< တမန်တော်ဝတ္ထု 26 >

1 ထိုအခါ အဂြိပ္ပ မင်းက၊ သင် သည်ကိုယ် အဘို့ အလိုငှာပြော ရသော အခွင့် ရှိသည်ဟု ပေါလု အား ဆို လျှင်၊ ပေါလု သည် လက် ကိုဆန့် ၍ အပြစ် ဖြေရာစကားကို ဤသို့ပြော၏။
အ​ဂြိပ္ပ​မင်း​ကြီး​က ``သင်​လျှောက်​ထား​နိုင် သည်'' ဟု​ပေါ​လု​အား​ဆို​သော် ပေါ​လု​သည် လက်​ကို​ဆန့်​၍၊-
2 အဂြိပ္ပ မင်းကြီး ၊
``အ​ရှင်​အ​ဂြိပ္ပ​မင်း​ကြီး၊ အ​ကျွန်ုပ်​အား​ယု​ဒ အ​မျိုး​သား​တို့​စွပ်​စွဲ​ချက်​များ​နှင့်​ပတ်​သက် ၍ အ​ရှင်​၏​ရှေ့​တော်​တွင်​လျှောက်​လဲ​ချေ​ပ​ရ သည်​မှာ အ​ကျွန်ုပ်​အ​ဖို့​ထူး​မြတ်​သော​အ​ခွင့် အ​ရေး​ပင်​ဖြစ်​သည်​ဟု​ယူ​ဆ​ပါ​၏။-
3 ယုဒ လူတို့သည် အကျွန်ုပ်ကိုအမှု လုပ်သမျှ သောအရာမှာ၊ ရှေ့ တော်၌အပြစ် ဖြေစရာစကားကို ယနေ့ ပြောရမည် အကြောင်းကို၎င်း၊ ထိုမျှမက ကိုယ်တော် သည် ယုဒ ထုံးတမ်း ၊ ပုစ္ဆာ အမေးများကိုလေ့ကျက် တော်မူကြောင်းကို၎င်း အကျွန်ုပ်ထောက် ၍ ကိုယ် ၌မင်္ဂလာ ရှိသည်ဟု ကိုယ်ကိုထင်မှတ် ပါ၏။ ထိုကြောင့် သည်းခံ သော စိတ်တော်နှင့် အကျွန်ုပ် စကားကို နားထောင် တော်မူမည်အကြောင်း အသနား တော်ခံပါ၏။
အ​ရှင်​သည်​ယု​ဒ​အ​မျိုး​သား​တို့​၏​ဋ္ဌ​လေ့ ထုံး​စံ​များ​နှင့် အ​ငြင်း​ပွား​တတ်​သည့်​ပြ​ဿ နာ​များ​ကို​သိ​ရှိ​သူ​ဖြစ်​ပါ​၏။ သို့​ဖြစ်​၍ အ​ကျွန်ုပ်​လျှောက်​ထား​ချက်​ကို​စိတ်​ရှည်​လျက် နား​ထောင်​တော်​မူ​ပါ။''
4 ယေရုရှလင် မြို့တွင် ကိုယ် အမျိုးသား ချင်းတို့၏ အထဲ ၌ အကျွန်ုပ်နေ သဖြင့်၊ ငယ် သောအသက်အရွယ်မှစ၍ ၊ အကျွန်ုပ် ၏အနေအထိုင် အပြုအမူများကို ယုဒ လူ အပေါင်း တို့သည်သိ ကြပါ၏။
``အ​ကျွန်ုပ်​သည်​ပျို​ရွယ်​စဉ်​အ​ခါ​မှ​စ​၍ ဦး​စွာ မိ​မိ​၏​ဇာ​တိ​ပြည်​ရွာ​တွင်​လည်း​ကောင်း ထို​နောက်​ယေ​ရု​ရှ​လင်​မြို့​တွင်​လည်း​ကောင်း မည်​သို့​ပြု​မူ​နေ​ထိုင်​ခဲ့​သည်​ကို​ယု​ဒ အ​မျိုး​သား​အ​ပေါင်း​တို့​သိ​ကြ​ပါ​၏။-
5 အကျွန်ုပ်သည် ယုဒ ဘာသာ ၌ အလွန်ကျပ်တည်း စွာသော နည်းဥပဒေသကိုခံ၍၊ ဖာရိရှဲ ဖြစ် သည်ကို ထိုသူတို့သည် သက်သေခံ ခြင်းငှာအလိုရှိ လျှင် ရှေးဦးစွာ ကပင်သိ ကြပါ၏။
အ​ကျွန်ုပ်​ကို​သူ​တို့​သိ​ကြ​သည်​မှာ​ကြာ ပါ​ပြီ။ အ​ကျွန်ုပ်​သည်​ယု​ဒ​ဘာ​သာ​တွင် အ​ကျပ်​တည်း​ဆုံး​သော​စည်း​မျဉ်း​များ​ကို လိုက်​နာ​ကျင့်​သုံး​သည့်​ဖာ​ရိ​ရှဲ​ဂိုဏ်း​ဝင် တစ်​ယောက်​အ​နေ​ဖြင့်​နေ​ထိုင်​ပြု​မူ​ခဲ့ ကြောင်း​ကို ထို​သူ​တို့​သက်​သေ​ခံ​လို​က ခံ​နိုင်​ကြ​ပါ​၏။-
6 ဘုရားသခင် သည် ဘိုးဘေး များတို့အား ပေး တော်မူသော ဂတိ တော်ကိုထောက်၍ မြော်လင့် ခြင်း တရားအကြောင်းကြောင့်၊ အကျွန်ုပ်သည် ယခု တွင် စစ်ကြော စီရင်ခြင်းကို ခံရ ပါ၏။
ဘု​ရား​သ​ခင်​သည်​အ​ကျွန်ုပ်​တို့​၏​ဘိုး​ဘေး များ​အား​ထား​တော်​မူ​သည့်​က​တိ​တော်​ကို အ​ကျွန်ုပ်​မျှော်​လင့်​စောင့်​စား​သည့်​အ​တွက် ယ​ခု​အ​ခါ​အ​ကျွန်ုပ်​သည်​အ​စစ်​အ​ဆေး ခံ​နေ​ရ​ပါ​၏။-
7 ယုဒလူတစ်ဆယ်နှစ် မျိုးတို့သည် နေ့ ညဉ့် မပြတ်ကြိုးစား ၍ ဘုရားဝတ်ပြု သဖြင့်၊ ထိုဂတိတော်အတိုင်းခံရ မည်ဟု မြော်လင့် ခြင်းရှိကြ၏။ အို အဂြိပ္ပမင်းကြီး၊ ထို မြော်လင့် ခြင်းတရားကို အကြောင်း ပြု၍ ယုဒ လူတို့ သည် အကျွန်ုပ်ကို အမှု လုပ်ကြပါ၏။
ထို​က​တိ​တော်​ကား​ယု​ဒ​အ​မျိုး​အ​နွယ် တစ်​ဆယ့်​နှစ်​ပါး​တို့​သည် နေ့​ည​မ​ပြတ် ဘု​ရား​သ​ခင်​ကို​ဝတ်​ပြု​ကိုး​ကွယ်​လျက် မျှော်​လင့်​စောင့်​စား​နေ​ကြ​သည့်​က​တိ တော်​ပင်​ဖြစ်​ပါ​၏။ အ​ရှင်​မင်း​ကြီး၊ ဤ သို့​မျှော်​လင့်​စောင့်​စား​ခြင်း​ကြောင့် အ​ကျွန်ုပ် အား​ယု​ဒ​အ​မျိုး​သား​တို့​စွပ်​စွဲ​ပြော​ဆို ကြ​ခြင်း​ဖြစ်​ပါ​၏။-
8 သေ လွန်သောသူတို့ကို ဘုရားသခင် ထမြောက် စေတော်မူမည်ဟူသောအယူ ကိုမယူအပ်ဟု သင် တို့သည် အဘယ်ကြောင့် ထင် ကြပါသနည်း။
သူ​သေ​တို့​ကို​ဘု​ရား​သ​ခင်​ရှင်​ပြန်​ထ မြောက်​စေ​တော်​မူ​သည်​ကို ဤ​တွင်​ရှိ​နေ​သူ တို့​အ​ဘယ်​ကြောင့်​မ​ယုံ​နိုင်​ကြ​ပါ​သ​နည်း။''
9 နာဇရက် မြို့သားယေရှု ၏ နာမ တော်နှင့် ဆန့်ကျင် သော အမှုများ ကို ပြု ကောင်း၏ဟု အကျွန်ုပ် သည် စိတ်ထင် လျက် ၊
``အ​ကျွန်ုပ်​ကိုယ်​တိုင်​ပင်​လျှင် နာ​ဇ​ရက်​မြို့ သား​ယေ​ရှု​၏​နာ​မ​တော်​နှင့်​ဆန့်​ကျင်​သည့် အ​မှု​များ​ကို​ပြု​သင့်​သည်​ဟု​ယူ​ဆ​ခဲ့​ပါ​၏။-
10 ၁၀ ယေရုရှလင် မြို့၌ ထို အမှုကို ပြု မိပါ၏။ ယဇ်ပုရောဟိတ် အကြီးတို့ထံ၌ အခွင့် ရ ပြီးလျှင်၊ သန့်ရှင်း သူ အများ တို့ကို ထောင် ထဲမှာ လှောင် ထားပါ၏။ သူ တို့သည် အသေ သတ်ခြင်းကို ခံရသောအခါအကျွန်ုပ် သည် ဝန်ခံ ပါ၏။
၁၀ယေ​ရု​ရှ​လင်​မြို့​တွင်​ထို​သို့​ပြု​ခဲ့​ပါ​၏။ ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​၏​အ​မိန့်​အာ​ဏာ ဖြင့် ယုံ​ကြည်​သူ​အ​မြောက်​အ​မြား​ကို​ထောင် သွင်း​၍​အ​ကျဉ်း​ထား​ခဲ့​ပါ​၏။ သူ​တို့​အား သေ​ဒဏ်​စီ​ရင်​ချိန်​၌​လည်း အ​ကျွန်ုပ်​သ​ဘော တူ​မဲ​ဆန္ဒ​ပေး​ခဲ့​ပါ​၏။-
11 ၁၁ ထိုသူ တို့သည် ဘုရားသခင်ကို နှုတ်ဖြင့် ပြစ်မှား စေခြင်းငှာ၊ အကျွန်ုပ်သည် အနိုင် အထက်ပြု၍၊ ခပ်သိမ်း သောတရားစရပ် တို့၌ ကြိမ်ဖန် များစွာဒဏ် ပေးပါ၏။ ပြင်းစွာ သော အမျက် ဒေါသနှင့် ယစ်မူးသဖြင့်၊ တစ်ကျွန်း တစ်နိုင်ငံတိုင်အောင် သူ တို့ကို ညှဉ်းဆဲ နှိပ်စက်ပါ၏။
၁၁တ​ရား​ဇ​ရပ်​များ​တွင်​သူ​တို့​အား​ကြိမ်​ဖန် များ​စွာ​အ​ပြစ်​ဒဏ်​ပေး​စေ​ပြီး​လျှင် သူ​တို့ ၏​အ​ယူ​ဝါ​ဒ​ကို​စွန့်​လွှတ်​ကြ​စေ​ရန်​ကြိုး စား​ဆောင်​ရွက်​ခဲ့​ပါ​၏။ သူ​တို့​အ​ပေါ်​၌ ဒေါ​သ​စိတ်​မွှန်​၍​နေ​သ​ဖြင့် အ​ကျွန်ုပ်​သည် နိုင်​ငံ​ရပ်​ခြား​မြို့​များ​သို့​ပင်​သွား​ရောက် ၍​သူ​တို့​ကို​ညှဉ်း​ဆဲ​ခဲ့​ပါ​၏။''
12 ၁၂ ထိုသို့ပြု၍ ယဇ်ပုရောဟိတ် အကြီးတို့ပေး သော အခွင့် အရာနှင့် အကျွန်ုပ်သည် ဒမာသက် မြို့သို့ သွား စဉ် တွင် ၊
၁၂``ဤ​ရည်​ရွယ်​ချက်​ဖြင့်​အ​ကျွန်ုပ်​သည်​ယဇ် ပု​ရော​ဟိတ်​ကြီး​များ​ထံ​မှ အ​ခွင့်​အာ​ဏာ​ရ ယူ​၍​ဒ​မာ​သက်​မြို့​သို့​သွား​ပါ​၏။ သို့​သွား လျက်​နေ​စဉ်၊-
13 ၁၃ နေ ၏အရောင် ထက်မကသော အလင်း သည် အကျွန်ုပ်မှစ၍အကျွန်ုပ် နှင့်အတူ သွား သောသူ များ ပတ်လည် ၌ ကောင်းကင် ထဲက ထွန်းတောက်သည်ကို၊ မွန်းတည့် ချိန် တွင် လမ်း ထဲမှာ အကျွန်ုပ်မြင် ရပါသည်။ အရှင် မင်းကြီး။
၁၃မွန်း​တည့်​ချိန်​၌​ကောင်း​ကင်​မှ​နေ​ရောင်​ထက် ပင် ထွန်း​လင်း​တောက်​ပ​သည့်​အ​လင်း​ရောင်​ကို အ​ကျွန်ုပ်​မြင်​ရ​ပါ​၏။-
14 ၁၄ အကျွန်ုပ် နှင့် ထိုသူအပေါင်း တို့သည် မြေ ပေါ်မှာ လဲ ၍ နေကြစဉ်၊ ရှောလု ၊ ရှောလု ၊ ငါ့ ကိုအဘယ်ကြောင့် ညှဉ်းဆဲ သနည်း။ ဒုတ် ချွန်ကို ခြေနှင့်ကျော် လျှင် ခက် လှသည်ဟု ဟေဗြဲ ဘာသာ အားဖြင့်ပြော သော စကား သံကို အကျွန်ုပ်ကြား လျှင်
၁၄ထို​အ​ခါ​အ​ကျွန်ုပ်​တို့​အား​လုံး​ပင်​မြေ​ပေါ် သို့​လဲ​ကျ​ကြ​ပါ​၏။ ထို​နောက်​ဟေ​ဗြဲ​ဘာ​သာ စ​ကား​ဖြင့်`ရှော​လု၊ ရှော​လု၊ သင်​အ​ဘယ်​ကြောင့် ငါ့​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​သ​နည်း။ တုတ်​ချွန်​ကို ခြေ​နှင့်​ကျောက်​လျှင် သင်​သာ​လျှင်​နာ​ကျင် လိမ့်​မည်' ဟူ​သော​အ​သံ​ကို​အ​ကျွန်ုပ်​ကြား ပါ​၏။-
15 ၁၅ ၊သခင် ကိုယ်တော်သည် အဘယ်သူ နည်းဟု အကျွန်ုပ် မေးလျှောက် သော်၊ ငါ ကား၊ သင် ညှဉ်းဆဲ သော နာဇရက်မြို့သားယေရှု ဖြစ် သတည်း။
၁၅ထို​အ​ခါ​အ​ကျွန်ုပ်​က `အ​ရှင်၊ အ​ရှင်​သည် အ​ဘယ်​သူ​ဖြစ်​ပါ​သ​နည်း' ဟု​မေး​လျှောက် ပါ​၏။ ထို​အ​ရှင်​က `ငါ​ကား​သင်​နှိပ်​စက်​ညှဉ်း ဆဲ​နေ​သည့်​ယေ​ရှု​တည်း။-
16 ၁၆ သို့သော်လည်း ၊ ထ ၍ မတ်တတ် နေလော့။
၁၆သို့​ရာ​တွင်​ယ​ခု​ထ​၍​မတ်​တပ်​ရပ်​လော့။ သင့် အား​ငါ​၏​အ​မှု​တော်​ဆောင်​အ​ဖြစ်​ခန့်​ထား​ရန် သင်​၏​ထံ​သို့​ငါ​ကြွ​လာ​ခြင်း​ဖြစ်​၏။ ယ​နေ့ သင်​မြင်​ရ​သည့်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အ​ကြောင်း နှင့် နောင်​အ​ခါ​ငါ​ဖော်​ပြ​လတ္တံ့​သော​အ​ကြောင်း အ​ရာ​တို့​ကို​သင်​သည်​သူ​တစ်​ပါး​တို့​အား သက်​သေ​ခံ​ရ​မည်။-
17 ၁၇ ငါသည်ယုဒအမျိုးသား ၊ တစ်ပါး အမျိုးသားတို့ လက်မှ သင့် ကိုကယ်လွှတ် ၍၊
၁၇ငါ​သည်​သင့်​အား​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​လက်​မှ​လည်း​ကောင်း၊ ငါ​စေ​လွှတ်​၍​သင် သွား​ရောက်​ဟော​ပြော​မည့်​လူ​မျိုး​ခြား​တို့ ၏​လက်​မှ​လည်း​ကောင်း​ကယ်​ဆယ်​မည်။-
18 ၁၈ သင်သည် ယခုမြင် ရသောအကြောင်း အရာတို့နှင့် ၊ နောက်မှငါသည်သင့် အား ထင်ရှားလတံ့ သော အကြောင်း အရာတို့မှာ၊ အမှု ဆောင်ရွက်သောသူ၊ သက်သေခံ သောသူအရာ၌ သင့် ကိုခန့်ထား စေခြင်းငှာငါသည်သင့် အား ထင်ရှား၏ ။ တစ်ပါးအမျိုးသားတို့သည် မှောင်မိုက်မှ အလင်း သို့ ကူးမြောက် ၍၊ စာတန် ၏အာဏာ ထဲမှဘုရားသခင့် အထံ တော်သို့ ပြောင်းလဲသောအားဖြင့်အပြစ် လွှတ် ခြင်းကျေးဇူးကို ခံရ မည်အကြောင်းနှင့်၊ ငါ့ ကို ယုံကြည်သော အားဖြင့်သန့်ရှင်း ခြင်းသို့ ရောက်သောသူ တို့နှင့် ဆက်ဆံ အမွေခံရမည်အကြောင်း၊ သူ တို့၏မျက်စိ ကိုဖွင့် စေခြင်းငှာသူ တို့ဆီသို့ သင့် ကို ငါ စေလွှတ် မည်ဟု မိန့် တော်မူ၏။
၁၈သင်​သည်​လူ​မျိုး​ခြား​တို့​၏​မျက်​စိ​ကို​ဖွင့် ပေး​ရ​မည်။ သူ​တို့​အား​အ​မှောင်​မှ​အ​လင်း သို့​ကူး​မြောက်​စေ​၍ စာ​တန်​အာ​ဏာ​စက်​မှ ဘု​ရား​သ​ခင်​၏​အာ​ဏာ​စက်​သို့​ကူး​ပြောင်း စေ​ရ​မည်။ ထို​သူ​တို့​သည်​ငါ့​ကို​ယုံ​ကြည်​ခြင်း အား​ဖြင့်​အ​ပြစ်​များ​ပြေ​လွတ်​လျက် ဘု​ရား သ​ခင်​ရွေး​ကောက်​တော်​မူ​သော​လူ​စု​တော် တွင်​အ​ပါ​အ​ဝင်​ဖြစ်​ရ​လိမ့်​မည်' ဟု​မိန့် တော်​မူ​ပါ​၏။''
19 ၁၉ အိုအဂြိပ္ပ မင်းကြီး ၊ ကောင်းကင် ကဖြစ်သော ထိုဗျာဒိတ် တော်ကို အကျွန်ုပ်သည် နားမထောင် ဘဲ မ နေ ရပါ။
၁၉``အ​ရှင်​အ​ဂြိပ္ပ​မင်း​ကြီး၊ အ​ကျွန်ုပ်​သည်​ကောင်း ကင်​မှ​ရ​ရှိ​သည့်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို​မ​လွန်​ဆန် နိုင်​ပါ။ `သင်​တို့​သည်​နောင်​တ​ရ​၍​ဘု​ရား​သ​ခင် ထံ​ပြောင်း​လဲ​ရ​ကြ​မည်။ နောင်​တ​နှင့်​လျော်​ကန် သည့်​အ​ကျင့်​ကို​ကျင့်​ရ​ကြ​မည်' ဟု၊-
20 ၂၀ လူတို့သည် နောင်တရ ရမည်။ နောင်တရ ခြင်း နှင့်ထိုက်တန် သော အကျင့် ကို ကျင့် ရမည်။ ဘုရားသခင် အထံ တော်သို့ ပြောင်းလဲ ရမည်ဟူ၍ဒမာသက် မြို့၌ ရှေ့ဦးစွာ ဟောပြောပြီးလျှင်၊ ယေရုရှလင် မြို့မှစ၍ ယုဒ ပြည်အရပ်ရပ် ၌နေသောသူတို့အား၎င်း ၊ တစ်ပါး အမျိုးသားတို့အား၎င်း၊ ဟောပြော ပါ၏။
၂၀ဦး​စွာ​ဒ​မာ​သက်​မြို့၊ ထို​နောက်​ယေ​ရု​ရှ​လင်​မြို့ မှ​စ​၍ ယု​ဒ​ပြည်​တစ်​ပြည်​လုံး​ရှိ​လူ​တို့​အား လည်း​ကောင်း၊ လူ​မျိုး​ခြား​တို့​အား​လည်း​ကောင်း အ​ကျွန်ုပ်​ဟော​ပြော​ပါ​၏။-
21 ၂၁ ထို အကြောင်းများကြောင့် ၊ ယုဒ လူတို့သည် ဗိမာန် တော်၌ အကျွန်ုပ် ကိုဖမ်းဆီး ၍ ကွပ်မျက် ခြင်းငှာအားထုတ် ကြပါ၏။
၂၁ထို့​ကြောင့်​ယု​ဒ​အ​မျိုး​သား​တို့​သည် အ​ကျွန်ုပ် ကို​ဗိ​မာန်​တော်​ထဲ​တွင်​ဖမ်း​ဆီး​၍​သတ်​ရန် ကြိုး​စား​ကြ​ပါ​၏။-
22 ၂၂ သို့ရာတွင် ဘုရားသခင် မစ တော်မူသော ကျေးဇူးတော်ကို အကျွန်ုပ်ခံရ ၍၊
၂၂သို့​သော်​ဘု​ရား​သ​ခင်​သည်​အ​ကျွန်ုပ်​ကို​မ​စ တော်​မူ​သ​ဖြင့် ယ​နေ့​တိုင်​အောင်​အ​ကျွန်ုပ်​သည် အ​သက်​ရှင်​၍​ယုတ်​မြတ်​မ​ဟူ​လူ​အ​ပေါင်း​တို့ အား​သက်​သေ​ခံ​လျက်​ရှိ​ပါ​၏။ မေ​ရှိ​ယ​သည် အ​သေ​ခံ​တော်​မူ​ရ​မည်​ဟူ​၍​လည်း​ကောင်း၊ ကိုယ်​တော်​သည်​သေ​ခြင်း​မှ​အ​ဦး​ထ​မြောက် တော်​မူ​ပြီး​လျှင် ဣသ​ရေ​လ​အ​မျိုး​သား​တို့ နှင့်​လူ​မျိုး​ခြား​တို့​အား ကယ်​တင်​ခြင်း အ​လင်း​တ​ရား​တော်​ကို​ကြေ​ညာ​တော်​မူ လိမ့်​မည်​ဟူ​၍​လည်း​ကောင်း မော​ရှေ​နှင့်​ပ​ရော ဖက်​များ​ဟော​ကြား​ခဲ့​သည့်​အ​တိုင်း​အ​ကျွန်ုပ် သည်​ဟော​ပြော​ပါ​၏'' ဟု​ချေ​ပ​လျှောက် ထား​၏။
23 ၂၃ ယခု တိုင်အောင် ရှိနေရပါ၏။ ခရစ်တော် သည် အသေ သတ်ခြင်းကိုခံရမည်ဟူ၍၎င်း၊ သေ ခြင်းမှ အဦးဆုံး ထမြောက် ၍ ယုဒအမျိုးသား ၊ တစ်ပါး အမျိုးသားတို့အား အလင်း ကိုပေး မည်ဟူ၍၎င်း၊ မောရှေ မှစသောပရောဖက် များတို့ ဟောပြော သောစကားထက် အကျွန်ုပ်သည် မ လွန် ဘဲ၊ လူအကြီး အငယ် တို့အား သက်သေခံ ၍ နေ ပါသည်ဟု လျှောက်လေ၏။
၂၃
24 ၂၄ ထိုသို့ ပေါလု သည် အပြစ် ဖြေရာစကားကို လျှောက်သောအခါ၊ ဖေတ္တု မင်းက၊ ပေါလု ၊ သင်သည် သူရူး ဖြစ်၏။ သိပ္ပံအတတ်များကိုသင် ၍ သူရူး အဖြစ်သို့ ရောက် ခဲ့ပြီဟုကြီး သော အသံ နှင့်ဆို ၏။
၂၄ဤ​သို့​လျှောက်​လျက်​နေ​စဉ်​ဖေတ္တု​က ``ပေါ​လု၊ သင်​သည်​ရူး​သွပ်​လေ​ပြီ။ အ​တတ်​လွန်​ကဲ​၍ သူ​ရူး​ဖြစ်​လေ​ပြီ​တ​ကား'' ဟု​အော်​၍​ပြော ၏။
25 ၂၅ ပေါလု ကလည်း၊ မြတ် တော်မူသောဖေတ္တု မင်း၊ အကျွန်ုပ်သည် သူရူး မဟုတ် ပါ။ သမ္မာတရား နှင့်၎င်း ၊ ကောင်း သောစိတ်နှင့်၎င်း၊ ယှဉ်သော စကား ကို ပြော ပါ၏။
၂၅ပေါ​လု​က ``အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​သည် သူ​ရူး​မ​ဟုတ်​ပါ။ အ​ရှင့်​အား​လေး​နက်​သော အ​မှန်​တ​ရား​ကို​လျှောက်​ထား​ခြင်း​ဖြစ်​ပါ​၏။-
26 ၂၆ ဤ အရာများကိုအဂြိပ္ပမင်းကြီး သိ တော်မူ၏။ ထို မင်းရှေ့တော်၌ အကျွန်ုပ်အတည့်အလင်း လျှောက်ဝံ့ ပါ၏။ ဤ အမူအရာ တစ်စုံတစ်ခု ကိုမျှ မင်းကြီး မသိဘဲ နေတော်မမူဟုအကျွန်ုပ်ထင် ပါ၏။ အကြောင်းမူကား ၊ ဤ အမှုသည် ဆိတ်ကွယ် ရာအရပ်၌ ပြု သောအမှု မ ဟုတ်ပါ။
၂၆အ​ဂြိပ္ပ​ဘု​ရင်​မင်း​မြတ်၊ ထို​အ​မှု​အ​ရာ​များ အ​ကြောင်း​ကို​အ​ရှင်​သိ​တော်​မူ​သည်​ဖြစ်​၍ အ​ကျွန်ုပ်​သည်​အ​ရှင်​၏​ရှေ့​တော်​တွင်​ရဲ​ဝံ့​စွာ လျှောက်​ထား​ခြင်း​ဖြစ်​ပါ​သည်။ ထို​အ​မှု​အ​ရာ များ​သည်​ချောင်​ကြို​ချောင်​ကြား​တွင်​ဖြစ်​ပျက် ခဲ့​သည်​မ​ဟုတ်​ပါ။ ယင်း​အ​ကြောင်း​အ​ရာ အ​လုံး​စုံ​ကို​အ​ရှင်​မင်း​ကြီး​သိ​တော်​မူ ပြီး​ဖြစ်​သည်​ဟု​အ​ကျွန်ုပ်​ယုံ​ကြည်​ပါ​၏။-
27 ၂၇ အိုအဂြိပ္ပ မင်းကြီး ၊ ကိုယ်တော်သည် အနာဂတ္တိ ကျမ်းစာကို ယုံ တော်မူသလော။ ယုံတော်မူသည် ကို အကျွန်ုပ်သိ ပါသည်ဟု လျှောက် ၏။
၂၇အ​ဂြိပ္ပ​ဘု​ရင်​မင်း​မြတ်၊ အ​ရှင်​သည်​ပ​ရော ဖက်​ကျမ်း​များ​ကို​ယုံ​ကြည်​တော်​မူ​ပါ သ​လော။ အ​ရှင်​ယုံ​ကြည်​တော်​မူ​ကြောင်း​ကို အ​ကျွန်ုပ်​သိ​ပါ​၏'' ဟု​လျှောက်​၏။
28 ၂၈ အဂြိပ္ပ မင်းကလည်း ၊ သင်သည်ဖြားယောင်း သွေးဆောင်သောအားဖြင့် ၊ ငါ သည်ခရစ်ယာန် ဖြစ် လု ပြီဟု ပေါလု အား ပြောဆိုလျှင်၊
၂၈အ​ဂြိပ္ပ​မင်း​က ``သင်​သည်​ဤ​မျှ​တို​တောင်း သည့်​အ​ချိန်​၌ ငါ့​ကို​ခ​ရစ်​ယာန်​ဖြစ်​စေ​နိုင် မည်​ဟု​ထင်​မှတ်​ပါ​သ​လော'' ဟု​ဆို​၏။
29 ၂၉ ပေါလု က၊ ကိုယ်တော် မှစ၍ယနေ့ တွင် အကျွန်ုပ် ၏စကားကို ကြား သောသူ အပေါင်း တို့သည်၊ ဤ သံကြိုး ကိုထား ၍ အကျွန်ုပ် ကဲ့သို့သောသူဖြစ်လု သည် သာမက လုံးလုံးဖြစ်စေခြင်းငှာဘုရားသခင် ကို အကျွန်ုပ်ဆုတောင်း ပါသည်ဟု လျှောက်လေ၏။
၂၉ပေါ​လု​က ``အ​ချိန်​တို​သည်​ကြာ​သည်​မှာ ပ​ဋ္ဌာ​န​မ​ဟုတ်​ပါ။ အ​ရှင်​မင်း​ကြီး​နှင့်​တ​ကွ ယ​နေ့​အ​ကျွန်ုပ်​ပြော​ဆို​သည်​ကို နား​ထောင် လျက်​ရှိ​ကြ​သော​လူ​အ​ပေါင်း​တို့​သည် ဤ အ​နှောင်​အ​ဖွဲ့​ခံ​ရ​မှု​မှ​လွဲ​၍​အ​ကျွန်ုပ်​ကဲ့ သို့​ပင်​ဖြစ်​လာ​ကြ​စေ​ရန် ဘု​ရား​သ​ခင် ထံ​တော်​သို့​အ​ကျွန်ုပ်​ဆု​တောင်း​ပါ​၏'' ဟု လျှောက်​လေ​သည်။
30 ၃၀ ထိုအခါမင်းကြီး နှင့် ဗေရနိတ် သည် ထ ၍ မြို့ဝန်မင်း မှစသော အပေါင်းအဘော်များတို့နှင့်တကွ၊
၃၀ထို​အ​ခါ​မင်း​ကြီး​နှင့်​ဘု​ရင်​ခံ​တို့​သည် မိ ဖု​ရား​ဗေ​ရ​နိတ်​နှင့်​အ​ဖွဲ့​ဝင်​အ​ပေါင်း​တို့ နှင့်​တ​ကွ​နေ​ရာ​မှ​ထ​ကြ​၏။-
31 ၃၁ အခြားသို့သွား ပြီးလျှင် ၊ ဤ သူ သည် အသေ သတ်ခြင်း၊ အကျဉ်း ထားခြင်းခံထိုက် သောအမှု ကို မ ပြု ဟု အချင်းချင်း ပြော ဆို ကြ၏။
၃၁သူ​တို့​သည်​ထို​နေ​ရာ​မှ​ထွက်​ခွာ​သွား​ပြီး နောက် ``ဤ​သူ​သည်​သေ​ဒဏ်​သို့​မ​ဟုတ်​ထောင် ဒဏ်​ခံ​ထိုက်​သည့်​ပြစ်​မှု​တစ်​စုံ​တစ်​ရာ​ကို​မျှ မ​ကူး​လွန်'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။-
32 ၃၂ အဂြိပ္ပ မင်းကလည်း၊ ဤ သူ သည်ကဲသာ ဘုရင် အယူ တော်ကို ခံပါမည်ဟု မ ဆိုမိလျှင် လွှတ် သင့် သည်ဟု ဖေတ္တု မင်းအားဆို ၏။
၃၂အ​ဂြိပ္ပ​မင်း​က ``အ​ကယ်​၍​ဤ​သူ​သည်​ကဲ​သာ ဘု​ရင်​ထံ​သို့​အ​ယူ​ခံ​ဝင်​ရန်​မ​လျှောက်​ထား ခဲ့​ပါ​မူ​သူ့​ကို​လွှတ်​ပစ်​နိုင်​၏'' ဟု​ဖေတ္တု အား​ပြော​၏။

< တမန်တော်ဝတ္ထု 26 >