< တမန်တော်ဝတ္ထု 22 >
1 ၁ ညီအစ်ကို ၊ အဘ တို့၊ အကျွန်ုပ် သည် ကိုယ်အပြစ် ဖြေရာစကားကို သင် တို့ရှေ့ မှာ ယခု ပြောစဉ်တွင် နားထောင် ကြပါဟု ဆို လေသော်၊
“Brothers and Father, listen to the defence which I am about to make.”
2 ၂ ဟေဗြဲ ဘာသာ အားဖြင့်ပြော သည်ကို ထိုသူတို့သည် ကြား လျှင် သာ၍ အလွန်တိတ်ဆိတ် စွာနေကြ၏။
When they heard that he was speaking to them in Hebrew, they were still more quiet; and Paul went on:
3 ၃ ပေါလုကလည်း၊ အကျွန်ုပ် သည် ကိလိကိ ပြည်တာရှု မြို့၌ မွေးဘွား သော ယုဒ လူ ဖြစ် ပါ၏။ ဤ မြို့ မှာ လည်း၊ ဂေါမလျေလ အမည် ရှိသော ဆရာ၏ ခြေ ရင်း၌ ကျွေးမွေးခြင်းကိုခံ၍ မိစဉ်တဆက် ကျင့်သော တရား ကို သေချာ စွာသိနားလည်ခြင်းငှာ နည်း ဥပဒေသကိုခံပါပြီ။ သင် တို့ ရှိ သမျှ သည်ယနေ့ တိုင်အောင်ဘုရားသခင် ဘက် ၌ စိတ်အားကြီးသည် နည်းတူ ၊ အကျွန်ုပ်လည်း စိတ်အားကြီး သဖြင့်၊
“I am a Jew, a native of Tarsus in Cilicia, but I was brought up in this city under the teaching of Gamaliel, and educated in accordance with the strict system of our ancestral Law. I was as zealous in God’s service as any of you who are here to-day.
4 ၄ ယောက်ျား မိန်းမ တို့ကို ချည်နှောင် ၍ ထောင် ထဲမှာ လှောင် ထားလျက် အသေ သတ်ခြင်းသို့ တိုင်အောင်၊ ထို ဘာသာ ကိုညှဉ်းဆဲ ပါပြီ။
In my persecution of this Cause I did not stop even at the taking of life. I put in chains, and imprisoned, men and women alike —
5 ၅ ထိုကဲ့သို့ ပင်ယဇ်ပုရောဟိတ် မင်းမှစ၍ လူအကြီးအကဲ အပေါင်း တို့သည်အကျွန်ုပ် ဘက်၌သက်သေ ဖြစ်ကြပါ၏။သူ တို့ထံမှ လည်း အကျွန်ုပ်သည် ညီအစ်ကို တို့ထံသို့ မှာစာ ကို ခံ ပြီးမှ၊ ဒမာသက် မြို့၌ ရှိ သော ထိုဘာသာဝင်သူတို့ ကို ဒဏ် ခံစေခြင်းငှာ ချည်နှောင် ၍ ယေရုရှလင် မြို့သို့ ပို့ မည်ဟု ဒမာသက်မြို့သို့အကျွန်ုပ်သွား ပါ၏။
And to that the High Priest himself and all the Council can testify. For I had letters of introduction from them to our fellow Jews at Damascus, and I was on my way to that place, to bring those whom I might find there prisoners to Jerusalem for punishment.
6 ၆ လမ်း ၌သွား၍ ဒမာသက် မြို့အနီး သို့ ရောက်သောအခါ၊ မွန်းတည့် အချိန်တွင် ကောင်းကင် ထဲက ကြီး သောအလင်း သည် အကျွန်ုပ် ပတ်လည် ၌ ရုတ်ခနဲ ထွန်းတောက် ပါ၏။
While I was still on my way, just as I was getting close to Damascus, about mid-day, suddenly there flashed from the heavens a great light all round me.
7 ၇ အကျွန်ုပ်သည် မြေ ပေါ်မှာ လဲ၍ နေ စဉ်၊ ရှောလု ၊ ရှောလု ၊ အဘယ်ကြောင့် ငါ့ ကို ညှဉ်းဆဲ သနည်းဟု အကျွန်ုပ် အား ပြော သောစကား သံကိုကြား လျှင်၊
I fell to the ground, and heard a voice saying to me ‘Saul, Saul, why are you persecuting me?’
8 ၈ သခင် ၊ ကိုယ်တော်သည်အဘယ်သူ နည်းဟု အကျွန်ုပ် ပြန်၍ မေးလျှောက် သော်၊ ငါ ကား၊ သင် ညှင်းဆဲ သော နာဇရက် မြို့သားယေရှု ဖြစ် သတည်းဟု မိန့် တော်မူ၏။
‘Who are you, Lord?’ I replied. Then the voice said ‘I am Jesus of Nazareth whom you are persecuting.’
9 ၉ အကျွန်ုပ် နှင့် ပါ သောသူတို့သည် ထိုအလင်း ကို မြင် ၍ကြောက်ရွံ့ခြင်းသို့ရောက်သော်လည်း ၊ အကျွန်ုပ် အားပြော သောသူ၏ စကား သံကို မ ကြား မသိရကြ။
The men with me saw the light, but did not hear the speaker’s voice.
10 ၁၀ ထိုအခါအကျွန်ုပ် ကလည်း ၊ သခင် ၊ အကျွန်ုပ်သည် အဘယ်သို့ ပြု ရပါမည်နည်းဟု လျှောက် လျှင် ၊ သခင် ဘုရားက၊ ထ လော့။ ဒမာသက် မြို့ သို့ သွား လော့။ သင် ဆောင်ရွက် စရာတို့ ခွဲခန့် စီမံသမျှ တို့ကို ထိုမြို့ ၌ ပြော လိမ့်မည်ဟုမိန့် တော်မူ၏။
Then I said ‘What am I to do, Lord?’ ‘Get up and go into Damascus,’ The Lord said to me, ‘and there you shall be told all that you have been appointed to do.’
11 ၁၁ ထို အလင်း ၏ရောင်ခြည် အရှိန်အားဖြင့် အကျွန်ုပ်သည် မျက်စိ ကန်းသောကြောင့် ၊ အကျွန်ုပ် နှင့် ပါ သော သူ တို့၏ လက် ဆွဲခြင်းခံရ၍ ဒမာသက် မြို့သို့ ရောက် ပါ၏။
In consequence of that dazzling light I could not see, but my companions held me by the hand, till I reached Damascus.
12 ၁၂ ထိုအခါ ပညတ် တရားနှင့်အညီ ဘုရား ဝတ်၌မွေ့လျော်သောသူ ဖြစ်၍၊ ထိုမြို့မှ နေ သောယုဒ လူ အပေါင်း တို့တွင် အသရေ ရှိသောသူ အာနနိ သည်၊
There a man named Ananias, a strict observer of our Law, well spoken of by all the Jewish inhabitants, came to see me.
13 ၁၃ အကျွန်ုပ် ဆီသို့ လာ ၍ အနား ၌ရပ် လျက်၊ ညီ ရှောလု ၊ တဖန်မျက်စိမြင် ခြင်းသို့ ရောက်လော့ဟုဆို ၏။ ထို ခဏ ၌ အကျွန်ုပ် သည် သူ့ ကိုကြည့်ရှု၍မြင် ရ၏။
Standing close to me, he said ‘Saul, my Brother, recover your sight.’ And then and there I recovered my sight and looked up at him.
14 ၁၄ သူကလည်း၊ သင်သည်မြင် လေသမျှ ၊ ကြား လေသမျှ တို့ကို လူအပေါင်း တို့ အား ပြော၍ သခင် ဘုရား၏ သက်သေခံ ဖြစ် ရမည် အကြောင်း ၊
Then he said ‘The God of our ancestors has appointed you to learn his will, and to see the Righteous One, and to hear words from his lips;
15 ၁၅ သင်သည်ဘုရားသခင် ၏ အလို တော်ကို သိ စေခြင်းငှာ၎င်း ၊ ဖြောင့်မတ် တော်မူသောသူ ကိုမြင် ၍ နှုတ် တော်ထွက် ကို ကြား စေခြင်းငှာ၎င်း၊ ငါ တို့ဘိုးဘေး များ၏ ဘုရားသခင် သည် သင့် ကို ခန့်ထား တော်မူ၏။
for you shall be a witness for him to all the world of what you have just seen and heard.
16 ၁၆ ယခု လည်း သင်သည်အဘယ်ကြောင့် ဆိုင်းလင့် ၍ နေသနည်း။ ထ လော့။ သခင် ဘုရားကို ပဌနာ ပြုလျက် ဗတ္တိဇံ ကိုခံ၍ ၊ သင် ၏အပြစ် များကို ဆေးကြော လော့ဟု ဆို ပါ၏။
And now why wait any longer: Be baptized at once, wash away your sins, and invoke his Name.
17 ၁၇ ထိုနောက်မှအကျွန်ုပ် သည် ယေရုရှလင် မြို့သို့ ပြန် ၍၊ ဗိမာန် တော်၌ ဆုတောင်း စဉ်ဘဝင်ကျ ၍၊
After my return to Jerusalem, while I was praying one day in the Temple, I fell into a trance,
18 ၁၈ သခင်ဘုရားက၊ သင်သည်ကြိုးစား ၍ ယေရုရှလင် မြို့မှ အလျင်အမြန် ထွက်သွား လော့။ ငါ ၏ အကြောင်း ကို သင် သည်ပြော၍ သက်သေခံ သော စကား ကို ဤလူ တို့သည် မခံ ဘဲနေကြလိမ့်မည်ဟု မိန့် တော်မူလျက်ရှိသည်ကို အကျွန်ုပ် မြင် လေ၏။
and saw Jesus saying to me ‘Make haste and leave Jerusalem at once, because they will not accept your testimony about me.’
19 ၁၉ အကျွန်ုပ် ကလည်း၊ သခင် ၊ ကိုယ်တော် ကို ယုံကြည် သော သူ တို့ကို အကျွန်ုပ် ထောင် ထဲ၌လှောင် ထား၍၊ တရားစရပ် များ၌ ရိုက် သည်အကြောင်း ကို သူ တို့သိ ကြပါ၏။
‘Lord,’ I answered, ‘these people know that I used to imprison and scourge, in Synagogue after Synagogue, those who believed in you;
20 ၂၀ ကိုယ်တော် ၏ သက်သေခံ ဖြစ်သော သတေဖန် ၏ အသွေး ကို သွန်း သောအခါ အကျွန်ုပ် သည် အနား၌ နေ လျက်၊ ကွပ်မျက်ခြင်း အမှုကို ဝန်ခံ ၍၊ ကွပ်မျက် သော သူ တို့၏ အဝတ် ကိုစောင့် နေပါ၏ဟု၊
and, when the blood of your martyr, Stephen, was being shed, I was myself standing by, approving of his death, and took charge of the clothes of those who were murdering him.
21 ၂၁ လျှောက်ဆို လျှင်၊ သခင်ဘုရားက၊ သွား လော့။ ငါ သည်တစ်ပါး အမျိုးသားတို့ရှိရာသို့ သင့် ကိုဝေး လှစွာ လွှတ် မည်ဟုအကျွန်ုပ် အား မိန့် တော်မူသည်ဟု ပေါလု မြွက်ဆို ၏။
But Jesus said to me ‘Go; for I will send you to the Gentiles far away’.”
22 ၂၂ ထို မျှတိုင်အောင် ပေါလု ၏ စကား ကို နားထောင် ပြီးလျှင် ၊ ထိုသူ တို့သည်အော်ဟစ် ၍ ၊ ထိုသို့သော သူကို မြေကြီး ပြင်မှ သုတ်သင် ပယ်ရှင်းလော့။ သူ သည် အသက် မ ရှင်သင့် ဟု ဆို ကြ၏။
Up to this point the people had been listening to Paul, but at these words they called out: “Kill him! A fellow like this ought not to have been allowed to live!”
23 ၂၃ ထိုသို့အော်ဟစ် ခြင်း၊ ကိုယ်အဝတ် ကိုချွတ် ခြင်း၊ မြေမှုန့် ကို မိုဃ်း ကောင်းကင်သို့ ပစ် လိုက်ခြင်းကို ပြုကြ စဉ်တွင်၊
As they were shouting, tearing off their clothes, and throwing dust in the air,
24 ၂၄ ပေါလု ကိုအဘယ်ကြောင့်ထိုသို့ အော်ဟစ် ကြ သည်ကိုစစ်သူကြီး သည် သိ လို၍ ၊ ပေါလု ကို ရဲတိုက် ထဲသို့ သွင်း စေ။ ရိုက် ၍ စစ်ကြော စေဟုစီရင် လေ၏။
the Commanding Officer ordered Paul to be taken into the Fort, and directed that he should be examined under the lash, that he might find out the reason for their outcry against him.
25 ၂၅ သားရေ ကြိုးနှင့် ဆွဲတင် ကြသောအခါ ၊ ပေါလု က၊ ရောမ လူ ဖြစ်သောသူကို ဓမ္မသတ်အတိုင်း မ စီရင် ဘဲလျက်၊ သင် တို့သည် ရိုက် ရသလောဟု အနား၌ရပ် နေသော တပ်မှူး အား ဆို ၏။
But just as they had tied him up to be scourged, Paul said to the Captain standing near: “Is it legal for you to scourge a Roman citizen, unconvicted?”
26 ၂၆ တပ်မှူး သည်ကြား လျှင် စစ်သူကြီး ထံသို့သွား ၍၊ အဘယ်သို့ ပြု မည်ကို သတိ ထားပါလော့။ ဤ သူ သည် ရောမ လူဖြစ် ပါသည်ဟု ကြားလျှောက် ၏။
On hearing this, the Captain went and reported it to the Commanding Officer. “Do you know what you are doing?” he said. “This man is a Roman citizen.”
27 ၂၇ စစ်သူကြီး သည်လည်း ၊ ပေါလု ထံသို့လာ ၍၊ သင် သည်ရောမ လူမှန် သလော၊ ငါ့ အား ပြော လော့ဟုဆို လျှင် မှန် ပါသည်ဟု ပေါလုဆို ၏။
So the Commanding Officer went up to Paul and said: “Tell me, are you a Roman citizen?” “Yes,” replied Paul.
28 ၂၈ စစ်သူကြီး ကလည်း၊ အကျွန်ုပ် သည်ငွေ အများ ကို ပေး၍ ရောမလူ၏ အရိပ် အရာကိုရ သည်ဟုဆို လျှင်၊ ပေါလု က၊ အကျွန်ုပ် သည် ဇာတိ အားဖြင့် ရပါသည်ဟု ဆို ၏။
“I had to pay a heavy price for my position as citizen,” said the Officer. “I am one by birth,” rejoined Paul.
29 ၂၉ ထိုအခါ စစ်ကြော မည်ပြုသောသူတို့သည် ပေါလု ထံမှ ချက်ခြင်း သွား ၍၊ သူသည်ရောမ လူ ဖြစ် သည်ကို၎င်း ၊ ရောမလူကိုချည်နှောင် မိသည်ကို၎င်း၊ စစ်သူကြီး သိ လျှင် ကြောက် ခြင်းသို့ရောက်လေ၏။
The men who were to have examined Paul immediately drew back, and the Officer, finding that Paul was a Roman citizen, was alarmed at having put him in chains.
30 ၃၀ နက်ဖြန် နေ့တွင် အဘယ် အပြစ် ကို ယုဒ လူတို့သည် ပေါလု၌ တင်ကြသည်ကို စစ်သူကြီးသည် အမှန် သိ လို သောကြောင့်၊ ပေါလု ၌ ချည်နှောင်သောသံကြိုးကို ချွတ် ၍၊ ယဇ်ပုရောဟိတ် အကြီးတို့နှင့် လွှတ် အရာရှိ အပေါင်း တို့ကို စည်းဝေး စေခြင်းငှာစီရင် ပြီးလျှင် ၊ ပေါလု ကိုခေါ် ၍ သူ တို့ရှေ့ ၌ထား လေ၏။
On the next day the Commanding Officer, wishing to find out the real reason why Paul was denounced by the Jews, had his chains taken off, and directed the Chief Priests and the whole of the High Council to assemble, and then took Paul down and brought him before them.