< အာမုတ် 4 >
1 ၁ ဆင်းရဲ သောသူတို့ကို ညှဉ်းဆဲ လျက်၊ ငတ်မွတ် သောသူတို့ကိုနှိပ်စက် လျက်၊ မိမိ သခင် တို့အား ငါတို့ သောက် ဘို့ယူခဲ့ ကြဟုဆို တတ်လျက်၊ ရှမာရိ တောင် ပေါ်မှာ နေသောဗာရှန် နွား တို့၊ ဤ စကား တော်ကိုနားထောင် ကြလော့။
Hear this word, all of you cattle of Bashan, that are in the mountain of Samaria, which oppress the poor, which crush the needy, which say to their masters, Bring, and let us drink.
2 ၂ အရှင် ထာဝရဘုရား သည် မိမိ သန့်ရှင်း ခြင်း ပါရမီတော်ကို တိုင်တည်၍ ကျိန်ဆို တော်မူသည် အတိုင်း ၊ သင် တို့ကို ငါးမျှား နှင့် ၎င်း ၊ သင် တို့သားမြေး တို့ကိုပိုက်ကွန် နှင့် ၎င်း ဘမ်းဆီး ယူသွားရသောကာလ ရောက် လိမ့်မည်။
The Lord GOD has sworn by his holiness, that, lo, the days shall come upon you, that he will take you away with hooks, and your posterity with fishhooks.
3 ၃ သင်တို့သည် အသီးအသီး ကိုယ်စီတွေ့သော အပေါက် ဖြင့် ထွက် ၍ ရဲတိုက် ထဲသို့ ချ ခြင်းကိုခံရကြမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
And all of you shall go out at the breaches, every cow at that which is before her; and all of you shall cast them into the palace, says the LORD.
4 ၄ ဗေသလ မြို့သို့သွား ၍ ပြစ်မှား ကြလော့။ ဂိလဂါလ မြို့သို့လည်း သွား၍ များစွာ သောပြစ်မှား ခြင်းကို ပြုကြလော့။ နံနက် တိုင်းပူဇော်သောယဇ် ကို၎င်း၊ သုံး နှစ်တခါ ဥစ္စာဆယ်ဘို့ တဘို့ကို၎င်းဆောင် ခဲ့ကြလော့။
Come to Bethel, and transgress; at Gilgal multiply transgression; and bring your sacrifices every morning, and your tithes after three years:
5 ၅ လုယူ သောဥစ္စာထဲက ကျေးဇူး ချီးမွမ်းရာ ပူဇော်သက္ကာကို မီးရှို့ ကြလော့။ အလိုလို ပြုသော ပူဇော်သက္ကာ များကိုလည်း ကြားပြော ၍ကြော်ငြာစေကြလော့။ အိုဣသရေလ အမျိုးသား တို့၊ ထိုသို့ ပြုရာတွင် သင်တို့သည် မွေ့လျော် တတ်ကြသည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
And offer a sacrifice of thanksgiving with leaven, and proclaim and publish the free offerings: for this likes you, O all of you children of Israel, says the Lord GOD.
6 ၆ ငါ သည်လည်း ၊ သင် တို့မြို့ ရွာရှိသမျှ တို့၌ သွား တို့၏ စင်ကြယ် ခြင်းကို၎င်း ၊ သင် တို့နေရာ အရပ်ရှိသမျှ တို့၌ အစာ ခေါင်းပါး ခြင်းကို၎င်း ပေး သော်လည်း ၊ သင် တို့သည် ငါ့ ထံသို့ ပြန် ၍ မ လာကြဟုထာဝရဘုရား မိန့် တော်မူ၏။
And I also have given you cleanness of teeth in all your cities, and lack of bread in all your places: yet have all of you not returned unto me, says the LORD.
7 ၇ စပါးရိတ်ရာကာလမရောက်မှီ သုံး လ အထက်က၊ မိုဃ်းမရွာစေခြင်းငှါမိုဃ်း ကိုငါ ဆီးတား ပြီ။ မြို့တမြို့ပေါ်မှာ ရွာစေခြင်းငှါ၎င်း ၊ တမြို့ပေါ်မှာမရွာစေခြင်းငှါ၎င်း ပြုလျက်၊ မြေတကွက်သည် မိုဃ်းရေကိုခံရ၍ တကွက်သည် မခံရ၊ သွေ့ခြောက် လျက် နေရ၏။
And also I have withheld the rain from you, when there were yet three months to the harvest: and I caused it to rain upon one city, and caused it not to rain upon another city: one piece was rained upon, and the piece whereupon it rained not withered.
8 ၈ ထိုသို့ မြို့နှစ် မြို့သုံး မြို့ သားတို့သည် ရေ သောက် ခြင်းငှါ မြို့ တ မြို့သို့ သွား ရ၍ မ ဝ ရကြ။ သို့သော်လည်း ၊ သင်တို့သည် ငါ့ ထံသို့ ပြန် ၍မ လာကြဟု ထာဝရဘုရား မိန့် တော်မူ၏။
So two or three cities wandered unto one city, to drink water; but they were not satisfied: yet have all of you not returned unto me, says the LORD.
9 ၉ လေထိ၍အပင်သေခြင်း၊ အရည်ယို၍ သေခြင်းဘေး ဖြင့် ငါသည်ဒဏ်ခတ် လေပြီ။ သင် တို့၌ များပြား သောလယ်ယာ ၊ စပျစ် ဥယျာဉ်၊ သင်္ဘော သဖန်းပင်၊ သံလွင် ပင်တို့ကို ကျိုင်းကောင် တို့သည် ကိုက်စား ကြပြီ။ သို့သော်လည်း ၊ ငါ့ ထံသို့ ပြန် ၍မ လာကြဟု ထာဝရဘုရား မိန့် တော်မူ၏။
I have smitten you with blasting and mildew: when your gardens and your vineyards and your fig trees and your olive trees increased, the palmerworm devoured them: yet have all of you not returned unto me, says the LORD.
10 ၁၀ အဲဂုတ္တု ပြည်ခံရ သောကာလနာ ဘေးကို သင် တို့ရှိရာ သို့ ငါစေလွှတ် လေပြီ။ လုလင် တို့ကို ထား ဖြင့် ကွပ်မျက် စေပြီ။ မြင်း တို့ကိုသိမ်း သွားစေပြီ။ သင် တို့တပ် ၌ ပုပ်စပ်သောအနံ့ ကို သင် တို့နှာခေါင်း ၌ လှိုင် စေပြီ။ သို့သော်လည်း ၊ ငါ့ ထံသို့ ပြန် ၍မ လာကြဟု ထာဝရဘုရား မိန့် တော်မူ၏။
I have sent among you the pestilence after the manner of Egypt: your young men have I slain with the sword, and have taken away your horses; and I have made the stink of your camps to come up unto your nostrils: yet have all of you not returned unto me, says the LORD.
11 ၁၁ ဘုရား သခင်သည် သောဒုံ မြို့နှင့် ဂေါမောရ မြို့ကို မှောက်လှန် သကဲ့သို့ ၊ သင် တို့အချို့ကို ငါမှောက်လှန် ၍ သင်တို့သည် မီး ထဲက နှုတ် သောထင်းစ ကဲ့သို့ ဖြစ် ကြပြီ။ သို့သော်လည်း ၊ ငါ့ ထံသို့ ပြန် ၍မ လာကြဟု ထာဝရဘုရား မိန့် တော်မူ၏။
I have overthrown some of you, as God overthrew Sodom and Gomorrah, and all of you were as a firebrand plucked out of the burning: yet have all of you not returned unto me, says the LORD.
12 ၁၂ သို့ဖြစ်၍ ၊ အိုဣသရေလ အမျိုး၊ အထက်က ပြုသကဲ့သို့သင် တို့၌ ငါပြု ဦးမည်။ ထိုသို့ ပြု မည်ဖြစ်သောကြောင့် ၊ အိုဣသရေလ အမျိုး၊ သင် ၏ဘုရား သခင်နှင့် တွေ့ ခြင်းငှါ ကိုယ်ကို ပြင်ဆင် လော့။
Therefore thus will I do unto you, O Israel: and because I will do this unto you, prepare to meet your God, O Israel.
13 ၁၃ တောင် တို့ကို လုပ် ၍ လေ ကိုဖန်ဆင်း ထသော၊ လူ စိတ် အကြံအစည်ကို လူ အား ဘော်ပြ ထသော၊ နံနက် အလင်းကို အမိုက် ဖြစ်စေ ထသော၊ မြင့် သောမြေ အရပ်တို့ကို နင်း သောသူသည် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား တည်းဟူသောဘွဲ့နာမရှိတော်မူ၏။
For, lo, he that forms the mountains, and creates the wind, and declares unto man what is his thought, that makes the morning darkness, and treads upon the high places of the earth, The LORD, The God of hosts, is his name.