< တမန်တော်ဝတ္ထု 9 >
1 ၁ ရှောလု သည်ကား၊ သခင်ဘုရား ၏ တပည့် တော်တို့တစ်ဘက်၌ ခြိမ်းချောက် ၍၊ အသေ သတ်ခြင်းငှာ ပြင်းစွာအသက်ရှူ သဖြင့်၊
၁ဤအတောအတွင်း၌ရှောလုသည် သခင် ဘုရား၏တပည့်တော်တို့အားသတ်ဖြတ်ရန် ခြိမ်းခြောက်လျက်နေ၏။ သူသည်ယဇ်ပုရော ဟိတ်မင်းထံသို့သွားပြီးလျှင်၊-
2 ၂ ထိုဘာသာဝင်သော ယောက်ျား မိန်းမ တို့ကို တွေ့ လျှင်၊ ချည်နှောင် ၍ ယေရုရှလင် မြို့သို့ ပို့ဆောင် ရမည်အကြောင်း၊ ဒမာသက် မြို့၌ ရှိသော တရားစရပ်မှူး တို့ထံသို့ မှာစာ ကိုပေးပါဟု ယဇ်ပုရောဟိတ် မင်းထံ၌ဝင် ၍ တောင်း ပြီးမှ၊
၂သခင်ဘုရား၏လမ်းစဉ်တော်ကိုလိုက်လျှောက် သောသူ အမျိုးသားအမျိုးသမီးတို့ကိုတွေ့ ရှိပါက ထိုသူတို့ကိုဖမ်းဆီး၍ယေရုရှလင် မြို့သို့ခေါ်ဆောင်လာနိုင်ရန် မိမိအားအာဏာ အပ်နှင်းကြောင်းဒမာသက်မြို့ရှိဇရပ်များ သို့အမှာစာများရေးပေးပါရန်ပန်ကြား လျှောက်ထား၏။
3 ၃ သွား ၍ ဒမာသက် မြို့အနီး သို့ရောက် သောအခါ၊ ကောင်းကင် ထဲက အလင်း သည် သူ့ ပတ်လည်၍ ရုတ်ခနဲ ထွန်းတောက် လေ၏။
၃သူသည်ခရီးပြု၍ဒမာသက်မြို့အနီး သို့ရောက်လာသောအခါ၌ မိုးကောင်းကင်မှ အလင်းရောင်ခြည်တစ်ခုသည်သူ၏ပတ် လည်တွင်ရုတ်တရက်ထွန်းတောက်လာ၏။-
4 ၄ ရှောလုသည် မြေ ပေါ်မှာ လဲ ၍ နေစဉ်၊ ရှောလု ၊ ရှောလု ၊ အဘယ်ကြောင့် ငါ့ ကိုညှဉ်းဆဲ သနည်းဟု မိမိ အား ပြော သောစကား သံကို ကြား လျှင်၊
၄သူသည်မြေပေါ်သို့လဲကျသွားပြီးနောက် ``ရှောလု၊ ရှောလု၊ သင်သည်အဘယ်ကြောင့်ငါ့ ကိုနှိပ်စက်ညှဉ်းဆဲသနည်း'' ဟုမေးမြန်းသံ ကိုကြားရ၏။
5 ၅ သခင် ၊ ကိုယ်တော်သည် အဘယ်သူ နည်းဟု မေးလျှောက် ၏။ သခင်ဘုရားကလည်း၊ ငါ ကား သင် ညှဉ်းဆဲ သော ယေရှု ဖြစ် သတည်း။
၅ရှောလုက ``အရှင်၊ အရှင်သည်မည်သူဖြစ် ပါသနည်း'' ဟုမေးလျှောက်၏။ ထိုအသံ က ``ငါကားသင်နှိပ်စက်ညှဉ်းဆဲနေသူ ယေရှုပင်တည်း။-
6 ၆ သို့သော်လည်း ထ ၍ မြို့ သို့ ဝင် လော့။ သင် ပြု ရမည်အမှုကို ပြော လိမ့်မည်ဟုမိန့် တော်မူ၏။
၆သို့သော်သင်သည်ထ၍မြို့ထဲသို့ဝင်လော့။ သင်ပြုရမည့်အမှုကိုထိုအရပ်တွင်သိရှိ ရလိမ့်မည်'' ဟုမိန့်တော်မူ၏။
7 ၇ ရှောလု နှင့်အတူသွား သောသူ တို့သည် အသံ ကိုကြား ရုံမျှသာရှိ၍၊ အဘယ်သူ ကိုမျှမမြင် ဘဲ မိန်းမော တွေဝေလျက်ရပ် နေကြ၏။
၇ရှောလုနှင့်အတူခရီးပြုလျက်နေကြသူ တို့သည် ထိုအသံကိုကြားရသော်လည်း လူ တစ်စုံတစ်ယောက်ကိုမျှမတွေ့မမြင်ရ သဖြင့်ကြက်သေသေလျက်ရပ်နေကြ၏။-
8 ၈ ရှောလု သည်လည်းမြေ မှ ထ ၍ မျက်စိ ကိုဖွင့် သော်လည်းအဘယ်သူ ကိုမျှမမြင် နိုင်သည်ဖြစ်၍၊ သူ ၏လက်ကို ဆွဲလျက် ဒမာသက် မြို့သို့ ပို့ဆောင် ကြ၏။
၈ရှောလုသည်မြေပေါ်မှထ၍မျက်စိကိုဖွင့် လိုက်သောအခါ အဘယ်အရာကိုမျှမမြင် ရတော့ချေ။ သို့ဖြစ်၍ထိုသူတို့သည်သူ့ လက်ကိုဆွဲ၍ဒမာသက်မြို့ထဲသို့ခေါ် ဆောင်သွားကြ၏။-
9 ၉ သုံး ရက် ပတ်လုံးမျက်စိမ မြင် ၊ မ စား မ သောက် ဘဲနေ လေ၏။
၉သူသည်သုံးရက်တိုင်တိုင်မျက်စိအလင်း ကွယ်လျက်နေ၏။ ထိုသုံးရက်အတွင်းမစား မသောက်ဘဲနေ၏။
10 ၁၀ ထိုအခါ အာနနိ အမည် ရှိသော တပည့် တော်တစ်ယောက်သည် ဒမာသက် မြို့၌ ရှိ ၏။ ထိုသူ ကို သခင် ဘုရားသည် ဗျာဒိတ် တော်အားဖြင့် ၊ အာနနိ ဟူ၍ခေါ် တော်မူလျှင်၊ အာနနိက၊ သခင် ဘုရား အကျွန်ုပ် ရှိ ပါသည်ဟုလျှောက် ၏။
၁၀ဒမာသက်မြို့တွင်အာနနိနာမည်ရှိသူ တပည့်တော်တစ်ယောက်ရှိ၏။ ဗျာဒိတ်ရူပါ ရုံထဲတွင်သခင်ဘုရားကအာနနိအား ``အာနနိ'' ဟုခေါ်တော်မူလျှင်၊ အာနနိက ``ရှိပါသည်သခင်ဘုရား'' ဟု လျှောက်၏။
11 ၁၁ သခင် ဘုရားကလည်း ၊ သင်သည်ထ ၍ လမ်း ဖြောင့် အမည် ရှိသော လမ်း သို့ သွား လော့။ ရှောလု အမည် ရှိသောတာရှု မြို့သားကို ယုဒ ၏ အိမ် ၌ ရှာဖွေ လော့။ အကြောင်းမူကား ၊ ထိုသူသည် ဆုတောင်း လျက်နေ၏။
၁၁သခင်ဘုရားကလည်း ``သင်သည်ထ၍လမ်း ဖြောင့်အမည်တွင်သောလမ်းသို့သွားလော့။ တာရှု မြို့သားရှောလုဆိုသူကို ယုဒ၏အိမ်တွင်စုံ စမ်းမေးမြန်းလော့။ သူသည်ဆုတောင်းလျက် နေ၏။-
12 ၁၂ မိမိမျက်စိကို မြင်ပြန်စေခြင်းငှာအာနနိ အမည် ရှိ သော သူ သည် ဝင် ၍ ၊ မိမိ အပေါ်၌ လက် တင် သည်ကို ဗျာဒိတ် တော်အားဖြင့် မြင် လေပြီ ဟုမိန့်တော်မူ၏။
၁၂သူသည်မျက်စိအလင်းပြန်လည်ရရှိနိုင် ရန် အာနနိဆိုသူလာ၍မိမိအပေါ်မှာ လက်တင်သည်ကိုဗျာဒိတ်ရူပါရုံတွင်မြင် ရလေပြီ'' ဟုမိန့်တော်မူ၏။
13 ၁၃ အာနနိ ကလည်း ၊ သခင် ဘုရား၊ ထို သူ သည် ယေရုရှလင် မြို့၌ ကိုယ်တော် ၏ သန့်ရှင်း သူ တို့ကို အဘယ်မျှလောက် ပင် ညှဉ်းဆဲ သည်ကို လူများ ပြော၍ အကျွန်ုပ်ကြား ရပါပြီ။
၁၃အာနနိက ``သခင်ဘုရား၊ ဤသူသည်ယေရု ရှလင်မြို့ရှိကိုယ်တော်၏လူစုတော်အားမည် မျှဒုက္ခပေးခဲ့သည်ကို လူအမြောက်မြားထံ မှအကျွန်ုပ်ကြားသိရပါ၏။-
14 ၁၄ ဤအရပ် ၌လည်းကိုယ်တော် ကို ပဌနာ ပြုသော သူ ရှိသမျှ တို့ကို ချည်နှောင် ရမည်အခွင့် ကို ယဇ်ပုရောဟိတ် အကြီးတို့ထံ၌ ရ ပါသည်ဟု ပြန်လျှောက် ၏။
၁၄ထို့ပြင်ကိုယ်တော်အားပတ္ထနာပြုသူမှန်သမျှ ကိုလည်း ဖမ်းဆီးရန်ယဇ်ပုရောဟိတ်ကြီးတို့ ထံမှအခွင့်အာဏာရရှိထားသူဖြစ်ပါ၏'' ဟုလျှောက်၏။
15 ၁၅ သခင် ဘုရားကလည်း ၊ ထို သူကားတစ်ပါး အမျိုးသားတို့နှင့် ရှင်ဘုရင် တို့ထံသို့၎င်း၊ ဣသရေလ အမျိုးသား တို့ရှိရာ သို့၎င်း၊ ငါ ၏နာမ ကို ပို့ဆောင် စေခြင်းငှာငါ ရွေးကောက် သော တန်ဆာ ဖြစ် ၏။
၁၅သို့ရာတွင်သခင်ဘုရားက ``သွားလော့။ ဤ သူကားလူမျိုးခြားများ၊ ရှင်ဘုရင်များနှင့် ဣသရေလအမျိုးသားတို့အား ငါ၏အကြောင်း ကိုဟောပြောကြေညာရန်ငါရွေးချယ်ထား သူဖြစ်၏။-
16 ၁၆ အကြောင်းမူကား ၊ ထိုသူ သည်ငါ ၏နာမ ကြောင့် အဘယ်မျှလောက် ပင် ဆင်းရဲ ခံရမည်ကို ငါ သည် သူ့ အားပြ မည်။ ထိုကြောင့်သင်သွား လော့ဟု အာနနိ အား မိန့် တော်မူ၏။
၁၆ငါ၏နာမတော်အတွက်ကြောင့်သူခံရမည့် ဒုက္ခဆင်းရဲအကြောင်းကို သူ့အားငါကိုယ် တိုင်ဖော်ပြမည်'' ဟုမိန့်တော်မူ၏။
17 ၁၇ အာနနိ သည်လည်း သွား ၍ အိမ် သို့ ရောက် လျှင်၊ ရှောလု အပေါ် ၌မိမိလက် ကိုတင် ၍၊ ညီ ရှောလု ၊ သင်လာ သောလမ်း ၌ သင့် အား ထင်ရှား တော်မူသော သခင်ယေရှု သည် သင်၏မျက်စိမြင် ပြန်စေခြင်းငှာ ၎င်း ၊ သင့်ကိုသန့်ရှင်း သော ဝိညာဉ် တော်နှင့် ပြည့် စေခြင်းငှာ၎င်း ငါ ကို စေခန့် တော်မူသည်ဟုပြောဆို ၏။
၁၇ထို့ကြောင့်အာနနိသည်ရှောလုရှိသည့်အိမ် သို့သွား၍ ရှောလု၏အပေါ်မှာလက်ကိုတင် ပြီးလျှင် ``ငါ့ညီ၊ သင်သည်မျက်စိအလင်းကို ပြန်လည်ရရှိစေရန်လည်းကောင်း၊ သန့်ရှင်း သောဝိညာဉ်တော်ဖြင့်ပြည့်ဝလာစေရန်လည်း ကောင်း၊ လမ်းခရီးတွင်သင့်အားထင်ရှားတော် မူသောသခင်ယေရှုသည် ငါ့အားသင့်ထံသို့ စေလွှတ်တော်မူလိုက်၏'' ဟုဆို၏။-
18 ၁၈ ထိုခဏ ၌ ရှောလု ၏ မျက်စိ မှ ငါး ကြေးကွာ ကျ သကဲ့သို့ ဖြစ်၍ ၊ မျက်စိမြင် ပြန်သဖြင့်ထ ၍ ဗတ္တိဇံ ကိုခံပြီးလျှင် ၊ အစာ အာဟာရကို သုံးဆောင် ၍ အားဖြည့် လေ၏။
၁၈ထိုအခါချက်ချင်းပင်ရှောလုသည်မျက်စိမှ အကြေးများကွာကျသကဲ့သို့ဖြစ်ပြီးလျှင် မျက်စိအလင်းကိုပြန်လည်ရရှိ၏။ သူသည် ထ၍ဗတ္တိဇံမင်္ဂလာကိုခံလေသည်။-
19 ၁၉ ထိုနောက်ရှောလုသည် ဒမာသက် မြို့၌ရှိသော တပည့် တော်တို့ နှင့်အတူ ကာလ အတန် အရာနေ ၍၊
၁၉ထိုနောက်အစားအစာသုံးဆောင်ပြီးသော အခါခွန်အားပြည့်လာ၏။ ရှောလုသည်ဒမာသက်မြို့တွင် တပည့်တော် တို့နှင့်အတူရက်အနည်းငယ်နေ၏။-
20 ၂၀ ယေရှု သည် ဘုရားသခင် ၏ သား တော်ဖြစ် ကြောင်း ကို တရားစရပ် တို့၌ မဆိုင်းမလင့် ဟော လေ၏။
၂၀တရားဇရပ်များသို့ချက်ချင်းသွားရောက် ၍ သခင်ယေရှုသည်ဘုရားသခင်၏သား တော်ဖြစ်ကြောင်းဟောပြောလေ၏။
21 ၂၁ ကြား သောသူအပေါင်း တို့သည် အံ့ဩ ၍ ၊ သူ ကား၊ ထို သခင် ကို ပဌနာ ပြုသောသူ တို့ကို ယေရုရှလင် မြို့၌ ဖျက်ဆီး သည် သာမက၊ ထိုသူ များကိုချည်နှောင် ၍ ယဇ်ပုရောဟိတ် အကြီးတို့ထံသို့ ပို့ဆောင် ခြင်းငှာ ဤအရပ် သို့ လာ သောသူဖြစ်သည် မ ဟုတ် လောဟု ဆို ကြ၏။
၂၁သူ၏စကားကိုကြားသူအပေါင်းတို့သည် လွန်စွာအံ့သြကြလျက် ``ဤသူသည်ထို သခင်ကိုပတ္ထနာပြုသူဟူသမျှကိုယေရု ရှလင်မြို့တွင်သတ်ဖြတ်ခဲ့သူမဟုတ်ပါလော။ ထိုသူတို့ကိုဖမ်းဆီး၍ယဇ်ပုရောဟိတ်ကြီး များထံခေါ်ဆောင်သွားရန်လာရောက်သူ မဟုတ်ပါလော'' ဟုဆိုကြ၏။
22 ၂၂ ရှောလု သည်လည်း အားတိုးပွား သဖြင့် ဒမာသက် မြို့၌ နေ သော ယုဒ လူတို့သည် ပြောသမျှသော စကားကိုချေ၍၊ ယေရှု သည် ခရစ်တော် ဖြစ် ကြောင်း ကို ထင်ရှား စွာပြ၏။
၂၂သို့သော်ရှောလုကသခင်ယေရှုသည်မေရှိယ ဖြစ်တော်မူကြောင်းကို ပိုင်ပိုင်နိုင်နိုင်သက်သေပြ ၍ဟောပြောရာ ဒမာသက်မြို့ရှိယုဒအမျိုး သားတို့ပြန်လည်၍မချေပနိုင်ကြပေ။
23 ၂၃ ကာလ ကြာမြင့် ပြီးမှ၊ ရှောလု ကိုသတ် အံ့သောငှာ၊ ယုဒ လူတို့ သည်အချင်းချင်းတိုင်ပင် ကြ၏။
၂၃ထိုနောက်ရက်ပေါင်းများစွာကြာသောအခါ ယုဒအမျိုးသားတို့သည်ရှောလုကိုသတ် ရန်လျှို့ဝှက်ကြံစည်ကြ၏။-
24 ၂၄ ထို အကြံအစည်ကို ရှောလု သည်သိ ၏။ သူ့ ကို သတ် အံ့သောငှာ မြို့တံခါး တို့ကို နေ့ ညဉ့် မပြတ်စောင့် ကြ သောကြောင့်၊
၂၄သို့ရာတွင်သူတို့၏အကြံအစည်ကိုရှောလု သိသွား၏။ သူတို့သည်ရှောလုကိုသတ်ရန် နေ့ ရောညဥ့်ပါမြို့တံခါးများတွင်စောင့်နေ ကြ၏။-
25 ၂၅ တပည့် တော်တို့သည် ညဉ့် အခါသူ့ ကိုယူ၍ တောင်း ၌ ထည့်ပြီးလျှင်မြို့ရိုး ပေါ်က လျှောချ ကြ၏။
၂၅သို့ရာတွင်ရှောလု၏တပည့်တို့သည်ညဥ့်အခါ သူ့ကိုတောင်းတွင်ထည့်၍မြို့ရိုးမှအောက်သို့ လျှောချကြ၏။
26 ၂၆ ယေရုရှလင် မြို့သို့ ရောက် သောအခါ ၊ တပည့် တော်တို့နှင့် ပေါင်းဘော် မည်ပြု သော်၊ သူ သည် တပည့် တော်ဖြစ် ကြောင်းကိုတပည့်တော် အပေါင်းတို့ သည် မ ယုံ သဖြင့် သူ့ ကိုကြောက်ရွံ့ ကြ၏။
၂၆သူသည်ယေရုရှလင်မြို့သို့ရောက်သောအခါ တပည့်တော်တို့နှင့်ပေါင်းဖော်ရန်ကြိုးစား၏။ သို့သော်လည်းသူသည်တပည့်တော်တစ်ဦး ဖြစ်လာကြောင်းကို တပည့်တော်အပေါင်းတို့ သည်မယုံသဖြင့်သူ့ကိုကြောက်ကြ၏။-
27 ၂၇ ထိုအခါ ဗာနဗ သည် သူ့ ကိုခေါ် ၍ တမန်တော် များထံသို့ ပို့ဆောင် ပြီးလျှင်၊ အထက်ကရှောလုသည် လမ်း ခရီး၌ သခင် ဘုရားကို မြင် သည်ဟူ၍၎င်း၊ သူ့ အားမိန့် တော်မူသည်ဟူ၍၎င်း၊ ဒမာသက် မြို့၌ ယေရှု ၏နာမ တော်ကိုအမှီပြု လျက်၊ ရဲရင့် စွာဟောသည်ဟူ၍၎င်းပြော လေ၏။
၂၇ထိုအခါဗာနဗသည်ရှောလုကိုတမန်တော် တို့ထံသို့ခေါ်ခဲ့ပြီးလျှင် လမ်းခရီးတွင်သခင် ဘုရားအားရှောလုဖူးမြင်ခဲ့ရပုံကိုလည်း ကောင်း၊ သခင်ဘုရားကရှောလုအားမည်သို့ အမိန့်ရှိခဲ့ပုံကိုလည်းကောင်း ဒမာသက်မြို့ တွင်သခင်ယေရှု၏နာမတော်ကိုအမှီပြု၍ ရှောလုရဲရင့်စွာဟောပြောခဲ့ပုံကိုလည်း ကောင်းပြောပြလေသည်။-
28 ၂၈ ထိုနောက်မှ ရှောလုသည် ယေရုရှလင် မြို့၌ တမန်တော် တို့နှင့် ပေါင်းဖော်၍၊ သခင် ယေရှု၏ နာမ တော်ကိုအမှီပြု ၍ရဲရင့် စွာ ဟောလျက် နေ၏။
၂၈ရှောလုသည်လည်းတမန်တော်တို့နှင့်အတူ ယေရုရှလင်မြို့တွင်သွားလာလှုပ်ရှားလျက် သခင်ဘုရား၏နာမတော်ကိုအမှီပြု၍ ရဲရင့်စွာဟောပြောလေသည်။-
29 ၂၉ ဟေလေနစ် လူတို့နှင့် နှီးနှော ပြောဆို သဖြင့်၊ ထိုသူတို့သည် ရှောလု ကိုသတ် မည်ဟု အားထုတ် ကြ၏။
၂၉သူသည်ဂရိဘာသာစကားကိုသုံးစွဲသူ ယုဒအမျိုးသားများနှင့်အချေအတင် ဆွေးနွေး၏။ သို့ရာတွင်ထိုသူတို့သည်သူ့ ကိုသတ်ရန်ကြံစည်အားထုတ်ကြ၏။-
30 ၃၀ ထိုအကြောင်းကို ညီအစ်ကို တို့သည် ကြားသိ လျှင် ၊ ရှောလု ကို ကဲသရိ မြို့သို့ ပို့ ၍ တာရှု မြို့တိုင်အောင် စေလွှတ် ကြ၏။
၃၀ထိုအကြောင်းကိုညီအစ်ကိုတို့ကြားသိသော အခါ သူ့ကိုကဲသရိမြို့သို့ပို့ဆောင်ပြီးလျှင် ထိုမှတစ်ဖန်တာရှုမြို့သို့ထွက်ခွာသွားစေ ကြ၏။
31 ၃၁ ထိုအခါ ယုဒ ပြည်၊ ဂါလိလဲ ပြည်၊ ရှမာရိ ပြည် အရပ်ရပ် တို့တွင် အသင်းတော် တို့သည် ငြိမ်သက် ၍ တည်ဆောက် ခြင်းရှိကြ၏။ သခင် ဘုရားကို ကြောက်ရွံ့ ခြင်း၌၎င်း ၊ သန့်ရှင်း သောဝိညာဉ် တော်၏ အဆုံးအမ ၌ ၎င်း၊ မွေ့လျော် သောအားဖြင့်ပွားများ ကြ၏။
၃၁ထို့ကြောင့်ထိုကာလ၌ယုဒပြည်၊ ဂါလိလဲ ပြည်နှင့်ရှမာရိပြည်အရပ်ရပ်တို့တွင်အသင်း တော်သည်အေးချမ်းစွာနေရလေသည်။ အသင်း တော်သည်သခင်ဘုရားအားကြောက်ရွံ့ရိုသေ သောစိတ်ဖြင့် သက်ရှင်လှုပ်ရှားလျက်သန့်ရှင်း သောဝိညာဉ်တော်၏ကူညီအားပေးမှုဖြင့် တည်တံ့ခိုင်မြဲကာအသင်းသားအရေ အတွက်တိုးတက်များပြားလာလေသည်။
32 ၃၂ ပေတရု သည် အရပ်ရပ် တို့ကို လှည့်လည် သည် တွင် သန့်ရှင်း သူ တို့ရှိ ရာလုဒ္ဒ မြို့သို့ ရောက် လေ၏။
၃၂ပေတရုသည်အရပ်ရပ်သို့လှည့်လည်သွား လာ၏။ အခါတစ်ပါး၌လုဒ္ဒမြို့ရှိဘုရား သခင်၏လူစုတော်ထံသို့ရောက်ရှိလာ၏။-
33 ၃၃ ထို အရပ်၌ အဲနေ အမည် ရှိသောတုံးလုံး နေ သော သူ တစ် ယောက်ကိုတွေ့ လျှင် ၊ အဲနေ ၊ ယေရှု ခရစ် သည် သင့် အားချမ်းသာ ပေးတော်မူ၏။
၃၃ထိုမြို့တွင်လေဖြတ်သဖြင့်ရှစ်နှစ်ပတ်လုံး အိပ်ရာပေါ်မှာတုံးလုံးလဲနေသူအဲနေ နာမည်ရှိသောလူတစ်ယောက်ကိုတွေ့၏။-
34 ၃၄ ထ ၍ အိပ်ရာကိုပြင် လော့ဟု ပေတရု ဆို သော်၊ ထိုသူသည် ချက်ခြင်း ထ ၏။
၃၄သူ့အားပေတရုက ``အဲနေ၊ ယေရှုခရစ်သည် သင့်ကိုကျန်းမာစေတော်မူပြီ။ ထ၍အိပ်ရာ ကိုပြင်လော့'' ဟုဆို၏။ အဲနေသည်ချက်ချင်း ပင်ထ၏။-
35 ၃၅ လုဒ္ဒ မြို့နှင့် ရှာရုန် မြို့၌ နေ သောသူ အပေါင်း တို့သည် ထိုသူ ကို မြင် ၍ သခင် ဘုရားထံတော်သို့ ပြောင်းလဲ ကြ၏။
၃၅လုဒ္ဒမြို့နှင့်ရှာရုန်လွင်ပြင်တွင်နေထိုင်သူလူ အပေါင်းတို့သည်သူ့ကိုတွေ့မြင်၍ သခင် ဘုရားထံတော်သို့ပြောင်းလဲလာကြ၏။
36 ၃၆ ယုပွေ မြို့၌ ဒေါ်ကာ ဟုဆိုလို သော တဗိသ အမည် ရှိသော တပည့် တော်မ တစ် ယောက်ရှိ ၏။ ထို မိန်းမသည် ကောင်း သောအကျင့် ၊ စွန့်ကြဲ ခြင်းအကျင့်နှင့် ပြည့်စုံ လျက်၊
၃၆ယုပ္ပေမြို့တွင်တဗိသနာမည်ရှိသောတပည့် တော်မတစ်ဦးရှိ၏။ (သူ၏နာမည်မှာဂရိ စကားအားဖြင့်ဒေါ်ကာဖြစ်၍ ``ဒရယ်'' ဟု အနက်ရလေသည်။) သူသည်ကောင်းမှုနှင့် စွန့်ကြဲပေးကမ်းမှုကိုအစဉ်သဖြင့်ပြု တတ်၏။-
37 ၃၇ ထို အခါ ၌ နာ ၍သေ လေ၏။ အလောင်းကို ရေချိုးပြီးလျှင်အထက် ခန်း၌ တင် ထားကြ၏။
၃၇သူသည်ဖျားနာ၍သေလေ၏။ သူ၏အလောင်း ကိုရေချိုးပေးကြပြီးသော်အိမ်၏အထက် ခန်းတွင်ပြင်ထားကြ၏။-
38 ၃၈ လုဒ္ဒ မြို့သည် ယုပွေ မြို့နှင့် နီး သည်ဖြစ် ၍ ထိုမြို့ ၌ ပေတရု ရှိ ကြောင်း ကို တပည့် တော်တို့သည်ကြား လျှင်၊ ပေတရုသည် အလျင်အမြန် ကြွလာ ပါမည် အကြောင်း လူ နှစ် ယောက်ကို စေလွှတ် ၍ တောင်းပန် ကြ၏။
၃၈လုဒ္ဒမြို့သည်ယုပ္ပေမြို့အနီးတွင်ရှိသဖြင့်ထို မြို့တွင်ပေတရုရှိကြောင်း တပည့်တော်တို့ကြား သိကြသောအခါ ``အကျွန်ုပ်တို့ထံသို့အလျင် အမြန်ကြွလာတော်မူပါ'' ဟူသောပန်ကြား ချက်ဖြင့်လူနှစ်ယောက်ကိုပေတရုထံသို့စေ လွှတ်လိုက်ကြ၏။-
39 ၃၉ ပေတရု သည် ထ ၍ ထိုသူ တို့နှင့်အတူလိုက် လေ ၏။ ရောက် လျှင် အထက် ခန်းသို့ ခေါ်ပင့် ၍ မုတ်ဆိုးမ များ တို့သည် ငိုကြွေး လျက် ၊ သူ တို့နှင့်အတူ ဒေါ်ကာ ရှိ စဉ်အခါလုပ် ခဲ့သော အင်္ကျီ နှင့် အဝတ် များကို ပြ လျက် ရှိကြ၏။
၃၉ထို့ကြောင့်ပေတရုသည်ထိုသူနှစ်ယောက်နှင့် အတူလိုက်ခဲ့လေသည်။ ရောက်သောအခါလူ တို့သည်သူ့အားအိမ်အထက်ထပ်ရှိအခန်း သို့ခေါ်သွားကြ၏။ မုဆိုးမတို့သည်ပေတရု ၏အနီးတွင်ဝိုင်းအုံလျက်ငိုယိုကာ ဒေါ်ကာ အသက်ရှင်စဉ်အခါကချုပ်လုပ်ထားခဲ့သော အင်္ကျီများနှင့်အတွင်းခံအင်္ကျီများကိုပြ ကြ၏။-
40 ၄၀ ပေတရု သည် ထိုသူအပေါင်း တို့ကို ပြင် သို့ထွက် စေသည်နောက် ၊ ကိုယ်တိုင်ဒူး ထောက် ၍ ဆုတောင်း ပဌနာပြုပြီးလျှင် ၊ ထိုအလောင်း သို့ မျက်နှာလှည့် ၍၊ တဗိသ ၊ ထ လော့ဟုဆို လေ၏။ ထိုမိန်းမ သည် မျက်စိ ကိုဖွင့် ၍ ပေတရု ကိုမြင် လျှင် ထ၍ထိုင် ၏။
၄၀ပေတရုသည်ထိုသူအပေါင်းတို့ကိုအပြင် သို့ထွက်စေပြီးလျှင် ဒူးထောက်၍ဆုတောင်း ပတ္ထနာပြု၏။ ထိုနောက်ရုပ်အလောင်းဘက်သို့ လှည့်၍ ``တဗိသ၊ ထလော့'' ဟုဆို၏။ ဒေါ်ကာ သည်မျက်စိဖွင့်၍ပေတရုကိုမြင်သော အခါထထိုင်လေ၏။-
41 ၄၁ ပေတရုသည် မိမိလက် ကို သူ့ အားပေး ၍ ချီကြွ ပြီးမှ ၊ သန့်ရှင်း သူ တို့နှင့် မုတ်ဆိုးမ တို့ကိုခေါ် ၍ အသက် ရှင်လျက်ရှိသော ထိုမိန်းမ ကိုပြ လေ၏။
၄၁ပေတရုသည်လက်ကိုကမ်းပေးပြီးလျှင်ထို အမျိုးသမီးကိုဆွဲထူလိုက်၏။ ထိုနောက် မုဆိုးမများအပါအဝင်ယုံကြည်သူများ ကိုခေါ်၍ အသက်ရှင်လျက်ရှိသောဒေါ်ကာ ကိုပေးအပ်၏။-
42 ၄၂ ထိုအကြောင်းကို ယုပွေ မြို့၌ အနှံ့အပြားသိ ကြ ၍၊ လူများ တို့သည် သခင် ဘုရားကိုယုံကြည် ခြင်းသို့ ရောက်ကြ၏။
၄၂ဤသတင်းသည်ယုပ္ပေတစ်မြို့လုံးတွင်ကျော် ကြားသွားသဖြင့် လူအမြောက်အမြားပင် သခင်ဘုရားကိုသက်ဝင်ယုံကြည်လာ ကြ၏။-
43 ၄၃ ပေတရုသည် ယုပွေ မြို့၌ ရှိမုန် အမည်ရှိသော သားရေ လုပ်သမားနှင့်အတူ ကြာမြင့် စွာနေ ၏။
၄၃ပေတရုသည်ယုပ္ပေမြို့တွင်ရှိမုန်နာမည်ရှိသူ သားရေနယ်သမားနှင့်အတူရက်ပေါင်းများ စွာနေထိုင်လေသည်။