< အာမုတ် 9 >
1 ၁ တဖန် ငါကြည့်ရှု ၍ ဘုရား ရှင်သည် ယဇ် ပလ္လင်ပေါ် မှာ ရပ် လျက် မိန့် တော်မူသည်ကား၊ ရှိသမျှ သောသူ တို့ ၏ ခေါင်း ပေါ် သို့ တံခါး တိုင်လှုပ် ၍ ပြို ကျစေခြင်းငှါ တံခါး ထုပ်ကို ရိုက် လော့။ သူတို့သားမြေးများကိုလည်း ထား နှင့် ငါကွပ်မျက် မည်။ ပြေး သောသူသည် မ လွတ် ရ။ လွတ် သောသူသည်လည်း ချမ်းသာ ကို မ တွေ့ရ။
Then I saw the Lord standing beside the altar, and he said: Strike the tops of the Temple pillars so that the foundations shake, and shatter them on the heads of all the people below. Those who survive I will kill by the sword. None of them will escape, not a single one.
2 ၂ မရဏာ နိုင်ငံတိုင်အောင် တွင်း တူးသော်လည်း ငါ နှုတ်ယူ မည်။ မိုဃ်း ကောင်းကင်သို့ တက် သော်လည်း ငါချ မည်။ (Sheol )
Even if they dig down into Sheol, I will catch them and pull them up. Even if they climb up to heaven, I will bring them down. (Sheol )
3 ၃ ကရမေလ တောင်ထိပ် ၌ ပုန်းရှောင် သော်လည်း ၊ ငါရှာ ၍ထုတ်မည်။ ငါနှင့်လွတ်အံ့သောငှါသမုဒ္ဒရာ အောက် ၌ ပုန်းရှောင် သော်လည်း ၊ ငါသည် နဂါး ကို မှာ လိုက်၍ ကိုက် စေမည်။
Even if they hide themselves at the top of Mount Carmel, I will search for them and catch them. Even if they hide from me at the bottom of the sea, I will command the sea serpent to bite them.
4 ၄ ရန်သူ တို့သည် သိမ်းသွား သော်လည်း ၊ အခြား သောအရပ်၌ ငါသည် ထား ကို မှာ လိုက်၍ သတ် စေမည်။ ကျေးဇူး မ ပြု၊ အပြစ် ပြုခြင်းငှါ သာ ငါ ကြည့်ရှု မည်။
Even if they are driven into exile by their enemies, I will order them put to death by the sword. I will watch them carefully—and for evil, not for good.
5 ၅ ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရား သခင်ထာဝရဘုရား သည် မြေ ကို ထိ တော်မူလျှင် ၊ မြေသည် အရည် ဖြစ်၍ မြေသား အပေါင်း တို့သည် ညည်းတွား ကြလိမ့်မည်။ မြစ် ကဲ့သို့ တပြည်လုံး ထ ပြီးလျှင် ၊ တဖန် အဲဂုတ္တု မြစ် ၌ မြုပ်သကဲ့သို့ မြုပ် လိမ့်မည်။
The Lord God of power touches the earth and it melts, and all who live there mourn. The earth rises up like the Nile river in flood, and then falls again.
6 ၆ အထက်အခန်းတော်တို့ကို ကောင်းကင် ၌ ဆောက် ၍ ၊ အောက်တိုက်တော်ကို မြေကြီး ပေါ် မှာ တည် တော်မူ၏။ သမုဒ္ဒရာ ရေ ကိုခေါ် ၍ မြေကြီး ပြင် ၌ သွန်းလောင်း တော်မူ၏။ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရားသခင် ထာဝရဘုရား တည်းဟူသော ဘွဲ့နာမ ရှိတော်မူ ၏။
The Lord builds his upper rooms in heaven, and places the foundations on the earth. He calls for the water of the seas, and pours it down as rain upon the earth—the Lord is his name!
7 ၇ အို ဣသရေလ အမျိုးသား တို့၊ သင် တို့သည် ငါ ၌ ကုရှ အမျိုးသား ကဲ့သို့ ဖြစ်ကြသည်မ ဟုတ်လော ။ ဣသရေလ အမျိုးကို အဲဂုတ္တု ပြည် မှ ငါနှုတ်ဆောင် သကဲ့သို့၊ ဖိလိတ္တိ လူတို့ကို ကတ္တောရ ပြည်မှ ၎င်း ၊ ရှုရိ လူတို့ကို ကိရ ပြည်မှ ၎င်း ငါနှုတ်ဆောင်ပြီ မ ဟုတ်လော ဟု ထာဝရဘုရား မိန့် တော်မူ၏။
Aren't the Ethiopians as important to me as you, people of Israel? asks the Lord. Yes, I brought the Israelites out of the land of Egypt, but I also brought the Philistines from Caphtor, and the Syrians from Kir.
8 ၈ အရှင် ထာဝရဘုရား သည် အပြစ် ရှိသောတိုင်း နိုင်ငံကို ကြည့်ရှု လျက် ၊ ထို တိုင်းနိုင်ငံကို မြေကြီး ပြင် မှ ငါသုတ်သင် ပယ်ရှင်းမည်။ သို့သော်လည်း ၊ ယာကုပ် အမျိုး ကို ရှင်းရှင်းမ ဖျက်ဆီး ဟု မိန့် တော်မူ၏။
Watch out! I'm watching this sinful kingdom. I will eradicate it from the face of the earth. Yet I will not completely destroy the descendants of Jacob.
9 ၉ တဖန် ငါ အမိန့် တော်ရှိသဖြင့် ဆန်ကို ဆန်ခါနှင့် ချ သကဲ့သို့ ၊ ဣသရေလ အမျိုး ကို ခပ်သိမ်း သော အမျိုး တို့တွင် ဆန်ခါ နှင့်ငါချ မည်။ ဆန် တစေ့မျှ မြေ သို့မ ကျ ရ။
See what I'm doing! I will give the command, and the people of Israel will be shaken among the nations like flour through a sieve, and nothing will fall to the ground.
10 ၁၀ ဘေးဥပဒ် သည် ငါ တို့ကို မ မှီ နိုင်၊ မဆီးတား နိုင်ဟု ဆို လျက်၊ အပြစ် များသော ငါ ၏လူ အပေါင်း တို့သည် ထား ဖြင့် သေ ရကြလိမ့်မည်။
All the sinners of my people will be killed by the sword—all those who say, “Nothing bad is going to happen; no disaster will fall on us.”
11 ၁၁ ကျန်ကြွင်းရစ် သောဧဒုံ အမျိုးသားမှစ၍ ငါ ၏နာမ ဖြင့် သမုတ် သော တပါးအမျိုးသား အပေါင်း တို့ကိုသိမ်းယူ စေခြင်းငှါ ၊ လဲ လျက်ရှိသောဒါဝိဒ် ၏တဲ ကိုထို ကာလ ၌ ငါဆောက်တည် ပြန်မည်။ အက်ကွဲရာ များကိုစေ့စပ် မည်။
On that day I will restore the fallen kingdom of David; I will repair the broken walls, I will rebuild the ruins, and I will make it as it was in days of old.
12 ၁၂ ပြိုပျက်ရာ များကိုလည်း ပြုပြင် ပြီးလျှင် ၊ ထိုတဲ ကိုရှေး ကာလ ၌ရှိသကဲ့သို့ မတ်စေ ပြန်မည်ဟု၊ ဤ အမှုအရာကိုစီရင် တော်မူသောထာဝရဘုရား ၏ဗျာဒိတ် တော်ရှိ၏။
And they will possess what is left of Edom and all the nations that were once mine, declares the Lord. He will make this happen.
13 ၁၃ ထာဝရဘုရား မိန့် တော်မူသည်ကား၊ လယ်ထွန် သောသူသည် စပါးရိတ် သောသူကို၎င်း ၊ စပျစ်သီး နယ် သောသူသည် မျိုးစေ့ ကြဲ သောသူကို၎င်း မှီ လျက်၊ တောင် တို့မှ ချိုသောစပျစ်ရည် ယို ၍ ၊ ကုန်း ရှိသမျှ တို့လည်း အရည် ဖြစ်ရသောကာလရောက်လိမ့်မည်။
Look! The time is coming, says the Lord, when the reaper will overtake the plowman, and the one who treads the grapes will overtake the one who sows the seed. The mountains will drip with sweet wine, and flow from all the hills.
14 ၁၄ သိမ်းသွား ခြင်းကို ခံရသောငါ ၏လူ ဣသရေလ အမျိုးသားတို့ကို တဖန် ငါဆောင် ခဲ့သဖြင့် ၊ သူတို့သည် ပျက်စီး သောမြို့ များကို ပြုပြင် ၍ နေကြလိမ့်မည်။ စပျစ် ဥယျာဉ်များကို စိုက် ၍ စပျစ်ရည်ကို သောက် ကြလိမ့်မည်။ လယ်ယာ များကို ပြုစု ၍ အသီး တို့ကို စား ကြလိမ့်မည်။
I will bring my people back from captivity, and they will rebuild the ruined cities, and they shall live in them. They shall plant vineyards and drink their wine; they will plant gardens and eat the fruit they produce.
15 ၁၅ သူ တို့နေရင်းအရပ် ၌ ငါစိုက် ထားမည်။ ငါ ပေး သော ပြည် မှ နောက် တဖန် အဘယ်သူမျှမ နှုတ် ရဟု၊ သင် ၏ဘုရား သခင်ထာဝရဘုရား မိန့် တော်မူ၏။
I will plant them in their own land, and they shall never be uprooted again from the land I have given them, declares the Lord your God.