< အာမုတ် 7 >
1 ၁ တဖန် အရှင် ထာဝရဘုရား သည် ငါ့ အား ပြ တော်မူသောရူပါရုံဟူမူကား၊ ရှင်ဘုရင် ဆိုင်သော မြက်ပင် ကိုရိတ် ပြီးမှ ၊ နောက် မြက်ပင် ပေါက် စ ကာလ၌ ကျိုင်းကောင် တို့ကို ဖန်ဆင်း တော်မူ၏။
Thus hath the Lord God shewed vnto mee, and beholde, he formed grashoppers in the beginning of ye shooting vp of the latter grouth: and loe, it was in the latter grouth after the Kings mowing.
2 ၂ ထိုကျိုင်းကောင်တို့သည် တပြည်လုံး ၌ရှိ သောမြက်ပင် ကိုစား ၍ ကုန် ပြီးမှငါက၊ အိုအရှင် ထာဝရဘုရား ၊ အပြစ် မှ လွတ်တော်မူပါ။ ယာကုပ် သည် ငယ် သောကြောင့် ၊ အဘယ်သို့ ထ ရပါလိမ့်မည်နည်းဟု လျှောက် သော် ၊
And when they had made an ende of eating the grasse of the land, then I saide, O Lord God, spare, I beseeche thee: who shall raise vp Iaakob? for he is small.
3 ၃ ထာဝရဘုရား သည် နောင်တရ ၍၊ ဤသို့ မ ဖြစ် ရဟု မိန့် တော်မူ၏။
So the Lord repented for this. It shall not be, saith the Lord.
4 ၄ တဖန် အရှင် ထာဝရဘုရား သည် ငါ့ အားပြ တော်မူသောရူပါရုံဟူမူကား ၊ မီး ဖြင့် ဒဏ်ပေး ခြင်းငှါ မီးကို ခေါ် တော်မူ၍၊ မဟာ သမုဒ္ဒရာ ကို မီးလောင် လေ၏။ ကုန်း ကိုလည်း လောင် လေ၏။
Thus also hath the Lord God shewed vnto me, and behold, the Lord God called to iudgement by fire, and it deuoured the great deepe, and did eate vp a part.
5 ၅ ငါကလည်း၊ အိုအရှင် ထာဝရဘုရား ၊ ဆိုင်း တော်မူပါ။ ယာကုပ် သည် ငယ် သောကြောင့် အဘယ်သို့ ထ ရ ပါလိမ့်မည်နည်းဟု လျှောက် သော် ၊
Then said I, O Lord God, cease, I beseeche thee: who shall raise vp Iaakob? for he is small.
6 ၆ အရှင် ထာဝရဘုရား သည် နောင်တရ ၍၊ ဤသို့ မ ဖြစ် ရဟု မိန့် တော်မူ၏။
So the Lord repented for this. This also shall not be, saith the Lord God.
7 ၇ တဖန် ပြ တော်မူသောရူပါရုံဟူမူကား၊ ချိန်ကြိုး ချ၍ လုပ်သော ကျောက်ရိုး ပေါ်မှာ ထာဝရ ဘုရားသည် ရပ် လျက်၊ လက် တော်၌ ချိန်ကြိုး ကို ကိုင်လျက်၊
Thus againe he shewed me, and behold, the Lord stoode vpon a wall made by line with a line in his hand.
8 ၈ အာမုတ် ၊ သင် သည် အဘယ် အရာကို မြင် သနည်းဟုမေး တော်မူလျှင် ၊ ချိန်ကြိုး ကို မြင် ပါသည်ဟု လျှောက် သော် ၊ ဘုရား ရှင်က၊ ငါ ၏လူ ဣသရေလ အမျိုး အလယ် ၌ ချိန်ကြိုး ကို ငါ ချ မည်။ နောက် တဖန် သူ တို့ကို သည်း မ ခံ။
And the Lord saide vnto me, Amos, what seest thou? And I said, A line. Then said the Lord, Beholde, I wil set a line in the middes of my people Israel, and wil passe by them no more.
9 ၉ ဣဇာက် ၏မြင့်ရာ အရပ်တို့သည် လူဆိတ်ညံလျက် ၊ ဣသရေလ ၏ သန့်ရှင်း ရာအရပ်တို့သည် သုတ်သင် ပယ်ရှင်းလျက်ရှိကြလိမ့်မည်။ ယေရောဗောင် မင်းမျိုး ကိုလည်း ထား နှင့် ငါတိုက် မည်ဟု မိန့်တော်မူ၏။
And the hye places of Izhak shalbe desolate, and the temples of Israel shalbe destroyed: and I wil rise against the house of Ieroboam with the sworde.
10 ၁၀ ထိုအခါ ဗေသလ ယဇ်ပုရောဟိတ် အာမဇိ သည် ဣသရေလ ရှင်ဘုရင် ယေရောဗောင် ထံသို့ စေလွှတ် ၍၊ အာမုတ် သည် ဣသရေလ အမျိုး အလယ် တွင် ကိုယ်တော် တဘက် ၌ မကောင်း သောအကြံကို ကြံစည်ပါပြီ။ သူ ၏ စကား အလုံးစုံ တို့ကို ပြည် တော်သည် မ ခံ နိုင် ပါ။
Then Amaziah the Priest of Beth-el sent to Ieroboam King of Israel, saying, Amos hath conspired against thee in the middes of the house of Israel: the lande is not able to beare all his wordes.
11 ၁၁ ယေရောဗောင် သည် ထား ဖြင့် သေ ရလိမ့်မည်။ ဣသရေလ အမျိုးသားတို့သည် နေရင်းပြည် မှ ဆက်ဆက်နှင် သွားခြင်းကိုခံရကြလိမ့်မည်ဟု၊ အာမုတ် ဆို တတ်ပါသည်ဟု လျှောက်လေ၏။
For thus Amos saith, Ieroboam shall die by the sworde, and Israel shalbe led away captiue out of their owne land.
12 ၁၂ အာမုတ် ကို လည်း ခေါ် ၍၊ အိုပရောဖက် ၊ ယုဒ ပြည် သို့ ပြေး သွားလော့။ ထို ပြည်မှာ ပရောဖက် ပြု၍ အသက် မွေးလော့။
Also Amaziah sayde vnto Amos, O thou the Seer, goe, flee thou away into the land of Iudah, and there eate thy bread and prophecie there.
13 ၁၃ နောက် တဖန်ဗေသလ မြို့တဘက် ၌ ပရောဖက် မ ပြု နှင့်။ ရှင်ဘုရင် ၏ သန့်ရှင်း ရာဌာနတော် ဖြစ်၏။ နန်းတော် တည်ရာမြို့ လည်း ဖြစ်၏ဟု ဆိုလျှင်၊
But prophecie no more at Beth-el: for it is the Kings chappel, and it is the Kings court.
14 ၁၄ အာမုတ် က၊ ငါ သည် ပရောဖက် မ ဟုတ်၊ ပရောဖက် ၏သား လည်း မ ဟုတ်ဘဲ၊ နွား ကျောင်းသောသူ၊ သဖန်း သီးကို ဆွတ် သောသူဖြစ်စဉ်အခါ၊
Then answered Amos, and said to Amaziah, I was no Prophet, neither was I a prophets sonne, but I was an herdman, and a gatherer of wilde figs.
15 ၁၅ ထာဝရဘုရား သည် နွား ကျောင်း ရာမှ ငါ့ ကို နှုတ်ယူ ၍၊ သင်သွား လော့။ ငါ ၏လူ ဣသရေလ အမျိုးတွင် ပရောဖက် ပြုလော့ဟု မိန့် တော်မူ၏။
And the Lord tooke me as I followed the flocke, and the Lord said vnto me, Go, prophecie vnto my people Israel.
16 ၁၆ သို့ဖြစ်၍ ၊ ထာဝရဘုရား ၏အမိန့် တော်ကို နားထောင် လော့။ ဣသရေလ အမျိုးတဘက် ၌ ပရောဖက် မ ပြုနှင့်၊ ဣဇာက် အမျိုး တဘက် ၌ မ မြွက် နှင့်ဟု သင် ဆို သော်၊
Now therefore heare thou the word of the Lord. Thou sayest, Prophecie not against Israel, and speake nothing against the house of Izhak.
17 ၁၇ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် ၏ မယား သည် ပြည်တန်ဆာ ဖြစ်လိမ့်မည်။ သင် ၏သား သမီး တို့သည် ထား ဖြင့် သေ ကြလိမ့်မည်။ သူတပါးတို့သည် သင် ၏မြေ ကို ကြိုးတန်း ချ၍ ဝေဖန် ကြလိမ့်မည်။ သင်သည် ညစ်ညူး သော ပြည် ၌ သေ ရလိမ့်မည်။ ဣသရေလ အမျိုးသည် နေရင်းပြည် မှ ဆက်ဆက်နှင် သွားခြင်းကို ခံရကြလိမ့်မည်ဟု၊ အာမဇိအား ဆင့်ဆိုလေ၏။
Therefore thus sayth the Lord, Thy wife shall be an harlot in the citie, and thy sonnes and thy daughters shall fall by the sword, and thy land shall be deuided by line: and thou shalt die in a polluted land, and Israel shall surely go into captiuitie forth of his land.