< တမန်တော်ဝတ္ထု 4 >
1 ၁ ထိုသို့ တမန်တော် တို့သည် လူ များတို့အား ဟောပြော စဉ်တွင်၊ ဗိမာန် တော်မှူး မှစသောယဇ်ပုရောဟိတ် တို့နှင့် ဇဒ္ဒုကဲ များတို့သည်လာ ကြသဖြင့်၊
While Peter and John were speaking to the people, the priests and the captain of the temple guard and the Sadducees came up to them,
2 ၂ တမန်တော် တို့သည် လူ များတို့အားဆုံးမ ဩဝါဒပေး၍ ယေရှု ကိုအကြောင်းပြုလျက် သေ ခြင်းမှ ထမြောက် ခြင်းတရားကို ဟော သောကြောင့် ၊ ထိုမင်းများတို့သည် စိတ်ပူပန် ခြင်းရှိသည်နှင့်၊
greatly disturbed that they were teaching the people and proclaiming in Jesus the resurrection of the dead.
3 ၃ တမန်တော် တို့ကိုဘမ်းဆီး ပြီးမှ ၊ ည အချိန်ဖြစ် သောကြောင့် နက်ဖြန် နေ့တိုင်အောင် နှောင် အိမ်၌ ချုပ် ထားကြ၏။
They seized Peter and John, and because it was evening, they put them in custody until the next day.
4 ၄ တရား နာ သောသူအများ တို့သည် ယုံကြည် ခြင်းသို့ရောက်၍ အရေအတွက် အားဖြင့်လူ ငါး ထောင် မျှလောက် ရှိကြ၏။
But many who heard the message believed, and the number of men grew to about five thousand.
5 ၅ နက်ဖြန် နေ့ရောက် သော် မင်း အရာရှိ၊ လူ အကြီးအကဲ၊ ကျမ်းပြု ဆရာတို့နှင့် ၊
The next day the rulers, elders, and scribes assembled in Jerusalem,
6 ၆ ယဇ်ပုရောဟိတ် မင်းအန္နတ် ၊ ကယာဖ ၊ ယောဟန် ၊ အာလေဇန္ဒြု မှစ၍ ယဇ် ပုရောဟိတ်မင်းမျိုး ရှိသမျှ တို့သည် ယေရုရှလင် မြို့၌ စုဝေးကြပြီးလျှင်၊
along with Annas the high priest, Caiaphas, John, Alexander, and many others from the high priest’s family.
7 ၇ တမန်တော် တို့ကို အလယ် ၌ ထား ၍၊ သင် တို့သည် အဘယ်သို့ သောတန်ခိုး ၊ အဘယ်သူ၏နာမ အားဖြင့် ဤအမှု ကိုပြု သနည်းဟု မေးမြန်း ကြ၏။
They had Peter and John brought in and began to question them: “By what power or what name did you do this?”
8 ၈ ထိုအခါပေတရု သည် သန့်ရှင်း သော ဝိညာဉ် တော်နှင့် ပြည့်စုံ လျက်၊ လူ များကို အစိုးရ သောမင်းတို့နှင့် ဣသရေလအမျိုးအကြီးအကဲ တို့၊
Then Peter, filled with the Holy Spirit, said to them, “Rulers and elders of the people!
9 ၉ အင်္ဂါချို့တဲ့ သောသူ ကို ကျေးဇူး ပြု၍၊ သူ သည် အနာရောဂါနှင့် အဘယ်သို့ ကင်းလွတ် သနည်းဟု ငါ တို့သည်ယနေ့ အစစ် ခံရလျှင် ၊
If we are being examined today about a kind service to a man who was lame, to determine how he was healed,
10 ၁၀ သင် တို့သည် လက်ဝါးကပ်တိုင် မှာကွပ်မျက်၍၊ ဘုရားသခင် သည် သေ ခြင်းမှ ထမြောက် စေတော်မူသော နာဇရက် မြို့သားယေရှု ခရစ် ၏ နာမ တော်အားဖြင့် ဤ သူ သည် သင် တို့မျက်မှောက် ၌ကျန်းမာ လျက် ရှိသည်ကို သင် တို့မှစ၍ ဣသရေလ လူ အပေါင်း တို့ သိမှတ် ကြလော့။
then let this be known to all of you and to all the people of Israel: It is by the name of Jesus Christ of Nazareth, whom you crucified but whom God raised from the dead, that this man stands before you healed.
11 ၁၁ ထို သခင်ကား၊ သင် တို့သည်တိုက်ကို တည်လုပ် သောအခါ ပယ် ထား၍၊ နောက်တဖန်တိုက်ထောင့် အထွဋ် ဖျားသို့ ရောက် ပြန်သော ကျောက် ဖြစ် တော်မူ၏။ ထို သခင်မှတပါး အဘယ်သူ မျှကယ်တင် ခြင်းအမှုကိုမ တတ်နိုင်။
This Jesus is ‘the stone you builders rejected, which has become the cornerstone.’
12 ၁၂ ထိုသခင်၏ နာမ တော်မှတပါး ငါတို့ကို ကယ်တင် နိုင်သော နာမတစ်စုံတစ်ခု မျှကောင်းကင် အောက် လူ တို့တွင် မပေါ်မရှိဟုပေတရုသည် ထိုသူတို့အား မြွက်ဆို၏။
Salvation exists in no one else, for there is no other name under heaven given to men by which we must be saved.”
13 ၁၃ ထိုသူတို့သည် ပေတရု နှင့် ယောဟန် တို့၏ ရဲရင့် ခြင်းသတ္တိကို မြင် ၍ ၊ လူ တတ်မဟုတ်၊ လူသာမည သာ ဖြစ် သည်ကို သိမှတ် သဖြင့် အံ့ဩ ၍နေကြ၏။ ထိုသူ နှစ် ယောက်တို့သည် အထက်ကယေရှု နှင့်အတူရှိ သည်ကို သတိရ၍၎င်း၊
When they saw the boldness of Peter and John and realized that they were unschooled, ordinary men, they marveled and took note that these men had been with Jesus.
14 ၁၄ အနာကင်းလွတ် သော သူ သည် ထိုသူ တို့နှင့်အတူ ရှိ နေသည်ကို မြင် ၍၎င်း၊ ငြင်းခုံ ဆိုဘွယ်ရာမ ရှိ မတွေ့ကြ။
And seeing the man who had been healed standing there with them, they had nothing to say in response.
15 ၁၅ တမန်တော် တို့ကိုလွှတ်တော် မှ ထွက်သွား စေပြီးလျှင်၊ ဤ သူ တို့ ကို အဘယ်သို့ ပြု ရမည်နည်း။
So they ordered them to leave the Sanhedrin and then conferred together.
16 ၁၆ သူ တို့သည် ထင်ရှား စွာသောနိမိတ် လက္ခဏာကို ပြ ပြီးသည်ကို၊ ယေရုရှလင် မြို့၌နေ သော သူ အပေါင်း တို့သည် သိမြင် ကြ၏။ ငါတို့သည်လည်း ငြင်းခုံ ခြင်းငှာမ တတ်နိုင် ပြီ။
“What shall we do with these men?” they asked. “It is clear to everyone living in Jerusalem that a remarkable miracle has occurred through them, and we cannot deny it.
17 ၁၇ သို့သော်လည်း လူ များအထဲ ၌သာ၍ မ နှံ့ မပြား စေခြင်းငှာ ၊ နောက်တဖန်ထိုနာမ ကို အမှီပြု လျက် အဘယ် သူ ကိုမျှ မ ဟော မပြောနှင့် ဟူ၍သူ တို့ကို ကျပ်တည်းစွာ ခြိမ်းချောက် ကြကုန်အံ့ဟု အချင်းချင်း တိုင်ပင်ပြီးမှ၊
But to keep this message from spreading any further among the people, we must warn them not to speak to anyone in this name.”
18 ၁၈ တမန်တော် တို့ကိုခေါ် ၍၊ ယေရှု ၏ နာမ ကို အမှီပြု လျက်ဟောပြော သွန်သင် ခြင်းကို အလျှင်း မ ပြုနှင့် ဟု အမိန့် ရှိကြ၏။
Then they called them in again and commanded them not to speak or teach at all in the name of Jesus.
19 ၁၉ ပေတရု နှင့် ယောဟန် တို့ကလည်း၊ ဘုရားသခင် ၏ စကားတော် ကိုနားထောင်သည်ထက် သင် တို့၏ စကားကိုသာ၍ နားထောင် သော်၊ ဘုရားသခင့် ရှေ့ မှာ ကောင်း မည်မကောင်းမည်ကို ဆင်ခြင်၍ စီရင် ကြ လော့။
But Peter and John replied, “Judge for yourselves whether it is right in God’s sight to listen to you rather than God.
20 ၂၀ ငါ တို့သည်ကြား လျက်၊ မြင် လျက်ရှိသောအရာ တို့ကိုမ ဟော မပြောဘဲမ နေနိုင် ဟု ထိုသူ တို့အား ဆို ကြ၏။
For we cannot stop speaking about what we have seen and heard.”
21 ၂၁ ထိုအခါ တမန်တော် တို့၌ အပြစ် ဒဏ်ပေးသင့် သော အကြောင်းကို မ တွေ့ သဖြင့် တဖန် ခြိမ်းခြောက်ပြီးလျှင်လွှတ် ကြ၏။
After further threats they let them go. They could not find a way to punish them, because all the people were glorifying God for what had happened.
22 ၂၂ အကြောင်းမူကား ၊ အနာ ကင်းခြင်း နိမိတ် လက္ခဏာကို ခံရ သော သူ သည် အသက် လေးဆယ် ကျော် ရှိ သည်ဖြစ်၍လူ အပေါင်း တို့သည် ထို အမှုကို ထောက်လျက် ဘုရားသခင် ၏ ဂုဏ် တော်ကိုချီးမွမ်းကြ၏။
For the man who was miraculously healed was over forty years old.
23 ၂၃ တမန်တော်တို့သည် လွတ် သောအခါ ၊ မိမိ တို့အပေါင်းအသင်း ရှိရာသို့ သွား ၍၊ မိမိ တို့အား ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူ အကြီးအကဲတို့ပြောဆို သမျှ ကို ပြန်ကြား ကြ၏။
On their release, Peter and John returned to their own people and reported everything that the chief priests and elders had said to them.
24 ၂၄ ထိုသူများတို့သည်ကြား ရလျှင်၊ တစ် ညီတစ်ညွတ် တည်း ဘုရားသခင့် ထံသို့ အသံ ကိုလွှင့် လျက် ၊ အစိုးရတော်မူသောအရှင် ၊ ကိုယ်တော် သည် ကောင်းကင် ၊ မြေကြီး ၊ သမုဒ္ဒရာ မှစ၍ ထိုအရပ်တို့၌ ရှိသမျှ တို့ကို ဖန်ဆင်း တော်မူသော ဘုရားသခင်ဖြစ်တော်မူ၏။
When the believers heard this, they lifted up their voices to God with one accord. “Sovereign Lord,” they said, “You made the heaven and the earth and the sea and everything in them.
25 ၂၅ ကိုယ်တော်ကလည်း၊ လူမျိုး တို့သည် အဘယ်ကြောင့် ရုန်းရင်းခတ် ပြုကြသနည်း။ လူစု တို့သည် အဘယ်ကြောင့်အချည်းနှီး ကြံစည် ကြသနည်း။
You spoke by the Holy Spirit through the mouth of Your servant, our father David: ‘Why do the nations rage and the peoples plot in vain?
26 ၂၆ လောကီ ရှင်ဘုရင် တို့သည် ထ ကြ၍၊ မှူးမတ် အရာရှိတို့လည်း ထာဝရ ဘုရားနှင့် ခရစ်တော် ကို ရန်ဘက်ပြုလျက် စည်းဝေး ကြ၏ဟု ကိုယ်တော် ကျွန် ဒါဝိဒ် ၏ နှုတ် ဖြင့်ဗျာဒိတ် ထားတော်မူသည်နှင့်အညီ၊
The kings of the earth take their stand and the rulers gather together against the Lord and against His Anointed One.’
27 ၂၇ ဟေရုဒ် မင်း၊ ပုန္တိ ပိလတ် မင်းမှစ၍ဣသရေလ အမျိုးသား ၊ တစ်ပါး အမျိုးသားတို့သည်၊
In fact, this is the very city where Herod and Pontius Pilate conspired with the Gentiles and the people of Israel against Your holy servant Jesus, whom You anointed.
28 ၂၈ ကိုယ်တော် ၏ အလိုရှိ သည်အတိုင်း၊ ရှေးမဆွကလက် တော်ဖြင့် ခွဲခန့် မှတ်သားတော်မူနှင့်သမျှတို့ကို ပြုခြင်းငှာဘိသိတ် ပေးတော်မူသော သား တော်မြတ် ယေရှု ကို ဤ မြို့ ၌ ရန်ဘက် ပြု၍ စည်းဝေး ကြပြီ၊ အမှန် ဖြစ်ပါ၏။
They carried out what Your hand and will had decided beforehand would happen.
29 ၂၉ အိုထာဝရ ဘုရား၊ ယခု အခါထိုသူ တို့၏ ခြိမ်းချောက် ခြင်းကို မှတ် တော်မူပါ။
And now, Lord, consider their threats, and enable Your servants to speak Your word with complete boldness,
30 ၃၀ အနာ ရောဂါငြိမ်းစေခြင်းငှာ လက် တော်ကို ဆန့် တော်မူ၍၊ သန့်ရှင်း သော သား တော်ယေရှု ၏ နာမ တော်အားဖြင့် နိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို ဖြစ် စေတော်မူစဉ်တွင်၊ ကိုယ်တော် ၏ ကျွန် တို့ သည် နှုတ်ကပတ် တရားတော်ကို ရဲရင့် စွာ ဟောပြော ပါမည် အကြောင်း ကယ်မ သနားတော်မူပါဟု ဆုတောင်း ကြ၏။
as You stretch out Your hand to heal and perform signs and wonders through the name of Your holy servant Jesus.”
31 ၃၁ ထိုသို့ ဆုတောင်း ပဌနာပြုပြီးမှ၊ စုဝေး သော အရပ် သည် တုန်လှုပ် ၍၊ ထိုသူအပေါင်း တို့သည် သန့်ရှင်း သော ဝိညာဉ် တော်နှင့် ပြည့် သဖြင့် ၊ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကို ရဲရင့် စွာဟောပြော ကြ၏။
After they had prayed, their meeting place was shaken, and they were all filled with the Holy Spirit and spoke the word of God boldly.
32 ၃၂ ယုံကြည် သောသူ အပေါင်း တို့သည် စိတ် နှလုံး တစ်ညီတစ်ညွတ် တည်းရှိ ကြ၍ ၊ အဘယ်သူမျှ မိမိ ဥစ္စာ တစ်စုံတစ်ခု ကို ငါ့ ဥစ္စာဟူ၍မ ဆို ဘဲ လျက်၊ ရှိသမျှ သောဥစ္စာတို့ကို ဆက်ဆံ သဖြင့် သုံးဆောင်ကြ၏။
The multitude of believers was one in heart and soul. No one claimed that any of his possessions was his own, but they shared everything they owned.
33 ၃၃ သခင် ယေရှု ထမြောက် တော်မူခြင်း အကြောင်း ကို တမန်တော် တို့သည် ကြီး သော တန်ခိုး နှင့် သက်သေခံ ၍၊ ထိုသူ အပေါင်း တို့သည် ကြီး သော ကျေးဇူး တော်နှင့် ပြည့်စုံ ကြ၏။
With great power the apostles continued to give their testimony about the resurrection of the Lord Jesus. And abundant grace was upon them all.
34 ၃၄ ထိုသူ တို့တွင် ဆင်းရဲ သောသူတစ်ယောက်မျှမ ရှိ ။ အကြောင်းမူကား ၊ အိမ် ၊ မြေ ကွက်ကို ပိုင် သော သူရှိသမျှ တို့သည် ရောင်း ပြီးလျှင်၊ ရ သောအဘိုးကိုယူဆောင် ခဲ့၍၊
There were no needy ones among them, because those who owned lands or houses would sell their property, bring the proceeds from the sales,
35 ၃၅ တမန်တော် တို့၏ခြေ ရင်း၌ ထား ကြသဖြင့်၊ လူများဆင်းရဲ သည်အတိုင်း အသီးအသီး တို့အား ဝေငှ ပေးကမ်းကြ၏။
and lay them at the apostles’ feet for distribution to anyone as he had need.
36 ၃၆ ယောသေ အမည်ရှိ၍ သက်သာ စေခြင်း၏ သား ဟုဆိုလို သော ဗာနဗ အမည် သစ်ကို တမန်တော် တို့ သမုတ် ခြင်းအားဖြင့် ရသော ကုပရု ပြည်သား လေဝိ လူတစ် ယောက်သည်၊
Joseph, a Levite from Cyprus, whom the apostles called Barnabas (meaning Son of Encouragement),
37 ၃၇ မိမိ ပိုင် သော မြေ ကိုရောင်း ပြီးလျှင်၊ ရသော ငွေ ကိုယူဆောင် ခဲ့၍ တမန်တော် တို့၏ ခြေ ရင်း၌ ထား လေ၏။
sold a field he owned, brought the money, and laid it at the apostles’ feet.