< တမန်တော်ဝတ္ထု 20 >

1 ထိုရုန်ရင်းခတ် သော အမှုငြိမ်း သောအခါ ပေါလု သည်၊ တပည့် တော်တို့ကိုခေါ် ၍ နှုတ်ဆက် ပြီးမှမာကေဒေါနိ ပြည်သို့ သွား လေ၏။
And after the noise had come to an end, Paul, having sent for the disciples and given them comfort, went away from them to Macedonia.
2 ထို အရပ် များကိုရှောင်သွား ၍ တပည့် တော်တို့ကို စကား များနှင့် ဆုံးမ ပြီးမှ ဟေလသပြည်သို့ ရောက်လာ ၏။
And when he had gone through those parts and given them much teaching, he came into Greece.
3 သုံး လ နေ ပြီးလျှင် ပင်လယ်ကိုကူး ၍ ရှုရိ ပြည်သို့ သွားမည်ပြုသော်၊ ယုဒ လူတို့သည် မကောင်း သောအကြံ ကို ကြံ သောကြောင့်၊ မာကေဒေါနိ ပြည်လမ်းဖြင့် ပြန် မည်ဟု အကြံ ရှိ ပြန်၏။
And when he had been there three months, because the Jews had made a secret design against him when he was about to take ship for Syria, he made a decision to go back through Macedonia.
4 ပေါလု နှင့်အတူ အာရှိပြည်သို့ လိုက် သောသူ ဟူမူကား၊ ဗေရိ မြို့သားဖြစ်သော ပုရု ၏သား သောပတရု ၊ သက်သာလောနိတ် မြို့သားအာရိတ္တာခု နှင့် သေကုန္ဒု ၊ ဒေရဗေ မြို့သားဂါယု ၊ လုတ္တရမြို့သားတိမောသေ ၊ အာရှိ ပြည်သား၊ တုခိတ် နှင့် တရောဖိမ် တည်း။
And Sopater of Beroea, the son of Pyrrhus, and Aristarchus and Secundus of Thessalonica, and Gaius of Derbe, and Timothy, and Tychicus and Trophimus of Asia, went with him as far as Asia.
5 ဤသူ တို့သည် ငါ တို့အရင် သွား၍ တရော မြို့၌ ငံ့လင့် လျက် နေကြ၏။
But these had gone before, and were waiting for us at Troas.
6 အဇုမ ပွဲနေ့ရက် လွန် ပြီးမှငါ တို့သည် ဖိလိပ္ပိ မြို့မှ သင်္ဘောနှင့်လွှင့် ၍ ငါး ရက် အတွင်း တွင် သူ တို့ရှိရာ တရော မြို့သို့ ရောက် ၍ခုနစ် ရက် နေ ကြ၏။
And we went away from Philippi by ship after the days of unleavened bread, and came to them at Troas in five days; and we were there for seven days.
7 ခုနစ်ရက်တွင် ပဌမ နေ့ရက်၌ မုန့် ကိုဖဲ့ ခြင်းငှာစည်းဝေး ကြသောအခါ၊ ပေါလု သည် နက်ဖြန် နေ့၌ ထွက်သွား မည်ဖြစ် ၍၊ သန်းခေါင် တိုင်အောင် ဟောပြော လျက် နေလေ၏။
And on the first day of the week, when we had come together for the holy meal, Paul gave them a talk, for it was his purpose to go away on the day after; and he went on talking till after the middle of the night.
8 စည်းဝေး ရာအထက် ခန်း၌ မီးခွက် များရှိ ၏။
And there were a number of lights in the room where we had come together.
9 ဥတုခု အမည် ရှိသော လုလင် တစ် ယောက်သည် ပြတင်းပေါက် နားမှာ ထိုင် ၍ အိပ်ပျော် ကျူးလွန် လျက် နေ၏။ ပေါလု သည် ကြာမြင့် စွာ ဟောပြော သည်တွင်၊ ထိုသူသည် အိပ်ပျော် လျက် အိမ် သုံးဆင့်အထက်မှ အောက် သို့လျော့ ကျ၍ သေ သည်ကို သူတို့သည်ချီကြွ ကြ၏။
And a certain young man named Eutychus, who was seated in the window, went into a deep sleep; and while Paul went on talking, being overcome by sleep, he had a fall from the third floor, and was taken up dead.
10 ၁၀ ပေါလု သည်လည်း အောက် သို့ ဆင်း၍သူ ၏ အပေါ်သို့ကိုယ်ကိုလှဲလျက် ဖက်ယမ်း ပြီးမှ ၊ အုတ်အုတ်သဲသဲ မ ပြုကြနှင့်။ သူ သည် အသက် ရှိ ၏ ဟုဆို ၍ တက် ပြန် လေ၏။
And Paul went down and, falling on him, took him in his arms and said, Do not be troubled, for his life is in him.
11 ၁၁ မုန့် ကိုဖဲ့ ၍စား ကြသည်နှင့် မိုဃ်းလင်း သည် တိုင်အောင် ကြာမြင့် စွာ စကား ပြောပြီးမှ ထွက်သွား ၏။
And when he had gone up, and had taken the broken bread, he went on talking to them for a long time, even till dawn, and then he went away.
12 ၁၂ အသက် ရှင်လျက်ရှိသောထိုလုလင် ကို ဆောင်ယူ ခဲ့၍ ၊ အလွန် သက်သာ ခြင်းရှိကြ၏။
And they took the boy in, living, and were greatly comforted.
13 ၁၃ ငါ တို့သည် ပေါလုအရင် သင်္ဘော သို့ သွား၍၊ အဿု မြို့၌ သူ့ကို ခံယူ မည်အကြံ နှင့် ထိုမြို့သို့ လွှင့် ကြ၏။ ပေါလု သည်ထိုမြို့သို့ ကုန်းကြောင်း သွားမည်အကြံ ရှိ ၍ ထိုသို့စီရင် လေ၏။
But we, going before him by ship, went to Assos with the purpose of taking Paul in there: for so he had given orders, because he himself was coming by land.
14 ၁၄ အဿု မြို့၌ သူသည်ငါ တို့နှင့်တွေ့မိ လျှင်၊ သူ့ ကိုခံယူ ၍ မိတုလင် မြို့သို့ သွား ကြ၏။
And when he came up with us at Assos, we took him in the ship and went on to Mitylene.
15 ၁၅ ထိုမြို့ မှလွှင့် ပြန်လျှင် နက်ဖြန် နေ့၌ ခိအု ကျွန်းနား မှာရှောက်သွား၍ နောက်တစ်နေ့၌ သာမု ကျွန်းသို့ ရောက် သဖြင့်၊ တရောဂုလိအငူစွန်း၌နေကြ၏။ နောက်တစ်နေ့၌လည်း မိလက် မြို့သို့ ရောက် ကြ၏။
And going from there by sea, we came on the day after opposite Chios, and touching at Samos on the day after that, we came on the third day to Miletus.
16 ၁၆ ပေါလု သည် ပင်တေကုတ္တေ ပွဲနေ့ မလွန်မှီ ယေရုရှလင် မြို့သို့ ရောက် နိုင် လျှင် ရောက်ခြင်းငှာကြိုးစား သည်ဖြစ်၍ အာရှိ ပြည်၌ တာရှည် စွာ မ နေလိုသဖြင့် ဧဖက် မြို့မှာ မဆိုက်ဘဲ လွှင့် သွားမည်ဟု စိတ် ပြဋ္ဌာန်းလျက်ရှိနှင့်သတည်း။
For Paul's purpose was to go past Ephesus, so that he might not be kept in Asia; for he was going quickly, in order, if possible, to be at Jerusalem on the day of Pentecost.
17 ၁၇ မိလက် မြို့သို့ရောက်မှ ပေါလုသည် ဧဖက် မြို့သို့ စေလွှတ် ၍ သင်းအုပ် များကို ခေါ် လေ၏။
And from Miletus he sent to Ephesus for the rulers of the church.
18 ၁၈ သူတို့သည် ရောက် ကြသောအခါ ၊ ပေါလုက၊ ငါသည်အာရှိ ပြည်သို့ ရောက် သော နေ့ မှစ၍ ယခုတိုင်အောင်သင်တို့ရှေ့မှာ အဘယ်သို့ ကျင့် နေသည်ကို သင် တို့သိ ကြ၏။
And when they had come, he said to them, You yourselves have seen what my life has been like all the time from the day when I first came into Asia,
19 ၁၉ အလွန် နှိမ့်ချ သောစိတ်ရှိလျက်၊ မျက်ရည် ကျလျက် ၊ ယုဒ လူတို့၏ မကောင်း သောအကြံအားဖြင့် စုံစမ်း နှောင့်ရှက်ခြင်းကိုခံ လျက်၊ သခင် ဘုရား၏ အမှု တော်ကို ငါဆောင်ရွက်သည် အကြောင်းအရာကို သင်တို့သိကြ၏။
Doing the Lord's work without pride, through all the sorrow and troubles which came on me because of the evil designs of the Jews:
20 ၂၀ သင်တို့အကျိုး တစ်စုံတစ်ခုကိုမျှ ငါမ ထိမ် မဝှက်။ လူ စုဝေးရာ၌၎င်း ၊ အိမ် များ၌၎င်း၊ သင် တို့အားဟောပြော ဆုံးမ ဩဝါဒပေးသဖြင့် ၊
And how I kept back nothing which might be of profit to you, teaching you publicly and privately,
21 ၂၁ ဘုရားသခင့် ရှေ့ တော်၌ နောင်တရ ခြင်းတရားကို၎င်း၊ ငါ တို့သခင် ယေရှု ခရစ်ကို ယုံကြည် ခြင်းတရားကို၎င်း ၊ယုဒ လူ၊ ဟေလသ လူတို့အား သက်သေခံ သည် အကြောင်းအရာကို သင်တို့ သိကြ၏။
Preaching to Jews and to Greeks the need for a turning of the heart to God, and faith in the Lord Jesus Christ.
22 ၂၂ ယခု မှာငါ သည် ဝိညာဉ် တော်အားဖြင့်ချည်နှောင် ခြင်းကိုခံ၍၊ ယေရုရှလင် မြို့သို့ သွား ရ၏။ ထိုမြို့ ၌ အဘယ်အမှု ရောက် မည်ကိုမ သိ ။
And now, as you see, I am going to Jerusalem, a prisoner in spirit, having no knowledge of what will come to me there:
23 ၂၃ သို့သော်လည်း ချည်နှောင် ခြင်း၊ ညှဉ်းဆဲ နှိပ်စက်ခြင်းအမှုတို့သည် ငါ့ ကိုဆိုင်းလင့် သည်ဟု သန့်ရှင်း သော ဝိညာဉ် တော်သည် ခပ်သိမ်းသောမြို့ တို့၌ ငါ့ အား သက်သေခံ တော်မူ၏။
Only that the Holy Spirit makes clear to me in every town that prison and pains are waiting for me.
24 ၂၄ သို့ရာတွင် ဘုရားသခင် ၏ ကျေးဇူး တော်နှင့်ယှဉ်သော ဧဝံဂေလိ တရားကို သက်သေခံ စေခြင်းငှာ၊ သခင် ယေရှု ၏လက်မှ ငါခံ ခဲ့ပြီးသောဓမ္မဆရာ အမှုတည်းဟူသောငါ ဆောင်ရွက် ရသောအမှုကို ဝမ်းမြောက်စွာ ပြီးစီး စေမည်အကြောင်း ၊ ထိုညှဉ်းဆဲခြင်းအမှု တစ်စုံတစ်ခုကိုမျှ ငါသည်ပမာဏမ ပြု ၊ ကိုယ် အသက် ကိုလည်း နှမြော ခြင်းမရှိ၊
But I put no value on my life, if only at the end of it I may see the work complete which was given to me by the Lord Jesus, to be a witness of the good news of the grace of God.
25 ၂၅ ယခု မူကား၊ ငါလှည့်လည် ၍ ဘုရားသခင်၏ နိုင်ငံ တော်အကြောင်းကို ဟောပြော ရာ၊ သင်တို့ရှိသမျှ သည် နောက်တဖန်ငါ့ မျက်နှာ ကို မ မြင်ရကြ ဟုငါ သိ ၏။
And now I am conscious that you, among whom I have gone about preaching the kingdom, will not see my face again.
26 ၂၆ ထိုကြောင့် ၊ လူအပေါင်း တို့၏အသွေး နှင့် ငါ ကင်းလွတ် သည်ဟု ယနေ့ ၌ သင်တို့အား ငါသက်သေခံ ၏။
And so I say to you this day that I am clean from the blood of all men.
27 ၂၇ ဘုရားသခင် ၏အလို တော်ကိုသင် တို့အား အကုန်အစင် ဟောပြော ပြသခြင်းအမှုကို ငါသည်မ လွှဲ မရှောင်ဘဲပြုခဲ့ပြီ။
For I have not kept back from you anything of the purpose of God.
28 ၂၈ ထိုကြောင့် သင်တို့သည် ကိုယ် ကို သတိ နှင့် ကြည့်ရှုကြလော့။ ဘုရားသခင် သည် မိမိ အသွေး နှင့် ဝယ် တော်မူသောအသင်းတော် ကို လုပ်ကျွေး စေခြင်းငှာ၊ သန့်ရှင်း သောဝိညာဉ် တော်သည် သင် တို့ကို အအုပ်အချုပ် ခန့်ထား တော်မူသော သိုးစု တစ်စုလုံးကိုလည်း သတိနှင့် ကြည့်ရှုကြလော့။
Give attention to yourselves, and to all the flock which the Holy Spirit has given into your care, to give food to the church of God, for which he gave his blood.
29 ၂၉ အကြောင်းမူကား ၊ ငါ မ ရှိသည်နောက် ၊ ကြမ်းတမ်း သော တောခွေး တို့သည် သိုး များကို မ သနား ဘဲ သင် တို့အထဲ သို့ဝင် မည်ကို၎င်း၊
I am conscious that after I am gone, evil wolves will come in among you, doing damage to the flock;
30 ၃၀ တပည့် တော်များကိုသွေးဆောင် ခြင်းငှာ၊ မှား သောစကားကို ပြော တတ်သောလူ တို့သည် သင် တို့အထဲ ၌လည်း ပေါ်လာ မည်ကို၎င်း ငါ သိ ၏။
And from among yourselves will come men who will give wrong teaching, turning away the disciples after them.
31 ၃၁ ထိုကြောင့် စောင့်ရှောက် ၍နေကြလော့။ ငါသည်သုံး နှစ်ပတ်လုံးနေ့ ည မ ပြတ် လူအပေါင်းတို့ကို မျက်ရည် နှင့်တကွ ဆုံးမ ၍ နေကြောင်းကို အောက်မေ့ ကြ လော့။
So keep watch, having in mind that for three years without resting I was teaching every one of you, day and night, with weeping.
32 ၃၂ ညီအစ်ကိုတို့၊ ယခု ငါသည်သင် တို့ကို ဘုရားသခင် ၌ အပ်နှံ ၏။ သင်တို့ကို တည်ဆောက် ခြင်းငှာ၎င်း ၊ သန့်ရှင်း သောသူ အပေါင်း တို့နှင့်အတူ သင်တို့အား အမွေ ပေး ခြင်းငှာ၎င်း၊ တတ်နိုင် သောဘုရားသခင် ၏ ကျေးဇူး တော်တရား ၌လည်း သင်တို့ကိုငါအပ်နှံ၏။
And now, I give you into the care of God and the word of his grace, which is able to make you strong and to give you your heritage among all the saints.
33 ၃၃ သူ့ရွှေ ငွေ အဝတ် တန်ဆာတို့ကို ငါသည်တပ်မက် ခြင်းမ ရှိပြီ။
I have had no desire for any man's silver or gold or clothing.
34 ၃၄ ဤ လက် တို့သည် ငါ့ ကို၎င်း ၊ ငါ့ အပေါင်းအဘော် တို့ကို၎င်း၊ လုပ်ကျွေး ပြီဟု သင်တို့သည် ကိုယ်တိုင် သိ ကြ၏။
You yourselves have seen that with these hands I got what was necessary for me and those who were with me.
35 ၃၅ ထိုသို့ သင် တို့သည်လည်း အလုပ်လုပ် ၍ အားနည်း သော သူ တို့ကို မစ ရ မည်ကို၎င်း၊ အစွန့်အကြဲ ခံခြင်း အရာထက် စွန့်ကြဲ ခြင်း အရာသည်သာ၍ မင်္ဂလာ ရှိ သည်ဟု သခင် ယေရှု မိန့် တော်မူသော စကား တော်ကို အောက်မေ့ ရမည်ကို၎င်း၊ အရာရာ ၌ သင်တို့အား ငါပြသ ပြီဟု၊
In all things I was an example to you of how, in your lives, you are to give help to the feeble, and keep in memory the words of the Lord Jesus, how he himself said, There is a greater blessing in giving than in getting.
36 ၃၆ ပေါလု ဆို ပြီးလျှင် ၊ ဒူး ထောက် ၍ ထိုသူ အပေါင်း တို့နှင့်တကွ ဆုတောင်း လေ၏။
And having said these words, he went down on his knees in prayer with them all.
37 ၃၇ ထိုသူအပေါင်း တို့သည် အလွန် ငိုကြွေး ၍ ၊ ပေါလု ၏ လည်ပင်း ကို ဘက်ယမ်း လျက် သူ့ ကိုနမ်း ကြ၏။
And they were all weeping, falling on Paul's neck and kissing him,
38 ၃၈ နောက်တဖန် သူ ၏မျက်နှာ ကိုမ မြင် ရဟူသောစကား ကြောင့် သာ၍ကြေကွဲသောစိတ် နှင့် ပေါလု ကို သင်္ဘော သို့ ပို့ လိုက်ကြ၏။
Being sad most of all because he had said that they would not see his face again. And so they went with him to the ship.

< တမန်တော်ဝတ္ထု 20 >