< တမန်တော်ဝတ္ထု 28 >

1 ကုန်းပေါ်သို့ရောက်သောအခါ၊ ထိုကျွန်း ကား မေလိတေ ကျွန်းဖြစ် သည်ကို သိ ကြ၏။
And having escaped, we learned that the island was called Melita.
2 မိုဃ်းရွာ ၍ ချမ်း သောကြောင့် လူရိုင်း တို့သည် မီး မွေးပြီးလျှင်၊ ငါ တို့အပေါင်း ကို လက်ခံ ၍ အထူးသဖြင့်ကျေးဇူး ပြုကြ၏။
And the barbarians showed us no little kindness; for they kindled a fire, and received us all, because of the rain which had come on, and because of the cold.
3 ပေါလု သည် ထင်း ကိုစုသိမ်း ၍ မီး ပေါ်မှာ ထည့် စဉ်တွင်၊ မြွေဆိုး သည်မီး ငွေ့ထဲက ထွက် ၍ ပေါလု ၏ လက် ကို တွယ် လျက်နေ၏။
And when Paul had gathered a bundle of sticks, and laid it on the fire, there came forth a viper by reason of the heat, and fastened on his hand.
4 ထိုလူရိုင်း တို့သည်မြင် လျှင်၊ ဤ လူ ကား၊ လူ အသက်ကို သတ်သောသူ အမှန် ဖြစ် ၏။ ပင်လယ် ဘေးမှ လွတ် သော်လည်း၊ အသက် ရှင်စေခြင်းငှာတရား သည် အခွင့် မ ပေးဟု အချင်းချင်း ဆို ကြ၏။
And when the barbarians saw the animal hanging from his hand, they said to one another, No doubt this man is a murderer, whom though he hath escaped the sea, Justice hath not permitted to live.
5 ပေါလုသည်မြွေ ကိုမီး ထဲသို့ ခါချ ၍ အဘယ် ဘေး မျှမသင့် ။
He, however, shaking off the animal into the fire suffered no harm.
6 သူသည်တစ်ကိုယ်လုံးရောင် မည်၊ တခဏခြင်း တွင်လဲ ၍သေ မည်ဟု ထိုသူ တို့သည်ကြာမြင့် စွာ ငံ့လင့် သော်လည်း၊ သူ ၌မကောင်းသော အပြစ် တစ်စုံတစ်ခုကိုမျှ မ မြင် လျှင် သဘော ပြောင်းလဲ၍ ဤသူ ကားနတ် ဘုရား ဖြစ် သည်ဟု ဆို ကြ၏။
But they were looking for his becoming swollen, or suddenly falling down dead. But after looking a great while, and seeing no harm come to him they changed their minds, and said that he was a god.
7 ထို အရပ် နှင့်မ နီးမဝေးပုဗလိ အမည် ရှိသောကျွန်း သူကြီး ၏ နေရာ ရှိ ၏။ ထို သူကြီးသည် ငါ တို့ကိုလက်ခံ ၍၊ သုံး ရက် ပတ်လုံးကောင်းမွန်စွာ လုပ်ကျွေး ပြုစုလေ၏။
And in the neighborhood of that place were lands be longing to the chief man of the island, whose name was Publius; who welcomed us, and entertained us kindly three days.
8 ပုဗလိ မင်း၏အဘ သည်ဖျားနာ နှင့် ဝမ်းကျသွေးသွန်နာ စွဲ ၍၊ တုံးလုံး နေသည်ကို ပေါလု ဝင် ၍ ဆုတောင်း ပြီးမှ၊ သူ့ အပေါ်၌ လက် တင် ၍ အနာ ကို ငြိမ်းစေ၏။
And it happened that the father of Publius was lying sick with a fever and dysentery; to whom Paul went in, and, when he had prayed, laid his hands on him, and healed him.
9 ဤသို့ ပြု သောကြောင့်၊ ထိုကျွန်း ၌ အနာ ရောဂါစွဲ သောအခြား သူရှိသမျှတို့သည် လာ ၍ ချမ်းသာ ခြင်းကို ရကြ၏။
And when this was done, the others also who had diseases in the island came, and were healed;
10 ၁၀ ထိုသူ တို့သည် များစွာ သော လက်ဆောင် တို့ကို ပေး ၍ ၊ ငါ တို့သည် လွှင့်ပြန်သောအခါ ၊ ရိက္ခာ များကို လည်း သင်္ဘောပေါ်သို့တင် ကြ၏။
who also honored us with many honors, and when we put to sea, loaded us with such things as were necessary.
11 ၁၁ သုံး လ လွန် လျှင်၊ နတ်သား အမြွာတို့၏ ရုပ်တု ပါသော ထိုကျွန်း ၌ ဆောင်း ကာလပတ်လုံးနေခဲ့ဘူးသော အာလေဇန္ဒြိ သင်္ဘော ကိုငါတို့သည် စီး ပြန်၍၊
And after three months we put to sea in a ship of Alexandria, which had wintered in the island, whose sign was Castor and Pollux.
12 ၁၂ သုရကုတ် မြို့သို့ ဆိုက် လျှင် သုံး ရက် နေ ကြ၏။
And landing at Syracuse, we stayed there three days;
13 ၁၃ ထိုမြို့မှ လွှင့်ပြန်၍ ဝိုက် သွားသဖြင့်၊ ရေဂျုန် မြို့ သို့ ရောက် ၍ တစ် ရက် နေပြီးမှ တောင် လေလာ သောကြောင့်၊ နှစ် ရက်တွင်ပေါတယောလိ မြို့သို့ ရောက် ကြ၏။
and from thence we made a circuit, and came to Rhegium; and after one day a south wind arose, and we came on the second day to Puteoli,
14 ၁၄ ထိုမြို့၌ ညီအစ်ကို အချို့တို့ကိုတွေ့ ၍ ခုနစ် ရက် နေ ကြပါဟု သူ တို့သည်တောင်းပန် သည် အတိုင်းနေပြီးမှ၊ ရောမ မြို့သို့ ခရီးသွား ကြ၏။
where we found brethren, and were entreated to remain with them seven days; and so we went toward Rome.
15 ၁၅ ရောမမြို့သားညီအစ်ကို တို့သည် ငါ တို့လာကြောင်း ကို ကြားသိ လျှင်၊ ခရီးဦးကြိုပြု အံ့သောငှာ အချို့တို့ သည် အပ္ပိ ဈေး တိုင်အောင် ၎င်း ၊ အချို့တို့သည် သုံး စရပ် တိုင်အောင်၎င်းလာ ကြ၏။ ပေါလု သည် ထိုသူ တို့ကို မြင် လျှင်၊ ဘုရားသခင် ၏ကျေးဇူး တော်ကို ချီးမွမ်း၍ စိတ်သက်သာ ခြင်းသို့ ရောက်လေ၏။
And from thence, the brethren having heard of us came to meet us as far as Appii Forum, and the Three Taverns; at the sight of whom Paul thanked God and took courage.
16 ၁၆ ရောမ မြို့သို့ ရောက် ကြသောအခါ တပ်မှူးသည် အကျဉ်းခံသောသူတို့ကို ကိုယ်ရံတော်မှူး၌ အပ်လေသော်၊ ပေါလု သည်မိမိ ကိုစောင့် သောစစ်သူရဲ တစ်ယောက်နှင့်အတူ မိမိ အလိုအလျောက်နေ ရသော အခွင့် ကိုရ၏။
And when we had come to Rome, Paul was permitted to dwell by himself, with the soldier that guarded him.
17 ၁၇ သုံးရက် လွန် သောအခါ ၊ ပေါလု သည် ယုဒ လူ အကြီးအကဲ တို့ကို ခေါ် ၍စုဝေးစေပြီးလျှင်၊ ညီအစ်ကို တို့၊ အကျွန်ုပ် သည်ယုဒလူမျိုး ကို မ ပြစ်မှား ၊ မိ စဉ်ဘဆက်ကျင့်သောထုံးတမ်း ကို မပယ်သောသူဖြစ် လျက်ပင်၊ ယေရုရှလင် မြို့သားတို့သည် အကျွန်ုပ်ကို အကျဉ်း ထား၍ ရောမ လူတို့ လက် သို့ အပ်လိုက် ကြ၏။
And it came to pass that after three days he called together the chief men of the Jews, and when they had met he said to them, Brethren, I, though I had done nothing against the people, or the customs of our fathers, was delivered up a prisoner from Jerusalem into the hands of the Romans;
18 ၁၈ ရောမလူ တို့သည် အကျွန်ုပ် ကိုစစ်ကြော ပြီးမှ၊ သေ ထိုက်သော အပြစ် တစ်စုံတစ်ခု ကိုမျှ မတွေ့ သဖြင့် လွှတ် ခြင်းငှာအလိုရှိ ကြ၏။
who, when they had examined me, wished to release me, because I had done nothing deserving death.
19 ၁၉ ထိုအလိုကိုယုဒ လူတို့သည် ဆီးတား သောအခါ ၊ ကဲသာ ဘုရင်၏ အယူ တော်ခံပါမည်ဟုအကျွန်ုပ်ဆို ရ၏။ ထိုသို့ဆိုသော်အမျိုးသား ချင်းတို့ကို အပြစ်တင် စရာ တစ်စုံတစ်ခုရှိ သောကြောင့်ဆိုသည်မ ဟုတ်။ ထိုကြောင့် သင် တို့ကိုမြင် ၍ နှုတ်ဆက် ခြင်းငှာအကျွန်ုပ်ခေါ် ပါပြီ။
But when the Jews spoke against it, I was constrained to appeal to Caesar; not that I had any charge to bring against my nation.
20 ၂၀ ဣသရေလ အမျိုး၏မြော်လင့် ရာအတွက် ကြောင့်၊ အကျွန်ုပ်သည် ဤ သံကြိုး နှင့်ချည်နှောင် ခြင်းကို ခံရပါ၏ဟု ပြောဆို လျှင်၊
For this reason therefore I have called for you, to see you and speak to you; for it is on account of the hope of Israel that I am bound with this chain.
21 ၂၁ ထိုသူတို့က၊ သင် ၏အကြောင်း ကို ကြားလိုက်သောစာ ကို ယုဒ ပြည်မှ အကျွန်ုပ် တို့မ ရ ကြ။ ထိုပြည်မှ လာ သော ညီအစ်ကို တို့တွင် အဘယ်သူ မျှ သင် ၌ အပြစ် ရှိကြောင်း ကို မ ကြား မပြောပါ။
And they said to him, We neither received letters from Judea concerning thee, nor did any one of the brethren that came report or speak any evil of thee.
22 ၂၂ သို့သော်လည်းဤ ဘာသာ သည် အရပ်ရပ် တို့၌ ကဲ့ရဲ့ အပြစ်တင်ခြင်းကို ခံရသော ဘာသာဖြစ် သည်ကို အကျွန်ုပ် တို့သိ ကြသည်ဖြစ်၍သင်၏အယူဝါဒ ကို သင် သည် ကိုယ်တိုင် ဖေါ်ပြသောစကား ကို အကျွန်ုပ်တို့သည် နားထောင်သင့် သည်ထင်ပါ၏ဟု ဆိုကြလျှင်၊
But we think it proper to hear from thee what thou thinkest; for with regard to this sect, we know that it is everywhere spoken against.
23 ၂၃ နေ့ရက် ကိုချိန်းချက် ၍ လူများ တို့သည်ပေါလု တည်းခို ရာ အရပ်သို့ လာ ကြသည်ရှိသော်၊ ပေါလုသည် ဘုရားသခင် နိုင်ငံ တော် အကြောင်းကိုသက်သေခံ သဖြင့်၎င်း၊ ထိုသူ တို့သည် ယေရှု ၏အကြောင်း များကို ယုံကြည်စေခြင်းငှာ၊ မောရှေ ၏ပညတ္တိ ကျမ်းနှင့် အနာဂတ္တိ ကျမ်းတို့ကို အမှီပြု ၍ ဖြားယောင်း သွေးဆောင်သဖြင့်၎င်း၊ နံနက် အချိန်မှစ၍ ည အချိန်တိုင်အောင် ထုတ်ဖေါ် ဟောပြောလေ၏။
And when they had appointed him a day, many came to him at his lodging; to whom he expounded, and earnestly testified, the kingdom of God, endeavoring to persuade them concerning Jesus both from the Law of Moses, and from the Prophets, from morning till evening.
24 ၂၄ အချို့ တို့သည် ပေါလု ၏စကားကို ယုံ ကြ၏။ အချို့ တို့သည် မ ယုံဘဲနေကြ၏။
And some believed the things spoken, and some believed not.
25 ၂၅ ထိုသို့ အချင်းချင်း သဘော ကွဲပြား၍ သွား ကြ၏။ သွားကြစဉ်တွင် ပေါလု သည် စကား တစ် ခွန်းကို ပြော လိုက် သည်မှာ၊ သန့်ရှင်း သော ဝိညာဉ် တော်သည် ပရောဖက် ဟေရှာယ အားဖြင့် မိန့် တော်မူချက်ဟူမူကား၊
So, disagreeing with one another, they took their departure, after Paul had spoken one word: Well did the Holy Spirit speak through Isaiah the prophet to your fathers,
26 ၂၆ သင်တို့သည် ကြား လျက်ပင်အနက်ကို နား မ လည်ဘဲ ကြား ကြလိမ့်မည်။ မြင် လျက်ပင် အာရုံ မ ပြုဘဲ မြင် ကြလိမ့်မည်ဟု ထို လူမျိုး ရှိရာသို့ သွား ၍ပြော လော့။
saying, “Go to this people, and say, 'Hearing ye shall hear, and shall not understand; and seeing ye shall see and not perceive.
27 ၂၇ အကြောင်းမူကား ၊ သူတို့မျက်စိ မ မြင် ၊ နား မကြား ၊ စိတ် နှလုံးမသိ ၊ အကျင့် မပြောင်းလဲသူ တို့အနာ ရောဂါကို ငါမငြိမ်းစေရသည်တိုင်အောင်သူတို့၏ စိတ် နှလုံးသည် မိုက် လျက်၊ နား သည်ထိုင်း လျက်၊ ကိုယ် မျက်စိ ကိုပိတ် လျက် ရှိကြ၏ဟုငါ တို့ဘိုးဘေး များအား လျောက်ပတ်စွာ မိန့် တော်မူ၏။
For the heart of this people hath become gross, and their ears are dull of hearing, and their eyes they have closed; lest they should see with their eyes and hear with their ears, and understand with their heart and turn from their ways, and I should heal them.'”
28 ၂၈ ထိုကြောင့် ဘုရားသခင် ၏ ကယ်တင် တော်မူခြင်း ကျေးဇူးတော်ကို တစ်ပါး အမျိုးသားတို့အား ပေး လိုက် သည်ဖြစ်၍ ၊ သူ တို့သည်နားထောင် မည်အရာကို သင် တို့ သိမှတ် ကြလော့ဟု၊
Be it therefore known to you, that to the gentiles this salvation of God hath been sent; they, moreover, will hear.
29 ၂၉ ပေါလုပြောဆိုပြီးမှ၊ ယုဒလူတို့သည် သွား၍ အချင်းချင်းများစွာသော ဆွေးနွေးနှီးနှောခြင်းရှိကြ၏။
30 ၃၀ ထိုနောက်မှပေါလုသည် နှစ် နှစ်ပတ်လုံး မိမိ ငှား သော အိမ်၌ နေ သဖြင့်၊ မိမိ ထံသို့ လာ သော သူ အပေါင်း တို့ကို ဧည့်ခံ ၍ ၊
And he abode two whole years in his own hired house and gladly received all that came in to him,
31 ၃၁ အဘယ်သူမျှမ မြစ်တားဘဲ၊ ဘုရားသခင် ၏ နိုင်ငံ တော် အကြောင်းကိုအတည့်အလင်း ဟောပြော ၍၊ သခင် ယေရှု ခရစ် ၏ အကြောင်း များကို သွန်သင် ပြသလျက်နေ၏။
proclaiming the kingdom of God, and teaching the things concerning the Lord Jesus Christ, with all confidence, without hindrance from any one.

< တမန်တော်ဝတ္ထု 28 >