< ကောလောသဲ 4 >
1 ၁ သခင် တို့၊ သင် တို့၏သခင် သည် ကောင်းကင် ဘုံ၌ ရှိ တော်မူသည်ကို သိမှတ် ၍၊ ဖြောင့်မတ် ခြင်းတရား၊ မျှ ခြင်းတရားနှင့်အညီကိုယ်ကျွန် တို့ကို ပြု ကြလော့။
domini quod iustum est et aequum servis praestate scientes quoniam et vos Dominum habetis in caelo
2 ၂ ဆုတောင်း ပဌနာပြုခြင်းအမှုကို အမြဲ ပြု၍၊ ကျေးဇူး တော်ကို ချီးမွမ်းလျက် စောင့်ရှောက် ကြလော့။
orationi instate vigilantes in ea in gratiarum actione
3 ၃ ငါသည် ခရစ်တော် ၏ နက်နဲ သောအရာကြောင့် အချည်အနှောင် ခံရသည်ဖြစ်၍။
orantes simul et pro nobis ut Deus aperiat nobis ostium sermonis ad loquendum mysterium Christi propter quod etiam vinctus sum
4 ၄ ထိုနက်နဲသောအရာကို ဟောပြောခြင်းငှာ၊ ဘုရားသခင် သည် တရား ဟောရာတံခါး ကို ငါ တို့အား ဖွင့် တော်မူမည်အကြောင်း ကို၎င်း၊ ထို နက်နဲသောအရာကို ဟောပြော အပ်သည်နှင့်အညီ ငါ ဘော်ပြ မည် အကြောင်း ကို၎င်း၊ ငါ တို့အဘို့ လည်း ဆုတောင်း ကြလော့။
ut manifestem illud ita ut oportet me loqui
5 ၅ ပြင်ပ လူ တို့၏ မျက်နှာကိုထောက်လျက်၊ ပညာ နှင့် ကျင့်ဆောင် ၍ ကာလ အချိန်ကို ရွေးနှုတ် ကြလော့။
in sapientia ambulate ad eos qui foris sunt tempus redimentes
6 ၆ လူ အသီးအသီးတို့အား အဘယ်သို့ ပြန်ပြော ရမည်ကိုသိ နိုင်မည်အကြောင်း ၊ သင် တို့စကား သည် ဆား အားဖြင့်ငန်သော အရသာ နှင့် ပြည့်စုံ လျက်၊ အစဉ်မပြတ်တင့်တယ်လျောက်ပတ်ပါစေ။
sermo vester semper in gratia sale sit conditus ut sciatis quomodo oporteat vos unicuique respondere
7 ၇ သခင် ဘုရား၌ သစ္စာရှိ သောဆရာ ၊ ငါတို့ကျွန်ချင်း တည်းဟူသော၊ ငါချစ် သောညီ တုခိတ် သည် ငါ ၏ အကြောင်း အရာရှိသမျှ ကို သင် တို့အား ဘော်ပြ လိမ့်မည်။
quae circa me sunt omnia vobis nota faciet Tychicus carissimus frater et fidelis minister et conservus in Domino
8 ၈ သူသည် သင်တို့၏အကြောင်း အရာများကို သိ ၍၊ သင် တို့စိတ် နှလုံးကို သက်သာ စေခြင်းငှာ ၊ ထိုသူ ကို၎င်း ၊ သင် တို့အထဲ ကဖြစ် ၍ သစ္စာရှိ သော ငါချစ် သောညီ ဩနေသိမ် ကို၎င်း၊ သင် တို့ဆီသို့ ငါစေလွှတ် ၏။
quem misi ad vos ad hoc ipsum ut cognoscat quae circa vos sunt et consoletur corda vestra
9 ၉ သူတို့သည် ဤမြို့၌ဖြစ်သမျှ သော အကြောင်း အရာကို သင် တို့အား ဖော်ပြ ကြလိမ့်မည်။။
cum Onesimo carissimo et fideli fratre qui est ex vobis omnia quae hic aguntur nota facient vobis
10 ၁၀ ငါ နှင့်အတူအကျဉ်း ခံရသောသူ အာရိတ္တာခု ၊ ဗာနဗ ၏ တူ မာကု ၊ ယုတ္တု ဟုခေါ်ဝေါ် သော ယေရှု တို့ သည် သင် တို့ကို နှုတ်ဆက် ကြ၏။ မာကု အတွက် သင်တို့ကို ငါမှာ လိုက်ခဲ့ပြီ။ သူ သည် သင် တို့ဆီသို့ ရောက်လာ လျှင် လက်ခံ ကြလော့။။
salutat vos Aristarchus concaptivus meus et Marcus consobrinus Barnabae de quo accepistis mandata si venerit ad vos excipite illum
11 ၁၁ အရေဖျားလှီး ခြင်းကိုခံသော သူ တို့တွင် ဤသူ တို့သာ ဘုရားသခင် ၏နိုင်ငံ တော်အဘို့ ငါနှင့်အတူ အမှုဆောင်သောသူဖြစ် ၍၊ ငါ့ စိတ်ကို သက်သာ စေ ကြ၏။။
et Iesus qui dicitur Iustus qui sunt ex circumcisione hii soli sunt adiutores in regno Dei qui mihi fuerunt solacio
12 ၁၂ သင် တို့အထဲ ကဖြစ် သောခရစ်တော် ၏ကျွန် ဧပဖြ သည် သင် တို့ကို နှုတ်ဆက် ၏။ သင်တို့သည် စုံလင် လျက် ၊ ဘုရားသခင် ၏ အလို တော်ကို အကုန်အစင်လေ့ကျက်လျက် တည်ကြည် မည်အကြောင်း သူသည် သင် တို့အဘို့ ကာလအစဉ် ကြိုးစား ၍ ဆုတောင်း တတ်၏။။
salutat vos Epaphras qui ex vobis est servus Christi Iesu semper sollicitus pro vobis in orationibus ut stetis perfecti et pleni in omni voluntate Dei
13 ၁၃ သင် တို့မှစ၍ လောဒိကိ မြို့နှင့် ဟေရပေါလိ မြို့၌ ရှိသော သူ တို့အဘို့ သူ သည် အလွန် စေတနာစိတ် အားကြီးသည်ဟု ငါသည် သူ၏သက်သေ ဖြစ်၏။။
testimonium enim illi perhibeo quod habet multum laborem pro vobis et pro his qui sunt Laodiciae et qui Hierapoli
14 ၁၄ ငါချစ် သော ဆေးသမား လုကာ နှင့် ဒေမ သည် သင် တို့ကို နှုတ်ဆက် ကြ၏။။
salutat vos Lucas medicus carissimus et Demas
15 ၁၅ လောဒိကိ မြို့၌ ရှိသော ညီအစ်ကို တို့ကို၎င်း ၊ နှံဖ မှစ၍ သူ၏အိမ် ၌ ရှိသော အသင်းတော် ကို၎င်း နှုတ်ဆက် ကြလော့။။
salutate fratres qui sunt Laodiciae et Nympham et quae in domo eius est ecclesiam
16 ၁၆ ဤစာ ကို သင် တို့သည် ဘတ် ပြီးမှ လောဒိကိ မြို့ အသင်းတော် ကို ဘတ် စေကြလော့။ ထိုမြို့မှရသောစာကိုလည်း သင် တို့ဘတ် ကြလော့။။
et cum lecta fuerit apud vos epistula facite ut et in Laodicensium ecclesia legatur et eam quae Laodicensium est vos legatis
17 ၁၇ အာခိပ္ပု ကိုလည်း ၊ သင်သည် သခင် ဘုရား၏ လက်တော်မှ ခံရ ပြီးသော ဓမ္မဆရာ ၏အမှုအရာကို ပြည့်စုံ ခြင်းငှာ သတိပြု ပါဟု ပြော ကြလော့။။
et dicite Archippo vide ministerium quod accepisti in Domino ut illud impleas
18 ၁၈ ငါပေါလု သည်သင်တို့အား နှုတ်ဆက် သောအချက်ကို ကိုယ် လက် ဖြင့် ရေးထား၏။ ငါ ခံရသော ချည်နှောင် ခြင်းကို အောက်မေ့ ကြလော့။ သင် တို့၌ ကျေးဇူး တော်ရှိစေသတည်း ။ အာမင်။
salutatio mea manu Pauli memores estote vinculorum meorum gratia vobiscum amen