< တမန်တော်ဝတ္ထု 7 >

1 ထိုအခါ ယဇ်ပုရောဟိတ် မင်းက၊ ဤ စကားမှန် သလောဟု မေး သည်ရှိသော်၊
«Tout cela est-il vrai?» lui demanda le grand-prêtre.
2 သတေဖန်က၊ ညီအစ်ကို အဘ တို့ နားထောင် ကြပါလော့။ ငါ တို့ အဘ အာဗြဟံ သည်၊ ခါရန် မြို့၌ မ နေ မှီ ၊ မေသောပေါဘာမိ အရပ်၌ ရှိ စဉ်အခါ၊ ဘုန်းကြီး တော်မူသော ဘုရားသခင် သည် ထင်ရှား တော်မူ၍၊
Étienne dit alors: «Mes frères et mes pères, écoutez! Le Dieu de gloire apparut à notre père Abraham, en Mésopotamie, avant son établissement à Charran,
3 သင် နေသော ပြည် နှင့်တကွ အမျိုးသား ချင်း များထဲက ထွက် ပြီးလျှင် ၊ ငါပြ လတံ့သော ပြည် သို့ သွား လော့ဟု အာဗြဟံ အား မိန့် တော်မူ၏။
et lui dit: «Sors de ton pays et de ta famille et va dans le pays que je te montrerai.»
4 ထိုအခါ အာဗြဟံ သည် ခါလဒဲ ပြည် မှ ထွက် ၍ ခါရန် မြို့၌ နေ ၏။ သူ ၏ အဘ သေ လွန်သည်ရှိသော်၊ ယခု သင်တို့နေ သော ဤ ပြည် သို့ ထိုမြို့ မှ ပြောင်း စေတော်မူ၏။
Il sortit alors du pays des Chaldéens et s'établit à Charran. De là, après la mort de son père, Dieu le fit passer dans ce pays-ci que vous habitez maintenant.»
5 ဤ ပြည်၌ ခြေနင်း ရာကိုမျှ အမွေ ပေး တော် မမူ သော်လည်း ၊ သူမှစ၍ သူ ၏သား မြေးတို့အား ဤ ပြည်ကိုအပိုင် ပေးတော်မူမည်ဟု သား တစ်ယောက် မျှ မရှိ မှီဂတိ ထား တော်မူ၏။
«Il ne lui donna aucune propriété dans ce pays, pas même de quoi poser le pied, mais il promit de le mettre, lui et ses descendants, en sa possession, quoiqu'il n'eût pas d'enfant.
6 သင်၏အမျိုးအနွယ် သည် သူတစ်ပါး ပိုင်သော ပြည် ၌ ဧည့်သည် ဖြစ် ကြသဖြင့် ၊ သူတစ်ပါးတို့၌ ကျွန် ခံခြင်း၊ နှိပ်စက် ညှဉ်းဆဲခြင်းကို အနှစ် လေးရာ ပတ်လုံးခံရကြလိမ့်မည်။
Voici comment Dieu parla: «Ses descendants demeureront dans un pays étranger, on les fera esclaves et on les persécutera pendant quatre cents ans
7 သူ တို့ကို စေခိုင်း သောလူမျိုး ကိုလည်း ငါ စီရင် မည်။ ထိုနောက်မှ သူတို့သည်ထွက် ၍ ဤ အရပ် ၌ ငါ့ အား ဝတ်ပြု ကြလိမ့်မည်ဟု ဗျာဒိတ် ထားတော်မူ၏။
et la nation qui les fera esclaves c'est moi qui la jugerai, dit Dieu, et ensuite ils partiront et me rendront un culte dans ce lieu-ci.»
8 ဘုရားသခင်သည်လည်း အရေဖျားလှီး ခြင်းနှင့် ဆိုင်သော ပဋိညာဉ် တရားကို အာဗြဟံ အား ပေး တော်မူ၏။ ထိုသို့ ဣဇာက် ကို ဘွားမြင် ၍ ရှစ် ရက်မြောက်သော နေ့ ၌ အရေဖျားလှီး ခြင်းကိုပေးလေ၏။ ဣဇာက် သား ယာကုပ် ၊ ယာကုပ် သားများကား၊ အမျိုး၏အဘ တကျိတ် နှစ်ပါးတည်း။
«Puis Dieu fit avec Abraham l'alliance de la circoncision. C'est ainsi qu'ayant engendré Isaac, Abraham le circoncit le huitième jour, de même Isaac Jacob, et Jacob les douze patriarches.»
9 အမျိုး၏ အဘ တို့သည် လည်း ငြူစူ သောစိတ်ရှိ၍ ၊ ယောသပ် ကို အဲဂုတ္တု ပြည်သို့ ရောင်း လိုက်ကြ၏။ ဘုရားသခင် သည် သူ့ ကိုစောင့်မ တော်မူလျက်၊
«Les patriarches, jaloux de Joseph, le vendirent pour le faire emmener en Égypte.»
10 ၁၀ အလုံးစုံ သော ဒုက္ခ ဆင်းရဲထဲမှ ကယ်နှုတ် ၍ ၊ အဲဂုတ္တု ပြည်ကို အစိုးရ သော ဖာရော ဘုရင်ထံ၌ မျက်နှာ ပွင့်လန်းခြင်းနှင့် ပညာ အတတ် ကိုပေး တော်မူသဖြင့် ၊ ထိုမင်းကြီးသည် အဲဂုတ္တု နိုင်ငံအုပ် အရာ၊ နန်းတော် အုပ်အရာ၌ ယောသပ် ကိုခန့်ထား လေ၏။
«Mais Dieu était avec lui, il le tira de toutes ses épreuves, il lui donna de la sagesse et lui fit trouver grâce devant Pharaon, roi d'Égypte, qui l'établit gouverneur d'Égypte et de toute sa maison.»
11 ၁၁ ခါနာန် ပြည်နှင့် အဲဂုတ္တု ပြည် တရှောက် လုံး၌ အစာ ခေါင်းပါးခြင်း၊ ကြီးစွာ သောဆင်းရဲ ခြင်းရှိ၍ ငါ တို့ အဘ များ၌ စားစရာ ကုန် သောအခါ ၊ အဲဂုတ္တု ပြည်မှာ ဆန် စပါးရှိ သည်ဟု ယာကုပ် သည်ကြား လျှင် ၊
«Il survint une famine dans toute l'Égypte et en Chanaan, la détresse était grande, et nos pères ne trouvaient pas de quoi se nourrir.
12 ၁၂ ငါ တို့အဘ များကို ပဌမ အကြိမ်တွင် စေလွှတ် လေ၏။
Mais Jacob apprit qu'il y avait du blé en Égypte et il y envoya nos pères une première fois.
13 ၁၃ ဒုတိယ အကြိမ်တွင် ယောသပ် သည် မိမိ ညီအစ်ကို တို့အား မိမိအကြောင်းကို ဘော်ပြ ၍ ၊ ဖာရော ဘုရင်သည် ယောသပ် ၏ အမျိုး ကို သိ တော်မူ၏။
Au second voyage, Joseph se fit reconnaître par ses frères et Pharaon apprit quelle était l'origine de Joseph.»
14 ၁၄ ထိုအခါ ယောသပ် သည်စေလွှတ် ၍ မိမိ အဘ ယာကုပ် နှင့်တကွအရေအတွက်အားဖြင့်ခုနစ်ကျိပ် ငါး ယောက်သော မိမိအမျိုးသား ချင်းအပေါင်း တို့ကို ခေါ်ပင့် လေ၏။
«Alors Joseph envoya chercher son père Jacob et toute sa famille, en tout soixante-quinze personnes.
15 ၁၅ ယာကုပ် သည်လည်း အဲဂုတ္တု ပြည်သို့ သွား ၍ ကိုယ်တိုင်မှစသောငါ တို့အဘ များသည် သေ လွန်ကြ၏။
Jacob descendit en Égypte et y mourut; nos pères aussi;
16 ၁၆ ထိုသူတို့ကိုလည်း ရှေခင် မြို့သို့ ပို့ဆောင် သဖြင့်၊ ရှေခင် ၏အဘ ဖြစ်သောဟာမော် ၏ သား တို့အား အဘိုး ငွေ ကိုပေး၍ဝယ် ပြီဖြစ်သော သင်္ချိုင်း တွင်း၌ ထား ကြ၏။
on les transporta à Sichem et on les déposa dans le tombeau qu'Abraham, à prix d'argent, y avait acheté des fils d'Emmor.»
17 ၁၇ အာဗြဟံ အား ဘုရားသခင် ဓိဋ္ဌာန် တော်မူသော ဂတိ တော်၏ အချိန် ရောက် လုသောအခါ ၊
«Lorsque approcha le moment où devait s'accomplir la promesse solennellement faite par Dieu à Abraham, le peuple s'accrut et se multiplia en Égypte
18 ၁၈ ထိုလူမျိုး သည် အဲဂုတ္တု ပြည်၌ တိုးပွား ၍ ၊ ယောသပ် ကိုမ သိ မကျွမ်းသော မင်းကြီး တစ်ပါး ပေါ်လာ သည်တိုင်အောင် များပြား ကြလေ၏။
jusqu'au règne d'un autre roi qui n'avait pas connu Joseph.»
19 ၁၉ ထိုမင်းကြီး သည် ငါ တို့အဆွေအမျိုး ကို ပရိယာယ် ပြုသဖြင့်၊ သူငယ် များကိုအသက် မ ရှင်စေခြင်းငှာ ပစ် ထားရမည်အကြောင်း ငါ တို့ အဘ များကို ညှဉ်းဆဲ နှိပ်စက်လေ၏။
Celui-ci traita notre peuple par la ruse et persécuta nos pères jusqu'à leur faire exposer leurs enfants pour leur ôter la vie.»
20 ၂၀ ထို အခါ အလွန်အဆင်းလှ သော မောရှေ ကို ဘွားမြင် လျှင်၊ သုံး လ ပတ်လုံးအဘ ၏ အိမ် တွင် ကျွေးမွေး ကြ၏။
«C'est alors que naquit Moïse; il était d'une divine beauté; trois mois il fut élevé dans la maison de son père.
21 ၂၁ နောက်မှပစ် ထားသည်ရှိသော်၊ ဖာရော ဘုရင် သမီး တော်သည် ကောက်ယူ ၍ မိမိ သား အရာ၌ မွေးစား လေ၏။
Quand il fut exposé, la fille de Pharaon le recueillit et l'éleva comme son propre fils.
22 ၂၂ မောရှေ သည်လည်းအဲဂုတ္တု အတတ် ၊ ပညာ အလုံးစုံ တို့ကို သင် ၍၊ နှုတ် သတ္တိ ၊ လက် သတ္တိရှိ ၏။
Moïse fut instruit dans toute la sagesse des Égyptiens; il était puissant en paroles et en oeuvres.»
23 ၂၃ အသက် လေးဆယ်စေ့ သောအခါ ဣသရေလ အမျိုးသား ဖြစ်သော မိမိ ညီအစ်ကို တို့ကို အကြည့်အရှု သွားမည်ဟု အကြံရှိ၏။
«Quand il eut quarante ans accomplis, il lui monta au coeur le désir de visiter ses frères les enfants d'Israël.
24 ၂၄ အမျိုးသားချင်းတစ် ယောက်သည် ညှဉ်းဆဲ ခံရသည်ကို မြင် လျှင် သူ့ဘက်ကနေ၍အဲဂုတ္တု လူကို ကွပ်မျက် သဖြင့်၊ ထိုညှဉ်းဆဲ ခံရသောသူ အား အနိုင် ပေး လေ ၏။
Il en vit maltraiter un et, prenant son parti, il vengea le tort qui lui était fait en frappant l'Égyptien.
25 ၂၅ ဘုရားသခင် သည် ဤသူ လက် ဖြင့် ငါ တို့ကို ကယ်နှုတ် တော်မူမည်အရာကို ညီအစ်ကို တို့သည် နားလည် လိမ့်မည်ဟု ထင်မှတ် သော်လည်း ၊ ထိုသူတို့သည် နား မ လည်ဘဲနေကြ၏။
Il pensait faire comprendre à ses frères que Dieu, par ses mains, voulait les délivrer; mais ils ne comprirent pas.
26 ၂၆ နက်ဖြန် နေ့ ၌ အချင်းချင်းခိုက်ရန် ပြုကြသော သူ တို့ရှိရာသို့ သွား ၍ ၊ အချင်းလူ တို့၊ ညီအစ်ကို ချင်းဖြစ် လျက်နှင့် အဘယ်ကြောင့် တစ် ယောက်ကိုတစ်ယောက်ညှဉ်းဆဲ ကြသနည်းဟု ဆို ၍ ရန်ငြိမ်း ရာသို့ သွေးဆောင် သည်ရှိသော်၊
Le lendemain il se présenta à eux pendant qu'ils se querellaient et comme il les exhortait à se réconcilier en leur disant: «Vous êtes frères, pourquoi vous maltraitez-vous?»
27 ၂၇ အိမ်နီးချင်း ကို ညှဉ်းဆဲ သောသူ က၊ အဘယ်သူ သည် သင့် ကို ငါ တို့အပေါ်မှာ အကဲအမှူး တရားသူကြီး အရာ၌ ခန့်ထား သနည်း။
celui qui faisait tort à son prochain le repoussa par ces mots: «Qui donc t'a nommé notre chef et notre juge?
28 ၂၈ မနေ့ ကအဲဂုတ္တု လူကို သတ် သကဲ့သို့ ငါ့ ကိုသတ် လို သလောဟု ဆို လျက် မောရှေ ကိုပယ် ၏။
Voudrais-tu me tuer, moi aussi, comme l'Égyptien que tu as tué hier?»
29 ၂၉ ထို စကား ကိုကြားလျှင် ၊ မောရှေ သည် ပြေး ၍ မိဒျန် ပြည် ၌ ဧည့်သည် ဖြစ် လျက်နေသည်တွင် သား နှစ် ယောက်ကိုမြင် လေ၏။
A cette parole, Moïse prit la fuite et alla vivre en étranger dans le pays de Madian, où il engendra deux fils.»
30 ၃၀ အနှစ် လေးဆယ် လွန်သောအခါ ၊ သိနာ တောင် ခြေရင်း တော တွင် ၊ မီး လောင် သောချုံ ၌ ထာဝရဘုရား၏ ကောင်းကင်တမန် ထင်ရှား ၏။
«Quarante ans plus tard, un ange lui apparut au désert du mont Sinaï dans la flamme d'un buisson en feu.
31 ၃၁ ထိုရူပါရုံ ကို မြင် သောအခါ မောရှေ သည် အံ့ဩ ၍စေ့စေ့ကြည့်ရှု ခြင်းငှာအနားသို့ချဉ်းကပ် လျှင်၊
Moïse le vit et, tout surpris de cette apparition, il s'approchait pour la considérer de plus près, lorsque la voix du Seigneur se fit entendre:
32 ၃၂ ငါ ကား သင့် ဘိုးဘေး တို့၏ဘုရား ၊ အာဗြဟံ ၏ ဘုရား ၊ ဣဇာက် ၏ဘုရား၊ ယာကုပ် ၏ဘုရားဖြစ်၏ ဟုထာဝရ ဘုရား၏ ဗျာဒိတ် တော်အသံ ထွက် တော်မူ၏။ ထိုအခါ မောရှေ သည် တုန်လှုပ် လျက် စေ့စေ့မ ကြည့် ဝံ့ ။
«Je suis le Dieu de tes pères, le Dieu d'Abraham et d'Isaac et de Jacob.
33 ၃၃ ထာဝရ ဘုရားကလည်း၊ သင် ၏ခြေနင်း ကို ချွတ် လော့။ သင်နင်း သောအရပ် ကား သန့်ရှင်း သောမြေ ဖြစ် ၏။
Tremblant de peur, Moïse n'osa pas regarder davantage. Alors le Seigneur lui dit: «Ote de tes pieds tes chaussures, car le lieu où tu te trouves est une terre sainte;
34 ၃၄ အဲဂုတ္တု ပြည်၌ ရှိသော ငါ ၏လူ တို့သည် ခံရသော ညှဉ်းဆဲ ခြင်းကို ငါစေ့စေ့မြင် ခဲ့ပြီ။ သူ တို့ညည်းတွား မြည်တမ်းသောအသံကိုလည်း ငါကြား ခဲ့ပြီ။ သူ တို့ကို ကယ်နှုတ် ခြင်းငှာငါဆင်းလာ ပြီ။ ယခု သွား လော့။ သင့် ကို အဲဂုတ္တု ပြည်သို့ ငါစေလွှတ် မည်ဟု ဗျာဒိတ် တော်ရှိ၏။
j'ai regardé et j'ai vu la misère de mon peuple en Égypte, et j'ai entendu ses gémissements et je suis descendu pour le délivrer. Viens maintenant pour que je t'envoie en Égypte.»
35 ၃၅ အဘယ်သူ သည် သင့် ကို အကဲအမှူး တရားသူကြီး အရာ၌ ခန့်ထား သနည်းဟူ၍အငြင်းအပယ် ခံရသော ထို မောရှေ ကို အကဲအမှူး ၊ ကယ်လွှတ် သောသူ ဖြစ်စေခြင်းငှာ၊ ဘုရားသခင် သည်ချုံ ၌ ထင်ရှား သော ကောင်းကင်တမန် အားဖြင့် စေခန့် တော်မူ၏။
«C'est ce Moïse qu'ils avaient renié en disant: «Qui donc t'a nommé notre chef et notre juges?» que Dieu a envoyé comme chef et comme libérateur avec l'aide de l'ange qui lui était apparu dans le buisson.
36 ၃၆ ထိုသူ သည် ဣသရေလ အမျိုးသားတို့ကို နှုတ်ဆောင် ၍ အနှစ် လေးဆယ် ပတ်လုံးအဲဂုတ္တု ပြည် ၌ ၎င်း၊ ဧဒုံ ပင်လယ် ၌ ၎င်း၊ တော ၌ ၎င်း၊ နိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကိုပြု လေ၏။
C'est lui qui les a délivrés en faisant des prodiges et des miracles en Égypte, sur la mer Rouge et au désert pendant quarante ans.
37 ၃၇ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ သင်တို့အမျိုးသား ချင်းတို့အထဲ ၌ ငါ နှင့်တူ သော ပရောဖက် တစ်ပါးကို သင်တို့ အဘို့ ပေါ်ထွန်း စေတော်မူမည်။ ထိုပရောဖက်၏ စကားကိုနားထောင်ရကြမည်ဟု ဣသရေလ အမျိုးသား တို့အားပြောဆို သောသူ ကား အခြားသူမဟုတ်၊ ထို မောရှေ ပင်ဖြစ် သတည်း။
C'est ce Moïse qui a dit aux enfants d'Israël: «Dieu vous suscitera d'entre vos frères un prophète semblable à moi.»
38 ၃၈ ထို သူ သည် တော တွင် ရှိ သော အစည်းအဝေး ၌ ၎င်း၊ သိနာ တောင် ပေါ်မှာ သူ့ ကိုနှုတ်ဆက် သော ကောင်းကင်တမန် နှင့် ၎င်း၊ ငါ တို့ အဘ များနှင့် ၎င်းရှိ ၏။ ထိုသူ သည် ငါ တို့အား အပ်ပေး ခြင်းငှာအသက် ရှင်စေသော ဗျာဒိတ် တော်ကိုခံ လေ၏။
C'est lui qui était au milieu de l'assemblée au désert avec l'ange qui lui parlait sur le mont Sinaï et avec nos pères. C'est lui qui reçut, pour vous les transmettre, des oracles de vie.
39 ၃၉ ထိုသူ ၏စကားကိုငါ တို့အဘ များသည် နား မ ထောင်လို ဘဲလျက် ပယ် ၍၊
C'est à lui que nos pères n'ont pas voulu obéir. C'est lui qu'ils repoussèrent pour tourner leurs coeurs vers l'Égypte,
40 ၄၀ ငါ တို့ရှေ့ မှာ သွားရသော ဘုရား တို့ကို ငါ တို့အဘို့လုပ် ပါ။ ငါ တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် ခဲ့သောထို မောရှေ ၌ အဘယ်သို့ ဖြစ် သည်ကို ငါတို့မ သိ ဟု အဲဂုတ္တု ပြည်သို့ ပြန် ချင်သောစိတ် နှင့် အာရုန် ကို ပြောဆို ကြ၏။
disant à Aaron: «Fais-nous des dieux qui nous conduisent; car ce Moïse, qui nous a fait sortir du pays d'Égypte, nous ne savons ce qui lui est arrivé.»
41 ၄၁ ထို နေ့ရက် ကာလ၌ နွားသငယ် ကို လုပ်၍ ထိုရုပ်တု အား ယဇ်ပူဇော် သဖြင့် မိမိ တို့လက် နှင့် လုပ် သော အရာ၌ ပင် ပျော်မွေ့ ကြ၏။ အနာဂတ္တိ ကျမ်း ၌ လာ သည် ကား ၊
«En ces jours-là, ils fabriquèrent un veau et ils offrirent un sacrifice à cette idole et célébrèrent une joyeuse fête à ces oeuvres de leurs mains.
42 ၄၂ အိုဣသရေလ အမျိုး ၊ သင်တို့သည် စီရင်သော တိရစ္ဆာန် နှင့် ယဇ် များကိုတော ၌ အနှစ် လေးဆယ်ပတ်လုံးငါ့ အား ပူဇော် ကြသလော။
Alors Dieu les abandonna et les livra au culte de l'armée du ciel, comme il est écrit dans le livre des Prophètes: «M'avez-vous offert des victimes et des sacrifices Au désert pendant quarante ans, ô maison d' Israël,
43 ၄၃ သင်တို့သည် မောလုပ် ၏တဲ နှင့် သင် တို့ဘုရား ရင်ဖန် ၏ ကြယ် တည်းဟူသောကိုးကွယ် ဘို့ရာမိမိ တို့လုပ် သော ပုံ တို့ကို ဆောင်ရွက် ကြပြီ တကား။ ထိုကြောင့် ငါသည် သင် တို့ကို ဗာဗုလုန် မြို့ တစ်ဘက် သို့ ဆောင်သွား မည်ဟု ကျမ်းလာရှိသည်နှင့်အညီ၊ ဘုရားသခင် သည် မျက်နှာတော်ကိုလွှဲ ၍ ၊ ကောင်းကင် တန်ဆာ များတို့အား ဝတ်ပြု စေခြင်းငှာထိုသူ တို့ကို စွန့်ပစ် ထားတော်မူ၏။
Quand vous transportiez le tabernacle de Moloch et l'étoile de votre dieu Romphan, Ces idoles que vous avez fabriquées pour vous prosterner devant elles? Eh bien, je vous déporterai au delà de Babylone.»
44 ၄၄ မောရှေမြင် ရသောပုံ နှင့်အညီ ၊ သက်သေခံ တော်မူချက် ဌာပနာ ရာတဲတော်ကို လုပ် ရမည်အကြောင်း အမိန့် တော်ရှိသောသူ မှာထား တော်မူသည်အတိုင်း ၊ ထိုတဲ တော်သည် တော တွင် ငါ တို့အဘ များ၌ ရှိ ၏။
«Nos pères avaient au désert le tabernacle du témoignage, comme l'avait ordonné celui qui avait dit à Moïse de le faire sur le modèle qu'il avait vu.
45 ၄၅ နောက်ကျ သော ငါ တို့အဘ များသည် ထိုတဲ တော်ကို တစ်ပါး အမျိုးသားတို့ ပိုင် သော မြေထဲသို့ ယောရှု နှင့်အတူ ဆောင်သွင်း ကြ၏။ ထို တစ်ပါး အမျိုးသားတို့ကို ဘုရားသခင် သည် ဒါဝိဒ် မင်းလက်ထက် တိုင်အောင် ငါ တို့အဘ များထံမှ နှင်ထုတ် တော်မူ၏။
Nos pères, l'ayant reçu à leur tour, l'introduisirent avec Josué dans le pays conquis sur les peuples chassés par Dieu devant eux. Il en fut ainsi jusqu'au jour de David
46 ၄၆ ထို ဒါဝိဒ်သည် ဘုရားသခင် ၏ ကျေးဇူး တော်ကို ခံရ ၍၊ ယာကုပ် ၏ ဘုရားသခင်ကျိန်းဝပ် တော်မူဘို့ရာအရပ် ကို တွေ့ ခြင်းငှာတောင့်တ ၏။
qui trouva grâce devant Dieu et demanda à élever une demeure à la maison de Jacob.
47 ၄၇ ရှောလမုန် သည်လည်း ဗိမာန် တော်ကို တည်ဆောက် ရ၏။
Ce fut Salomon qui lui bâtit une maison.»
48 ၄၈ သို့သော်လည်း ကောင်းကင် ဘုံသည် ငါ့ ပလ္လင် ဖြစ်၏။
«Mais le Très Haut n'habite point dans ce qui est fait de mains d'hommes, comme le dit le prophète:
49 ၄၉ မြေကြီး သည် ငါ့ ခြေ တင်ရာခုံ ဖြစ်၏။ အဘယ်သို့ သော ဗိမာန် ကိုငါ့ အဘို့ တည်ဆောက် ကြမည်နည်း။ အဘယ် အရပ်သည် ငါ့ ကျိန်းဝပ် ရာအရပ် ဖြစ်မည်နည်း။
«Le ciel est mon trône, La terre est mon marchepied; Quelle maison m'édifierez-vous, dit le Seigneur, Ou quel sera mon lieu de repos?
50 ၅၀ ငါ့ လက် သည် ဤ အရာအလုံးစုံ တို့ကို ဖန်ဆင်း သည် မ ဟုတ်လောဟု ထာဝရ ဘုရား၏ ဗျာဒိတ် တော်အချက်ကို ပရောဖက် ပြန်ကြား သည်နှင့်အညီ ၊ အမြင့်ဆုံး သော ဘုရားသည် လူတို့ လက်ဖြင့် လုပ်သောဗိမာန် ၌ ကျိန်းဝပ် တော်မူသည်မ ဟုတ်။
N'est-ce pas ma main qui a fait toutes ces choses?»
51 ၅၁ လည်ပင်း ခိုင်မာ၍ နှလုံး ဖြင့်၎င်း ၊ နား ဖြင့်၎င်း အရေဖျားလှီး ခြင်းကို မခံသောလူတို့၊ သင် တို့သည် သန့်ရှင်း သော ဝိညာဉ် တော်ကို အစဉ်မပြတ် ဆန့်ကျင်ဘက် ပြုလေ့ရှိကြ၏။ သင် တို့ဘိုးဘေး များ၏ အလေ့နှင့် သင် တို့အလေ့တူ ၏။
«Têtes dures! coeurs et oreilles incirconcis! vous résistez toujours à l'Esprit saint, comme l'ont fait vos pères!
52 ၅၂ သင် တို့ဘိုးဘေး များသည် အဘယ် ပရောဖက် ကို မျှ မ ညှဉ်းဆဲ ဘဲ နေသနည်း။ ဖြောင့်မတ် သောသူ ကြွလာ တော်မူမည်အကြောင်း အရာကို ဟောပြော ပြညွှန်သော သူ တို့ကို ကွပ်မျက် ကြ၏။ ထို ဖြောင့်မတ်သောသူကိုပင် ယခု လည်း သင်တို့သည် အပ်နှံ ၍ အသေသတ် ကြပြီ။
Lequel des prophètes vos pères n'ont-ils pas persécuté! Ils ont tué ceux qui annonçaient la venue du Juste, que vous avez trahi et dont vous avez été les meurtriers!
53 ၅၃ သင်တို့သည် ကောင်းကင် တမန်များ ခင်းကျင်း သော အားဖြင့် ပညတ် တရားတော်ကို ခံရ သော်လည်းမ စောင့် မရှောက်ကြဟု သတေဖန် မြွက်ဆို ၏။
Cette Loi que vous aviez reçue sur les ordres des anges, vous ne l'avez pas gardée...»
54 ၅၄ ထို စကားကိုကြား လျှင် နှလုံး ကွဲပြတ် မတတ်ဖြစ်၍၊ သတေဖန် ၌ အံသွား ခဲကြိတ် ခြင်းကို ပြုကြလေ၏။
Ces paroles leur mirent la rage au coeur et ils grincèrent des dents contre Étienne;
55 ၅၅ သူသည်လည်း သန့်ရှင်း သော ဝိညာဉ် တော်နှင့် ပြည့် သဖြင့်၊ ကောင်းကင် သို့ စေ့စေ့ ကြည့်မျှော်၍ ဘုရားသခင် ၏ ဘုန်း တော်ကို ၎င်း၊ ဘုရားသခင် ၏ လက်ျာ တော်ဘက်၌ ယေရှု ရပ် နေသည်ကို၎င်း မြင် လျှင်၊
mais lui, plein d'Esprit saint, les yeux fixés au ciel, vit la gloire de Dieu et Jésus debout à la droite de Dieu,
56 ၅၆ ကြည့် ပါ။ ကောင်းကင် ဖွင့်လှစ် သည်ကို ၎င်း၊ လူ သား သည် ဘုရားသခင် ၏လက်ျာ တော်ဘက်၌ ရပ် နေသည်ကို၎င်း၊ ငါမြင် သည်ဟုဆို ၏။
et il dit: «Voilà que je vois les cieux ouverts et le Fils de l'homme debout à la droite de Dieu!»
57 ၅၇ ထိုသူ တို့သည် ပြင်းစွာ သော အသံ နှင့် ဟစ်ကြော် ၍ နား ကိုပိတ်ဆို့ လျက် သူ့ ဆီသို့ ညီညွတ် စွာ တဟုန်တည်း ပြေး၍ ၊
Alors ils poussèrent de grands cris, se bouchèrent les oreilles, se précipitèrent tous ensemble sur lui
58 ၅၈ မြို့ ပြင် သို့နှင်ထုတ် ပြီးမှ ကျောက်ခဲ နှင့်ပစ်ကြ၏။ သက်သေခံ တို့သည်လည်း မိမိ တို့အဝတ် ကို ရှောလု အမည် ရှိသော လုလင် ၏ခြေ ရင်း ၌ ထား ကြ၏။
et l'entraînèrent hors de la ville, où ils le lapidèrent. Les témoins déposèrent leurs vêtements aux pieds d'un jeune homme nommé Saul
59 ၅၉ ကျောက်ခဲ နှင့်ပစ်ကြစဉ် သတေဖန် သည် ပဌနာပြုလျက်၊ သခင် ယေရှု ၊ အကျွန်ုပ် ၏ဝိညာဉ် ကို သိမ်းယူ တော်မူပါဟု လျှောက်ဆို ၏။
et, pendant qu'ils le lapidaient, Étienne priait et disait: «Seigneur Jésus, reçois mon esprit.»
60 ၆၀ ဒူး ထောက် လျက်၊ သခင် ၊ ဤ သူ တို့ပြုသော ဒုစရိုက် အပြစ်ကို မှတ်တော်မ မူပါနှင့်ဟု ကြီး သော အသံ နှင့် ကြွေးကြော် ပြီးမှ ကျိန်းစက် လေ၏။
Puis il se mit à genoux et s'écria à haute voix: «Seigneur ne leur demande pas compte de ce péché!» En prononçant les paroles, il s'endormit.

< တမန်တော်ဝတ္ထု 7 >