< ဒံယေလ 11 >
1 ၁ ငါ သည်လည်း မေဒိ အမျိုး ဒါရိ မင်းကြီးနန်းစံပဌမ နှစ် တွင် သူ့ကို နှိုးဆော် ၍ ခိုင်ခံ့ မြဲမြံစေခြင်းငှါ ကြိုးစား အားထုတ်လေ၏။
“And I, in the first year of Darius the Mede, stood up to strengthen and protect him.
2 ၂ ယခု မူကား ၊ မှန် သောအရာကိုငါပြ မည်။ ပေရသိ နိုင်ငံကို အစိုးရသောရှင်ဘုရင် သုံး ပါးပေါ် လေဦးမည်။ စတုတ္ထ ရှင်ဘုရင်မူကား ၊ ထိုသူ ရှိသမျှ တို့ထက် ငွေ ရတတ်လိမ့်မည်။ ထိုသို့ ရတတ်၍ အား ကြီးသောကြောင့် ၊ ဟေလသ နိုင်ငံ ကို ရန်ဘက်ပြုစေခြင်းငှါ၊ ခပ်သိမ်း သောသူတို့ ကို နှိုးဆော် လိမ့်မည်။
Now then, I will tell you the truth: Three more kings will arise in Persia, and then a fourth, who will be far richer than all the others. By the power of his wealth, he will stir up everyone against the kingdom of Greece.
3 ၃ ထိုအခါ တန်ခိုး ကြီးသော ရှင်ဘုရင် တပါးလည်း ပေါ် လာလိမ့်မည်။ အာဏာ တော်ကြီး လျက် အစိုးရ ၍ မိမိ အလို ရှိသည်အတိုင်း ပြု လိမ့်မည်။
Then a mighty king will arise, who will rule with great authority and do as he pleases.
4 ၄ ထိုသူသည် ပေါ် လာပြီးမှ နိုင်ငံ တော်ကျိုးပဲ့ ၍ ၊ သူတပါးတို့သည် မိုဃ်း ကောင်းကင်လေး မျက်နှာတို့၌ ခွဲဝေ ကြလိမ့်မည်။ သို့ရာတွင် ၊ အစိုးရသောသူတို့ သည် အမျိုးအနွယ်တော်မဟုတ်၊ အာဏာတော်နှင့် အစိုးမရ၊ နိုင်ငံ တော်ကို နှုတ်ပစ် ၍ အမျိုးအနွယ်တော်မှတပါး အခြား သောသူတို့ သည် ရကြလိမ့်မည်။
But as soon as he is established, his kingdom will be broken up and parceled out toward the four winds of heaven. It will not go to his descendants, nor will it have the authority with which he ruled, because his kingdom will be uprooted and given to others.
5 ၅ ထိုအခါ တောင် ရှင် ဘုရင်သည် တန်ခိုး ကြီးလိမ့်မည် ။ မင်း စုထဲ၌မင်းတပါးသည် ထိုသူ ထက် တန်ခိုး ကြီး၍ အာဏာ တည်လိမ့်မည်။ သူ ၏အာဏာ လည်း အလွန် ကျယ်လိမ့်မည်။
The king of the South will grow strong, but one of his commanders will grow even stronger and will rule his own kingdom with great authority.
6 ၆ ကာလ လွန် သောအခါ သူတို့သည် အဆွေ ဖွဲ့ကြ လိမ့်မည်။ အသင့်အတင့် ဖြစ်စေခြင်းငှါ တောင် ရှင်ဘုရင် ၏ သမီး သည် မြောက် ရှင်ဘုရင် ထံသို့ ရောက် လိမ့်မည်။ သို့သော်လည်း ၊ ထိုမင်းသမီး၏ အာဏာ သည် မ တည် ရ။ ထိုမင်း နှင့်တကွ အမျိုးအနွယ် တော် သည်လည်း မတည်ရ။ မင်းသမီး ကို၎င်း၊ ဆောင် ခဲ့သောသူတို့ ကို၎င်း၊ သူ ၏သား ကို၎င်း ၊ ထိုကာလ ၌ သူ့ ကိုထောက်ပင့် သော သူများကို၎င်းဆုံးရှုံးခြင်းသို့အပ် ရလိမ့်မည်။
After some years they will form an alliance, and the daughter of the king of the South will go to the king of the North to seal the agreement. But his daughter will not retain her position of power, nor will his strength endure. At that time she will be given up, along with her royal escort and her father and the one who supported her.
7 ၇ ထိုမင်းသမီး၏ အဆွေအမျိုး ဖြစ်သောသူ တယောက်သည် အဘ၏ အရိပ်အရာ ကိုရသဖြင့် စစ်ချီ၍ လာ လိမ့်မည်။ မြောက် ရှင်ဘုရင် ၏ မြို့တော်သို့ ရောက် လျှင် ၊ မြို့သားတို့ကို တိုက် ၍ နိုင်လိမ့်မည်။
But one from her family line will rise up in his place, come against the army of the king of the North, and enter his fortress, fighting and prevailing.
8 ၈ သူ တို့၏ဘုရား များ၊ သွန်း သောရုပ်တုများ၊ အဘိုး ထိုက်သောငွေ ဖလား ၊ ရွှေ ဖလားများကို အဲဂုတ္တု ပြည်သို့ သိမ်း သွားလိမ့်မည်။ သူသည်လည်း မြောက် ရှင်ဘုရင် ထက် အသက် ရှည်လိမ့်မည်။
He will take even their gods captive to Egypt, with their metal images and their precious vessels of silver and gold. For some years he will stay away from the king of the North,
9 ၉ တဖန် မြောက်ရှင်ဘုရင်သည် တောင် ရှင်ဘုရင် ၏နိုင်ငံ သို့ ဝင် သော်လည်း မိမိ ပြည် သို့ ပြန် သွားရ လိမ့်မည်။
who will invade the realm of the king of the South and then return to his own land.
10 ၁၀ သား တော်တို့သည် ထပြန်၍ များစွာ သော အလုံးအရင်း ကို စုဝေး ကြလိမ့်မည်။ သားတယောက်လည်း ဆက်ဆက်လာ၍ လွှမ်းမိုး ချင်းနင်း လိမ့်မည်။ တဖန် ပြန် လာ၍ သူ ၏မြို့ တိုင်အောင် လုပ်ကြံ လိမ့်မည်။
But his sons will stir up strife and assemble a great army, which will advance forcefully, sweeping through like a flood, and will again carry the battle as far as his fortress.
11 ၁၁ တောင် ရှင် ဘုရင်သည် အမျက် ထွက်သဖြင့် ၊ မြောက် ရှင်ဘုရင် ကို ဆီးကြို ၍ တိုက် လိမ့်မည်။ မြောက်ရှင်ဘုရင် သည် များစွာ သော စစ်သည်ဗိုလ်ခြေအလုံးအရင်း တို့ကိုစီရင် သော်လည်း ၊ တောင်ရှင်ဘုရင်သည် ထိုအလုံးအရင်း တို့ကို သိမ်းယူလိမ့်မည်။
In a rage, the king of the South will march out to fight the king of the North, who will raise a large army, but it will be delivered into the hand of his enemy.
12 ၁၂ ထိုအလုံးအရင်း တို့ကို ပယ်ရှင်းပြီးမှ မာန စိတ် ပေါက်လျက်၊ အထောင် သောင်းမကများစွာသော လူတို့ကို လုပ်ကြံ သော်လည်း ၊ မိမိအာဏာကို မ တည် စေရ။
When the army is carried off, the king of the South will be proud in heart and will cast down tens of thousands, but he will not triumph.
13 ၁၃ အကြောင်း မူကား၊ မြောက် ရှင် ဘုရင်သည် တဖန် ပေါ်လာ၍၊ အရင် ထက် များစွာ သောအလုံးအရင်း တို့ကို စီရင်ပြီးမှကာလ အတန်အရာလွန် လျှင်၊ စစ်အင်္ဂါများ၊ စည်းစိမ် များ နှင့် ဆက်ဆက်လာ လိမ့်မည်။
For the king of the North will raise another army, larger than the first, and after some years he will advance with a great army and many supplies.
14 ၁၄ ထို ကာလ ၌ တောင် ရှင်ဘုရင် ကို ရန်ဘက်ပြု သောသူတို့သည် များ ကြလိမ့်မည်။ သင် ၏အမျိုးသား ချင်း ဖြစ်သော သူပုန် တို့သည် ဗျာဒိတ် ရူပါရုံကို ပြည့်စုံစေ ခြင်းငှါ ထ ၍ ၊ ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်။
In those times many will rise up against the king of the South. Violent ones among your own people will exalt themselves in fulfillment of the vision, but they will fail.
15 ၁၅ မြောက် ရှင် ဘုရင်သည် လာ ၍ မြို့ရိုး ကို တည် ပြီးလျှင်ခိုင်ခံ့ သော မြို့ တို့ကို လုပ်ကြံ လိမ့်မည်။ တောင် ရှင်ဘုရင်၏ လက်နက်များ၊ ရွေးချယ် သောလူများတို့သည် ဆီးတား ခြင်းငှါ ခွန်အား မ ရှိသောကြောင့် မ ဆီးတား ရကြ ။
Then the king of the North will come, build up a siege ramp, and capture a fortified city. The forces of the South will not stand; even their best troops will not be able to resist.
16 ၁၆ တိုက်လာ သောသူသည် မိမိ အလို အလျောက် ပြု ၍ ၊ သူ့ ရှေ့ မှာ အဘယ်သူမျှမ ရပ် မနေနိုင်ဘဲ၊ သာယာ သော ပြည် ကိုနင်းပြီးမှစုံလင် စေလိမ့်မည်။
The invader will do as he pleases, and no one will stand against him. He will establish himself in the Beautiful Land, with destruction in his hand.
17 ၁၇ ဖြောင့်မတ် သောသူတို့ သည် လိုက်လျက် ထိုမင်း သည် မိမိ နိုင်ငံ ၏ အလုံးအရင်းရှိသမျှ တို့နှင့်တကွ ဝင်စား ခြင်းငှါ ကြိုးစားအားထုတ်၍၊ မိန်းမငယ် အားဖြင့်ဖျက်ဆီး ခြင်းငှါ ပေးစား လိမ့်မည်။ သို့သော်လည်း သူသည် အကြံ မမြောက်၊ အကျိုးမရှိရ။
He will resolve to come with the strength of his whole kingdom, and will reach an agreement with the king of the South. He will give him a daughter in marriage in order to overthrow the kingdom, but his plan will not succeed or help him.
18 ၁၈ တဖန် ကျွန်းစု သို့ မျက်နှာ လှည့် ၍ ကျွန်းအများ တို့ကို လုပ်ကြံ လိမ့်မည်။ သို့ရာတွင် ၊ ဗိုလ်မင်း တပါးသည် မိမိ ခံရသောအသရေ ဖျက်ခြင်းကို မိမိမှလွှဲ ပယ်၍၊ ထို အသရေပျက် ခြင်းကို တိုက်လာသောမင်းအပေါ် သို့ ပြန် ရောက်စေလိမ့်မည်။
Then he will turn his face to the coastlands and capture many of them. But a commander will put an end to his reproach and will turn it back upon him.
19 ၁၉ ထိုမင်းသည်လည်း မိမိ နေရာမြို့ တော်သို့ ပြန် သွားပြီးလျှင် ၊ ထိမိ ၍ လဲ သဖြင့် ကွယ်ပျောက် လိမ့်မည်။
After this, he will turn back toward the fortresses of his own land, but he will stumble and fall and be no more.
20 ၂၀ ထိုမင်းအရာ ၌လည်း နိုင်ငံ တော်၏ ဘုန်း စည်းစိမ် ကို ရှုတ်ချ လျက်၊ ငွေတော်ခွဲသောသူသည် ပေါ်လာ၍ ခဏရှိပြီးမှ၊ ဒေါသ အမျက်မ ထွက်၊ စစ် မတိုက်ဘဲ ဆုံးရှုံး ခြင်းသို့ရောက်လိမ့်မည်။
In his place one will arise who will send out a tax collector for the glory of the kingdom; but within a few days he will be destroyed, though not in anger or in battle.
21 ၂၁ ထိုသူအရာ ၌ လည်း မင်းစည်းစိမ် ကိုခံထိုက်သော သူမဟုတ်၊ ယုတ်မာ သောသူ ပေါ်လာလိမ့်မည်။ သူသည် အနိုင်အထက် မပြု ချော့မော့ ခြင်းအားဖြင့် နိုင်ငံ ကို ရ လိမ့်မည်။
In his place a despicable person will arise; royal honors will not be given to him, but he will come in a time of peace and seize the kingdom by intrigue.
22 ၂၂ လွှမ်းမိုး သော လက်နက် တို့သည် သူ့ ရှေ့ မှာ မြုပ် ၍ ဆုံးရှုံး လိမ့်မည်။ မိဿဟာယ ခံသော မင်း လည်း ဆုံးရှုံးလိမ့်မည်။
Then a flood of forces will be swept away before him and destroyed, along with a prince of the covenant.
23 ၂၃ အကြောင်းမူကား၊ မိဿဟာယ ပြုသောမင်းသည် သစ္စာ ပျက်သဖြင့်၊ တက် လာ၍ လူ အနည်းငယ် မျှ ပါသော်လည်း တန်ခိုး ကြီးလိမ့်မည်။
After an alliance is made with him, he will act deceitfully; for he will rise to power with only a few people.
24 ၂၄ အသီးအနှံ များသောပြည် ကို အနိုင်အထက် မပြုဘဲ ဝင် လိမ့်မည်။ လုယူ သော ပစ္စည်းဥစ္စာ စည်းစိမ် များကို စွန့်ကြဲ၍၊ မိမိ ဘိုးဘေး မ ပြု ဘူးသော အမှုကိုပြု လိမ့်မည်။ ခိုင်ခံ့ သော မြို့ပြတို့ကို ရခြင်းငှါတာရှည် စွာ ကြံစည် လိမ့်မည်။
In a time of peace, he will invade the richest provinces and do what his fathers and forefathers never did. He will lavish plunder, loot, and wealth on his followers, and he will plot against the strongholds—but only for a time.
25 ၂၅ ကြီးစွာသော အလုံး အရင်းနှင့်တကွ တောင် ရှင်ဘုရင် ကို ဆန့်ကျင်ဘက်ပြု၍၊ မိမိ အစွမ်း သတ္တိ ကို နှိုးဆော် လိမ့်မည်။ တောင် ရှင်ဘုရင် သည်လည်း ၊ အားကြီး ၍ များစွာ သော အလုံးအရင်းနှင့်တကွ စစ် တိုက်ခြင်းငှါနှိုးဆော် သော်လည်းမ ခံ မရပ်နိုင်။ အကြောင်း မူကား၊ သူ တဘက် ၌ မကောင်းသောအကြံ ကို ကြံစည် ကြ လိမ့်မည်။
And with a large army he will stir up his power and his courage against the king of the South, who will mobilize a very large and powerful army but will not withstand the plots devised against him.
26 ၂၆ ထိုသူကျွေးမွေးခြင်းကို ခံရသောသူတို့ သည် လည်း၊ ထိုသူ ၏ အကျိုးကိုဖျက်ဆီး သောအားဖြင့်၊ သူ ၏ တပ် မြုပ် ၍ ၊ စစ်သူရဲများတို့သည် အသက် ဆုံးကြလိမ့်မည်။
Those who eat from his provisions will seek to destroy him; his army will be swept away, and many will fall slain.
27 ၂၇ ထိုရှင် ဘုရင် နှစ် ပါးတို့သည် မကောင်း သော အကြံကိုကြံ၍၊ တခု သောစားပွဲ ၌ မုသာ စကားကို ပြော ကြလိမ့်မည်။ သို့သော်လည်း ၊ အကြံ မ မြောက်ရ။ ချိန်းချက် သော အချိန်ကာလ ၌ အဆုံး ဖြစ်ရလိမ့်မည်။
And the two kings, with their hearts bent on evil, will speak lies at the same table, but to no avail, for still the end will come at the appointed time.
28 ၂၈ တဖန် မြောက်ရှင်ဘုရင်သည် များစွာ သော စည်းစိမ် ဥစ္စာပါ လျက် မိမိ ပြည် သို့ ပြန် ၍သွားစဉ်တွင်၊ သန့်ရှင်း သော ပဋိညာဉ် တရားကို မနာလိုသောစိတ် ရှိသည်အတိုင်း ပြု ပြီးမှ မိမိ ပြည် သို့ ပြန် သွားလိမ့်မည်။
The king of the North will return to his land with great wealth, but his heart will be set against the holy covenant; so he will do damage and return to his own land.
29 ၂၉ ချိန်းချက် သော အချိန်၌ လည်း တောင် မျက်နှာသို့ တဖန်ပြန် လာဦးမည်။ သို့သော်လည်း ၊ အရင် ဖြစ်သကဲ့သို့ မ ဟုတ် ။ နောက် ဖြစ်သကဲ့သို့ လည်းမဟုတ်။
At the appointed time he will invade the South again, but this time will not be like the first.
30 ၃၀ အကြောင်းမူကား၊ ခိတ္တိမ် သင်္ဘော တို့သည် ထိုသူ ကို ဆီးတားကြလိမ့်မည်။ ထိုကြောင့် ၊ စိတ်နာ လျက် ပြန် သွား၍ သန့်ရှင်း သော ပဋိညာဉ် တရားကို အမျက် ထွက်သည်အတိုင်းပြု ပြီးမှပြန် သွားစဉ်တွင်၊ သန့်ရှင်း သော ပဋိညာဉ် တရားကို စွန့်ပစ် သောသူတို့ နှင့် အဆွေဖွဲ့လိမ့်မည် ။
Ships of Kittim will come against him, and he will lose heart. Then he will turn back and rage against the holy covenant and do damage. So he will return and show favor to those who forsake the holy covenant.
31 ၃၁ ထိုမင်းနောက်မှစစ်လက်နက် တို့သည် ပေါ် လာ သဖြင့် ၊ တန်ခိုးကြီးသော သန့်ရှင်း ရာဌာနတော်ကို ညစ်ညူး စေ၍၊ နေ့ရက်အစဉ် ပြုသောဝတ်ကို ပယ်ရှင်း ကြ လိမ့်မည်။ ဖျက်ဆီး တတ်သောရွံ့ရှာ ဘွယ်အရာကိုလည်း တည် ထားကြလိမ့်မည်။
His forces will rise up and desecrate the temple fortress. They will abolish the daily sacrifice and set up the abomination of desolation.
32 ၃၂ ပဋိညာဉ် တရားကို ပြစ်မှား သောသူတို့ သည် ချော့မော့ ရာသို့ လိုက်၍ ယိုယွင်း ကြလိမ့်မည်။ မိမိ တို့ ဘုရား သခင်ကို သိ သောသူတို့မူကား ၊ ကြီးစွာ သောအားနှင့် ပြု ကြလိမ့်မည်။
With flattery he will corrupt those who violate the covenant, but the people who know their God will firmly resist him.
33 ၃၃ လူစု ထဲမှာ ပညာ ရှိသောသူတို့ သည် အများ သောသူတို့ ကို သွန်သင် ကြလိမ့်မည်။ ထား နှင့်ကွယ်မျက်ခြင်း၊ မီး ရှို့ခြင်း၊ သိမ်း သွားချုပ်ထားခြင်း၊ လုယက် ခြင်း အားဖြင့် အင်တန်ကာလ ပတ်လုံး လဲ ကြလိမ့်မည်။
Those with insight will instruct many, though for a time they will fall by sword or flame, or be captured or plundered.
34 ၃၄ လဲ ကြသောအခါ အနည်းငယ် သော မစ ခြင်းကို တဖန် ခံရကြလိမ့်မည်။ လူအများ တို့သည် ချော့မော့ ရာသို့ လိုက်၍ဆည်းကပ် ကြလိမ့်မည်။
Now when they fall, they will be granted a little help, but many will join them insincerely.
35 ၃၅ အမှုဆုံး ရသည် ကာလ တိုင်အောင် ၊ ပညာ ရှိသောသူအချို့တို့သည်လည်း စုံစမ်း ခြင်းကိုခံ၍၊ သန့်ရှင်း ဖြူစင် ရမည် အကြောင်း လဲ ကြလိမ့်မည်။ ထိုအမှုသည် ချိန်းချက် သော ကာလတိုင်အောင် ဖြစ်ရသတည်း။
Some of the wise will fall, so that they may be refined, purified, and made spotless until the time of the end, for it will still come at the appointed time.
36 ၃၆ ရှင် ဘုရင်တပါးသည် မိမိ အလို အလျောက် ပြု ၍ ၊ ဘုရား အပေါင်း တို့ထက် ကိုယ်ကိုကိုယ်ချီးပင့် မြှောက်စား လျက် ၊ ဘုရား တို့၏ဘုရား ကို ဆန့်ကျင်ဘက်ပြု၍ အံ့ဘွယ် သောစကားကို ပြော လိမ့်မည်။ ဒေါသ အမျက်စေ့ စုံသည် ကာလတိုင်အောင် ကောင်းစား လိမ့်မည်။ စီရင် ဆုံးဖြတ်သမျှ အတိုင်းဖြစ် ရလိမ့်မည်။
Then the king will do as he pleases and will exalt and magnify himself above every god, and he will speak monstrous things against the God of gods. He will be successful until the time of wrath is completed, for what has been decreed must be accomplished.
37 ၃၇ ထိုမင်းသည် ဘိုးဘေး တို့ ကိုးကွယ်သော ဘုရား ကို၎င်း၊ မိန်းမ ၌ တပ်မက်သောအလို ကို၎င်း ၊ တပါးသော ဘုရား များကို၎င်းပမာဏ မ ပြု။ သူ တကာတို့ထက် ကိုယ်ကိုကိုယ်ချီးမြှောက် လိမ့်မည်။
He will show no regard for the gods of his fathers, nor for the one desired by women, nor for any other god, because he will magnify himself above them all.
38 ၃၈ ထိုဘုရားအရာ ၌ ရဲတိုက် တို့၏ဘုရား နှင့်၊ ဘိုးဘေး တို့မ သိ သော ဘုရား ကို ချီးမြှောက် ၍ ၊ ရွှေ ၊ ငွေ ၊ ကျောက် မြတ် ၊ နှစ်သက် ဘွယ်သော တန်ဆာများကို ပူဇော် လိမ့်မည်။
And in their place, he will honor a god of fortresses—a god his fathers did not know—with gold, silver, precious stones, and riches.
39 ၃၉ ခိုင်ခံ့ သော ရဲတိုက် များကို ၎င်း၊ မိမိဝန်ခံသောတပါး အမျိုးသားဘုရား ကို၎င်းပြုစု ၍၊ ဂုဏ် အသရေတိုးပွား စေလိမ့်မည်။ လူများ တို့အပေါ် မှာအုပ်စိုး ရသောအခွင့်ကိုပေး၍ ၊ စီးပွား ဖြစ်ခြင်းအလိုငှါမြေ ကို ဝေဖန် လိမ့်မည် ။
He will attack the strongest fortresses with the help of a foreign god and will greatly honor those who acknowledge him, making them rulers over many and distributing the land for a price.
40 ၄၀ အမှုကုန် ရသည်ကာလ ၌ တောင် ရှင် ဘုရင်သည် ထိုမင်းကို တိုက် လိမ့်မည်။ မြောက် ရှင်ဘုရင် သည်လည်း ရထား များ၊ မြင်းစီး သူရဲများ၊ သင်္ဘော များတို့နှင့်တကွ လေဘွေ ကဲ့သို့တိုက်လာလျက်၊ ထိုပြည် တို့ကို ဝင် ၍ ချင်းနင်း လွှမ်းမိုးလိမ့်မည်။
At the time of the end, the king of the South will engage him in battle, but the king of the North will storm out against him with chariots, horsemen, and many ships, invading many countries and sweeping through them like a flood.
41 ၄၁ သာယာ သောပြည် ကိုလည်းဝင် ၍ အများ သောသူတို့ သည် ဆုံးရှုံး ကြလိမ့်မည်။ သို့ရာတွင် ၊ သူ ၏ လက် မှ လွတ် သော သူဟူမူကား ၊ ဧဒုံ ပြည်သား၊ မောဘ ပြည်သား၊ အမ္မုန် အမျိုးသား အကြီး တို့သည် လွတ်ကြလိမ့်မည်။
He will also invade the Beautiful Land, and many countries will fall. But these will be delivered from his hand: Edom, Moab, and the leaders of the Ammonites.
42 ၄၂ ထိုမင်းသည် အပြည်ပြည် တို့ကို အောင်မြင်ရ လိမ့်မည်။ အဲဂုတ္တု ပြည် လည်း မ လွတ် ရ။
He will extend his power over many countries, and not even the land of Egypt will escape.
43 ၄၃ ထိုပြည်မှာရှိသော ရွှေ ဘဏ္ဍာ ၊ ငွေ ဘဏ္ဍာ၊ အဘိုးထိုက် သော ဥစ္စာများကို အပိုင် ရလိမ့်မည်။ လိဗု ပြည်သားနှင့် ကုရှ ပြည်သားတို့သည် သူ့နောက်သို့ လိုက်ရကြလိမ့်မည်။
He will gain control of the treasures of gold and silver and over all the riches of Egypt, and the Libyans and Cushites will also submit to him.
44 ၄၄ သို့ရာတွင် သူသည် အရှေ့ မျက်နှာ၊ မြောက် မျက်နှာအရပ်မှ သိတင်း ကိုကြား၍ စိတ်ပူပန် သဖြင့်၊ လူအများ တို့ကို ဖျက်ဆီး သုတ်သင် ပယ်ရှင်းခြင်းငှါ ၊ ကြီးစွာ သော ဒေါသ အမျက်နှင့် ထွက်သွား လိမ့်မည်။
But news from the east and the north will alarm him, and he will go out with great fury to destroy many and devote them to destruction.
45 ၄၅ ပင်လယ် ကြား မှာ ဘုန်း ကြီး၍ သန့်ရှင်း သော တောင် ပေါ်၌ စံရာ တဲ တော်ကို တည်ဆောက်ပြီးလျှင်၊ အဘယ်သူမျှမစ ခြင်းငှါမ တတ်နိုင်၍ ဆုံးရှုံးခြင်းသို့ ရောက် လိမ့်မည်။
He will pitch his royal tents between the sea and the beautiful holy mountain, but he will meet his end with no one to help him.