< ဒံယေလ 10 >
1 ၁ ပေရသိ ရှင်ဘုရင် ကုရု နန်းစံသုံး နှစ် တွင် ၊ ဗေလတရှာဇာ အမည် ဖြင့် သမုတ် သော ဒံယေလ သည် ဗျာဒိတ် တော်ကိုခံရ ၏။ ထိုဗျာဒိတ် တော်စကား မှန် ပေ၏။ ကြီးစွာ သော စစ်တိုက် ခြင်းနှင့် ဆိုင်ပေ၏။ သူသည် ထိုစကား ကို နားလည် ၏။ မြင်ရသောရူပါရုံ သဘောကိုလည်း ရိပ်မိ၏။
In the third year of Cyrus king of the Persians, a word was revealed to Daniel surnamed Baltassar, and a true word, and great strength: and he understood the word: for there is need of understanding in a vision.
2 ၂ ထို ကာလ ၌ ငါ ဒံယေလ သည် အရက် နှစ်ဆယ် တရက် တိုင်တိုင်ခြိုးခြံစွာကျင့် လျက်နေ၏။
In those days I Daniel mourned the days of three weeks.
3 ၃ အရက် နှစ်ဆယ် တရက်မ စေ့ မှီမြိန် သော မုန့် ကိုမ စား ။ အမဲသား နှင့် စပျစ်ရည် ကိုမ မြည်း ။ ဆီ လိမ်းခြင်းကိုလည်း အလျှင်းမပြု။
I ate no desirable bread, and neither flesh, nor wine entered into my mouth, neither was I anointed with ointment: till the days of three weeks were accomplished.
4 ၄ ပဌမ လ နှစ် ဆယ် လေး ရက် နေ့၌ ငါ သည် ဟိဒကေလ မြစ် ကြီး အနားမှာရှိ စဉ်၊
And in the four and twentieth day of the first month I was by the great river which is the Tigris.
5 ၅ မျှော် ကြည့်၍ ပိတ်ချော နှင့် ဥဖတ် ရွှေစင် ခါးပန်း ကို ဝတ် စည်းလျက် ရှိသောလူ တဦး ကို မြင် ၏။
And I lifted up my eyes, and I saw: and behold a man clothed in linen, and his loins were girded with the finest gold:
6 ၆ သူ ၏ ကိုယ် သည် ကျောက် မျက်ရွဲကဲ့သို့ ဖြစ်၏။ သူ့ မျက်နှာ သည်လည်း လျှပ်စစ် ကဲ့သို့ ထင်၏။ သူ့ မျက်စိ သည်လည်း မီးခွက် ကဲ့သို့ ဖြစ်၏။ သူ့ လက် ခြေ တို့သည် ဦးသစ်သော ကြေးဝါ အရောင်အဆင်းရှိ၏။ သူ့ စကား သံ သည် များစွာ သော လူစုအသံ နှင့် တူ၏။
And his body was like the chrysolite, and his face as the appearance of lightning, and his eyes as a burning lamp: and his arms, and all downward even to the feet, like in appearance to glittering brass: and the voice of his word like the voice of a multitude.
7 ၇ ထိုဗျာဒိတ် ရူပါရုံကို ငါ ဒံယေလ တယောက် တည်း မြင် ရ၏။ ငါ နှင့်အတူ ပါသောလူ တို့သည် မ မြင် ရကြ။ သူတို့သည် အလွန် ကြောက်ရွံ့ တုန်လှုပ်ခြင်းသို့ ရောက် သဖြင့် ပုန်းရှောင် ၍ နေခြင်းငှါ ပြေး ကြ၏။
And I Daniel alone saw the vision: for the men that were with me saw it not: but an exceeding great terror fell upon them, and they fled away, and hid themselves.
8 ၈ ငါ မူကား၊ တယောက် တည်းနေရစ် ၍ ထို ကြီးစွာ သော ရူပါရုံ ကိုမြင် ရလျှင် ၊ ခွန်အား လျော့၍ မျက်နှာ ပျက် လျက်၊ ကိုယ်၌ အစွမ်း သတ္တိအလျှင်းမ ရှိ ဖြစ်လေ၏။
And I being left alone saw this great vision: and there remained no strength in me, and the appearance of my countenance was changed in me, and I fainted away, and retained no strength.
9 ၉ သို့ရာတွင် ၊ ထိုသူ ၏ စကား သံ ကို ငါကြား ၏။ ကြား သောအခါ မြေ ပေါ် မှာပြပ်ဝပ် ၍ မိန်းမော တွေဝေလျက်နေ၏။
And I heard the voice of his words: and when I heard, I lay in a consternation, upon my face, and my face was close to the ground.
10 ၁၀ ထိုအခါ လက် တဘက်သည်ငါ့ ကို ကြွ ၍ ၊ ငါ သည် ဒူး နှင့် လက်ဝါး ဖြင့် ထောက် လျက်နေရ၏။
And behold a hand touched me, and lifted me up upon my knees, and upon the joints of my hands.
11 ၁၁ သူကလည်း၊ အလွန် ချစ်အပ်သောသူ၊ ဒံယေလ ၊ ငါ့စကား ကို နားလည် အံ့သောငှါမတ်တတ် နေလော့။ သင် ရှိရာသို့ ငါ့ကိုစေလွှတ် တော်မူ၍ ယခု ငါလာပြီဟု ဆိုလျှင်၊ ငါသည်တုန်လှုပ် မတ်တတ် နေ၏။
And he said to me: Daniel, thou man of desires, understand the words that I speak to thee, and stand upright: for I am sent now to thee. And when he had said this word to me, I stood trembling.
12 ၁၂ ထိုအခါ သူကလည်း၊ အချင်းဒံယေလ ၊ မ ကြောက် နှင့်။ သင် သည် နားလည် ခြင်းငှါ ၎င်း ၊ သင် ၏ ဘုရား ရှေ့ မှာ ကိုယ်ကိုကိုယ်ဆုံးမ ခြင်းငှါ ၎င်း ၊ စိတ် ပြဌာန်း သော ပဌမ နေ့ မှစ၍ သင် ၏ စကား ကိုကြား တော်မူပြီ။ ထိုစကား ကြောင့် လည်း ငါ ရောက် လာပြီ။
And he said to me: Fear not, Daniel: for from the first day that thou didst set thy heart to understand, to afflict thyself in the sight of thy God, thy words have been heard: and I am come for thy words.
13 ၁၃ ပေရသိ နိုင်ငံ ကို အစိုးရသောမင်း မူကား ၊ အရက် နှစ် ဆယ်တရက် ပတ်လုံးငါ့ ကို ဆီးတား၏။ နောက်တခါ အမြတ်ဆုံးသော မင်း စုထဲက မိက္ခေလ သည် ငါ့ ကို အကူ လာ ၍၊ ငါသည်လည်း ထိုအရပ်၌ ပေရသိ မင်းကြီး တို့ထံမှာ ဆိုင်းလင့် ၍ နေရ၏။
But the prince of the kingdom of the Persians resisted me one and twenty days: and behold Michael, one of the chief princes, came to help me, and I remained there by the king of the Persians.
14 ၁၄ ယခုမူကား ၊ နောင် ကာလ တွင် သင် ၏ အမျိုးသား ချင်းတို့၌ ဖြစ် လတံ့သော အမှုအရာတို့ကို သင် သည် နားလည် စေခြင်းငှါ ငါရောက် လာပြီ။ ဤဗျာဒိတ် ရူပါရုံသည် တာရှည်သောကာလ နှင့် ဆိုင်ပေ၏ဟု ငါ့ အား ပြောဆို ၏။
But I am come to teach thee what things shall befall thy people in the latter days, for as yet the vision is for days.
15 ၁၅ ထိုသို့ ပြောဆို ပြီးမှ ၊ ငါသည် ဦးညွတ်ပြပ်ဝပ်၍ စကား မပြောနိုင်ပဲနေ၏။
And when he was speaking such words to me, I cast down my countenance to the ground, and held my peace.
16 ၁၆ ထိုအခါ လူ သား ၏ သဏ္ဌာန် ရှိသောသူတဦးသည် ငါ့ နှုတ် ကို လက်နှင့်တို့ လျှင် ၊ ငါသည်နှုတ် ကို ဖွင့် ၍ ပြော ရသောအခွင့်ကို ရပြီးလျှင် ၊ အကျွန်ုပ် ၏သခင် ၊ ဗျာဒိတ် ရူပါရုံကြောင့် အကျွန်ုပ်သည် ပြင်းစွာသော ဝေဒနာ ကို ခံရ၍၊ ကိုယ်၌ ခွန်အား အလျှင်းမ ရှိပါ။
And behold, as it were the likeness of a son of man touched my lips: then I opened my mouth, and spoke, and said to him that stood before me: O my Lord, at the sight of thee my joints are loosed, and no strength hath remained in me.
17 ၁၇ ကိုယ်တော် ကျွန် သည် ကိုယ်တော် အရှင်နှင့် အဘယ်သို့ စကားပြော နိုင် ပါအံ့နည်း။ ယခုပင် အကျွန်ုပ် ကိုယ်၌ ခွန်အား အလျှင်းမ ရှိပါ။ အကျွန်ုပ် အသက် လည်း ကုန်ပါပြီဟု ငါ့ ရှေ့ မှာ ရပ် နေသောသူအား ငါလျှောက် ၏။
And how can the servant of my lord speak with my lord? for no strength remaineth in me, moreover my breath is stopped.
18 ၁၈ နောက် တဖန် လူ သဏ္ဌာန် ရှိသောသူသည် လာ၍ ငါ့ ကို လက်နှင့်တို့ လျက် အားပေး ပြီးလျှင် ၊
Therefore he that looked like a man touched me again, and strengthened me.
19 ၁၉ အလွန် ချစ်အပ်သောသူ၊ မ ကြောက် နှင့်။ ငြိမ်သက် ခြင်းရှိပါစေ။ အားရှိ လော့။ ခွန်အား နှင့်ပြည့်စုံလော့ ဟု ဆို၏။ ထိုသို့ဆိုပြီးမှခွန်အားကို ငါရ၍၊ အကျွန်ုပ်၏ သခင်၊ မိန့်တော်မူပါ။ အကျွန်ုပ်ကို ခွန်အားပေးတော်မူပြီ ဟု လျှောက်၏။
And he said: Fear not, O man of desires, peace be to thee: take courage and be strong. And when he spoke to me, I grew strong: and I said: Speak, O my lord, for thou hast strengthened me.
20 ၂၀ ထိုသူကလည်း၊ ငါသည် သင် ရှိရာသို့ လာ ရသော အကြောင်းကို နားလည် သလော။ ပေရသိ မင်း ကို စစ်တိုက် အံ့သောငှါ ယခု ငါပြန် သွားရမည်။ ငါ သွား ပြီး သည်နောက်၊ တဖန် ဟေလသ မင်း သည် ပေါ်လာ လိမ့်မည်။
And he said: Dost thou know wherefore I am come to thee? and now I will return, to fight against the prince of the Persians. When I went forth, there appeared the prince of the Greeks coming.
21 ၂၁ သို့ရာတွင် သမ္မာ ကျမ်းစာ၌ မှတ်သား သော အမှုအရာကို ငါပြ ဦးမည်။ ဤ အမှုတို့တွင် သင် တို့၏ မင်း မိက္ခေလ မှတပါး ငါ့ ဘက်မှာ နေသောသူမ ရှိ။
But I will tell thee what is set down in the scripture of truth: and none is my helper in all these things, but Michael your prince.