< တမန်တော်ဝတ္ထု 21 >
1 ၁ ထိုသူ များနှင့် ငါ တို့သည် ခွာသွား ၍ သင်္ဘောလွှင့် မှ ကောသ ကျွန်းသို့ တည့်တည့် သွား သဖြင့်၊ နက်ဖြန် နေ့၌ ရောဒု ကျွန်းသို့ ၎င်း၊ ထို ကျွန်းမှ ပါတရ မြို့သို့ ၎င်း ရောက် ကြ၏။
2 ၂ ဖိနိတ် ပြည်သို့ ကူး သော သင်္ဘော ကိုတွေ့ လျှင်၊ ထိုသင်္ဘောကိုစီး ၍ လွှင့် ပြန်၏။
3 ၃ ကုပရု ကျွန်းကိုမြင် လျှင် လက်ျာ ဘက်၌ ရှောက်သွားသဖြင့်၊ ရှုရိ ပြည်သို့ ကူး ၍ တုရု မြို့၌ ဆိုက် လေ၏။ ထို မြို့မှာ သင်္ဘော ၌ပါသော ဝန် ကိုချ ရ၏။
4 ၄ တပည့် တော်တို့ကိုတွေ့ ၍ ငါတို့သည် ခုနစ် ရက် နေ ကြ၏။ ပေါလု သည် ယေရုရှလင် မြို့သို့ မ တက် ရမည် အကြောင်း၊ ထို တပည့်တော် တို့သည် ဝိညာဉ် တော်အားဖြင့် ပြော ကြ၏။
5 ၅ ခုနစ်ရက် စေ့ သောအခါ တပည့်တော်အပေါင်းတို့သည် သား မယား နှင့်တကွ မြို့ ပြင် သို့ ငါ တို့ကို ပို့ လိုက် ကြ၍ ငါတို့သည်ထွက် သွား ပြီးလျှင်၊ ပင်လယ်ကမ်း ပေါ်၌ ဒူး ထောက် လျက် ဆုတောင်း ကြ၏။
6 ၆ အချင်းချင်း နှုတ်ဆက် ပြီးမှငါတို့သည် သင်္ဘော ပေါ်သို့ တက် ၍ သူ တို့သည် မိမိ အိမ်သို့ ပြန် ကြ၏။
7 ၇ တုရု မြို့မှ ပတောလင် မြို့သို့ ရောက် လျှင်၊ ပင်လယ်ကူး ခြင်းနှင့် လွတ်ကြ၏။ ပတောလင်မြို့၌ ညီအစ်ကို တို့နှင့် နှုတ်ဆက် ၍ တစ် ရက် နေ ပြီးမှ၊
8 ၈ နက်ဖြန် နေ့၌ ထွက်သွား ပြန်၍ ကဲသရိ မြို့သို့ ရောက် လျှင်၊ ဆရာခုနစ် ပါးအဝင် သာသနာပြု ဆရာ ဖိလိပ္ပု ၏ အိမ် သို့ ဝင် ၍နေ ကြ၏။
9 ၉ ထိုသူ ၌ ပရောဖက် ပြုသော သမီး ကညာ လေး ယောက်ရှိ ၏။
10 ၁၀ ထိုအိမ်၌တာရှည် စွာနေ ကြပြီးမှ အာဂဗု အမည် ရှိသော ပရောဖက် တစ် ယောက်သည် ယုဒ ပြည်မှ လာ ၍၊
11 ၁၁ ငါ တို့ရှိရာ သို့ဝင် သဖြင့်၊ ပေါလု ၏ ခါးပန်း ကိုယူ ၍ မိမိ ခြေ လက် ကိုချည်နှောင် ပြီးလျှင်၊ ဤ ခါးပန်း ရှင် ကို ယုဒ လူတို့သည် ယေရုရှလင် မြို့၌ ချည်နှောင် ၍၊ တစ်ပါး အမျိုးသားတို့လက် သို့ အပ်နှံ ကြလိမ့်မည်ဟု သန့်ရှင်း သော ဝိညာဉ် တော်မိန့် တော်မူသည်ဟုဆို ၏။
12 ၁၂ ထို စကားကိုကြား လျှင်၊ ငါ တို့နှင့် ထို အရပ်၌ ရှိသော သူ တို့က၊ ယေရုရှလင် မြို့သို့ မ သွား ပါနှင့်ဟု ပေါလု ကိုတောင်းပန် ကြ၏။
13 ၁၃ ပေါလု ကလည်း၊ အဘယ်ကြောင့် ငိုကြွေး လျက် ငါ့ စိတ်နှလုံး ကို ကြေကွဲ စေလျက် ပြုကြသနည်း။ သခင် ယေရှု ၏ နာမ တော်ကြောင့် ယေရုရှလင် မြို့၌ ချည်နှောင် ခြင်းမက ၊ အသေ သတ်ခြင်းကိုပင် ခံခြင်းငှာငါ အသင့် ရှိ သည်ဟုဆို ၏။
14 ၁၄ ထိုသို့သွေးဆောင် ခြင်းသို့မလိုက်သောအခါ ငါတို့သည် မသွေးဆောင်ဘဲနေ၍၊ သခင် ဘုရား အလို တော်ရှိသည်အတိုင်း ဖြစ် ပါစေဟု ဆို ကြ၏။
15 ၁၅ ထိုနောက်မှ ငါတို့သည် အသုံးအဆောင်များကို ပြင်ဆင် ၍ ယေရုရှလင် မြို့သို့သွား ကြ၏။
16 ၁၆ ကဲသရိ မြို့သားတပည့် တော်အချို့ တို့သည် ငါ တို့နှင့်အတူ လိုက် ကြ၍၊ ငါတို့ကိုဧည့်ခံ မည့်သူ မနာသုန် အမည်ရှိသော ကုပရု ကျွန်း သား အသက်ကြီး သော တပည့် တော်ဆီသို့ပို့ဆောင် ကြ၏။
17 ၁၇ ယေရုရှလင် မြို့သို့ ရောက် သောအခါ၊ ညီအစ်ကို တို့သည် ကြည်ညို သောစိတ်နှင့် ငါ တို့ကို လက်ခံ ကြ၏။
18 ၁၈ နက်ဖြန် နေ့၌ပေါလု သည် ငါ တို့နှင့်တကွ ယာကုပ် ထံသို့ ဝင် လျှင် သင်းအုပ် အပေါင်း တို့သည် စည်းဝေး ကြ၏။
19 ၁၉ ပေါလုသည်ထိုသူ များကို နှုတ်ဆက် ပြီးလျှင် ၊ မိမိ သည် ဓမ္မဆရာ အမှုကိုဆောင်ခြင်းအားဖြင့် ဘုရားသခင် သည် တစ်ပါး အမျိုးသားတို့တွင် ပြု တော်မူသမျှတို့ကို သေချာစွာထုတ်ဖေါ် ပြသလေ၏။
20 ၂၀ ထိုသူ တို့သည်ကြား လျှင်၊ ဘုရားသခင် ၏ ဂုဏ် တော်ကိုချီးမွမ်းကြ၏။ ပေါလု အားလည်း ၊ ငါတို့ညီ ၊ ယုံကြည် သော ယုဒ လူဘယ်နှစ် သောင်း ရှိ သည်ကို သင်သည် သိမြင် ၏။ ထိုသူအပေါင်း တို့သည် ပညတ် တရား ဘက်၌ စိတ်အားကြီး သောသူဖြစ် ကြ၏။
21 ၂၁ တစ်ပါး အမျိုးသားတို့တွင် နေသော ယုဒ လူ အပေါင်း တို့သည် သူငယ် တို့အားအရေဖျားလှီး ခြင်းကို မ ပေးရကြ။ ရှေးထုံးတမ်း အတိုင်း မ ကျင့် ရကြဟု သင် သည် ဆို လျက်၊ သူတို့သည်မောရှေ တရားကိုစွန့် စေခြင်းငှာ ဆုံးမ ဩဝါဒပေးတတ်သည်ကို ဤ လူတို့သည် သိတင်းကြား ကြ ပြီ။
22 ၂၂ သို့ဖြစ်၍ အဘယ်သို့ ပြု ရမည်နည်း။ လူအပေါင်း တို့သည် မစုဝေးဘဲမနေနိုင်ရာ။ သင်ရောက် ကြောင်း ကို ကြားသိ လိမ့်မည်။
23 ၂၃ ထိုကြောင့် အကျွန်ုပ် တို့ဆို သည်အတိုင်း ပြု ပါလော့။ သစ္စာ ဂတိ ပြု ပြီးသော လူ လေး ယောက်သည် အကျွန်ုပ် တို့တွင်ရှိ ၏။
24 ၂၄ ထိုသူ တို့ကို ယူ ၍ သူ တို့နှင့်တကွ စင်ကြယ် ခြင်းကိုပြုလျက်၊ သူ တို့ခေါင်း ရိတ် ခြင်းစရိတ် ကို ပေးပါလော့။ ထိုသို့ပြုလျှင်လူအပေါင်းတို့သည် မိမိတို့ကြား သော သိတင်းစကား မမှန်သည်ကို၎င်း၊ သင် သည် ကိုယ်တိုင် ပညတ် တရားကိုစောင့်ရှောက် ၍ ကျင့် နေသည်ကို၎င်း သိ ရကြ လိမ့်မည်။
25 ၂၅ ယုံကြည် ခြင်းသို့ ရောက်သောတစ်ပါး အမျိုးသားတို့မူကား ၊ ထိုသို့သောတရားကိုမကျင့်မစောင့်ဘဲလျက်၊ ရုပ်တု ရှေ့မှာပူဇော်သော ယဇ်ကောင်ကို၎င်း ၊ အသွေး ကို ၎င်း ၊ လည်ပင်း ကိုညှစ်၍ သတ်သောအရာ ကို၎င်း၊ မတရား သော မေထုန်ကို၎င်း၊ ရှောင် စေခြင်းငှာသာ ငါ တို့သည် စီရင် ၍ ကြား လိုက်ခဲ့ပြီဟုဆို ကြ၏။
26 ၂၆ ထိုအခါပေါလု သည် ထိုသူ တို့ကိုခေါ် ၍ နက်ဖြန် နေ့၌ သူ တို့နှင့်တကွ စင်ကြယ် ခြင်းကိုပြုပြီးမှ၊ ဗိမာန် တော်သို့ ဝင် ၍ သူ တို့အတွက် အသီးအခြား ပူဇော် သက္ကာပြု ရသောအချိန်တည်းဟူသောစင်ကြယ် ခြင်း ကိုပြုရ သော နေ့ရက် စေ့ မည့်အချိန်ကို ကြားပြော လေ၏။
27 ၂၇ ထို ခုနစ် ရက် စေ့လု သောအခါ ၊ အာရှိ ပြည်မှ လာသောယုဒ လူတို့သည် ဗိမာန် တော်၌ ပေါလု ကိုမြင် လျှင် စုဝေး သောလူအပေါင်း တို့ကိုတိုက်တွန်း နှိုးဆော်၍ ၊ ဣသရေလ လူ တို့၊ ကူမ ကြပါ။
28 ၂၈ ဤ သူကား၊ ငါတို့အမျိုး နှင့် ပညတ် တရားကို၎င်း ဤ အရပ် ဌာနကို၎င်း၊ ခပ်သိမ်း သောအရပ်တို့၌ ဆန့်ကျင်ဘက် ပြု၍၊ လူအပေါင်း တို့အား ဆုံးမ ဩဝါဒပေးသောသူဖြစ် ပါ၏။ ထိုမျှမက ၊ ဟေလသ လူတို့ကို ဗိမာန် တော်ထဲသို့ သွင်း ၍၊ ဤ သန့်ရှင်း ရာဌာန တော်ကို ညစ်ညူး စေပြီတကားဟု ဟစ်ကြော် ၍၊ ပေါလု ကို ဘမ်းဆီး ကြ၏။
29 ၂၉ အထက်ကမြို့ ထဲ၌ ပေါလု နှင့်အတူ တရောဖိမ် အမည်ရှိသော ဧဖက် မြို့သားတစ်ယောက်ကို မြင် ကြ သည်ဖြစ်၍ ၊ ထိုသူကိုပေါလု သည်ဗိမာန် တော်ထဲသို့ သွင်း သည်ဟု ထင်မှတ် ကြ၏။
30 ၃၀ တစ်မြို့လုံး ရုန်းရင်းခတ် မျှ ဖြစ်လျှင်၊ လူ များတို့သည် ပြေးလာ၍ စုဝေးကြလျက်၊ ပေါလု ကိုကိုင်ယူ ၍ ဗိမာန် တော်ပြင် သို့ ဆွဲငင် ပြီးမှတခဏခြင်း တံခါး များတို့ကို ပိတ် ထားကြ၏။
31 ၃၁ ပေါလု ကိုသတ် မည်ဟု အားထုတ် ကြသောအခါ၊ ယေရုရှလင် မြို့ တစ်မြို့လုံးမငြိမ်မသက်ရုန်းရင်းခတ်မျှ ဖြစ်သည်ဟု လူတစ်ထောင်ကို အုပ်ချုပ် သော စစ်သူကြီး သည် သိတင်း ကြား လျှင်၊
32 ၃၂ စစ်သူရဲ များနှင့် တပ်မှူး တို့ကို အလျင်အမြန် ခေါ် ၍ ထိုသူ တို့ရှိရာသို့ ဆင်းပြေး၏ ။ ထိုသူတို့သည် စစ်သူကြီး နှင့် စစ်သူရဲ တို့ကိုမြင် လျှင်၊ ပေါလု ကိုမ ရိုက် ဘဲနေကြ၏။
33 ၃၃ ထိုအခါ စစ်သူကြီး သည်အနီး သို့ရောက်၍ ပေါလု ကိုကိုင်ယူ ပြီးလျှင် ၊ သံကြိုး နှစ် စင်းနှင့် ချည် ချေ ဟုစီရင် ၍၊ ဤသူသည်အဘယ်သူ နည်း။ အဘယ် အမှုကို ပြု မိသနည်းဟုမေးစစ် လေ၏။
34 ၃၄ လူ အစုအဝေးထဲ၌ အသီးသီး အခြားခြားဟစ်ကြော် ၍ အသံ များ သောကြောင့် ၊ စစ်သူကြီး သည် အမှန် ကိုမ သိ နိုင် သဖြင့် ၊ ပေါလု ကိုရဲတိုက် ထဲသို့ ဆောင်သွား စေခြင်းငှာစီရင် ပြန်လေ၏။
35 ၃၅ လူ များတို့သည် ပြင်းထန် သောကြောင့် ၊ လှေကား ပေါ်သို့ ရောက် သောအခါ ၊ စစ်သူရဲ တို့သည် ပေါလု ကို ချီပွေ့ ၍ ဆောင်ရကြ၏။
36 ၃၆ သူ့ ကိုထုတ် လော့ဟု လူ များအပေါင်း တို့သည် ဟစ်ကြော် လျက် လိုက် ကြ၏။
37 ၃၇ ပေါလု သည်ရဲတိုက် ထဲသို့ ဝင် လု သောအခါ၊ အကျွန်ုပ် သည် ကိုယ်တော် နှင့် စကား ပြောရပါမည် လောဟု စစ်သူကြီး အားမေး လျှင် စစ်သူကြီးကသင်သည် ဟေလသ စကားကိုပြော တတ်သလော။
38 ၃၈ သင် သည်အထက် ကပုန်ကန် ၍ ဓားပြ လေးထောင် တို့ကို တော သို့ ခေါ်သွား သော အဲဂုတ္တု လူဖြစ်သည် မ ဟုတ် လောဟု မေး ၏။
39 ၃၉ ပေါလု ကလည်း၊ အကျွန်ုပ် သည် ကိလိကိ ပြည်တာရှု မြို့၌ မွေးဘွားသော ယုဒ လူ ဖြစ် ပါ၏။ အကျွန်ုပ်နေသော မြို့ကား၊ သာမည မြို့ မ ဟုတ်။ ဤသူ တို့အား အကျွန်ုပ် ပြော ရသော အခွင့် ကိုပေးပါ။ အကျွန်ုပ်ပန်ကြား ပါသည်ဟုဆို ၏။
40 ၄၀ စစ်သူကြီး သည်အခွင့် ပေးသဖြင့် ၊ ပေါလု သည် လှေကား ပေါ်မှာ ရပ် ၍ထိုလူ တို့အား မိမိလက် နှင့် အမှတ်ပေး လေ၏။ သူတို့သည်အလွန် တိတ်ဆိတ် စွာ နေ ကြသောအခါ ၊ ဟေဗြဲ ဘာသာ အားဖြင့်မြွက်ဆို လျက်၊