< အာမုတ် 5 >
1 ၁ အိုဣသရေလ အမျိုး ၊ ယခုသင် တို့၌ ငါ မြွက်ဆို ၍ မြည်တမ်း သောစကား ကို နားထောင် ကြလော့။
Listen to this word which I take up for a lamentation over you, O house of Israel:
2 ၂ ဣသရေလ သတို့သမီး ကညာသည်လဲ ပြီ။ နောက် တဖန်မ ထ ရ။ မိမိ မြေ ပေါ်မှာ တုံးလုံး နေ၏။ ချီကြွ သောသူမ ရှိ။
“The virgin of Israel has fallen; She shall rise no more. She is cast down on her land; there is no one to raise her up.”
3 ၃ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဣသရေလ အမျိုး ၏ အမှုကိုထမ်းစေဘို့ လူတထောင်ကိုပေး နိုင်သောမြို့သည် လူတရာ၊ တရာကို ပေးနိုင်သော မြို့သည် တကျိပ် ကိုသာပေး နိုင်လိမ့်မည်။
For the Lord GOD says: “The city that went out a thousand shall have a hundred left, and that which went out one hundred shall have ten left to the house of Israel.”
4 ၄ ထာဝရဘုရား သည် ဣသရေလ အမျိုး အား မိန့် တော်မူသည်ကား ၊ ငါ့ ကို ရှာ ကြလော့။ ရှာလျှင် အသက် ချမ်းသာရကြလိမ့်မည်။
For the LORD says to the house of Israel: “Seek me, and you will live;
5 ၅ ဗေသလ မြို့ကို မ ရှာ ကြနှင့်။ ဂိလဂါလ မြို့သို့မ ဝင် ကြနှင့်။ ဗေရရှေဘ မြို့သို့ မ သွား ကြနှင့်။ အကြောင်း မူကား၊ ဂိလဂါလ မြို့သည် ဆက်ဆက်သိမ်းသွား ခြင်းကိုခံရလိမ့်မည်။ ဗေသလ မြို့သည်လည်း ၊ အကျိုးနည်း ရှိ ရလိမ့်မည်။
but don’t seek Bethel, nor enter into Gilgal, and don’t pass to Beersheba; for Gilgal shall surely go into captivity, and Bethel shall come to nothing.
6 ၆ ထာဝရဘုရား ကို ရှာ ကြလော့။ ရှာလျှင် အသက် ချမ်းသာရကြလိမ့်မည်။ သို့မဟုတ် လျှင်၊ ယောသပ် အမျိုး အပေါ်မှာ မီး ကဲ့သို့ တက်၍၊ အဘယ်သူမျှမ ငြိမ်း နိုင်အောင် ဣသရေလအမျိုးကို လောင် စေတော်မူမည်။
Seek the LORD, and you will live, lest he break out like fire in the house of Joseph, and it devour, and there be no one to quench it in Bethel.
7 ၇ တရား သဖြင့် စီရင်ခြင်းကို ဒေါန ဖြစ် စေ၍ ဖြောင့်မတ် ခြင်းတရားကို မြေ သို့ ချ ကြပြီးသောသူတို့ ၊
You who turn justice to wormwood, and cast down righteousness to the earth!
8 ၈ ခိမ ကြယ်စုနှင့် ခသိလ ကြယ်ကို ဖန်ဆင်း ထသော၊ သေမင်း အရိပ်ကို နံနက် အလင်း ဖြစ် စေခြင်းငှါ ၎င်း ၊ နေ့ အလင်းကို ညဉ့် အမိုက် ဖြစ်စေခြင်းငှါ၎င်း စီရင်ထသော၊ ပင်လယ် ရေ ကိုခေါ် ၍ မြေ ပေါ် မှာသွန်းလောင်း ထသော၊ ထာဝရဘုရား တည်းဟူသောဘွဲ့ နာမရှိထသော၊
Seek him who made the Pleiades and Orion, and turns the shadow of death into the morning, and makes the day dark with night; who calls for the waters of the sea, and pours them out on the surface of the earth, the LORD is his name,
9 ၉ ခွန်အား ကြီးသောသူတို့ကို၎င်း၊ ရဲတိုက် တို့ကို ၎င်းဖျက်ဆီး တော်မူသောဘုရားကို ရှာကြလော့။
who brings sudden destruction on the strong, so that destruction comes on the fortress.
10 ၁၀ မြို့တံခါး ဝတွင် ဆုံးမ တတ်သောသူကို မုန်း ၍ ဖြောင့်မတ် စွာပြော တတ်သောသူကို ရွံ့ရှာ ကြပြီတကား။
They hate him who reproves in the gate, and they abhor him who speaks blamelessly.
11 ၁၁ သင် တို့သည် ဆင်းရဲသား ကိုနှိပ်စက် ၍ ဂျုံစပါး ကို တောင်းခံ တတ်သောကြောင့် ၊ ဆစ် သောကျောက်နှင့် တိုက် ကိုတည် သော်လည်း ထို တိုက်၌ မ နေ ရကြ။ နှစ်သက် ဘွယ်သော စပျစ် ဥယျာဉ်ကိုစိုက် သော်လည်း ၊ စပျစ်ရည် ကို မ သောက် ရကြ။
Therefore, because you trample on the poor and take taxes from him of wheat, you have built houses of cut stone, but you will not dwell in them. You have planted pleasant vineyards, but you shall not drink their wine.
12 ၁၂ သင် တို့အထပ်ထပ် လွန်ကျူးသော ဒုစရိုက် ၊ အလွန် လေးသော အပြစ် တို့ကို ငါသိ ၏။ ဖြောင့်မတ် သောသူကို နှောင့်ရှက် တတ်ကြ၏။ တံစိုး စား တတ်ကြ၏။ ဆင်းရဲသား ကို တံခါးဝ တွင် မ တရားသဖြင့် စီရင်တတ် ကြ၏။
For I know how many are your offences, and how great are your sins— you who afflict the just, who take a bribe, and who turn away the needy in the courts.
13 ၁၃ ထိုသို့ သောကာလ သည် ဆိုးယုတ် သောကာလ ဖြစ်သောကြောင့် ၊ ပညာရှိ သောသူသည် တိတ်ဆိတ် စွာ နေလိမ့်မည်။
Therefore a prudent person keeps silent in such a time, for it is an evil time.
14 ၁၄ အသက် ချမ်းသာစေခြင်းငှါ ဒုစရိုက် ကိုရှောင် ၍ သုစရိုက် ကို ရှာ ကြလော့။ ထိုသို့ ပြုလျှင်၊ သင်တို့ဆို တတ် သည်အတိုင်း ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင်ထာဝရဘုရား သည် သင် တို့နှင့်အတူ ရှိ တော်မူလိမ့်မည်။
Seek good, and not evil, that you may live; and so the LORD, the God of Armies, will be with you, as you say.
15 ၁၅ ဒုစရိုက် ကို မုန်း ၍ သုစရိုက် ကို ချစ် ကြလော့။ မြို့တံခါးဝ တွင် တရား ကို တည် စေကြလော့။ ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရား သခင်ထာဝရဘုရား သည် ကျန်ကြွင်း သောယောသပ် အမျိုးကို သနားကောင်းသနား တော်မူလိမ့်မည်။
Hate evil, love good, and establish justice in the courts. It may be that the LORD, the God of Armies, will be gracious to the remnant of Joseph.”
16 ၁၆ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ခပ်သိမ်း သောလမ်း တို့၌ မြည်တမ်း ခြင်းရှိ၍ သွား လာသောသူတို့က၊ အလိုလေး ၊ အလိုလေး ဟု ဆို ကြလိမ့်မည်။ လယ်လုပ် သောသူသည် ညည်းတွား စေ ခြင်းငှါ၎င်း ၊ မြည်တမ်း တတ်သောသူသည် ငိုကြွေး မြည်တမ်းစေ ခြင်းငှါ၎င်း ခေါ် ကြလိမ့်မည်။
Therefore the LORD, the God of Armies, the Lord, says: “Wailing will be in all the wide ways. They will say in all the streets, ‘Alas! Alas!’ They will call the farmer to mourning, and those who are skilful in lamentation to wailing.
17 ၁၇ ခပ်သိမ်း သောစပျစ် ဥယျာဉ်တို့၌ လည်း မြည်တမ်း ခြင်းရှိလိမ့်မည်။ အကြောင်း မူကား၊ ငါသည် သင် တို့အလယ် ၌ ရှောက်သွား မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
In all vineyards there will be wailing, for I will pass through the middle of you,” says the LORD.
18 ၁၈ ထာဝရဘုရား ၏နေ့ရက် ကို တောင့်တ သောသူတို့သည် အမင်္ဂလာ ရှိကြ၏။ သင်တို့သည် အဘယ် အကျိုးရှိကြလိမ့်မည်နည်း။ ထာဝရဘုရား ၏ နေ့ရက် သည် သင် တို့၌ လင်း သည်မ ဟုတ်၊ အမိုက် ဖြစ်လိမ့်မည်။
“Woe to you who desire the day of the LORD! Why do you long for the day of the LORD? It is darkness, and not light.
19 ၁၉ လူ သည် ခြင်္သေ့ ရှိ ရာမှပြေး ၍ ဝံ ကိုတွေ့ သကဲ့သို့ ၎င်း ၊ အိမ် ထဲသို့ ဝင် ၍ ထရံ ကို မှီ စဉ် မြွေ ကိုက် သကဲ့သို့ ၎င်း ဖြစ်လိမ့်မည်။
As if a man fled from a lion, and a bear met him; or he went into the house and leaned his hand on the wall, and a snake bit him.
20 ၂၀ ထာဝရဘုရား ၏ နေ့ရက် သည်မ လင်း ဘဲ မိုက် လိမ့်မည်။ ထွန်းလင်း ခြင်း အလျှင်း မရှိ၊ အမိုက် သက်သက် ဖြစ်လိမ့်မည်။
Won’t the day of the LORD be darkness, and not light? Even very dark, and no brightness in it?
21 ၂၁ သင် တို့စောင့်သောပွဲ နေ့တို့ကို ငါမုန်း ၏။ စက်ဆုပ် ရွံရှာ၏။ ခြိုးခြံ စွာကျင့်သော နေ့ရက်တို့၌ ငါမ မွေ့လျော် ။
I hate, I despise your feasts, and I can’t stand your solemn assemblies.
22 ၂၂ မီး ရှို့ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာတို့ကို ဆက်ကပ် သော်လည်း ငါ လက်မ ခံ။ ဆူဝ သော တိရစ္ဆာန် တို့ကို မိဿဟာယ ယဇ်ပူဇော်သော်လည်း ငါသည် ပမာဏ မ ပြု။
Yes, though you offer me your burnt offerings and meal offerings, I will not accept them; neither will I regard the peace offerings of your fat animals.
23 ၂၃ သင် တို့သီချင်း ဆိုသံ ကို ပယ်ရှား ကြလော့။ တယော ထိုးသံ ကို ငါ နားငြီးလှ၏။
Take away from me the noise of your songs! I will not listen to the music of your harps.
24 ၂၄ တရား သဖြင့် စီရင်ခြင်းကို ရေ ကဲ့သို့ ၎င်း ၊ ဖြောင့်မတ် ခြင်းကို မ ပြတ်စီးသော မြစ် ရေကဲ့သို့ ၎င်း စီး စေ ကြလော့။
But let justice roll on like rivers, and righteousness like a mighty stream.
25 ၂၅ အိုဣသရေလ အမျိုး ၊ သင်တို့သည် ယဇ် နှင့် ပူဇော် သက္ကာများကို တော ၌ အနှစ် လေးဆယ် ပတ်လုံးငါ့ အား ပူဇော် ကြသလော။
“Did you bring to me sacrifices and offerings in the wilderness forty years, house of Israel?
26 ၂၆ သင်တို့ဘုရား မောလုပ်၏တဲနှင့် သင်တို့ဘုရား ခိအုန်၏ကြယ်တည်းဟူသောကိုယ်အဘို့ လုပ်သော ပုံတို့ ကို ဆောင်ရွက်ကြပြီတကား။
You also carried the tent of your king and the shrine of your images, the star of your god, which you made for yourselves.
27 ၂၇ ထိုကြောင့် ၊ သင် တို့ကို ဒမာသက် မြို့တဘက် သို့ သိမ်း သွားစေ ခြင်းငှါ ငါစီရင်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရား သခင်ဟူ၍ဘွဲ့ နာမရှိသော ထာဝရဘုရား မိန့် တော်မူ၏။
Therefore I will cause you to go into captivity beyond Damascus,” says the LORD, whose name is the God of Armies.