< တမန်တော်ဝတ္ထု 23 >

1 ပေါလု သည် လွှတ် အရာရှိတို့ကို စေ့စေ့ ကြည့်ရှု၍၊ ညီအစ်ကို တို့၊ အကျွန်ုပ် သည် ယနေ့ တိုင်အောင် ဘုရား ဝတ်ကို ပြုခြင်းအမှုမှာ၊ ကိုယ်စိတ်နှလုံးသည် ကိုယ်၌ အပြစ်တင်ခွင့်နှင့်ကင်းလွတ် လျက် ပြု ပါသည်ဟု ပြောဆို သော်၊
Paul, looking steadfastly at the council, said, "Brothers, I have lived before God in all good conscience until this day."
2 ယဇ်ပုရောဟိတ် မင်းအာနနိ က၊ သူ ၏နှုတ် ကို ရိုက် လော့ဟု အနား၌ ရပ် နေသောသူ တို့အား အမိန့် ရှိ၏။
The cohen hagadol, Ananias, commanded those who stood by him to strike him on the mouth.
3 ထိုအခါ ပေါလု က၊ အဖြူ သုတ်သောအုတ် ရိုး၊ ဘုရားသခင် သည် သင့် ကိုရိုက် တော်မူမည်။ သင် သည် အကျွန်ုပ် ကို တရား နှင့်အညီ စီရင် ခြင်းငှာထိုင် နေလျက်ပင်၊ သူ့ ကိုရိုက် လော့ဟု မတရား သဖြင့် စီရင် ရမည်လော ဟုဆို ၏။
Then Paul said to him, "God will strike you, you whitewashed wall. Do you sit to judge me according to the Law, and command me to be struck contrary to the law?"
4 အနား၌ရပ် နေသောသူ တို့ကလည်း၊ သင်သည် ဘုရားသခင် ၏ ယဇ်ပုရောဟိတ် မင်းကိုဆဲသလော ဟု မေး လျှင်၊
Those who stood by said, "Do you malign God's cohen hagadol?"
5 ပေါလု က၊ ညီအစ်ကို တို့၊ သူသည် ယဇ်ပုရောဟိတ် မင်းဖြစ် သည်ကိုအကျွန်ုပ်မ သိ ။ သင် ၏အမျိုး ကို အုပ်စိုးသော မင်း ကိုသင်သည် မ ကဲ့ရဲ့ ရဟု ကျမ်းစာ၌ လာ သည်ဟုဆို ၏။
Paul said, "I did not know, brothers, that he was cohen hagadol. For it is written, 'You shall not speak evil of a ruler of your people.'"
6 ထိုအရာရှိတို့တွင် အချို့ တို့သည် ဇဒ္ဒုကဲ ဖြစ်ကြသည်၊ အချို့ တို့သည် ဖာရိရှဲ ဖြစ်ကြ သည်ကို ပေါလု သိမြင် လျှင်၊ ညီအစ်ကို တို့၊ အကျွန်ုပ် သည် ဖာရိရှဲ ဖြစ် ၏။ ဖာရိရှဲ ၏သား လည်းဖြစ်၏။ သေ သောသူတို့သည် ထမြောက် မည်ဟု မြော်လင့် ခြင်းအကြောင်း ကြောင့်၊ အကျွန်ုပ် သည် စစ်ကြော စီရင်ခြင်းကို ခံရ၏ဟု လွှတ်တော် ပေါ်မှာ ကြွေးကြော် လေ၏။
But when Paul perceived that the one part were Sadducees and the other Pharisees, he shouted in the council, "Men and brothers, I am a Pharisee, a son of Pharisees. Concerning the hope and resurrection of the dead I am being judged."
7 ထို အခါ ဖာရိရှဲ တို့နှင့် ဇဒ္ဒုကဲ တို့သည် အချင်းချင်းငြင်းခုံ ၍ အစုအဝေး သည် ကွဲပြား ခြင်းသို့ ရောက် လေ၏။
When he had said this, an argument arose between the Pharisees and Sadducees, and the assembly was divided.
8 ကွဲပြားသည်အကြောင်း ကား၊ ဇဒ္ဒုကဲ တို့က၊ ထမြောက် ခြင်းမ ရှိ ၊ ကောင်းကင်တမန် မ ရှိ၊ နာမ် ဝိညာဉ်မ ရှိဟုယူ ကြ၏။ ဖာရိရှဲ တို့က၊ နှစ် ပါးစလုံးရှိသည်ဟု ဝန်ခံ ကြ၏။
For the Sadducees say that there is no resurrection, nor angel, nor spirit; but the Pharisees confess all of these.
9 အော်ဟစ် သံများ ၍၊ ဖာရိရှဲ တို့ဘက် ၌ နေသော ကျမ်း ဆရာတို့သည် ထ လျက်ပြင်းစွာ ငြင်းခုံ၍၊ ဤ သူ ၌ အဘယ် အပြစ် ကိုမျှ ငါတို့မတွေ့ ။ နာမ် ဝိညာဉ်သော်၎င်း ၊ ကောင်းကင်တမန် သော်၎င်းသူ့ ကိုပြော လျှင် ၊ ဘုရားသခင်၏ အာဏာတော်ကို မဆန်ကြနှင့်ဟု ဆို ကြ၏။
A great clamor arose, and some of the scribes of the Pharisees part stood up, and contended, saying, "We find no evil in this man. What if a spirit spoke to him, or an angel?"
10 ၁၀ အချင်းချင်းငြင်းခုံ ခြင်းများ သောအခါ ၊ထိုသူ တို့သည်ပေါလု ကိုဆွဲငင်၍အပိုင်းပိုင်း ဆုတ်ဖြတ်မည်ကိုစစ်သူကြီး စိုးရိမ် သဖြင့်၊ စစ်သူရဲ များ၊ဆင်း ကြ၊ပေါလု ကိုအရာရှိ မင်းတို့အထဲ မှ အနိုင် အထက်ယူ၍ရဲတိုက် ထဲသို့ ပို့ဆောင် ကြဟုအမိန့် ရှိ၏။
When a great argument arose, the commanding officer, fearing that Paul would be torn in pieces by them, commanded the soldiers to go down and take him by force from among them, and bring him into the barracks.
11 ၁၁ နက်ဖြန် နေ့ညဉ့် တွင် သခင် ဘုရားသည် ပေါလု အနား၌ ပေါ်လာတော်မူလျက်၊ ပေါလု မ စိုးရိမ်နှင့်။ ငါ ၏ အကြောင်း အရာကို သင် သည် ယေရုရှလင် မြို့၌ သက်သေခံ ပြီးသည်နည်းတူ ၊ ရောမ မြို့၌ လည်း ခံရ လေ ဦးမည်ဟု မိန့် တော်မူ၏။
The following night, the Lord stood by him, and said, "Cheer up, for as you have testified about me at Jerusalem, so you must testify also at Rome."
12 ၁၂ မိုဃ်းလင်း သောအခါ ယုဒ လူတို့သည် သင်း ဖွဲ့ ၍၊ ငါတို့သည် ပေါလု ကိုမ သတ် မှီတိုင်အောင်အလျှင်းမ စား မသောက် ရဟု ကိုယ် ကိုကျိန်ဆို ၍ ဓိဋ္ဌာန်ပြု ကြ၏။
When it was day, the Judeans formed a conspiracy, and bound themselves under a curse, saying that they would neither eat nor drink until they had killed Paul.
13 ၁၃ ထိုသို့ သင်း ဖွဲ့ သော သူတို့သည် လေး ကျိပ်မက ရှိ ကြ၏။
There were more than forty people who had made this conspiracy.
14 ၁၄ ထိုသူ တို့သည် ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူ အကြီးအကဲတို့ ထံသို့သွား ၍၊ အကျွန်ုပ် တို့သည် ပေါလု ကိုမ သတ်မှီတိုင်အောင်အလျှင်းမ စား မသောက်ရဟု ကိုယ် ကိုကျိန်ဆို ၍ ဓိဋ္ဌာန်ပြုကြပါပြီ။
They came to the chief cohanim and the elders, and said, "We have bound ourselves under a great curse, to taste nothing until we have killed Paul.
15 ၁၅ ထိုကြောင့် ၊ နက်ဖြန် နေ့၌ စစ်သူကြီးသည် ပေါလု ကို ကိုယ်တော် တို့ထံသို့ ပို့ဆောင် စေခြင်းငှာ ၊ သူ့ကို သာ၍ စေ့စေ့စစ်ကြော မည်အဟန် ပြု ၍၊ လွှတ် အရာရှိများနှင့်အတူ ကိုယ်တော် တို့သည် စစ်သူကြီး ကို လျှောက် ကြပါလော့။ ပေါလု သည် ကိုယ်တော်တို့ထံသို့မ ရောက် မှီအကြားတွင် အကျွန်ုပ် တို့သည် သူ့ ကိုသတ် ခြင်းငှာအသင့် ရှိ နှင့်ပါပြီဟု လျှောက် ကြ၏။
Now therefore, you with the council inform the commanding officer that he should bring him down to you, as though you were going to judge his case more exactly. We are ready to kill him before he comes near."
16 ၁၆ ထိုသို့ လမ်းနား၌ ချောင်း ၍နေ ကြသည့်အမှုကို ပေါလု ၏ တူ သည်ကြား လျှင်၊ ရဲတိုက် ထဲသို့ ဝင် ၍ ပေါလု အားကြားပြော လေ၏။
But Paul's sister's son heard of their lying in wait, and he came and entered into the barracks and told Paul.
17 ၁၇ ပေါလု သည်တပ်မှူး တစ် ယောက်ကို ခေါ် ၍၊ ဤ လုလင် ကို စစ်သူကြီး ထံသို့ ပို့ ပါ။ လျှောက် စရာတစ်စုံတစ်ခုရှိ သည်ဟုဆို သော်၊
Paul summoned one of the centurions, and said, "Bring this young man to the commanding officer, for he has something to tell him."
18 ၁၈ တပ်မှူးသည် လုလင် ကို စစ်သူကြီး ထံသို့ ပို့ ပြီးလျှင်၊ အကျဉ်း ခံရသော ပေါလု သည် အကျွန်ုပ် ကို ခေါ် ၍၊ ကိုယ်တော် အားလျှောက် စရာ တစ်စုံတစ်ခု ရှိ သော ဤ လုလင် ကိုကိုယ်တော် ထံသို့ ပို့ စေခြင်းငှာတောင်းပန် ပါသည်ဟုလျှောက် ၏။
So he took him, and brought him to the commanding officer, and said, "Paul, the prisoner, summoned me and asked me to bring this young man to you, who has something to tell you."
19 ၁၉ စစ်သူကြီး သည် လုလင် ကိုလက် ဆွဲ ၍ ဆိတ်ကွယ် ရာအရပ်သို့သွား ပြီးလျှင် ၊ သင်သည်အဘယ် အကြောင်း ကို ငါ့ အားလျှောက် ချင်သနည်းဟု မေးမြန်း လေ၏။
The commanding officer took him by the hand, and going aside, asked him privately, "What is it that you have to tell me?"
20 ၂၀ လုလင်ကလည်း၊ ကိုယ်တော်သည် နက်ဖြန် နေ့၌ ပေါလု ကို လွှတ်တော် သို့ ပို့ဆောင် စေခြင်းငှာ၊ ယုဒ လူတို့ သည် သူ့ ကိုသာ၍ စေ့စေ့မေးမြန်း မည်အဟန် ပြု ၍၊ ကိုယ်တော် ကို တောင်းလျှောက် မည်ဟု တိုင်ပင် ညီညွတ် ကြပါပြီ။
And he said, "The Judeans have agreed to ask you to bring Paul down to the council tomorrow, as though they intended to inquire somewhat more thoroughly concerning him.
21 ၂၁ သို့ရာတွင် သူ တို့၏ အလို သို့မ လိုက်ပါနှင့်။ ပေါလု ကိုမ သတ် မှီတိုင်အောင်အလျှင်းမ စား မသောက် ရဟု ကိုယ် ကိုကျိန်ဆို ၍ ဓိဋ္ဌာန်ပြုသော ယုဒလူ လေး ကျိပ်မက ၊ လမ်းနား၌ ပေါလု ကိုချောင်း ၍ နေကြပါ၏။ ယခုပင် ကိုယ်တော် ဝန်ခံ မည့်စကားကို ထိုသူတို့သည် ဆိုင်းလင့် ၍ အသင့် ရှိ နှင့်ပါပြီဟုလျှောက် လေ၏။
Therefore do not yield to them, for more than forty men lie in wait for him, who have bound themselves under a curse neither to eat nor to drink until they have killed him. Now they are ready, looking for the promise from you."
22 ၂၂ စစ်သူကြီး ကလည်း ၊ သင်သည်ငါ့ အား ဤသို့ ကြားလျှောက် သည် ကို အဘယ်သူ အားမျှမပြော နှင့်ဟု ထိုလုလင် ကိုမှာထား ၍ လွှတ် လိုက်ပြီးလျှင်၊
So the commanding officer let the young man go, charging him, "Tell no one that you have revealed these things to me."
23 ၂၃ တပ်မှူး နှစ် ယောက်တို့ကိုခေါ် ၍၊ ယနေ့ညဉ့် သုံးချက်တီးအချိန် ၌ ကဲသရိ မြို့သို့ သွား စေခြင်းငှာ စစ်သူရဲ နှစ်ရာ ၊ မြင်း စီးသူရဲခုနစ်ကျိပ် ၊ လှံ ကိုင်သူရဲနှစ်ရာ တို့ကို ပြင်ဆင် ကြ။
He called to himself two of the centurions, and said, "Prepare two hundred soldiers to go as far as Caesarea, with seventy horsemen, and two hundred spearmen, at nine tonight."
24 ၂၄ ပေါလု စီး စရာဘို့ တိရစ္ဆာန် တို့ကိုပြင် ၍ပေးကြ။ သူ့ကို ဖေလဇ် မင်း ထံသို့ ကြပ်မ ၍ ပို့ကြဟုအမိန့် ရှိ၏။
He asked them to provide animals, that they might set Paul on one, and bring him safely to Felix the governor.
25 ၂၅ စစ်သူကြီးသည် ရေး ၍ပေး လိုက်သော စာ ဟူမူကား၊
He wrote a letter like this:
26 ၂၆ ကလောဒိ လုသိက ၊ မြတ် တော်မူသော မြို့ဝန်မင်း ဖေလဇ် ကို မေတ္တာ နှင့်ကြားလျှောက်ပါသည်။
"Claudius Lysias to the most excellent governor Felix: Greetings.
27 ၂၇ ယုဒ လူတို့သည် ဤ သူ ကိုဘမ်းဆီး ၍ သတ် မည်ပြုကြစဉ်၊ သူသည်ရောမ လူဖြစ် ကြောင်းကို အကျွန်ုပ်သည် ကြားသိ သဖြင့်၊ စစ်သူရဲ တို့နှင့်တကွ သွား ၍သူ့ကို နှုတ် ပါ သည်။
"This man was seized by the Judeans, and was about to be killed by them, when I came with the soldiers and rescued him, having learned that he was a Roman.
28 ၂၈ ယုဒလူတို့သည် အဘယ် အပြစ် ကြောင့် သူ နှင့် အမှု လုပ်ကြသည်ကို အကျွန်ုပ်သိ လို သောကြောင့်၊ သူ့ ကို ယူ၍လွှတ်တော် သို့ ဆောင်သွား ပြီးလျှင်၊
Desiring to know the cause why they accused him, I brought him down to their council.
29 ၂၉ အသေ သတ်ခြင်း၊ အကျဉ်း ထားခြင်းကို ခံထိုက် သော အပြစ် ကြောင့် အမှုလုပ် ကြသည်မ ဟုတ်ဘဲ၊ သူ တို့တရား နှင့် စပ်ဆိုင်သော ပုစ္ဆာ အမေးကို အကြောင်း ပြု၍သာ အမှု လုပ်ကြသည်ကို အကျွန်ုပ်သိမြင် ပါ၏။
I found him to be accused about questions of their law, but not to be charged with anything worthy of death or of imprisonment.
30 ၃၀ ယုဒလူတို့သည် မကောင်း သောအကြံနှင့် သူ့ ကိုလုပ်ကြံမည်ဟု အကျွန်ုပ် ရိပ်မိ လျှင်၊ သူ့ကို ကိုယ်တော် ထံသို့ ချက်ခြင်း စေလွှတ်၍ အမှု လုပ်သောသူတို့ကို ရှေ့တော်၌ လျှောက် ထားစေခြင်းငှာစီရင် ပါ၏။ ကိုယ်တော်ကျန်းမာပါစေသောဟု ရေး၍ပေးလိုက်သတည်း။
When I was told that there would be a plot against the man, I sent him to you immediately, charging his accusers also to bring their accusations against him before you. Farewell."
31 ၃၁ စစ်သူကြီးမှာထား သည်အတိုင်း စစ်သူရဲ တို့သည် ပေါလု ကို ယူ ၍၊ ညဉ့် အခါ အန္တိပတရိ မြို့သို့ ပို့ လိုက်ပြီးမှ၊
So the soldiers, carrying out their orders, took Paul and brought him by night to Antipatris.
32 ၃၂ နက်ဖြန် နေ့၌မြင်း စီးသူရဲတို့ကို ပေါလု နှင့်တကွ သွား စေခြင်းငှာလွှတ် လိုက်၍ မိမိတို့သည် ရဲတိုက် သို့ ပြန် ကြ၏။
But on the next day they left the horsemen to go with him, and returned to the barracks.
33 ၃၃ မြင်း စီးသူရဲတို့သည် ကဲသရိ မြို့သို့ ရောက် လျှင်၊ စစ်သူကြီး၏ စာ ကိုမြို့ဝန်မင်း လက်သို့အပ်ပေး ၍၊ ပေါလု ကိုလည်း ရှေ့တော်၌ သွင်း ထားကြ၏။
When they came to Caesarea and delivered the letter to the governor, they also presented Paul to him.
34 ၃၄ မြို့ဝန်မင်းသည် စာကိုဖတ် ပြီးမှ၊ အဘယ် မြို့ နှင့် ဆိုင်သနည်းဟု မေး ၍၊ ကိလိကိ ပြည်သားဖြစ် သည်ကို ကြားသိ လျှင်၊
When the governor had read it, he asked what province he was from. When he understood that he was from Cilicia, he said,
35 ၃၅ သင့် ကိုအမှု လုပ်သောသူ တို့သည် ရောက်လာ သောအခါ ငါနားထောင် မည်ဟု ဆို ၍၊ ပေါလု သည် ဟေရုဒ် မင်း၏အိမ် တော်၌ အချုပ် ခံလျက်နေစေဟု စီရင် လေ၏။
"I will hear you fully when your accusers also arrive." He commanded that he be kept in Herod's palace.

< တမန်တော်ဝတ္ထု 23 >