< တမန်တော်ဝတ္ထု 3 >

1 ထိုအခါ ပဌနာ ပြုရသော သုံးချက်တီး အချိန် ၌ ပေတရု နှင့် ယောဟန် တို့သည် ဗိမာန် တော်သို့ တက် ကြ သည်ရှိသော်၊
Sa'adda Bitrus da Yahaya suna hanya zuwa haikali a lokacin addu'ar karfe uku.
2 အမိ ဝမ်း တွင်းကပင် ခြေမစွမ်း သော သူ တစ် ယောက်ကို သူတစ်ပါးတို့သည်ထမ်း လျက်လာကြ၏။ ဗိမာန် တော်သို့ ဝင် သောသူတို့မှာ စွန့်ကြဲ ခြင်းကိုခံ စေခြင်းငှာ ၊ တင့်တယ် အမည် ရှိသော တံခါး နား မှာ ထိုသူ ကိုထား လေ့ရှိ၏။
Wani mutum, gurgu ne tun daga haihuwa, ana daukar sa kulluyomi zuwa kofar haikali da ake kira Kyakkyawa, domin bara gun mutanen da ke shiga haikalin.
3 ပေတရု နှင့် ယောဟန် တို့သည် ဗိမာန် တော်သို့ဝင် မည် လာကြသည်ကို ထိုသူ သည်မြင် လျှင် စွန့်ကြဲ ပါဟု တောင်း လေ၏။
Da ya ga Bitrus da Yahaya suna shiga haikalin, sai ya roke su sadaka.
4 ထိုအခါ ပေတရု နှင့် ယောဟန် တို့သည် ထိုသူ ကိုစေ့စေ့ ကြည့်ရှု၍ ငါ တို့အား မျှော်ကြည့် လော့ဟုဆို လျှင်၊
Bitrus da Yahaya kuwa suka zuba masa ido, Bitrus ya ce, ''Ka dube mu.''
5 ထိုသူ သည်တစ်စုံတစ်ခု ကို ရ မည်ဟုစိတ်ထင် နှင့် တမန်တော်တို့ကိုမျှော်ကြည့် လျက်နေ၏။
Gurgun nan kuwa ya dube su, yana tsammanin zai sami wani abu a wurin su.
6 ပေတရု ကလည်း၊ ငါ ၌ရွှေ ငွေ မ ရှိ ။ ရှိ သည်အရာ ကိုသင့် အားငါ ပေးမည်။ နာဇရက် မြို့သားယေရှု ခရစ် ၏ နာမ တော်အားဖြင့် ထ ၍ လှမ်းသွား လော့ဟုဆို လျက်၊
Amma Bitrus ya ce, “Azurfa da Zinariya ba ni da su, amma abin da nake da shi, zan baka. A cikin sunan Yesu Almasihu Banazare, Yi tafiya''
7 သူ ၏လက်ျာ လက် ကို ကိုင်ဆွဲ ချီကြွ လေသောခဏခြင်း တွင်၊ ခြေ နှစ်ဘက်ဖမျက်စိ တို့သည် စွမ်းအား ကို ရသဖြင့်၊
Bitrus ya kama hannun damarsa, ya daga shi; nan da nan kafafunsa da kashin idon sawayensa suka samu karfi.
8 ရုတ်တရက်ထ ၍ မတ်တပ် ရပ်ပြီးလျှင် လှမ်းသွား လေ၏။ သွား လျက်၊ ခုန် လျက်၊ ဘုရားသခင် ကို ချီးမွမ်း လျက်၊ တမန်တော် တို့နှင့်အတူ ဗိမာန် တော်သို့ ဝင် လေ၏။
Da gurgun ya yunkura, ya mike tsaye sai ya fara takawa; ya shiga haikali tare da Bitrus da Yahaya, yana takawa, yana tsalle, yana kuma girmama Allah.
9 ထိုသို့လှမ်းသွား ၍ ဘုရားသခင် အား ချီးမွမ်း သည်ကို လူ အပေါင်း တို့သည် မြင် သောအခါ၊
Dukan mutane suka gan shi yana tafiya yana kuma yabon Allah.
10 ၁၀ ထိုသူ သည် ဗိမာန် တော်၏တင့်တယ် တံခါး နားမှာ စွန့်ကြဲ ခြင်းကိုခံ၍ ထိုင် နေသောသူ ဖြစ် သည်ကို သိ ကြသောကြောင့်၊ သူ ၌ဖြစ် သည် အမှု ကိုအံ့ဩ မိန်းမော တွေဝေခြင်းရှိ ၍၊
Sun lura cewa, shine mutumin da ke zama yana bara a Kyakyawar kofar haikali; sai suka cika da mamaki domin abin da ya faru.
11 ၁၁ ထိုသူ သည် ပေတရု နှင့် ယောဟန် ကို အမှီပြု လျက်ရှိရာအရပ်၊ ရှောလမုန် ကနားပြင် အမည်ရှိသော ကနားပြင်သို့ပြေးဝင်၍ စုဝေး ကြ၏။
Yayin da yake rike da Bitrus da Yahaya, dukan jama'a suka matso wurinsu, a gefen dakalin Sulaimanu, suna ta mamaki kwarai.
12 ၁၂ ပေတရု သည် မြင် လျှင်၊ ဣသရေလ လူ တို့ အဘယ်ကြောင့် ဤ အမှုကို အံ့ဩ ကြသနည်း။ ဤသူ သည် လှမ်းသွား နိုင်သောအခွင့်ကို ငါတို့သည်ကိုယ် တန်ခိုး ၊ ကိုယ်သီလ အားဖြင့်ပေး ဘိသကဲ့သို့ အဘယ်ကြောင့် ငါ တို့ကို စေ့စေ့ ကြည့်ရှုကြသနည်း။
Da Bitrus ya ga haka ya amsa wa jama'ar, “Ya ku mutanen Isra'ila, don me ku ke mamaki?” Don me ku ka zura mana ido, kamar mu ne muka sa shi ya yi tafiya da ikon kanmu ko adalcin mu?
13 ၁၃ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့၏ဘုရားသခင် ၊ ငါ တို့ဘိုးဘေး များ၏ ဘုရားသခင် သည် မိမိ သား တော်၏ ဘုန်း ကိုထင်ရှားစေတော်မူပြီ။ ထိုသခင် ကို သင် တို့သည် ပိလတ် မင်းလက်သို့အပ်နှံ ၍ ၊ ထိုမင်း သည် လွှတ် မည်အကြံရှိ သော်လည်းသင်တို့သည် ထိုသခင်ကိုငြင်းပယ် ကြ၏။
Allah na Ibrahim, da Ishaku, da Yakubu, Allah na iyayenmu ya girmama bawansa Yesu. Shi kuka ki kun kuma bashe shi a gaban Bilatus da ya so ya sake shi.
14 ၁၄ သန့်ရှင်း ဖြောင့်မတ် တော်မူသော သခင်ကိုငြင်းပယ် ၍ ၊ လူ အသက်ကို သတ်ခြင်း၊ အပြစ်ရှိသောသူ တစ်ယောက်ကို ရ မည်အကြောင်း တောင်းပန် သဖြင့်၊
Kuka ki Mai Tsarkin nan, Mai Adalcin, maimakon haka kuka ce a sakkar maku mai kisan kai.
15 ၁၅ အသက် ရှင်ခြင်းသို့ ပို့ဆောင်တော်မူသောအရှင် ကို ကွပ်မျက် ကြပြီတကား၊ ထိုအရှင် ကို ဘုရားသခင် သည် သေ ခြင်းမှ ထမြောက် စေတော်မူသည်ကို ငါ တို့သည် သက်သေခံ ဖြစ် ကြ၏။
Kun kashe mai ba da rai, wanda Allah ya tayar daga matattu, mu kuwa shaidu ne ga wannan al'amari.
16 ၁၆ ထိုသခင်ကို ယုံကြည် ခြင်းအားဖြင့် ထိုသခင် ၏နာမ တော်သည် သင်တို့သိ မြင် သော ဤသူ အား အစွမ်း ကို ပေးတော်မူပြီ။ ထိုသခင် ကြောင့် ရသော ယုံကြည် ခြင်းသည် သင် တို့မျက်မှောက် တွင် ဤသူ ၌စေ့ စုံခြင်း အခွင့်ကိုပေး ၍ရှိလေပြီ။
Yanzu, ta bangaskiya ga sunansa - wannan mutum da kuke gani kuma kun san shi - ta wurin wannan sunan ne ya sami karfi. Bangaskiya cikin Yesu ta ba shi cikakkiyar lafiya, a gabanku duka.
17 ၁၇ ယခု လည်း ညီအစ်ကို တို့၊ သင်တို့မှစ၍အစိုးရ သောသူတို့သည် မ သိဘဲလျက်ထိုသို့ ပြု ကြသည်ကို ငါသိ ၏။
Ya ku 'yan'uwa, na san kun yi haka ne cikin rashin sani, yadda shugabaninku suka yi.
18 ၁၈ ခရစ်တော် သည် အသေ ခံရမည်ဟု ပရောဖက် အပေါင်း တို့သည် ဟောပြော ၍၊ ဘုရားသခင် ဘော်ပြတော်မူနှင့်သောအမှု ကို ထိုသို့အားဖြင့်ပြီးစီး တော်မူပြီ။
Amma duk abubuwan da Allah ya fada ta bakin dukan anabawansa, cewa Almasihunsa zai sha wahala, yanzu ya cika.
19 ၁၉ ထိုကြောင့် ထာဝရဘုရားထံ တော်မှ ချမ်းဧ သောအချိန် ကာလသည် ရောက်လာ ၍၊
Saboda haka, Ku tuba, ku juyo, domin a shafe zunubanku, domin lokacin sabuntuwa daga wurin Ubangiji ya zo;
20 ၂၀ သင် တို့အဘို့အလိုငှာ ခန့်ထား တော်မူနှင့်သော ယေရှု ခရစ် ကို စေလွှတ် တော်မူမည်အကြောင်း၊ သင် တို့ အပြစ် များကို ပြေ စေခြင်းငှာ နောင်တရ ၍ စိတ်ပြောင်းလဲ ခြင်းသို့ ရောက်ကြလော့။
domin a aiko maku da Almasihu wanda aka kaddara wato, Yesu.
21 ၂၁ ကမ္ဘာ ဦးမှစ၍ သန့်ရှင်း သောပရောဖက် ဆရာတော်တို့နှုတ် ဖြင့် ဘုရားသခင် ဗျာဒိတ် ထားတော်မူသော ထိုကပ်ကာလ၊ အလုံးစုံ သောအရာတို့ကို အသစ်ပြုပြင် တော်မူသော ကပ်ကာလ မ ရောက်မှီတိုင်အောင်ကောင်းကင် ဘုံသည် ထိုခရစ်တော် ကို ခံယူ သိမ်းဆည်းရ မည်။ (aiōn g165)
Shine wanda dole sama ta karbe shi har zuwa lokacin komo da dukan abubuwa, game da abubuwan da Allah ya fada tun da ta bakin annabawansa tsarkaka. (aiōn g165)
22 ၂၂ ငါတို့ဘိုးဘေးများတို့အားလည်း မောရှေ က၊ သင် တို့၏ဘုရားသခင် ထာဝရ ဘုရားသည်၊ သင် တို့ အမျိုးသား ချင်းတို့အထဲ ၌ ငါ နှင့်တူ သော ပရောဖက် တစ်ပါးကို သင်တို့ အဘို့ပေါ်ထွန်း တော်မူမည်။ ထိုပရောဖက် ဟောပြော သောအရာ တို့ကို သင် တို့သည် နားထောင် ရကြမည်။
Musa hakika ya ce, 'Ubangiji Allah zai tayar maku da wani annabi kamar ni daga cikin, 'yan'uwanku. Za ku saurari dukan abin da zai fada maku.
23 ၂၃ အကြင်သူသည် ထိုပရောဖက် ၏စကားကိုနား မ ထောင်ဘဲနေအံ့ ၊ ထိုသူသည် မိမိအမျိုး ထဲက ပယ်ရှင်း ခြင်းကို ခံရမည်ဟုဟော၏။
Zai kasance kowanne mutum da bai saurari annabin nan ba za a kau da shi gabadaya daga cikin mutanensa.'
24 ၂၄ ပရောဖက်ရှမွေလ မှစ၍ နောက် ဟော သော ပရောဖက် ရှိသမျှ တို့သည် ဤ သည်နေ့ရက် ကာလကို ဟောပြော ပြညွှန်ကြပြီ။
I, dukan annabawa tun daga Sama'ila da wadanda suka zo bayansa, sun yi magana sun ambaci wadannan kwanaki.
25 ၂၅ သင် တို့သည် ပရောဖက် အမျိုးအနွယ် ဖြစ် ကြ၏။ ဘုရားသခင် သည် အာဗြဟံ ကို၊ သင် ၏ အမျိုးအနွယ်အားဖြင့် လူမျိုး အပေါင်း တို့သည် ကောင်းကြီး မင်္ဂလာကိုခံရကြလိမ့်မည်ဟု ဗျာဒိတ်ထားတော်မူ၍၊ ငါ တို့ ဘိုးဘေး များတို့အား ပေး တော်မူသော ပဋိညာဉ် တရားတော်နှင့် သင်တို့သည်ဆိုင်ကြ၏။
Kune 'ya'yan annabawa da na alkawari wanda Allah ya yi da kakanninku, yadda ya ce wa Ibrahim, 'Daga zuriyarka dukan al'uman duniya za su sami albarka.'
26 ၂၆ သင် တို့တွင် မိမိဒုစရိုက် တို့ကို ကြဉ်ရှောင် ပယ်ရှားသောသူ ရှိသမျှ တို့အား ကောင်းကြီး မင်္ဂလာကိုပေးစေခြင်းငှာဘုရားသခင် သည်မိမိ သားတော် ယေရှုကို ထမြောက် စေတော်မူပြီးလျှင်၊ သင် တို့ရှိရာသို့ ရှေးဦးစွာ စေလွှတ် တော်မူသည်ဟု လူများတို့အား ပေတရုဟောပြော ၏။
Bayan da Allah ya ta da bawansa, a gareku ne ya fara aiko shi, domin ya albarkace ku tawurin juyadda kowannenku daga muguntarsa.”

< တမန်တော်ဝတ္ထု 3 >