< ကောလောသဲ 4 >

1 သခင် တို့၊ သင် တို့၏သခင် သည် ကောင်းကင် ဘုံ၌ ရှိ တော်မူသည်ကို သိမှတ် ၍၊ ဖြောင့်မတ် ခြင်းတရား၊ မျှ ခြင်းတရားနှင့်အညီကိုယ်ကျွန် တို့ကို ပြု ကြလော့။
Masters, present to the bondmen what is right and equitable, knowing that ye also have a Master in heavens.
2 ဆုတောင်း ပဌနာပြုခြင်းအမှုကို အမြဲ ပြု၍၊ ကျေးဇူး တော်ကို ချီးမွမ်းလျက် စောင့်ရှောက် ကြလော့။
Continue in prayer, being vigilant in it with thankfulness.
3 ငါသည် ခရစ်တော် ၏ နက်နဲ သောအရာကြောင့် အချည်အနှောင် ခံရသည်ဖြစ်၍။
Praying simultaneously about us also, so that God may open to us a door of the word, to speak the mystery of the Christ, because of which I have also been bound,
4 ထိုနက်နဲသောအရာကို ဟောပြောခြင်းငှာ၊ ဘုရားသခင် သည် တရား ဟောရာတံခါး ကို ငါ တို့အား ဖွင့် တော်မူမည်အကြောင်း ကို၎င်း၊ ထို နက်နဲသောအရာကို ဟောပြော အပ်သည်နှင့်အညီ ငါ ဘော်ပြ မည် အကြောင်း ကို၎င်း၊ ငါ တို့အဘို့ လည်း ဆုတောင်း ကြလော့။
so that I may make it known as I ought to speak.
5 ပြင်ပ လူ တို့၏ မျက်နှာကိုထောက်လျက်၊ ပညာ နှင့် ကျင့်ဆောင် ၍ ကာလ အချိန်ကို ရွေးနှုတ် ကြလော့။
Walk in wisdom toward those outside, redeeming the time,
6 လူ အသီးအသီးတို့အား အဘယ်သို့ ပြန်ပြော ရမည်ကိုသိ နိုင်မည်အကြောင်း ၊ သင် တို့စကား သည် ဆား အားဖြင့်ငန်သော အရသာ နှင့် ပြည့်စုံ လျက်၊ အစဉ်မပြတ်တင့်တယ်လျောက်ပတ်ပါစေ။
your speech always with grace, seasoned with salt, to know how it is fitting for you to answer each one.
7 သခင် ဘုရား၌ သစ္စာရှိ သောဆရာ ၊ ငါတို့ကျွန်ချင်း တည်းဟူသော၊ ငါချစ် သောညီ တုခိတ် သည် ငါ ၏ အကြောင်း အရာရှိသမျှ ကို သင် တို့အား ဘော်ပြ လိမ့်မည်။
Tychicus will make known to you all things about me, the beloved brother and faithful helper and fellow bondman in the Lord.
8 သူသည် သင်တို့၏အကြောင်း အရာများကို သိ ၍၊ သင် တို့စိတ် နှလုံးကို သက်သာ စေခြင်းငှာ ၊ ထိုသူ ကို၎င်း ၊ သင် တို့အထဲ ကဖြစ် ၍ သစ္စာရှိ သော ငါချစ် သောညီ ဩနေသိမ် ကို၎င်း၊ သင် တို့ဆီသို့ ငါစေလွှတ် ၏။
Whom I sent to you for this same thing, so that he may know the things about you, and may encourage your hearts,
9 သူတို့သည် ဤမြို့၌ဖြစ်သမျှ သော အကြောင်း အရာကို သင် တို့အား ဖော်ပြ ကြလိမ့်မည်။။
with Onesimus, the faithful and beloved brother who is of you. They will make known to you all things here.
10 ၁၀ ငါ နှင့်အတူအကျဉ်း ခံရသောသူ အာရိတ္တာခု ၊ ဗာနဗ ၏ တူ မာကု ၊ ယုတ္တု ဟုခေါ်ဝေါ် သော ယေရှု တို့ သည် သင် တို့ကို နှုတ်ဆက် ကြ၏။ မာကု အတွက် သင်တို့ကို ငါမှာ လိုက်ခဲ့ပြီ။ သူ သည် သင် တို့ဆီသို့ ရောက်လာ လျှင် လက်ခံ ကြလော့။။
Aristarchus my fellow prisoner salutes you, and Mark, the cousin of Barnabas (about whom ye received orders, if he comes to you, welcome him),
11 ၁၁ အရေဖျားလှီး ခြင်းကိုခံသော သူ တို့တွင် ဤသူ တို့သာ ဘုရားသခင် ၏နိုင်ငံ တော်အဘို့ ငါနှင့်အတူ အမှုဆောင်သောသူဖြစ် ၍၊ ငါ့ စိတ်ကို သက်သာ စေ ကြ၏။။
and Jesus who is called Justus, these being the only fellow workmen from the circumcision for the kingdom of God, men who became a comfort to me.
12 ၁၂ သင် တို့အထဲ ကဖြစ် သောခရစ်တော် ၏ကျွန် ဧပဖြ သည် သင် တို့ကို နှုတ်ဆက် ၏။ သင်တို့သည် စုံလင် လျက် ၊ ဘုရားသခင် ၏ အလို တော်ကို အကုန်အစင်လေ့ကျက်လျက် တည်ကြည် မည်အကြောင်း သူသည် သင် တို့အဘို့ ကာလအစဉ် ကြိုးစား ၍ ဆုတောင်း တတ်၏။။
Epaphras, the bondman of Christ from you, salutes you, always striving for you in prayers, so that ye may stand perfect and made full in all the will of God.
13 ၁၃ သင် တို့မှစ၍ လောဒိကိ မြို့နှင့် ဟေရပေါလိ မြို့၌ ရှိသော သူ တို့အဘို့ သူ သည် အလွန် စေတနာစိတ် အားကြီးသည်ဟု ငါသည် သူ၏သက်သေ ဖြစ်၏။။
For I testify about him, that he has much zeal for you, and those in Laodicea, and those in Hierapolis.
14 ၁၄ ငါချစ် သော ဆေးသမား လုကာ နှင့် ဒေမ သည် သင် တို့ကို နှုတ်ဆက် ကြ၏။။
Luke, the beloved physician, and Demas salute you.
15 ၁၅ လောဒိကိ မြို့၌ ရှိသော ညီအစ်ကို တို့ကို၎င်း ၊ နှံဖ မှစ၍ သူ၏အိမ် ၌ ရှိသော အသင်းတော် ကို၎င်း နှုတ်ဆက် ကြလော့။။
Salute the brothers in Laodicea, and Nymphas, and the assembly associated with his house.
16 ၁၆ ဤစာ ကို သင် တို့သည် ဘတ် ပြီးမှ လောဒိကိ မြို့ အသင်းတော် ကို ဘတ် စေကြလော့။ ထိုမြို့မှရသောစာကိုလည်း သင် တို့ဘတ် ကြလော့။။
And when the letter has been read among you, cause that it be read also in the congregation of Laodiceans, and that ye also read the one from Laodicea.
17 ၁၇ အာခိပ္ပု ကိုလည်း ၊ သင်သည် သခင် ဘုရား၏ လက်တော်မှ ခံရ ပြီးသော ဓမ္မဆရာ ၏အမှုအရာကို ပြည့်စုံ ခြင်းငှာ သတိပြု ပါဟု ပြော ကြလော့။။
And say to Archippus, Watch the ministry that thou received in the Lord so that thou may fulfill it.
18 ၁၈ ငါပေါလု သည်သင်တို့အား နှုတ်ဆက် သောအချက်ကို ကိုယ် လက် ဖြင့် ရေးထား၏။ ငါ ခံရသော ချည်နှောင် ခြင်းကို အောက်မေ့ ကြလော့။ သင် တို့၌ ကျေးဇူး တော်ရှိစေသတည်း ။ အာမင်။
The salutation of Paul by my hand. Remember my bonds. Grace is with you. Truly.

< ကောလောသဲ 4 >