< တမန်တော်ဝတ္ထု 24 >

1 ထိုနောက် ငါး ရက် လွန် သောအခါ၊ ယဇ်ပုရောဟိတ် မင်း အာနနိ သည် တေရတုလု အမည်ရှိသောရှေ့နေ မှစ၍ ၊ လူ အကြီးအကဲတို့နှင့်တကွ ကဲသရိမြို့သို့ သွားကြသဖြင့်၊ ပေါလု ၏အကြောင်းကို မြို့ဝန်မင်း ထံ၌လျှောက် ထားကြ၏။
Five days after this, Ananias the High Priest came down to Caesarea with a number of Elders and a pleader called Tertullus. They stated to the Governor the case against Paul.
2 ပေါလု ကိုခေါ် ပြီးမှ ၊ တေရတုလု သည် အပြစ်တင် သော စကားကိုလျှောက်ဆို သည်မှာ၊ မြတ် တော်မူသောဖေလဇ် မင်းအကျွန်ုပ်တို့သည် ဘုန်းတော်ကို ခိုလှုံ၍ အလွန် ငြိမ်သက် စွာ နေ ရသဖြင့်၊ ကိုယ်တော် ကြည့်ရှု ပြုစု တော်မူခြင်း ကျေးဇူးတော်ကို ဤ လူမျိုး သည် ခံရ ပါ သည်ဖြစ်၍ ၊
So Paul was sent for, and Tertullus began to impeach him as follows: "Indebted as we are," he said, "to you, most noble Felix, for the perfect peace which we enjoy, and for reforms which your wisdom has introduced to this nation,
3 အရပ်ရပ် တို့၌ အကျွန်ုပ်တို့သည် အစဉ်မပြတ် ကျေးဇူး တော်ကို အလွန်သိ တတ်သော စိတ်နှင့်ခံရပါ၏။
in every instance and in every place we accept them with profound gratitude.
4 အကျွန်ုပ်သည် ကိုယ်တော် ကိုကြာမြင့် စွာ နှောင့်ရှက် ခြင်း အပြစ်နှင့်လွတ် ခြင်းငှာ ၊ အကျဉ်း အားဖြင့်လျှောက်သောစကားကို ဖြည်းညှင်း သောစိတ်တော်နှင့် နားထောင် တော်မူမည်အကြောင်း အသနား တော်ခံပါ၏။
But--not to detain you too long--I beg you in your forbearance to listen to a brief statement from us.
5 နာဇရက် ဘာသာဝင် သူတို့တွင် အကြီး လုပ်၍ အရပ်ရပ် တို့၌ ယုဒ လူအပေါင်း တို့ကို ထ စေခြင်းငှာနှိုးဆော် သော ဤ လူ ဆိုး ကို အကျွန်ုပ်တို့သည် တွေ့ ကြပါပြီ။
For we have found this man Paul a source of mischief and a disturber of the peace among all the Jews throughout the Empire, and a ringleader in the heresy of the Nazarenes.
6 သူ သည် ဗိမာန် တော်ကို ရှုတ်ချ ခြင်းငှာပြု ပါပြီ။ အကျွန်ုပ်တို့သည် သူ့ ကိုဘမ်းဆီး ၍ ၊ အကျွန်ုပ်တို့ တရား အတိုင်းစီရင်ခြင်းငှာအလိုရှိကြသည်တွင်၊
He even attempted to profane the Temple, but we arrested him.
7 စစ်သူကြီးလုသိသည် စစ်သူရဲများနှင့်လာ၍ အကျွန်ုပ်တို့ လက်မှနှုတ်ပြီးလျှင်၊
8 အမှုလုပ်သောသူတို့ကို ကိုယ်တော်ထံသို့သွားစေမည်အကြောင်း စီရင်ပါ၏။ ဤသူ ကို ကိုယ်တော် တိုင် စစ် တော်မူလျှင်၊ အကျွန်ုပ် တို့အပြစ်တင် သောအကြောင်း အရာများ ကို သေချာစွာ သိ နိုင် တော်မူမည်ဟု လျှောက်ထား၏။
You, however, by examining him, will yourself be able to learn the truth as to all this which we allege against him."
9 ယုဒ လူတို့ကလည်း ၊ ဤ စကားမှန် ပါသည်ဟု ဝန်ခံ ကြ၏။
The Jews also joined in the charge, maintaining that these were facts.
10 ၁၀ မြို့ဝန်မင်း သည် အမှတ်ပေး ၍၊ ပေါလု သည် လျှောက် ရသော အခွင့်ကိုရလျှင်၊ ကိုယ်တော် သည် ဤ လူမျိုး ကို တာရှည် စွာအုပ်စိုး တော်မူသည်ကို အကျွန်ုပ်သိ ၍၊ သာယာ သောစိတ်နှင့်ကိုယ် အပြစ် ဖြေရာစကား ကို လျှောက်ဝံ့ပါ၏။
Then, at a sign from the Governor, Paul answered, "Knowing, Sir, that for many years you have administered justice to this nation, I cheerfully make my defence.
11 ၁၁ အကျွန်ုပ် သည် ကိုးကွယ် ခြင်းငှာ ယေရုရှလင် မြို့ သို့ တက်သွား ၍၊ ယခု တစ်ဆယ့်နှစ် ရက် သာရှိ သည်ကို ကိုယ်တော် သိ နိုင် တော်မူ၏။
For you have it in your power to ascertain that it is not more than twelve days ago that I went up to worship in Jerusalem;
12 ၁၂ ဗိမာန် တော်၌ တစ်စုံတစ်ယောက် သောသူနှင့် အကျွန်ုပ် ဆွေးနွေး ငြင်းခုံသည်ကို သူတို့မ တွေ့ ကြပါ။ တရားစရပ် တို့၌ ၎င်း၊ မြို့ ထဲ၌၎င်း၊ လူ များကို မ ငြိမ်မသက်စေခြင်းငှာအကျွန်ုပ်နှိုးဆော် သည်ကို သူတို့မတွေ့ကြပါ။
and that neither in the Temple nor in the synagogues, nor anywhere in the city, did they find me disputing with any opponent or collecting a crowd about me.
13 ၁၃ ယခု တွင်အကျွန်ုပ် ကို အပြစ်တင် သောအမှု ၌ သက်သေမ ပြနိုင် ကြ ပါ။
Nor can they prove the charges which they are now bringing against me.
14 ၁၄ သို့သော်လည်းဒိဌိအယူ ဟူ၍သူတို့ခေါ် တတ် သော ဘာသာ အတိုင်း အကျွန်ုပ်သည် မိ စဉ်ဘဆက်ကိုးကွယ် သော ဘုရားသခင် ကို ကိုးကွယ်သည်ဟု ရှေ့တော်၌ အကျွန်ုပ်ဝန်ခံ ပါ၏။ ပညတ္တိ ကျမ်း၊ အနာဂတ္တိ ကျမ်းတို့၌ စီရင်ရေး ထားသမျှ တို့ကို အကျွန်ုပ်ယုံ ပါ၏။
But this I confess to you--that in the way which they style a heresy, I worship the God of our forefathers, believing everything that is taught in the Law or is written in the Prophets,
15 ၁၅ ဖြောင့်မတ် သောသူ၊ မ ဖြောင့်မတ်သော သူရှိသမျှတို့သည် သေခြင်းမှ ထမြောက် ကြလိမ့်မည်ဟူ၍၊ သူ တို့မြော်လင့် သည်နည်းတူ ၊ အကျွန်ုပ်လည်း ဘုရားသခင် ကို အမှီပြု ၍ မြော်လင့် ပါ၏။
and having a hope directed towards God, which my accusers themselves also entertain, that before long there will be a resurrection both of the righteous and the unrighteous.
16 ၁၆ ထိုကြောင့် ၊ ဘုရားသခင် ကိုပြစ်မှားပြီ၊ လူ တို့ကို ပြစ်မှားပြီဟု ကိုယ်စိတ်နှလုံးသည်ကိုယ်၌ အပြစ်တင် ခွင့်နှင့် အစဉ်ကင်းလွတ်မည်အကြောင်း အကျွန်ုပ် သည် ကြိုးစား အားထုတ်ပါ၏။
This too is my own earnest endeavour--always to have a clear conscience in relation to God and man.
17 ၁၇ နှစ် ပေါင်းများစွာ လွန်သောအခါ၊ အမျိုးသား ချင်းတို့အား စွန့်ကြဲ ပေးကမ်းခြင်းအမှု၊ ဘုရားသခင်အား ပူဇော် သက္ကာပြုခြင်းအမှုနှင့် အကျွန်ုပ်ရောက်လာ သည် တွင် ၊
"Now after an interval of several years I came to bring alms to my nation, and to offer sacrifices.
18 ၁၈ ဗိမာန် တော်၌ လူ အစုအဝေးမ ရှိ၊ ရုန်းရင်းခတ် မျှမ ပြုဘဲ၊ စင်ကြယ် ခြင်းကိုပြုလျက်ရှိသည်ကို၊ အာရှိ ပြည်က လာသောယုဒ လူ အချို့ တို့သည် တွေ့ ကြပါ၏။
While I was busy about these, they found me in the Temple purified, with no crowd around me and no uproar; but there were certain Jews from the province of Asia.
19 ၁၉ ထိုသူ တို့သည် အကျွန်ုပ် အပြစ်တင် စရာရှိ လျှင် ၊ အထံ တော် သို့ကိုယ်တိုင်လာ ၍အပြစ်တင် အပ်ပါ၏။
They ought to have been here before you, and to have been my prosecutors, if they have any charge to bring against me.
20 ၂၀ သို့မဟုတ် အကျွန်ုပ် သည် လွှတ် အရာရှိတို့ ရှေ့ မှာ ရှိ သောအခါ၊ သေ သောသူတို့သည် ထမြောက် ခြင်း အကြောင်း နှင့်၊
Or let these men themselves say what misdemeanour they found me guilty of when I stood before the Sanhedrin,
21 ၂၁ အကျွန်ုပ် သည် သင် တို့ရှေ့ ၌ ယနေ့ စစ်ကြော စီရင်ခြင်းကို ခံရ၏ဟုကြွေးကြော် သော စကား သံ တစ် ခွန်း ကိုထားလျှင်၊ အကျွန်ုပ်၌ အဘယ် အပြစ် ကို တွေ့ ကြသည် ကို ယခုရှိသောဤ သူတို့သည် ပြော ကြပါစေဟု ပေါလု လျှောက်၏။
unless it was in that one expression which I made use of when I shouted out as I stood among them, "'The resurrection of the dead is the thing about which I am on my trial before you to-day.'"
22 ၂၂ ဖေလဇ် မင်းကလည်း၊ စစ်သူကြီး လုသိ ရောက်လာ သောအခါ ၊ သင် တို့အမှုကို ငါစစ် ဦးမည်ဟု ထိုဘာသာ ကိုသာ၍ နားလည် သောသူဖြစ်လျက်၊ မစီရင် ဘဲ သူ တို့ကို လွှတ် လိုက်၏။
At this point Felix, who was fairly well informed about the new faith, adjourned the trial, saying to the Jews, "When the Tribune Lysias comes down, I will enter carefully into the matter."
23 ၂၃ ပေါလု ကို အကျဉ်း မထားဘဲစောင့် ၍နေစေ။ သူ ၏အဆွေအမျိုးတို့သည် သူ့ ထံသို့လာ၍ လုပ်ကျွေး ကြစေဟု တပ်မှူး ကိုမှာထား ၏။
And he gave orders to the Captain that Paul was to be kept in custody, but be treated with indulgence, and that his personal friends were not to be prevented from showing him kindness.
24 ၂၄ ထိုနောက် များမကြာ၊ ဖေလဇ် မင်းသည် ယုဒ အမျိုးဖြစ် သော မိမိ ခင်ပွန်း ဒြုသိလေ နှင့်တကွ လာ ပြီးလျှင်၊ ပေါလု ကိုခေါ် ၍ ခရစ်တော် ကို ယုံကြည် ခြင်းနှင့်ယှဉ် သောစကားကို နားထောင် လေ၏။
Not long after this, Felix came with Drusilla his wife, a Jewess, and sending for Paul, listened to him as he spoke about faith in Christ Jesus.
25 ၂၅ ပေါလု သည် ဖြောင့်မတ် ခြင်းတရားနှင့် ကာမဂုဏ် ချုပ်တည်းခြင်းတရားကို၎င်း ၊ နောက်ဖြစ် လတံ့သော စစ်ကြော စီရင်ခြင်းကို၎င်း ဟောပြော လျှင်၊ ဖေလဇ် မင်းသည် ကြောက်လန့် ခြင်းသို့ရောက်၍၊ ယခု သွား ဦးလော့။ နောက်မှအဆင်သင့်သောအခါငါခေါ် ဦးမည်ဟု ဆို ၏။
But when he dealt with the subjects of justice, self-control, and the judgement which was soon to come, Felix became alarmed and said, "For the present leave me, and when I can find a convenient opportunity I will send for you."
26 ၂၆ ပေါလု သည် မိမိ လွတ်ရအောင် ငွေ ပေး မည်ဟု ထို မင်းသည်ထင်မှတ် လျက် ၊ မကြာမကြာ ပေါလု ကို ခေါ် ၍ သူ နှင့်စကား ပြောလေ၏။
At the same time he hoped that Paul would give him money; and for this reason he sent for him the oftener to converse with him.
27 ၂၇ နှစ် နှစ်စေ့ သောအခါ ပေါကိ ဖေတ္တု သည် ဖေလဇ် မင်း၏အရာ ကို ရ သဖြင့်၊ ဖေလဇ် မင်းသည် ယုဒ လူတို့အား ကျေးဇူး ပြု လို သောစိတ်နှင့် ပေါလု ကို အကျဉ်း ထားရစ် စေ၏။
But after the lapse of fully two years Felix was succeeded by Porcius Festus; and being desirous of gratifying the Jews, Felix left Paul still in prison.

< တမန်တော်ဝတ္ထု 24 >