< တမန်တော်ဝတ္ထု 27 >

1 ထိုအခါ ငါ တို့သည် ဣတလိ ပြည်သို့ သင်္ဘောနှင့်ကူး ရမည့်အကြောင်းကို စီရင် ပြီးမှ ၊ ယုလိ အမည် ရှိသော ဩဂုတ္တု တပ် နှင့်ဆိုင်သော တပ်မှူး ၌ ပေါလု မှစ၍ အကျဉ်းခံ သောအခြား သူ တို့ကို အပ် ကြ၏။
As it was decided that we were to sail to Italy, Paul and some other prisoners were put in charge of a centurion of the Augustan Guard, named Julius.
2 အာဒြမုတ္တိ သင်္ဘော ကိုစီး ၍ အာရှိ ပြည်နား သို့ ရှောက်သွားမည်အကြံ နှင့် လွှင့် ကြ၏။ အာရိတ္တခု အမည်ရှိသောမာကေဒေါနိ ပြည်သက်သာလောနိတ် မြို့သားသည် ငါ တို့နှင့် ပါ ၏။
We went on board a ship from Adramyttium, which was on the point of sailing to the ports along the coast of Roman Asia, and put to sea. Aristarchus, a Macedonian from Thessalonica, went with us.
3 နက်ဖြန် နေ့တွင် ဇိဒုန် မြို့၌ ဆိုက် ကြပြီးလျှင်၊ ပေါလု သည် မိမိအဆွေ ခင်ပွန်းတို့ထံသို့ သွား ၍ သူတို့၏ လုပ်ကျွေး ပြုစုခြင်းကို ခံရ မည်အကြောင်း၊ ယုလိ သည် ကျေးဇူး ပြု၍ အခွင့် ပေးလေ၏။
The next day we put in to Sidon, where Julius treated Paul in a friendly manner, and allowed him to go to see his friends and receive their hospitality.
4 ထိုမြို့ မှထွက် ၍ လေ မ သင့်သောကြောင့် ၊ ကုပရု ကျွန်းမြောက်ဘက်နားသို့ရှောက်သွားသဖြင့် ကိလိကိ ပြည်၊
Putting to sea again, we sailed under the lee of Cyprus, because the wind was against us;
5 ပံဖုလိ ပြည်နှင့် စပ် သောပင်လယ် ကိုကူး ၍၊ လုကိ ပြည်၊ မုရ မြို့သို့ ရောက် ကြ၏။
and, after crossing the sea of Cilicia and Pamphylia, we reached Myra in Lycia.
6 ထိုမြို့ ၌ ဣတလိ ပြည်သို့ ကူး သော အာလေဇန္ဒြိ သင်္ဘော ကိုတပ်မှူး သည်တွေ့ ၍၊ ထိုသင်္ဘော ထဲသို့ ငါ တို့ကို သွင်း ထားလေ၏။
There the Roman officer found an Alexandrian ship on her way to Italy, and put us on board of her.
7 နှေးနှေး သာသွား၍ နေ့ရက် ကာလကြာ သောအခါ ၊ ပင်ပန်းစွာ ကြိုးစား ၍ ကနိဒ် မြို့နှင့်တည့်တည့် ရောက် ပြီးမှ၊ လေ မ သင့် သောကြောင့် ကရေတေ ကျွန်း အရှေ့ ဘက်၊ သာလမုန် မြို့ အနား သို့ ပင်ပန်း စွာ ရှောက်သွား ၍၊
For several days our progress was slow, and it was only with difficulty that we arrived off Cnidus. As the wind was still unfavorable when we came off Cape Salmone, we sailed under the lee of Crete,
8 လာသဲ မြို့ နှင့်အနီး ၊ ကာလုလိမင်းအမည် ရှိသော အရပ် သို့ ရောက် ကြ၏။
and with difficulty, by keeping close in shore, we reached a place called ‘Fair Havens,’ near which was the town of Lasea.
9 ကာလ ကြာသည်ရှိ သော်၊ ကြီးစွာသောဥပုသ်နေ့လွန် ၍ ပင်လယ် မ ကူးသင့်သောလ ဥတုအချိန်ဖြစ် သည် ကို ပေါလု သည် ထောက် ၍၊
This had taken a considerable time, and sailing was already dangerous, for the Fast was already over; and so Paul gave this warning.
10 ၁၀ အချင်းလူတို့ ၊ ယခုမှာပင်လယ် ကူးလျှင် သင်္ဘော နှင့် ကုန် များတို့သည် ဆုံးရှုံး သည်သာမက ၊ ငါ တို့ အသက် ပျက်စီးရာသော ဘေး အန္တရာယ်ရောက်မည်ကို ငါထင် မြင်သည်ဟု သတိပေး ၏။
“My friends,” he said, “I see that this voyage will be attended with injury and much damage, not only to the cargo and the ship, but to our own lives also.”
11 ၁၁ သို့သော်လည်း ၊ တပ်မှူး သည်ပေါလု စကား ကို နားမထောင်ဘဲ၊ တက်မ ကိုင်စကားနှင့်သင်္ဘောသူကြီး စကားကိုနားထောင် ၏။
The Roman officer, however, was more influenced by the captain and the owner than by what was said by Paul.
12 ၁၂ ထိုမြို့ဆိပ် ၌ ဆောင်း ကာလပတ်လုံးမ နေ သင့် သောကြောင့် တဖန်လွှတ် ပြန်၍ ဖိနိတ် မြို့ဆိပ်သို့ မှီ နိုင် လျှင် ၊ ထိုဆိပ်၌ ဆောင်း ကာလကို လွန်စေသော်သာ၍ကောင်းမည်ဟု လူ အများတို့သည် ဆို ကြ၏။ ဖိနိတ် ဆိပ် ကားကရေတေ ကျွန်း၌ ရှိ၏။ အနောက် မြောက်သို့ ၎င်း ၊ အနောက် တောင်သို့၎င်း မျက်နှာ ပြု၏။
And, as the harbor was not a suitable one to winter in, the majority were in favor of continuing the voyage, in hope of being able to reach Phoenix, and winter there. Phoenix was a Cretan harbor, open to the north-east and south-east.
13 ၁၃ တောင် လေသည်ဖြည်းညှင်း စွာလာသောအခါ ၊ ယခုမှီ နိုင်သည်ဟု စိတ်ထင် နှင့်လွှင့်၍၊ ကရေတေ ကျွန်းနား သို့ ရှောက်သွား ကြ၏။
So, when a light wind sprang up from the south, thinking that they had found their opportunity, they weighed anchor and kept along the coast of Crete, close in shore.
14 ၁၄ ကာလမ ကြာ မမြင့်မှီ ဥရုကလုဒုန် အမည် ရှိသော လေ ပြင်း မုန်တိုင်း သည်သင်္ဘော ကိုတိုက် ၍၊
But shortly afterward a hurricane came down on us off the land – a north-easter, as it is called.
15 ၁၅ တဟုန်တည်းဆောင်သွား သဖြင့်၊ သင်္ဘော သည် ထိုလေ ကိုမ ခံ နိုင် သောကြောင့်၊ ငါတို့သည် အားလျော့ ၍ လေတိုက်ရာသို့ ပါလွင့် ကြ၏။
The ship was caught by it and was unable to keep her head to the wind, so we had to give way and let her drive before it.
16 ၁၆ ကလောဒေ ကျွန်း နား မှာ ပြေးစဉ်တွင်၊ သမ္မန် ကို မပျက်စေခြင်းငှာပင်ပန်းစွာကြိုးစား ၍၊
Running under the lee of a small island called Cauda, we only just managed to secure the ship’s boat,
17 ၁၇ သင်္ဘောပေါ်သို့တင် ပြီးလျှင်၊ သင်္ဘော ကိုခိုင်ခံ့စေခြင်းငှာကြိုးနှင့်ပတ်စည်း ကြ၏။ သောင် ပေါ်မှာ တင် မည်ကိုလည်းစိုးရိမ် သောကြောင့် ရွက် ကိုသိမ်း သဖြင့် လေတိုက်ရာသို့ပါလွင့် ကြ၏။
and, after hoisting it on board, the men frapped the ship. But, afraid of being driven on to the Syrtis Sands, they lowered the yard, and then drifted.
18 ၁၈ လှိုင်းထအားကြီးသောကြောင့် အလွန်တုန်လှုပ်၍၊ နက်ဖြန် နေ့၌ ဝန် ကိုထုတ်ပစ်ကြ၏။
So violently were we tossed about by the storm, that the next day they began throwing the cargo overboard,
19 ၁၉ သုံး ရက်မြောက်သောနေ့၌ သင်္ဘော တန်ဆာ များကို ကိုယ်လက်နှင့်ကိုယ်ယူ ၍ ပစ် လိုက်ကြ၏။
and, on the following day, threw out the ship’s tackle with their own hands.
20 ၂၀ နေ ၊ လ၊ ကြယ် နက္ခတ်တို့ကို တာရှည် စွာ မ မြင် ရ၍ မိုဃ်းသက်မုန်တိုင်း အားကြီး သေးသဖြင့်၊ ကယ်တင် ခြင်းသို့ ရောက်မည်ဟု မြော် စရာ အခွင့်အလျှင်း မ ရှိ။
As neither sun nor stars were visible for several days, and, as the gale still continued severe, all hope of our being saved was at last abandoned.
21 ၂၁ အစာ ကိုမစားဘဲကြာမြင့်စွာ နေကြပြီးမှ၊ ပေါလု သည် ထိုသူ တို့၏ အလယ် ၌ ထ ၍၊ အချင်း လူ တို့၊ ငါ စကားကို နားထောင် ၍ ကရေတေ ကျွန်းမှ မ လွှင့် ဘဲနေလျှင် ဤပျက်စီး ဆုံးရှုံး ခြင်းနှင့် ကင်းလွတ် ရကြ၏။
It was then, when they had gone a long time without food, that Paul came forward, and said, “My friends, you should have listened to me, and not have sailed from Crete and so incurred this injury and damage.
22 ၂၂ ယခု တွင် စိတ်သက်သာ ခြင်းရှိကြလော့။ အကြောင်းမူကား ၊ သင်္ဘော ဆုံးခြင်းမှတစ်ပါး သင် တို့တွင် အဘယ်သူ မျှအသက် မဆုံး ရ ၊
Yet, even as things are, I beg you not to lose courage, for there will not be a single life lost among you – only the ship.
23 ၂၃ အဘယ်ကြောင့် နည်းဟူမူကား၊ ငါ့ ကိုပိုင်တော်မူ၍၊ ငါကိုးကွယ် သော ဘုရားသခင် ၏ ကောင်းကင်တမန် သည် ယနေ့ ညဉ့် တွင် ငါ့ အနားမှာ ပေါ်လာ လျက်၊
For last night an angel of the God to whom I belong, and whom I serve, stood by me, and said –
24 ၂၄ ပေါလု ၊ သင်သည် မ စိုးရိမ် နှင့်။ ကဲသာ ဘုရင် ရှေ့ သို့ ရောက် ရမည်။ သင် နှင့်အတူ ပင်လယ်ကူး သော သူ အပေါင်း တို့ကို ဘုရားသခင် သည် သင့် အားပေး တော်မူပြီဟု ဆို ၏။
‘Have no fear, Paul; you must appear before the Emperor, and God himself has given you the lives of all your fellow voyagers.’
25 ၂၅ ထိုကြောင့် အချင်းလူတို့ သက်သာ ခြင်း ရှိကြလော့။ ငါ့ အား မိန့် တော်မူသည်အတိုင်းဖြစ် လိမ့်မည်ဟု ငါသည်ဘုရားသခင် ကို အမှီပြု၍ ယုံ ခြင်းရှိ၏။
Therefore, courage, my friends! For I believe God, that everything will happen exactly as I have been told.
26 ၂၆ သို့သော်လည်း တစ်စုံတစ်ခု သောကျွန်း ပေါ်မှာ သင်္ဘောတင် ၍ ပျက်ရ မည်ဟုပေါလုဆို၏။
We will, however, have to be driven on some island.”
27 ၂၇ တစ်ဆယ်လေး ရက်မြောက်သောနေ့ ညဉ့် ရောက် သောအခါ ၊ ငါ တို့သည် အာဒြိ ပင်လယ်တွင် အရပ် လေးမျက်နှာသို့ လူးလာသွားကြစဉ်၊ သန်းခေါင် အချိန်၌ တစ်စုံတစ်ခု သော ကမ်း အနီးသို့ ရောက် လုသည်ဟု သင်္ဘောသား တို့သည် ထင်မှတ် သဖြင့်၊
It was now the fourteenth night of the storm, and we were drifting about in the Adriatic Sea, when, about midnight, the sailors began to suspect that they were drawing near land.
28 ၂၈ ရေကိုစမ်း လျှင် အလံ နှစ်ဆယ် ရှိသည်ကို တွေ့ ကြ၏။ ထိုမှစိုးစည်း လွန် ပြန်လျှင်၊ တဖန် ရေကိုစမ်း ၍ တဆယ်ငါး လံ ရှိသည်ကို တွေ့ ကြ၏။
So they took soundings, and found twenty fathoms of water. After waiting a little, they took soundings again, and found fifteen fathoms.
29 ၂၉ ကျောက် ကို တိုက်မိ မည်စိုးရိမ် သောကြောင့် သင်္ဘောပဲ့ မှ ကျောက်ဆူး လေး လက်ကို ချ ၍မိုဃ်းလင်း ပါစေ ဟုဆုတောင်း ကြ၏။
Then, as they were afraid of our being driven on some rocky coast, they let go four anchors from the stern, and longed for daylight.
30 ၃၀ သင်္ဘောသား တို့သည် သင်္ဘော ကိုစွန့်သွား မည် ဟု အကြံရှိသည်နှင့်သင်္ဘော ဦးသို့သွား၍ ကျောက်ဆူး ချ ဟန် ပြုလျက် သမ္မန် ကိုလျှော့ စဉ်တွင်၊
The sailors wanted to leave the ship, and had lowered the boat, on pretense of running out anchors from the bows,
31 ၃၁ ပေါလု က၊ ဤသူတို့သည် သင်္ဘော ပေါ်၌ မ နေ လျှင် သင် တို့သည် ချမ်းသာ မ ရနိုင် ကြဟု တပ်မှူး မှစ၍ စစ်သူရဲ တို့အား ဆို ၏။
when Paul said to the Roman officer and his men, “Unless the sailors remain on board, you cannot be saved.”
32 ၃၂ ထိုအခါ စစ်သူရဲ တို့သည် သမ္မန် ကြိုး ကို ခုတ် ဖြတ်ချ လိုက်ကြ၏။
So the soldiers cut the ropes which held the boat, and let her drift away.
33 ၃၃ မိုဃ်းလင်း လုသောအခါ အစာ ကိုစား စေခြင်းငှာပေါလု သည် လူအပေါင်း တို့ကိုတိုက်တွန်း လျက်၊ သင်တို့ သည် တဆယ်လေး ရက် ပတ်လုံးမြော်လင့် ၍ ယနေ့ တိုင်အောင်အစာ မစားဘဲ ငတ်မွတ်လျက်နေ ကြ၏။
In the interval before daybreak Paul kept urging them all to take something to eat. “It is a fortnight today,” he said, “that, owing to your anxiety, you have gone without food, taking nothing.
34 ၃၄ ထိုကြောင့် အစာ စား ကြလော့။ စား လျှင်ချမ်းသာ ရခြင်းအကြောင်း ဖြစ် လိမ့်မည်။
So I beg you to take something to eat; your safety depends on it, for not one of you will lose even a hair of his head.”
35 ၃၅ သင် တို့ဆံခြည် တစ်ပင်မျှ မ ပျက်စီး ရဟုဆို ပြီးလျှင်၊ ပေါလုသည် မုန့် ကိုယူ ၍ ထိုသူများရှေ့ ၌ ဘုရားသခင် ၏ ကျေးဇူး တော်ကို ချီးမွမ်းပြီးမှမုန့်ကိုဖဲ့ ၍ စား လေ၏။
With these words he took some bread, and, after saying the thanksgiving to God before them all, broke it in pieces, and began to eat;
36 ၃၆ ထိုသူ အပေါင်း တို့သည်လည်း စိတ်သက်သာ ခြင်းရှိ၍ အစာ ကို စား ကြ၏။
and the men all felt cheered and had something to eat themselves.
37 ၃၇ ထိုသင်္ဘော ၌ ပါသော သူ များ တို့သည် အရေအတွက်အားဖြင့်နှစ်ရာ ခုနစ်ကျိပ် ခြောက် ယောက် ရှိ သတည်း။
There were about seventy-six of us on board, all told.
38 ၃၈ ဝ စွာစားပြီးမှ ဆန် စပါးကိုပင်လယ် ထဲသို့ ပစ်ချ ၍ သင်္ဘော ကိုပေါ့ စေကြ၏။
After satisfying their hunger, they further lightened the ship by throwing the grain into the sea.
39 ၃၉ မိုဃ်းလင်း သောအခါ ထိုအရပ် ကို မ သိ သော်လည်း၊ ထောင့် ကွေ့တစ်ခု ၌သင်္ဘောဆိပ် ရှိ သည်ကို မြင် သောကြောင့်၊ သင်္ဘော ကိုအထဲ သို့သွင်းနိုင် လျှင် သွင်း မည်ဟု အကြံရှိကြ၏။
When daylight came, they could not make out what land it was, but, observing a creek in which there was a beach, they consulted as to whether they could run the ship safely into it.
40 ၄၀ ကျောက်ဆူး တို့ကို လွှတ် ၍ ပင်လယ် ထဲသို့ ချ လိုက်ပြီးမှ တက်မ တို့ကို ဆိုင်းသောကြိုး များကို ဖြည် ၍၊ ရွက် ကိုလေ၌ဖြန့် ဖွင့်လျက် ကမ်း နားသို့ တိုက် သွားကြ၏။
Then they cast off, and abandoned the anchors, and at the same time unlashed the gear of the steering oars, hoisted the foresail to the wind, and made for the beach.
41 ၄၁ ရေ ဆိုင်ရာသို့ ရောက် လျှင်၊ သင်္ဘော ကိုသောင် ပေါ်မှာတင်စေ၍ ဦး မ လှုပ်ဘဲနေ သဖြင့် ပဲ့ ကိုလှိုင်း တံပိုးရိုက် သောကြောင့် ကျိုး ၏။
They got, however, into a kind of channel, and there ran the ship aground. The bows stuck fast and could not be moved, while the stern began breaking up under the strain.
42 ၄၂ ထိုအခါ အကျဉ်းခံ သောသူ တို့သည် ကုန်းသို့ ကူး ၍ ပြေး မည်ကို စိုးရိမ်သောကြောင့် စစ်သူရဲ တို့သည် သတ် မည်ဟုအကြံ ရှိ ကြ၏။
The advice of the soldiers was that the prisoners should be killed, so that none of them could swim away and make their escape.
43 ၄၃ တပ်မှူး သည်ပေါလု ကို ချမ်းသာ စေခြင်းငှာအလိုရှိ သဖြင့်၊ စစ်သူရဲ တို့၏အကြံ ကိုမြစ်တား ၍၊ ကူး နိုင် သော သူ တို့သည် အရင် ဆင်း ၍ ကုန်း သို့ သွား စေခြင်းငှာ၎င်း ၊
But the Roman officer, anxious to save Paul, prevented their carrying out their intention, and ordered that those who could swim should be the first to jump into the sea and try to reach the shore;
44 ၄၄ ကြွင်း သောသူ တို့သည် ပျဉ်ပြား မှစ၍သင်္ဘော တန်ဆာ များကို စီးစေခြင်းငှာ၎င်း၊ စီရင် လေ၏။ ထိုသို့ လူအပေါင်း တို့သည် ဘေး နှင့်လွတ်၍ ကုန်း ပေါ်သို့ ရောက် ကြ၏။
and that the rest should follow, some on planks, and others on different pieces of the ship. In these various ways everyone managed to get safely ashore.

< တမန်တော်ဝတ္ထု 27 >