall not prevail.
13 ၁၃ အကြောင်း မူကား၊ မြောက် ရှင် ဘုရင်သည် တဖန် ပေါ်လာ၍၊ အရင် ထက် များစွာ သောအလုံးအရင်း တို့ကို စီရင်ပြီးမှကာလ အတန်အရာလွန် လျှင်၊ စစ်အင်္ဂါများ၊ စည်းစိမ် များ နှင့် ဆက်ဆက်လာ လိမ့်မည်။
For the king of the north shall return and shall prepare a multitude much greater than before: and in the end of times and years, be shall come in haste with a great army, and much riches.
14 ၁၄ ထို ကာလ ၌ တောင် ရှင်ဘုရင် ကို ရန်ဘက်ပြု သောသူတို့သည် များ ကြလိမ့်မည်။ သင် ၏အမျိုးသား ချင်း ဖြစ်သော သူပုန် တို့သည် ဗျာဒိတ် ရူပါရုံကို ပြည့်စုံစေ ခြင်းငှါ ထ ၍ ၊ ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်။
And in those times many shall rise up against the king of the south, and the children of prevaricators of thy people shall lift up themselves to fulfill the vision, and they shall fall.
15 ၁၅ မြောက် ရှင် ဘုရင်သည် လာ ၍ မြို့ရိုး ကို တည် ပြီးလျှင်ခိုင်ခံ့ သော မြို့ တို့ကို လုပ်ကြံ လိမ့်မည်။ တောင် ရှင်ဘုရင်၏ လက်နက်များ၊ ရွေးချယ် သောလူများတို့သည် ဆီးတား ခြင်းငှါ ခွန်အား မ ရှိသောကြောင့် မ ဆီးတား ရကြ ။
And the king of the north shall come, and shall cast up a mount, and shall take the best fenced cities: and the arms of the south shall not withstand, and his chosen ones shall rise up to resist, and they shall not have strength.
16 ၁၆ တိုက်လာ သောသူသည် မိမိ အလို အလျောက် ပြု ၍ ၊ သူ့ ရှေ့ မှာ အဘယ်သူမျှမ ရပ် မနေနိုင်ဘဲ၊ သာယာ သော ပြည် ကိုနင်းပြီးမှစုံလင် စေလိမ့်မည်။
And he shall come upon him and do according to his pleasure, and there shall be none to stand against his face: and he shall stand in the glorious land, and it shall be consumed by his hand.
17 ၁၇ ဖြောင့်မတ် သောသူတို့ သည် လိုက်လျက် ထိုမင်း သည် မိမိ နိုင်ငံ ၏ အလုံးအရင်းရှိသမျှ တို့နှင့်တကွ ဝင်စား ခြင်းငှါ ကြိုးစားအားထုတ်၍၊ မိန်းမငယ် အားဖြင့်ဖျက်ဆီး ခြင်းငှါ ပေးစား လိမ့်မည်။ သို့သော်လည်း သူသည် အကြံ မမြောက်၊ အကျိုးမရှိရ။
And he shall set his face to come to possess all his kingdom, and he shall make upright conditions with him: and he shall give him a daughter of women, to overthrow it: and she shall not stand, neither shall she be for him.
18 ၁၈ တဖန် ကျွန်းစု သို့ မျက်နှာ လှည့် ၍ ကျွန်းအများ တို့ကို လုပ်ကြံ လိမ့်မည်။ သို့ရာတွင် ၊ ဗိုလ်မင်း တပါးသည် မိမိ ခံရသောအသရေ ဖျက်ခြင်းကို မိမိမှလွှဲ ပယ်၍၊ ထို အသရေပျက် ခြင်းကို တိုက်လာသောမင်းအပေါ် သို့ ပြန် ရောက်စေလိမ့်မည်။
And he shall turn his face to the islands, and shall take many: and he shall cause the prince of his reproach to cease, and his reproach shall be turned upon him.
19 ၁၉ ထိုမင်းသည်လည်း မိမိ နေရာမြို့ တော်သို့ ပြန် သွားပြီးလျှင် ၊ ထိမိ ၍ လဲ သဖြင့် ကွယ်ပျောက် လိမ့်မည်။
And he shall turn his face to the empire of his own land, and he shall stumble, and fall, and shall not be found.
20 ၂၀ ထိုမင်းအရာ ၌လည်း နိုင်ငံ တော်၏ ဘုန်း စည်းစိမ် ကို ရှုတ်ချ လျက်၊ ငွေတော်ခွဲသောသူသည် ပေါ်လာ၍ ခဏရှိပြီးမှ၊ ဒေါသ အမျက်မ ထွက်၊ စစ် မတိုက်ဘဲ ဆုံးရှုံး ခြင်းသို့ရောက်လိမ့်မည်။
And there shall stand up in his place, one most vile, and unworthy of kingly honour: and in a few days he shall be destroyed, not in rage nor in battle.
21 ၂၁ ထိုသူအရာ ၌ လည်း မင်းစည်းစိမ် ကိုခံထိုက်သော သူမဟုတ်၊ ယုတ်မာ သောသူ ပေါ်လာလိမ့်မည်။ သူသည် အနိုင်အထက် မပြု ချော့မော့ ခြင်းအားဖြင့် နိုင်ငံ ကို ရ လိမ့်မည်။
And there shall stand up in his place one despised, and the kingly honour shall not be given him: and he shall come privately, and shall obtain the kingdom by fraud.
22 ၂၂ လွှမ်းမိုး သော လက်နက် တို့သည် သူ့ ရှေ့ မှာ မြုပ် ၍ ဆုံးရှုံး လိမ့်မည်။ မိဿဟာယ ခံသော မင်း လည်း ဆုံးရှုံးလိမ့်မည်။
And the arms of the fighter shall be overcome before his face, and shall be broken; yea also the prince of the covenant.
23 ၂၃ အကြောင်းမူကား၊ မိဿဟာယ ပြုသောမင်းသည် သစ္စာ ပျက်သဖြင့်၊ တက် လာ၍ လူ အနည်းငယ် မျှ ပါသော်လည်း တန်ခိုး ကြီးလိမ့်မည်။
And after friendships, he will deal deceitfully with him: and he shall go up, and shall overcome with a small people.
24 ၂၄ အသီးအနှံ များသောပြည် ကို အနိုင်အထက် မပြုဘဲ ဝင် လိမ့်မည်။ လုယူ သော ပစ္စည်းဥစ္စာ စည်းစိမ် များကို စွန့်ကြဲ၍၊ မိမိ ဘိုးဘေး မ ပြု ဘူးသော အမှုကိုပြု လိမ့်မည်။ ခိုင်ခံ့ သော မြို့ပြတို့ကို ရခြင်းငှါတာရှည် စွာ ကြံစည် လိမ့်မည်။
And he shall enter into rich and plentiful cities: and he shall do that which his fathers never did, nor his fathers’ fathers: he shall scatter their spoils, and their prey, and their riches, and shall forecast devices against the best fenced places: and this until a time.
25 ၂၅ ကြီးစွာသော အလုံး အရင်းနှင့်တကွ တောင် ရှင်ဘုရင် ကို ဆန့်ကျင်ဘက်ပြု၍၊ မိမိ အစွမ်း သတ္တိ ကို နှိုးဆော် လိမ့်မည်။ တောင် ရှင်ဘုရင် သည်လည်း ၊ အားကြီး ၍ များစွာ သော အလုံးအရင်းနှင့်တကွ စစ် တိုက်ခြင်းငှါနှိုးဆော် သော်လည်းမ ခံ မရပ်နိုင်။ အကြောင်း မူကား၊ သူ တဘက် ၌ မကောင်းသောအကြံ ကို ကြံစည် ကြ လိမ့်မည်။
And his strength and his heart shall be stirred up against the king of the south with a great army: and the king of the south shall be stirred up to battle with many and very strong succours: and they shall not stand, for they shall form designs against him.
26 ၂၆ ထိုသူကျွေးမွေးခြင်းကို ခံရသောသူတို့ သည် လည်း၊ ထိုသူ ၏ အကျိုးကိုဖျက်ဆီး သောအားဖြင့်၊ သူ ၏ တပ် မြုပ် ၍ ၊ စစ်သူရဲများတို့သည် အသက် ဆုံးကြလိမ့်မည်။
And they that eat bread with him, shall destroy him, and his army shall be overthrown: and many shall fall down slain.
27 ၂၇ ထိုရှင် ဘုရင် နှစ် ပါးတို့သည် မကောင်း သော အကြံကိုကြံ၍၊ တခု သောစားပွဲ ၌ မုသာ စကားကို ပြော ကြလိမ့်မည်။ သို့သော်လည်း ၊ အကြံ မ မြောက်ရ။ ချိန်းချက် သော အချိန်ကာလ ၌ အဆုံး ဖြစ်ရလိမ့်မည်။
And the heart of the two kings shall be to do evil, and they shall speak lies at one table, and they shall not prosper: because as yet the end is unto another time.
28 ၂၈ တဖန် မြောက်ရှင်ဘုရင်သည် များစွာ သော စည်းစိမ် ဥစ္စာပါ လျက် မိမိ ပြည် သို့ ပြန် ၍သွားစဉ်တွင်၊ သန့်ရှင်း သော ပဋိညာဉ် တရားကို မနာလိုသောစိတ် ရှိသည်အတိုင်း ပြု ပြီးမှ မိမိ ပြည် သို့ ပြန် သွားလိမ့်မည်။
And he shall return into his land with much riches: and his heart shall be against the holy covenant, and he shall succeed and shall return into his own land.
29 ၂၉ ချိန်းချက် သော အချိန်၌ လည်း တောင် မျက်နှာသို့ တဖန်ပြန် လာဦးမည်။ သို့သော်လည်း ၊ အရင် ဖြစ်သကဲ့သို့ မ ဟုတ် ။ နောက် ဖြစ်သကဲ့သို့ လည်းမဟုတ်။
At the time appointed he shall return, and he shall come to the south, but the latter time shall not be like the former.
30 ၃၀ အကြောင်းမူကား၊ ခိတ္တိမ် သင်္ဘော တို့သည် ထိုသူ ကို ဆီးတားကြလိမ့်မည်။ ထိုကြောင့် ၊ စိတ်နာ လျက် ပြန် သွား၍ သန့်ရှင်း သော ပဋိညာဉ် တရားကို အမျက် ထွက်သည်အတိုင်းပြု ပြီးမှပြန် သွားစဉ်တွင်၊ သန့်ရှင်း သော ပဋိညာဉ် တရားကို စွန့်ပစ် သောသူတို့ နှင့် အဆွေဖွဲ့လိမ့်မည် ။
And the galleys and the Romans shall come upon him, and he shall be struck, and shall return, and shall have indignation against the covenant of the sanctuary, and he shall succeed: and he shall return and shall devise against them that have forsaken the covenant of the sanctuary.
31 ၃၁ ထိုမင်းနောက်မှစစ်လက်နက် တို့သည် ပေါ် လာ သဖြင့် ၊ တန်ခိုးကြီးသော သန့်ရှင်း ရာဌာနတော်ကို ညစ်ညူး စေ၍၊ နေ့ရက်အစဉ် ပြုသောဝတ်ကို ပယ်ရှင်း ကြ လိမ့်မည်။ ဖျက်ဆီး တတ်သောရွံ့ရှာ ဘွယ်အရာကိုလည်း တည် ထားကြလိမ့်မည်။
And arms shall stand on his part, and they shall defile the sanctuary of strength, and shall take away the continual sacrifice, and they shall place there the abomination unto desolation.
32 ၃၂ ပဋိညာဉ် တရားကို ပြစ်မှား သောသူတို့ သည် ချော့မော့ ရာသို့ လိုက်၍ ယိုယွင်း ကြလိမ့်မည်။ မိမိ တို့ ဘုရား သခင်ကို သိ သောသူတို့မူကား ၊ ကြီးစွာ သောအားနှင့် ပြု ကြလိမ့်မည်။
And such as deal wickedly against the covenant shall deceitfully dissemble: but the people that know their God shall prevail and succeed.
33 ၃၃ လူစု ထဲမှာ ပညာ ရှိသောသူတို့ သည် အများ သောသူတို့ ကို သွန်သင် ကြလိမ့်မည်။ ထား နှင့်ကွယ်မျက်ခြင်း၊ မီး ရှို့ခြင်း၊ သိမ်း သွားချုပ်ထားခြင်း၊ လုယက် ခြင်း အားဖြင့် အင်တန်ကာလ ပတ်လုံး လဲ ကြလိမ့်မည်။
And they that are learned among the people shall teach many: and they shall fall by the sword, and by fire, and by captivity, and by spoil for many days.
34 ၃၄ လဲ ကြသောအခါ အနည်းငယ် သော မစ ခြင်းကို တဖန် ခံရကြလိမ့်မည်။ လူအများ တို့သည် ချော့မော့ ရာသို့ လိုက်၍ဆည်းကပ် ကြလိမ့်မည်။
And when they shall have fallen they shall be relieved with a small help: and many shall be joined to them deceitfully.
35 ၃၅ အမှုဆုံး ရသည် ကာလ တိုင်အောင် ၊ ပညာ ရှိသောသူအချို့တို့သည်လည်း စုံစမ်း ခြင်းကိုခံ၍၊ သန့်ရှင်း ဖြူစင် ရမည် အကြောင်း လဲ ကြလိမ့်မည်။ ထိုအမှုသည် ချိန်းချက် သော ကာလတိုင်အောင် ဖြစ်ရသတည်း။
And some of the learned shall fall, that they may be tried, and may be chosen, and made white even to the appointed time, because yet there shall be another time.
36 ၃၆ ရှင် ဘုရင်တပါးသည် မိမိ အလို အလျောက် ပြု ၍ ၊ ဘုရား အပေါင်း တို့ထက် ကိုယ်ကိုကိုယ်ချီးပင့် မြှောက်စား လျက် ၊ ဘုရား တို့၏ဘုရား ကို ဆန့်ကျင်ဘက်ပြု၍ အံ့ဘွယ် သောစကားကို ပြော လိမ့်မည်။ ဒေါသ အမျက်စေ့ စုံသည် ကာလတိုင်အောင် ကောင်းစား လိမ့်မည်။ စီရင် ဆုံးဖြတ်သမျှ အတိုင်းဖြစ် ရလိမ့်မည်။
And the king shall do according to his will, and he shall be lifted up, and shall magnify himself against every god: and he shall speak great things against the God of gods, and shall prosper, till the wrath be accomplished. For the determination is made.
37 ၃၇ ထိုမင်းသည် ဘိုးဘေး တို့ ကိုးကွယ်သော ဘုရား ကို၎င်း၊ မိန်းမ ၌ တပ်မက်သောအလို ကို၎င်း ၊ တပါးသော ဘုရား များကို၎င်းပမာဏ မ ပြု။ သူ တကာတို့ထက် ကိုယ်ကိုကိုယ်ချီးမြှောက် လိမ့်မည်။
And he shall make no account of the God of his fathers: and he shall follow the lust of women, and he shall not regard any gods: for he shall rise up against all things.
38 ၃၈ ထိုဘုရားအရာ ၌ ရဲတိုက် တို့၏ဘုရား နှင့်၊ ဘိုးဘေး တို့မ သိ သော ဘုရား ကို ချီးမြှောက် ၍ ၊ ရွှေ ၊ ငွေ ၊ ကျောက် မြတ် ၊ နှစ်သက် ဘွယ်သော တန်ဆာများကို ပူဇော် လိမ့်မည်။
But he shall worship the god Maozim in his place: and a god whom his fathers knew not, he shall worship with gold, and silver, and precious stones, and things of great price.
39 ၃၉ ခိုင်ခံ့ သော ရဲတိုက် များကို ၎င်း၊ မိမိဝန်ခံသောတပါး အမျိုးသားဘုရား ကို၎င်းပြုစု ၍၊ ဂုဏ် အသရေတိုးပွား စေလိမ့်မည်။ လူများ တို့အပေါ် မှာအုပ်စိုး ရသောအခွင့်ကိုပေး၍ ၊ စီးပွား ဖြစ်ခြင်းအလိုငှါမြေ ကို ဝေဖန် လိမ့်မည် ။
And he shall do this to fortify Maozim with a strange god, whom he hath acknowledged, and he shall increase glory and shall give them power over many, and shall divide the land gratis.
40 ၄၀ အမှုကုန် ရသည်ကာလ ၌ တောင် ရှင် ဘုရင်သည် ထိုမင်းကို တိုက် လိမ့်မည်။ မြောက် ရှင်ဘုရင် သည်လည်း ရထား များ၊ မြင်းစီး သူရဲများ၊ သင်္ဘော များတို့နှင့်တကွ လေဘွေ ကဲ့သို့တိုက်လာလျက်၊ ထိုပြည် တို့ကို ဝင် ၍ ချင်းနင်း လွှမ်းမိုးလိမ့်မည်။
And at the time prefixed the king of the south shall fight against him, and the king of the north shall come against him like a tempest, with chariots, and with horsemen, and with a great navy, and he shall enter into the countries, and shall destroy, and pass through.
41 ၄၁ သာယာ သောပြည် ကိုလည်းဝင် ၍ အများ သောသူတို့ သည် ဆုံးရှုံး ကြလိမ့်မည်။ သို့ရာတွင် ၊ သူ ၏ လက် မှ လွတ် သော သူဟူမူကား ၊ ဧဒုံ ပြည်သား၊ မောဘ ပြည်သား၊ အမ္မုန် အမျိုးသား အကြီး တို့သည် လွတ်ကြလိမ့်မည်။
And he shall enter into the glorious land, and many shall fall: and these only shall be saved out of his hand, Edom, and Moab, and the principality of the children of Ammon.
42 ၄၂ ထိုမင်းသည် အပြည်ပြည် တို့ကို အောင်မြင်ရ လိမ့်မည်။ အဲဂုတ္တု ပြည် လည်း မ လွတ် ရ။
And he shall lay his hand upon the lands: and the land of Egypt shall not escape.
43 ၄၃ ထိုပြည်မှာရှိသော ရွှေ ဘဏ္ဍာ ၊ ငွေ ဘဏ္ဍာ၊ အဘိုးထိုက် သော ဥစ္စာများကို အပိုင် ရလိမ့်မည်။ လိဗု ပြည်သားနှင့် ကုရှ ပြည်သားတို့သည် သူ့နောက်သို့ လိုက်ရကြလိမ့်မည်။
And he shall have power over the treasures of gold, and of silver, and all the precious things of Egypt: and he shall pass through Libya, and Ethiopia.
44 ၄၄ သို့ရာတွင် သူသည် အရှေ့ မျက်နှာ၊ မြောက် မျက်နှာအရပ်မှ သိတင်း ကိုကြား၍ စိတ်ပူပန် သဖြင့်၊ လူအများ တို့ကို ဖျက်ဆီး သုတ်သင် ပယ်ရှင်းခြင်းငှါ ၊ ကြီးစွာ သော ဒေါသ အမျက်နှင့် ထွက်သွား လိမ့်မည်။
And tidings out of the east, and out of the north shall trouble him: and he shall come with a great multitude to destroy and slay many.
45 ၄၅ ပင်လယ် ကြား မှာ ဘုန်း ကြီး၍ သန့်ရှင်း သော တောင် ပေါ်၌ စံရာ တဲ တော်ကို တည်ဆောက်ပြီးလျှင်၊ အဘယ်သူမျှမစ ခြင်းငှါမ တတ်နိုင်၍ ဆုံးရှုံးခြင်းသို့ ရောက် လိမ့်မည်။
And he shall fix his tabernacle Apadno between the seas, upon a glorious and holy mountain: and he shall come even to the top thereof, and none shall help him.

< ဒံယေလ 11 >