< အာမုတ် 3 >
1 ၁ အိုဣသရေလ အမျိုးသား တို့၊ အဲဂုတ္တု ပြည် မှ ငါနှုတ်ဆောင် သော အမျိုးသား အပေါင်း တို့၊ သင် တို့ကို ရည်မှတ်၍ ငါထာဝရဘုရား မိန့် တော်မူသောစကား ကို နားထောင် ကြလော့။
Hear this word that the LORD has spoken against you, O children of Israel, against the whole family which I brought up from the land of Egypt, saying,
2 ၂ မြေကြီး ပေါ်မှာနေသောအမျိုးသား အပေါင်း တို့တွင် သင် တို့တမျိုး တည်းကိုသာ ငါလက်ခံ သောကြောင့် ၊ သင် တို့အပြစ် ရှိသမျှ တို့ကို ငါစစ်ကြော မည်။
You only have I known of all the families of the earth: therefore I will punish you for all your iniquities.
3 ၃ လူနှစ် ဦးသည် သဘော မ တူလျှင် ၊ ပေါင်းဘော် ၍ ခရီးသွား နိုင်သလော ။
Can two walk together, except they be agreed?
4 ၄ ခြင်္သေ့ သည် ဘမ်းစရာ မ ရှိလျှင် ၊ တော ၌ ဟောက် လိမ့်မည်လော ။ ခြင်္သေ့ပျို သည် အဘယ်အရာကိုမျှမ ဘမ်းမိ လျှင် ၊ တွင်း ထဲက အသံ ပြု လိမ့်မည်လော ။
Will a lion roar in the forest, when he has no prey? will a young lion cry out of his den, if he have taken nothing?
5 ၅ မြေ ပေါ်မှာ ကျော့ကွင်း နှင့်မ ထောင် လျှင် ၊ ငှက် ကို ကျော့မိ လိမ့်မည်လော ။ ထောင် ထားသော ကျော့ကွင်း ၌ အဘယ်အရာကိုမျှ မရမှီထောင်ထားရာအရပ်မှ နှုတ်သွား လိမ့်မည်လော ။
Can a bird fall in a snare upon the earth, where no animal trap is for him? shall one take up a snare from the earth, and have taken nothing at all?
6 ၆ မြို့ ထဲမှာ တံပိုး မှုတ် လျှင် ၊ မြို့သား တို့သည် မ ကြောက် မလန့်ဘဲနေကြလိမ့်မည်လော။ ထာဝရဘုရား စီရင် တော်မ မူဘဲ ဘေး တစုံတခုသည် မြို့ ထဲမှာ ရောက် လိမ့်မည်လော။
Shall a trumpet be blown in the city, and the people not be afraid? shall there be evil in a city, and the LORD has not done it?
7 ၇ အကယ် စင်စစ်အရှင် ထာဝရဘုရား သည် မိမိ ကျွန် ပရောဖက် တို့အား မဘော် မပြဘဲ အဘယ်အမှုကိုမျှ စီရင် တော်မ မူ။
Surely the Lord GOD will do nothing, but he reveals his secret unto his servants the prophets.
8 ၈ ခြင်္သေ့ ဟောက် သောအခါ၊ အဘယ် သူမျှမ ကြောက် မလန့်ဘဲ နေလိမ့်မည်နည်း။ အရှင် ထာဝရဘုရား မိန့် တော်မူသောအခါ၊ အဘယ် သူသည် ပရောဖက် မ ပြုဘဲနေလိမ့်မည်နည်း။
The lion has roared, who will not fear? the Lord GOD has spoken, who can but prophesy?
9 ၉ အာဇုတ် မြို့ ဘုံ ဗိမာန်တို့နှင့် အဲဂုတ္တု ပြည် ဘုံ ဗိမာန်တို့တွင် သိတင်းကြားပြော ရမည်မှာ ၊ ရှမာရိ တောင် တို့ အပေါ် မှာစုဝေး ၍ ၊ ရှမာရိ မြို့ထဲမှာ ရုန်းရင်းခတ် ခြင်းအမှုကို၎င်း ၊ မြို့ ထဲမှာ ညှဉ်းဆဲ ခံရသောသူတို့ကို၎င်း ကြည့်ရှု ကြလော့။
Publish in the palaces at Ashdod, and in the palaces in the land of Egypt, and say, Assemble yourselves upon the mountains of Samaria, and behold the great tumults in the midst thereof, and the oppressed in the midst thereof.
10 ၁၀ မြို့သားတို့သည် တရား သောအမှုကို မ ပြု တတ်၊ အနိုင်အထက် ပြု၍ လုယူ သောဥစ္စာကို ဘုံ ဗိမာန်တို့၌ သိုထား တတ်ကြသည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
For they know not to do right, says the LORD, who store up violence and robbery in their palaces.
11 ၁၁ ထိုကြောင့် ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ရန်သူ တို့သည် ရှမာရိပြည် ကိုဝိုင်း ပြီးလျှင် ၊ သင် ၏အစွမ်း သတ္တိကို နှိမ့်ချ ၍ ၊ ဗိမာန် တို့ကို ဖြိုဖျက် ကြလိမ့်မည်။
Therefore thus says the Lord GOD; An adversary there shall be even round about the land; and he shall bring down your strength from you, and your palaces shall be spoiled.
12 ၁၂ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သိုးထိန်း သည် ခြင်္သေ့ နှုတ် ထဲက ခြေ နှစ်ခု ၊ သို့မဟုတ် ၊ နားရွက် တပိုင်း ကို နှုတ်ယူ သကဲ့သို့ ရှမာရိ မြို့၌ ခုတင် ထောင့် ၊ ဒမာသက် မွေ့ရာ ဖုံပေါ်မှာ ထိုင် သော ဣသရေလ အမျိုးသား တို့ကို နှုတ်ယူ ရလိမ့်မည်။
Thus says the LORD; As the shepherd takes out of the mouth of the lion two legs, or a piece of an ear; so shall the children of Israel be taken out that dwell in Samaria in the corner of a bed, and in Damascus in a couch.
13 ၁၃ ကောင်းကင်ဗိုလ်ခြေ ကို အစိုးပိုင်သော ဘုရား သခင်၊ အရှင် ထာဝရဘုရား မိန့် တော်မူသောစကားကို သင်တို့သည် နားထောင် ၍ ယာကုပ် အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊
Hear all of you, and testify in the house of Jacob, says the Lord GOD, the God of hosts,
14 ၁၄ အကယ် စင်စစ်ဣသရေလ အမျိုး၏ အပြစ် တို့ကို စစ်ကြော သောနေ့ ၌ ၊ ဗေသလ ယဇ် ပလ္လင်တို့ကို ငါစစ်ကြော လျက် ၊ ယဇ် ပလ္လင်ဦးချို တို့ကိုဖြတ် ၍ မြေ ပေါ် သို့ချ မည်။
That in the day that I shall visit the transgressions of Israel upon him I will also visit the altars of Bethel: and the horns of the altar shall be cut off, and fall to the ground.
15 ၁၅ ဆောင်း ကာလ၌ စံသောနန်းတော် နှင့် နွေ ကာလ၌စံသော နန်းတော် တို့ကို ငါထိခိုက် ၍ ၊ ဆင်စွယ် ဖြင့် ပြီးသော အိမ် တို့ကိုဖျက်ဆီး မည်။ ဘုံ ဗိမာန်တို့သည်လည်း ဆုံး ကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
And I will strike the winter house with the summer house; and the houses of ivory shall perish, and the great houses shall have an end, says the LORD.