< တမန်တော်ဝတ္ထု 4 >

1 ထိုသို့ တမန်တော် တို့သည် လူ များတို့အား ဟောပြော စဉ်တွင်၊ ဗိမာန် တော်မှူး မှစသောယဇ်ပုရောဟိတ် တို့နှင့် ဇဒ္ဒုကဲ များတို့သည်လာ ကြသဖြင့်၊
AND as they were thus speaking, the priests, and the captain of the temple-guard, and the Sadducees, came upon them,
2 တမန်တော် တို့သည် လူ များတို့အားဆုံးမ ဩဝါဒပေး၍ ယေရှု ကိုအကြောင်းပြုလျက် သေ ခြင်းမှ ထမြောက် ခြင်းတရားကို ဟော သောကြောင့် ၊ ထိုမင်းများတို့သည် စိတ်ပူပန် ခြင်းရှိသည်နှင့်၊
worn down with vexation, because they taught the people, and preached by Jesus the resurrection of the dead.
3 တမန်တော် တို့ကိုဘမ်းဆီး ပြီးမှ ၊ ည အချိန်ဖြစ် သောကြောင့် နက်ဖြန် နေ့တိုင်အောင် နှောင် အိမ်၌ ချုပ် ထားကြ၏။
And they laid hands on them, and committed them to prison till the next day: for it was then evening.
4 တရား နာ သောသူအများ တို့သည် ယုံကြည် ခြင်းသို့ရောက်၍ အရေအတွက် အားဖြင့်လူ ငါး ထောင် မျှလောက် ရှိကြ၏။
But many of those who heard the word believed; and the number of the men was about five thousand.
5 နက်ဖြန် နေ့ရောက် သော် မင်း အရာရှိ၊ လူ အကြီးအကဲ၊ ကျမ်းပြု ဆရာတို့နှင့် ၊
Now it came to pass that the next morning, their rulers, and elders, and scribes, were assembled at Jerusalem,
6 ယဇ်ပုရောဟိတ် မင်းအန္နတ် ၊ ကယာဖ ၊ ယောဟန် ၊ အာလေဇန္ဒြု မှစ၍ ယဇ် ပုရောဟိတ်မင်းမျိုး ရှိသမျှ တို့သည် ယေရုရှလင် မြို့၌ စုဝေးကြပြီးလျှင်၊
and Annas the high-priest, and Caiaphas, and John, and Alexander, and as many as were the high-priest’s relations.
7 တမန်တော် တို့ကို အလယ် ၌ ထား ၍၊ သင် တို့သည် အဘယ်သို့ သောတန်ခိုး ၊ အဘယ်သူ၏နာမ အားဖြင့် ဤအမှု ကိုပြု သနည်းဟု မေးမြန်း ကြ၏။
And placing them in the midst, they interrogated them, By what power, or by what name, have ye done this thing?
8 ထိုအခါပေတရု သည် သန့်ရှင်း သော ဝိညာဉ် တော်နှင့် ပြည့်စုံ လျက်၊ လူ များကို အစိုးရ သောမင်းတို့နှင့် ဣသရေလအမျိုးအကြီးအကဲ တို့၊
Then Peter, filled with the Holy Ghost, said unto them, Ye rulers of the people, and elders of Israel,
9 အင်္ဂါချို့တဲ့ သောသူ ကို ကျေးဇူး ပြု၍၊ သူ သည် အနာရောဂါနှင့် အဘယ်သို့ ကင်းလွတ် သနည်းဟု ငါ တို့သည်ယနေ့ အစစ် ခံရလျှင် ၊
if we are this day examined relative to the good deed done to the infirm man, by what means he was restored;
10 ၁၀ သင် တို့သည် လက်ဝါးကပ်တိုင် မှာကွပ်မျက်၍၊ ဘုရားသခင် သည် သေ ခြင်းမှ ထမြောက် စေတော်မူသော နာဇရက် မြို့သားယေရှု ခရစ် ၏ နာမ တော်အားဖြင့် ဤ သူ သည် သင် တို့မျက်မှောက် ၌ကျန်းမာ လျက် ရှိသည်ကို သင် တို့မှစ၍ ဣသရေလ လူ အပေါင်း တို့ သိမှတ် ကြလော့။
be it known unto you all, and to all the people of Israel, that by the name of Jesus Christ the Nazarean, whom ye crucified, whom God raised from the dead, by him doth this man stand here sound in your presence.
11 ၁၁ ထို သခင်ကား၊ သင် တို့သည်တိုက်ကို တည်လုပ် သောအခါ ပယ် ထား၍၊ နောက်တဖန်တိုက်ထောင့် အထွဋ် ဖျားသို့ ရောက် ပြန်သော ကျောက် ဖြစ် တော်မူ၏။ ထို သခင်မှတပါး အဘယ်သူ မျှကယ်တင် ခြင်းအမှုကိုမ တတ်နိုင်။
This is the stone which, though set at nought by you builders, is become the head of the corner.
12 ၁၂ ထိုသခင်၏ နာမ တော်မှတပါး ငါတို့ကို ကယ်တင် နိုင်သော နာမတစ်စုံတစ်ခု မျှကောင်းကင် အောက် လူ တို့တွင် မပေါ်မရှိဟုပေတရုသည် ထိုသူတို့အား မြွက်ဆို၏။
And there is no salvation in any other person: for there is no other name under heaven given unto men, whereby we must be saved.
13 ၁၃ ထိုသူတို့သည် ပေတရု နှင့် ယောဟန် တို့၏ ရဲရင့် ခြင်းသတ္တိကို မြင် ၍ ၊ လူ တတ်မဟုတ်၊ လူသာမည သာ ဖြစ် သည်ကို သိမှတ် သဖြင့် အံ့ဩ ၍နေကြ၏။ ထိုသူ နှစ် ယောက်တို့သည် အထက်ကယေရှု နှင့်အတူရှိ သည်ကို သတိရ၍၎င်း၊
Attentively regarding then the noble confidence of Peter and John, and perceiving that they were men unlettered, and destitute of education, they were astonished; and they recollected them, that they had been with Jesus.
14 ၁၄ အနာကင်းလွတ် သော သူ သည် ထိုသူ တို့နှင့်အတူ ရှိ နေသည်ကို မြင် ၍၎င်း၊ ငြင်းခုံ ဆိုဘွယ်ရာမ ရှိ မတွေ့ကြ။
But seeing the man who was healed standing with them, they had not a word to reply in contradiction.
15 ၁၅ တမန်တော် တို့ကိုလွှတ်တော် မှ ထွက်သွား စေပြီးလျှင်၊ ဤ သူ တို့ ကို အဘယ်သို့ ပြု ရမည်နည်း။
But bidding them retire out of the council-chamber, they conferred among themselves,
16 ၁၆ သူ တို့သည် ထင်ရှား စွာသောနိမိတ် လက္ခဏာကို ပြ ပြီးသည်ကို၊ ယေရုရှလင် မြို့၌နေ သော သူ အပေါင်း တို့သည် သိမြင် ကြ၏။ ငါတို့သည်လည်း ငြင်းခုံ ခြင်းငှာမ တတ်နိုင် ပြီ။
saying, What shall we do with these men? for that an acknowledged miracle hath been wrought by them is evident to all the inhabitants of Jerusalem; and we cannot deny it.
17 ၁၇ သို့သော်လည်း လူ များအထဲ ၌သာ၍ မ နှံ့ မပြား စေခြင်းငှာ ၊ နောက်တဖန်ထိုနာမ ကို အမှီပြု လျက် အဘယ် သူ ကိုမျှ မ ဟော မပြောနှင့် ဟူ၍သူ တို့ကို ကျပ်တည်းစွာ ခြိမ်းချောက် ကြကုန်အံ့ဟု အချင်းချင်း တိုင်ပင်ပြီးမှ၊
But that it be no farther spread among the people, we will menace them with threats, no more to speak in this name to any man.
18 ၁၈ တမန်တော် တို့ကိုခေါ် ၍၊ ယေရှု ၏ နာမ ကို အမှီပြု လျက်ဟောပြော သွန်သင် ခြင်းကို အလျှင်း မ ပြုနှင့် ဟု အမိန့် ရှိကြ၏။
So calling them in, they charged them not to speak in any manner, nor to teach, in the name of Jesus.
19 ၁၉ ပေတရု နှင့် ယောဟန် တို့ကလည်း၊ ဘုရားသခင် ၏ စကားတော် ကိုနားထောင်သည်ထက် သင် တို့၏ စကားကိုသာ၍ နားထောင် သော်၊ ဘုရားသခင့် ရှေ့ မှာ ကောင်း မည်မကောင်းမည်ကို ဆင်ခြင်၍ စီရင် ကြ လော့။
But Peter and John, answering them, said, If it be right in the sight of God to obey you rather than God, be yourselves the judges.
20 ၂၀ ငါ တို့သည်ကြား လျက်၊ မြင် လျက်ရှိသောအရာ တို့ကိုမ ဟော မပြောဘဲမ နေနိုင် ဟု ထိုသူ တို့အား ဆို ကြ၏။
For we cannot refrain from speaking the things which we have seen and heard.
21 ၂၁ ထိုအခါ တမန်တော် တို့၌ အပြစ် ဒဏ်ပေးသင့် သော အကြောင်းကို မ တွေ့ သဖြင့် တဖန် ခြိမ်းခြောက်ပြီးလျှင်လွှတ် ကြ၏။
Then they with many additional threatenings dismissed them, finding no pretext how they might punish them, because of the people: for all men glorified God for what had been done.
22 ၂၂ အကြောင်းမူကား ၊ အနာ ကင်းခြင်း နိမိတ် လက္ခဏာကို ခံရ သော သူ သည် အသက် လေးဆယ် ကျော် ရှိ သည်ဖြစ်၍လူ အပေါင်း တို့သည် ထို အမှုကို ထောက်လျက် ဘုရားသခင် ၏ ဂုဏ် တော်ကိုချီးမွမ်းကြ၏။
For the man was more than forty years of age, upon whom this miracle of healing was performed.
23 ၂၃ တမန်တော်တို့သည် လွတ် သောအခါ ၊ မိမိ တို့အပေါင်းအသင်း ရှိရာသို့ သွား ၍၊ မိမိ တို့အား ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူ အကြီးအကဲတို့ပြောဆို သမျှ ကို ပြန်ကြား ကြ၏။
But they being dismissed, came unto their own friends, and told them all things which the high-priests and elders had said.
24 ၂၄ ထိုသူများတို့သည်ကြား ရလျှင်၊ တစ် ညီတစ်ညွတ် တည်း ဘုရားသခင့် ထံသို့ အသံ ကိုလွှင့် လျက် ၊ အစိုးရတော်မူသောအရှင် ၊ ကိုယ်တော် သည် ကောင်းကင် ၊ မြေကြီး ၊ သမုဒ္ဒရာ မှစ၍ ထိုအရပ်တို့၌ ရှိသမျှ တို့ကို ဖန်ဆင်း တော်မူသော ဘုရားသခင်ဖြစ်တော်မူ၏။
Now when they heard it, they lifted up their united voice to God, and said, Lord, thou art the God which made the heaven, and the earth, and the sea, and all things which are in them:
25 ၂၅ ကိုယ်တော်ကလည်း၊ လူမျိုး တို့သည် အဘယ်ကြောင့် ရုန်းရင်းခတ် ပြုကြသနည်း။ လူစု တို့သည် အဘယ်ကြောင့်အချည်းနှီး ကြံစည် ကြသနည်း။
who by the mouth of David thy servant saidst, Why do the heathen so furiously rage, and the people meditate vain things?
26 ၂၆ လောကီ ရှင်ဘုရင် တို့သည် ထ ကြ၍၊ မှူးမတ် အရာရှိတို့လည်း ထာဝရ ဘုရားနှင့် ခရစ်တော် ကို ရန်ဘက်ပြုလျက် စည်းဝေး ကြ၏ဟု ကိုယ်တော် ကျွန် ဒါဝိဒ် ၏ နှုတ် ဖြင့်ဗျာဒိတ် ထားတော်မူသည်နှင့်အညီ၊
The kings of the earth rose up, and the rulers were gathered together against the Lord and against his Messiah.
27 ၂၇ ဟေရုဒ် မင်း၊ ပုန္တိ ပိလတ် မင်းမှစ၍ဣသရေလ အမျိုးသား ၊ တစ်ပါး အမျိုးသားတို့သည်၊
For they have been in truth collected together against thy holy Son Jesus, whom thou hast anointed, even Herod, and Pontius Pilate, with the heathen, and the people of Israel,
28 ၂၈ ကိုယ်တော် ၏ အလိုရှိ သည်အတိုင်း၊ ရှေးမဆွကလက် တော်ဖြင့် ခွဲခန့် မှတ်သားတော်မူနှင့်သမျှတို့ကို ပြုခြင်းငှာဘိသိတ် ပေးတော်မူသော သား တော်မြတ် ယေရှု ကို ဤ မြို့ ၌ ရန်ဘက် ပြု၍ စည်းဝေး ကြပြီ၊ အမှန် ဖြစ်ပါ၏။
to do all that thy hand and thy counsel predestined should come to pass.
29 ၂၉ အိုထာဝရ ဘုရား၊ ယခု အခါထိုသူ တို့၏ ခြိမ်းချောက် ခြင်းကို မှတ် တော်မူပါ။
And as to the present transactions, Lord, look upon their threatnings: and grant thy servants power with all boldness to speak thy word,
30 ၃၀ အနာ ရောဂါငြိမ်းစေခြင်းငှာ လက် တော်ကို ဆန့် တော်မူ၍၊ သန့်ရှင်း သော သား တော်ယေရှု ၏ နာမ တော်အားဖြင့် နိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို ဖြစ် စေတော်မူစဉ်တွင်၊ ကိုယ်တော် ၏ ကျွန် တို့ သည် နှုတ်ကပတ် တရားတော်ကို ရဲရင့် စွာ ဟောပြော ပါမည် အကြောင်း ကယ်မ သနားတော်မူပါဟု ဆုတောင်း ကြ၏။
by stretching out thy hand for healing; and that signs and miracles may be performed by the name of thy holy child Jesus.
31 ၃၁ ထိုသို့ ဆုတောင်း ပဌနာပြုပြီးမှ၊ စုဝေး သော အရပ် သည် တုန်လှုပ် ၍၊ ထိုသူအပေါင်း တို့သည် သန့်ရှင်း သော ဝိညာဉ် တော်နှင့် ပြည့် သဖြင့် ၊ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကို ရဲရင့် စွာဟောပြော ကြ၏။
And while they were praying, the place in which they were assembled was shaken; and they were all filled with the Holy Ghost, and they spake the word of God with boldness.
32 ၃၂ ယုံကြည် သောသူ အပေါင်း တို့သည် စိတ် နှလုံး တစ်ညီတစ်ညွတ် တည်းရှိ ကြ၍ ၊ အဘယ်သူမျှ မိမိ ဥစ္စာ တစ်စုံတစ်ခု ကို ငါ့ ဥစ္စာဟူ၍မ ဆို ဘဲ လျက်၊ ရှိသမျှ သောဥစ္စာတို့ကို ဆက်ဆံ သဖြင့် သုံးဆောင်ကြ၏။
And in the multitude of those that believed there was one heart and soul: and not one person said, that any part of his substance was his peculiar property; but all things were in common among them.
33 ၃၃ သခင် ယေရှု ထမြောက် တော်မူခြင်း အကြောင်း ကို တမန်တော် တို့သည် ကြီး သော တန်ခိုး နှင့် သက်သေခံ ၍၊ ထိုသူ အပေါင်း တို့သည် ကြီး သော ကျေးဇူး တော်နှင့် ပြည့်စုံ ကြ၏။
And with great power bore the apostles witness of the resurrection of the Lord Jesus: and great grace was upon them all.
34 ၃၄ ထိုသူ တို့တွင် ဆင်းရဲ သောသူတစ်ယောက်မျှမ ရှိ ။ အကြောင်းမူကား ၊ အိမ် ၊ မြေ ကွက်ကို ပိုင် သော သူရှိသမျှ တို့သည် ရောင်း ပြီးလျှင်၊ ရ သောအဘိုးကိုယူဆောင် ခဲ့၍၊
Neither was there any person in want among them: for as many as were possessors of fields or houses disposed of them, and brought the prices of the things sold,
35 ၃၅ တမန်တော် တို့၏ခြေ ရင်း၌ ထား ကြသဖြင့်၊ လူများဆင်းရဲ သည်အတိုင်း အသီးအသီး တို့အား ဝေငှ ပေးကမ်းကြ၏။
and laid them at the apostles’ feet: and a distribution was made to every one according as he had need.
36 ၃၆ ယောသေ အမည်ရှိ၍ သက်သာ စေခြင်း၏ သား ဟုဆိုလို သော ဗာနဗ အမည် သစ်ကို တမန်တော် တို့ သမုတ် ခြင်းအားဖြင့် ရသော ကုပရု ပြည်သား လေဝိ လူတစ် ယောက်သည်၊
And Joses, who was surnamed Barnabas by the apostles, (which is, being interpreted, A son of consolation, ) a Levite, a Cyprian by birth,
37 ၃၇ မိမိ ပိုင် သော မြေ ကိုရောင်း ပြီးလျှင်၊ ရသော ငွေ ကိုယူဆောင် ခဲ့၍ တမန်တော် တို့၏ ခြေ ရင်း၌ ထား လေ၏။
having a field belonging to him, sold it, and brought the money, and laid it at the apostles’ feet.

< တမန်တော်ဝတ္ထု 4 >