< တမန်တော်ဝတ္ထု 8 >

1 သူ့ ကိုကွပ်မျက် သောအမှုကိုရှောလု သည်လည်း ဝန်ခံ လျက်ရှိ ၏။ထိုအခါ ယေရုရှလင် မြို့၌ ရှိသော အသင်းတော် သည် ပြင်းစွာ သောညှဉ်းဆဲ ခြင်းကိုခံရသဖြင့် တမန်တော် တို့မှတပါး သင်းဝင်သူအပေါင်း တို့သည် ယုဒ ပြည်၊ ရှမာရိ ပြည်အရပ်ရပ် တို့၌ အနှံ့အပြားကွဲပြား ကြ၏။
Saulo consintió en su muerte. Se levantó una gran persecución contra la asamblea que estaba en Jerusalén en aquel día. Todos estaban dispersos por las regiones de Judea y Samaria, excepto los apóstoles.
2 တရားကိုရိုသေ သောသူ တို့သည် သတေဖန် ကို သင်္ဂြိုဟ် ၍ ပြင်းစွာ သောငိုကြွေး မြည်တမ်းခြင်းကို ပြု ကြ၏။
Los hombres devotos enterraron a Esteban y se lamentaron mucho por él.
3 ရှောလု သည် အသင်းတော် ကိုဖျက်ဆီး လေ၏။ အိမ် များသို့ ဝင် ပြီးလျှင်ယောက်ျား မိန်းမ တို့ကို ဆွဲငင် ၍ ထောင် ထဲ၌ လှောင် ထားတတ်၏။
Pero Saulo asoló la asamblea, entró en todas las casas y arrastró a la cárcel a hombres y mujeres.
4 ထိုကြောင့် အရပ်ရပ်သို့ကွဲပြား သော သူ တို့သည် လှည့်လည် ၍ နှုတ်ကပတ် တော်တည်းဟူသောဧဝံဂေလိတရားကို ဟောပြော ကြ၏။
Por eso, los que estaban dispersos iban por ahí predicando la palabra.
5 ဖိလိပ္ပု သည်လည်း၊ ရှမာရိ မြို့ သို့ သွား ၍ ခရစ်တော် ၏ အကြောင်းကိုဟော လေ၏။
Felipe bajó a la ciudad de Samaria y les anunció al Cristo.
6 လူ အစုအဝေးတို့သည်ကြား ၍ ဖိလိပ္ပု ပြု သော နိမိတ် လက္ခဏာတို့ကို မြင် သောအခါ၊ သူ၏စကား ကို တစ် ညီတစ်ညွတ်တည်း နားထောင် ကြ ၏။
Las multitudes escuchaban unánimemente lo que decía Felipe, al oír y ver las señales que hacía.
7 အကြောင်းမူကား ၊ နတ် ဆိုး စွဲ သော သူ များတို့၏ အထဲမှ နတ်ဆိုးတို့သည် ပြင်းစွာ သော အသံ နှင့် အော်ဟစ် လျက်ထွက်သွား ကြ၏။ ကိုယ် မလှုပ်နိုင်သောသူ၊ ခြေမစွမ်း သောသူအများ တို့သည်လည်း ပကတိ အဖြစ် သို့ရောက်ကြ၏။
Porque salieron espíritus inmundos de muchos de los que los tenían. Salían gritando a gran voz. Muchos paralíticos y cojos quedaron curados.
8 ထို မြို့သူ မြို့သားတို့သည် အလွန် ဝမ်းမြောက် ခြင်းရှိ ကြ၏။
Hubo gran alegría en aquella ciudad.
9 ရှိမုန် အမည် ရှိသော သူ တစ် ယောက်သည်၊ ထိုမြို့ ၌ နတ် ဝိဇ္ဇာအတတ်နှင့် ပြုပြင်၍၊ ငါ သည်ထူးဆန်း သော သူ ဖြစ် သည်ဟုဆို လျက်၊ ရှမာရိ အမျိုးသား တို့ကို မိန်းမော တွေဝေစေခြင်းငှာပြု၏။
Pero había un hombre, de nombre Simón, que practicaba la hechicería en la ciudad y asombraba a la gente de Samaria, haciéndose pasar por alguien grande,
10 ၁၀ လူကြီး လူငယ် ရှိသမျှတို့က လည်း၊ ဤသူ သည် ဘုရားသခင် ၏ မဟာ တန်ခိုး တော်ဖြစ် သည်ဟု ဆို လျက် ထိုသူ ၌ဆည်းကပ် ကြ၏။
a quien todos escuchaban, desde el más pequeño hasta el más grande, diciendo: “Este hombre es ese gran poder de Dios.”
11 ၁၁ ဆည်းကပ် သည်အကြောင်း ကား၊ သူ တို့ကို မိန်းမော တွေဝေစေခြင်းငှာထိုသူသည် နတ် ဝိဇ္ဇာအတတ်အားဖြင့် ကြာမြင့် စွာပြုလျက်နေ၏။
Le escuchaban porque durante mucho tiempo les había asombrado con sus hechicerías.
12 ၁၂ ဖိလိပ္ပု သည် ဘုရားသခင် ၏နိုင်ငံ တော်၌၎င်း၊ ယေရှု ခရစ် ၏ နာမ တော်နှင့် ၎င်း စပ်ဆိုင် သော ဧဝံဂေလိ တရားကို ဟောပြော၍ ထိုသူ တို့သည် ယုံကြည် သောအခါ ၊ ယောက်ျား မိန်းမ တို့သည် ဗတ္တိဇံ ကို ခံကြ၏။
Pero cuando creyeron que Felipe predicaba la buena noticia del Reino de Dios y el nombre de Jesucristo, se bautizaron, tanto hombres como mujeres.
13 ၁၃ ရှိမုန် သည်လည်း ကိုယ်တိုင် ယုံကြည် သည်ဖြစ်၍ ဗတ္တိဇံ ကို ခံပြီးမှ ဖိလိပ္ပု ထံ၌မှီဝဲ ဆည်းကပ်သဖြင့်၊ ထူးဆန်းသော တန်ခိုး ကြီး သော နိမိတ် လက္ခဏာများကို မြင် ၍ မိန်းမော တွေဝေလျက်ရှိ လေ၏။
También Simón creyó. Al ser bautizado, siguió con Felipe. Al ver que se producían señales y grandes milagros, quedó maravillado.
14 ၁၄ ရှမာရိ မြို့သားတို့သည် ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကို ခံယူ ကြပြီဟု ယေရုရှလင် မြို့၌ ရှိသော တမန်တော် တို့သည် သိတင်း ကြား လျှင် ၊ ပေတရု နှင့် ယောဟန် တို့ကို စေလွှတ် ကြ၏။
Cuando los apóstoles que estaban en Jerusalén se enteraron de que Samaria había recibido la palabra de Dios, enviaron a Pedro y a Juan a ellos,
15 ၁၅ ထိုမြို့သူမြို့သားတို့သည် သခင် ယေရှု ၏နာမ ၌ ဗတ္တိဇံ ကို ခံရုံ မျှသာ ရှိ သဖြင့် ၊
quienes, al bajar, oraron por ellos para que recibieran el Espíritu Santo;
16 ၁၆ တစ်စုံတစ်ယောက် သောသူ အပေါ် ၌သန့်ရှင်း သော ဝိညာဉ်တော်သည် သက်ရောက် တော် မ မူသေးသည် ဖြစ်၍၊ တမန်တော်တို့သည် ရောက်ကြလျှင်၊ ဝိညာဉ် တော် ကိုခံရ မည်အကြောင်း ထိုမြို့သူမြို့သားတို့ အဘို့ ဆုတောင်း ၍၊
porque todavía no había caído sobre ninguno de ellos. Sólo habían sido bautizados en el nombre de Cristo Jesús.
17 ၁၇ ထိုသူ တို့အပေါ် ၌လက် ကိုတင် သောအားဖြင့်သူတို့သည် သန့်ရှင်း သောဝိညာဉ် တော်ကိုခံရ ကြ၏။
Entonces les impusieron las manos, y recibieron el Espíritu Santo.
18 ၁၈ တမန်တော် တို့လက် ကိုတင် သောအားဖြင့် သန့်ရှင်းသော ဝိညာဉ် တော်သက်ရောက် သည်ကို ရှိမုန် မြင် လျှင်၊ ငွေ ကိုယူဆောင် ခဲ့၍၊
Al ver Simón que el Espíritu Santo se daba por la imposición de las manos de los apóstoles, les ofreció dinero,
19 ၁၉ အကျွန်ုပ် ၏ လက် တင် ခြင်းကိုခံရသောသူ သည် သန့်ရှင်း သော ဝိညာဉ် တော်ကိုခံ စေမည်အကြောင်း အကျွန်ုပ် အား အခွင့် ပေး ပါဟု တောင်း သော်၊
diciendo: “Dadme también a mí este poder, para que todo aquel a quien imponga las manos reciba el Espíritu Santo.”
20 ၂၀ ပေတရု က၊ ဘုရားသခင် ၏ကျေးဇူး တော်ကို ငွေ နှင့်ဝယ်ယူ မည် ဟု အကြံရှိ သောကြောင့် ၊ သင် နှင့်တကွ သင် ၏ ငွေ သည်ပျက်စီး ခြင်းသို့ ရောက် ပါစေ။
Pero Pedro le dijo: “¡Que tu plata perezca contigo, porque pensaste que podías obtener el don de Dios con dinero!
21 ၂၁ သင် သည်ဤ အမှုအရာ နှင့် မ ဆက်ဆံ သော သူဖြစ် ၏။ အကြောင်းမူကား ၊ သင် ၏စိတ် နှလုံးသည် ဘုရားသခင့် ရှေ့ တော်၌ ဖြောင့်မတ် ခြင်းမ ရှိ ။
No tienes parte ni suerte en este asunto, porque tu corazón no es recto ante Dios.
22 ၂၂ ထိုကြောင့် သင် ၌ ယခု ဆိုးညစ် သောအမှု ကို နောင်တရ လော့။ သင် ၏စိတ် နှလုံး၌ကြံစည် ခြင်းအပြစ်ကို လွှတ်ကောင်း လွှတ် လိမ့်မည်ဖြစ်၍၊ ဘုရားသခင် ကို တောင်းပန် လော့။
Arrepiéntete, pues, de esta tu maldad, y pide a Dios si acaso te perdona el pensamiento de tu corazón.
23 ၂၃ သင် သည်ခါး စွာသောသည်းခြေ စွဲသည်ဖြစ်၍ ၊ ဒုစရိုက် အနှောင်အဖွဲ့ နှင့်မလွတ်ကြောင်းကို ငါသိမြင် သည်ဟုဆို ၏။
Porque veo que estás en el veneno de la amargura y en la esclavitud de la iniquidad.”
24 ၂၄ ရှိမုန် ကလည်း၊ မိန့် တော်မူသောအရာ တစ်စုံတစ်ခု မျှ အကျွန်ုပ် အပေါ်သို့ မရောက် ပါမည် အကြောင်း ၊ ထာဝရ ဘုရားကို ကျွန်ုပ် အဘို့ အလိုငှာ ဆုတောင်း တော်မူကြပါဟု ပြန်ပြော ၏။
Simón respondió: “Ruega por mí al Señor, para que no me suceda nada de lo que has dicho”.
25 ၂၅ တမန်တော် တို့သည် သက်သေခံ ၍ သခင်ဘုရား ၏နှုတ်ကပတ် တရားတော်ကိုဟော ပြီးမှ၊ ယေရုရှလင် မြို့ သို့ ပြန်သွား ရာ၊ ရှမာရိ ရွာ များ တို့၌လည်း ဧဝံဂေလိတရားကို ဟောပြော ကြ၏။
Ellos, pues, después de haber dado testimonio y pronunciado la palabra del Señor, volvieron a Jerusalén y predicaron la Buena Nueva en muchas aldeas de los samaritanos.
26 ၂၆ တဖန် ထာဝရ ဘုရား၏ ကောင်းကင်တမန် သည် ဖိလိပ္ပု အား ၊ သင်ထ ၍ ယေရုရှလင် မြို့မှ ဂါဇ မြို့ သို့ သွား ရာ တော လမ်း တွင် တောင် မျက်နှာသို့ သွား လော့ ဟု ဆို သည်အတိုင်း ၊ ဖိလိပ္ပုသည်ထ ၍ သွား လေ၏။
Entonces un ángel del Señor habló a Felipe, diciendo: “Levántate y ve hacia el sur por el camino que baja de Jerusalén a Gaza. Este es un desierto”.
27 ၂၇ ထိုအခါ အဲသယောပိ ပြည်ကိုအစိုးရ သော မိဖုရား ကန္ဒက် ထံ၌ဘုန်းကြီးသောအမတ်ဖြစ်၍၊ ဘဏ္ဍာ တော်ရှိသမျှ ကို အုပ်စိုး ရသော အဲသယောပိ ပြည်သားတစ်ယောက်သည် ကိုးကွယ် ခြင်းငှာယေရုရှလင် မြို့ သို့ သွား ၍၊
Se levantó y fue; y he aquí que había un hombre de Etiopía, un eunuco de gran autoridad bajo Candace, reina de los etíopes, que estaba sobre todo su tesoro, que había venido a Jerusalén para adorar.
28 ၂၈ ပြန် စဉ်တွင် မိမိ ရထား ပေါ်၌ ထိုင် လျက် ပရောဖက် ဟေရှာယ ၏ ကျမ်းစာကိုဖတ် လေ၏။
Volvía y estaba sentado en su carro, y leía el profeta Isaías.
29 ၂၉ ဝိညာဉ် တော်ကလည်း၊ ထို ရထား သို့ ချဉ်းကပ် ၍ မှီဝဲ လော့ဟု ဖိလိပ္ပု အား ဗျာဒိတ် ပေးတော်မူသဖြင့်၊
El Espíritu dijo a Felipe: “Acércate y únete a este carro”.
30 ၃၀ ဖိလိပ္ပု သည် ရထားသို့ပြေး ၍ ပရောဖက် ဟေရှာယ ၏ ကျမ်းစာ၌ ဘတ် သည်ကိုကြား လျှင်၊ ဘတ် သောအရာ ကို နားလည် ပါ၏ လောဟု မေးမြန်း ၏။
Felipe corrió hacia él y le oyó leer al profeta Isaías, y le dijo: “¿Entiendes lo que estás leyendo?”
31 ၃၁ ထိုအမတ်ကလည်း၊ သွန်သင် ပဲ့ပြင်သော သူ မ ရှိလျှင် အဘယ်သို့ နားလည်နိုင် မည်နည်းဟု ဆို ပြီးမှ မိမိ နှင့်အတူ ဖိလိပ္ပု တက် ၍ထိုင် နေ ပါမည်အကြောင်း တောင်းပန် ၏။
Dijo: “¿Cómo voy a hacerlo si no me lo explican?”. Le rogó a Felipe que subiera y se sentara con él.
32 ၃၂ ကျမ်းစာ ၌ ဘတ် သောအချက် ဟူမူကား၊ အသေ သတ် ခြင်းငှာ ဆောင်သွားသော သိုး ကဲ့သို့ သူ့ကို ဆောင်သွား ၍ ၊ သိုးသငယ် သည် အမွေးညှပ် သောသူ ရှေ့ မှာ မ မြည်ဘဲ နေသကဲ့သို့ သူ သည်နှုတ် ကိုမ ဖွင့် ဘဲနေ၏။
El pasaje de la Escritura que estaba leyendo era éste, “Fue llevado como una oveja al matadero. Como un cordero mudo ante su esquilador, Así que no abrió su boca.
33 ၃၃ နှိမ့်ချ ခြင်းကိုခံစဉ်တွင်သူတစ်ပါးတို့သည် ထိုသူ ကို မတရား သဖြင့်စီရင် ကြ၏။ ထိုသူ ၏အသက် ကို မြေကြီး ကသိမ်းရုပ် သည်ဖြစ်၍ ၊ သူ ၏အမျိုးအနွယ် ကို အဘယ်သူ ပြညွှန် မည်နည်းဟု ကျမ်းစာလာသတည်း။
En su humillación, su juicio fue quitado. ¿Quién declarará su generación? Porque su vida es quitada de la tierra”.
34 ၃၄ ထိုအမတ်ကလည်း၊ ပရောဖက် သည် အဘယ်သူ ကို ရည်မှတ် ၍ ဤသို့ ဆို ပါသနည်း။ ကိုယ် ကိုတည်း ဆိုလို သလော။ သူတစ်ပါး ကိုတည်း ဆိုလို သလောဟု တောင်းပန် လျက်၊
El eunuco respondió a Felipe: “¿De quién habla el profeta? ¿De sí mismo, o de otro?”
35 ၃၅ ဖိလိပ္ပု အား မေးမြန်း လျှင်၊ ဖိလိပ္ပု သည် မိမိ နှုတ် ကိုဖွင့် ၍ ထို ကျမ်းစာချက်ကို အစွဲပြုလျက်၊ ယေရှု ၏အကြောင်းတည်းဟူသောဧဝံဂေလိ တရားကို ဟောလေ၏။
Felipe abrió la boca y, partiendo de esta Escritura, le predicó acerca de Jesús.
36 ၃၆ ထိုသို့ လမ်း ၌သွား ကြစဉ် ရေ ရှိရာသို့ ရောက် ၍၊ အမတ် ကလည်း ဤအရပ်တွင်ရေ ရှိပါ၏။ အကျွန်ုပ် ကို ဗတ္တိဇံ မခံစေခြင်းငှာမည်သည့် အကြောင်းဆီးတား ပါသနည်းဟု ပြောဆို လျှင် ၊
Mientras iban por el camino, llegaron a un poco de agua; y el eunuco dijo: “Mira, aquí hay agua. ¿Qué me impide ser bautizado?”
37 ၃၇ ဖိလိပ္ပုက၊ သင်သည် စိတ်နှလုံးအကြွင်းမဲ့ယုံကြည်လျှင် ခံရသည် ဟုဆိုလေ၏။ အမတ်ကလည်း၊ ယေရှုခရစ်သည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူကြောင်းကို အကျွန်ုပ်ယုံကြည်ပါသည်ဟု ဝန်ခံ၍၊
38 ၃၈ ရထား ကိုရပ် စေခြင်းငှာစီရင် ပြီးမှ ၊ ဖိလိပ္ပု သည် ထိုအမတ် နှင့်တကွ ရေ ထဲသို့ ဆင်း ၍ ဗတ္တိဇံ ကိုပေး၏။
Mandó que se detuviera el carro, y ambos bajaron al agua, tanto Felipe como el eunuco, y lo bautizó.
39 ၃၉ ရေ ထဲက တက် ကြလျှင် ၊ထာဝရ ဘုရား၏ ဝိညာဉ် တော်သည် ဖိလိပ္ပု ကိုဆောင်ယူ တော်မူ၍ ၊ အမတ် သည် ဖိလိပ္ပု ကို နောက်တဖန်မ တွေ့ မမြင်ရ။ ဝမ်းမြောက် ဝမ်းသာခြင်းနှင့် မိမိ သွားရသောလမ်း ကို သွား လေ၏။
Cuando salieron del agua, el Espíritu del Señor arrebató a Felipe, y el eunuco no lo vio más, pues siguió su camino alegremente.
40 ၄၀ ဖိလိပ္ပု သည်လည်း အာဇုတ် မြို့၌ ပေါ်လာ၍၊ ထိုမြို့မှကဲသရိ မြို့တိုင်အောင်မြို့ ရွာအစဉ်အတိုင်း ရှောက်သွား ၍ ဧဝံဂေလိ တရားကို ဟောလေ၏။
Pero Felipe se encontró en Azoto. De paso, predicó la Buena Nueva a todas las ciudades hasta llegar a Cesarea.

< တမန်တော်ဝတ္ထု 8 >