< အာမုတ် 6 >
1 ၁ ဇိအုန် မြို့၌ ငြိမ်ဝပ် စွာနေသောသူ၊ ရှမာရိ တောင် ပေါ် မှာ စိုးရိမ် ခြင်းနှင့် ကင်းလွတ်လျက်နေသောသူ၊ လူမျိုး တို့တွင် အထွဋ် အမြတ်ဟူ၍ခေါ်ဝေါ်သောသူ၊ ဣသရေလ အမျိုး ဆည်းကပ် သောသူတို့သည် အမင်္ဂလာ ရှိ ကြ၏။
Woe to them that are at ease in Zion, and trust in the mountain of Samaria, which are named chief of the nations, to whom the house of Israel came!
2 ၂ ကာလနေ မြို့သို့သွား ၍ ကြည့်ရှု ကြလော့။ ထို မြို့မှ ဟာမတ် ကြီးမြို့သို့၎င်း ၊ ဖိလိတ္တိ လူတို့နေသောဂါသ မြို့ သို့၎င်း သွား ကြလော့။ ထိုနိုင်ငံ တို့သည် ဤ နိုင်ငံတို့ထက် သာ၍ကောင်း သလော ။ သူ တို့နယ် အပိုင်းအခြားသည် သင် တို့နယ် အပိုင်းအခြားထက် သာ၍ကျယ် သလော။
Pass you to Calneh, and see; and from there go you to Hamath the great: then go down to Gath of the Philistines: be they better than these kingdoms? or their border greater than your border?
3 ၃ ဆိုးယုတ် သော နေ့ရက် ကို ရွှေ့ ၍ ၊ မ တရားသဖြင့် စီရင်ရာပလ္လင် ကို အနီး မှာတည်စေခြင်း၊
You that put far away the evil day, and cause the seat of violence to come near;
4 ၄ ဆင်စွယ် ခုတင် ပေါ် မှာ အိပ် ၍ မွေ့ရာ ပေါ် မှာလျောင်း ခြင်း၊ သိုးစု ထဲက သိုးသငယ် တို့ကို၎င်း ၊ နွားတင်းကုပ် ထဲက နွားသငယ် တို့ကို၎င်း ယူ၍စား ခြင်း၊
That lie on beds of ivory, and stretch themselves on their couches, and eat the lambs out of the flock, and the calves out of the middle of the stall;
5 ၅ တယော ထိုး သံနှင့်ပြိုင်လျက် သီချင်း ဆိုခြင်း၊ တီးမှုတ် ရာတုရိယာမျိုးအသစ်ကို ဒါဝိဒ် မင်းရှာ၍ လုပ်သကဲ့သို့ လုပ်ခြင်း၊
That chant to the sound of the viol, and invent to themselves instruments of music, like David;
6 ၆ စပျစ်ရည် ကို ဖလား နှင့် သောက် ၍ ၊ အဘိုးထိုက် သော နံ့သာဆီ နှင့် လိမ်း ခြင်းတို့ကိုပြု၍၊ ယောသပ် အမျိုး ဆင်းရဲ ခံရသည်ကို စိတ် မ ကြင်နာဘဲနေသော၊
That drink wine in bowls, and anoint themselves with the chief ointments: but they are not grieved for the affliction of Joseph.
7 ၇ ထို သူတို့သည် အဦးဆုံး သိမ်းသွား ခြင်းကို ခံရသောသူတို့နှင့်အတူ ပါ သွားကြလိမ့်မည်။ လျောင်း ၍ နေသောသူတို့၏ ပွဲ သည်လည်း ကွယ်ပျောက် ရလိမ့်မည်။
Therefore now shall they go captive with the first that go captive, and the banquet of them that stretched themselves shall be removed.
8 ၈ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ အရှင် ထာဝရဘုရား သည် ကိုယ် ကိုတိုင်တည်၍ ကျိန်ဆို တော်မူသည်အတိုင်း၊ ယာကုပ် ၏မာန ကို ငါ ရွံရှာ ၍ သူ ၏ဘုံ ဗိမာန်တို့ကိုမုန်း သောကြောင့် ၊ မြို့ တော်နှင့် မြို့ ၌ရှိသမျှ ကို ငါစွန့်ပစ် မည်။
The Lord GOD has sworn by himself, says the LORD the God of hosts, I abhor the excellency of Jacob, and hate his palaces: therefore will I deliver up the city with all that is therein.
9 ၉ အိမ် တ ဆောင်တွင် လူ တကျိပ် ကျန်ကြွင်း သော်လည်း သေ ကြလိမ့်မည်။
And it shall come to pass, if there remain ten men in one house, that they shall die.
10 ၁၀ ပေါက်ဘော် တော်၍ မီး ဖြင့် သင်္ဂြိုဟ်ရသော သူသည် အိမ် ထဲက အသေ ကောင်ကိုထုတ် ၍ ချီ သွား သောအခါ၊ အိမ် အတွင်း တွင် ရှိသောသူ ကို ခေါ် ၍ ၊ သင် ၌ တစုံတယောက် ကျန်ကြွင်းသေးသလော ဟုမေးသော်၊ မကျန်ကြွင်းဟု ပြန်ပြောလိမ့်မည်။ ထမ်းသွားသောသူကလည်း၊ တိတ်ဆိတ် စွာနေလော့။ ထာဝရဘုရား ၏ နာမ တော်ကို ချီးမွမ်း ရသောအခွင့်မ ရှိဟု ပြောဆို လိမ့်မည်။
And a man’s uncle shall take him up, and he that burns him, to bring out the bones out of the house, and shall say to him that is by the sides of the house, Is there yet any with you? and he shall say, No. Then shall he say, Hold your tongue: for we may not make mention of the name of the LORD.
11 ၁၁ အကြောင်း မူကား၊ ထာဝရဘုရား အမိန့် တော် ရှိသဖြင့် ၊ အိမ် ကြီး ကိုဖြို ၍ အိမ် ငယ် ကိုလည်း ကွဲ စေတော်မူလိမ့်မည်။
For, behold, the LORD commands, and he will smite the great house with breaches, and the little house with clefts.
12 ၁၂ မြင်း သည် ကျောက် ပေါ် မှာ ပြေး တတ်သလော ။ လူသည် ကျောက်ပေါ်မှာ နွား နှင့် ထွန် တတ်သလော။ သင်တို့သည် တရား သဖြင့် စီရင်ခြင်းကို ခါး စွာသော သစ်ရွက် ဖြစ်စေ ခြင်းငှါ၎င်း ၊ ဖြောင့်မတ် ခြင်းကို ဒေါန ရွက် ဖြစ်စေ ခြင်းငှါ၎င်း ပြု ကြသည်တကား။
Shall horses run on the rock? will one plow there with oxen? for you have turned judgment into gall, and the fruit of righteousness into hemlock:
13 ၁၃ အချည်းနှီးသောအရာ၌ ဝါကြွားဝမ်းမြောက် ၍၊ ငါတို့သည် ကိုယ် အစွမ်း သတ္တိအားဖြင့် အာဏာ ကို သိမ်းယူ ပြီမ ဟုတ်လော ဟု ဆို တတ်ကြသည်တကား။
You which rejoice in a thing of nothing, which say, Have we not taken to us horns by our own strength?
14 ၁၄ အကယ် စင်စစ်၊ အိုဣသရေလ အမျိုး ၊ သင် တို့တဘက် ၌ လူတမျိုးကို ငါ ထ စေ၍၊ ထို လူမျိုး သည် ဟာမတ် မြို့လမ်းဝ မှစ၍ တော ၌ရှိသောမြစ် တိုင်အောင် သင် တို့ကို ညှဉ်းဆဲ လိမ့်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင်ထာဝရဘုရား မိန့် တော်မူ၏။
But, behold, I will raise up against you a nation, O house of Israel, says the LORD the God of hosts; and they shall afflict you from the entering in of Hemath to the river of the wilderness.