< တမန်တော်ဝတ္ထု 18 >

1 ထိုနောက် ပေါလုသည် အာသင် မြို့မှ ထွက်သွား ကောရိန္သု မြို့သို့ ရောက် လေ၏။
Pa aga, Paulu kawukiti Aseni, kagenda Korintu.
2 ထိုအခါ ယုဒ လူအပေါင်း တို့သည် ရောမ မြို့မှ ထွက်သွား ရမည်အကြောင်း၊ ကလောဒိ မင်း အမိန့် တော်ရှိ သည်ဖြစ်၍၊ ပုန္တု ပြည်သားအာကုလ အမည် ရှိသော ယုဒ လူတစ် ယောက်သည် ဣတလိ ပြည်မှ လာ၍၊ မိမိ မယား ပြစ်ကိလ နှင့်တကွ မကြာမမြင့်မှီ ရောက်လာ သည်ကို ပေါလုတွေ့ လျှင်သူ တို့ဆီသို့ဝင် ၍၊
Aku Korintu, kamwoniti Myawudi yumu wamshema Akula, muntu gwa Pontu. Akula pamuhera na Mdala gwakuwi yawamshema Prisila, wawuyiti kulawa Italiya mashaka galaa aga toziya Kayisari Klawudi kaweriti kalagaliriti Wayawudi woseri wawuki Rumi. Paulu kagenditi kuwalola,
3 အလုပ် ချင်းတူသောကြောင့် ၊ သူ တို့နှင့် နေ ၍ အလုပ်လုပ် လေ၏။ ထိုသူတို့သည် တဲရှင် ကိုချုပ်တတ် သော အချုပ်သမား ဖြစ် ကြ၏။
na toziya womberi waweriti wanyawa wa kusona mahema handa yomberi, Paulu katamiti na womberi katenda lihengu.
4 ပေါလုသည်လည်း ဥပုသ်နေ့ မပြတ် တရားစရပ် ၌ ဆွေးနွေး ဟောပြော၍၊ ယုဒ လူနှင့် ဟေလသ လူတို့ကို ဖြားယောင်း သွေးဆောင်လေ၏။
Kila lishaka lya kwoyera katenditi magambiziyanu mnumba ya Mlungu pakajeriti kukwega Wayawudi na Wagiriki.
5 သိလ နှင့် တိမောသေ တို့သည် မာကေဒေါနိ ပြည်မှ ရောက်လာ သောအခါ ၊ ပေါလု သည် သူတို့နှင့်တကွတရား ဟောခြင်းအမှုကိုသာ ဆောင်ရွက် ၍၊ ယေရှု ခရစ် ၏ အကြောင်းကို ယုဒ လူတို့အား ကြိုးစား၍ သက်သေခံ လေ၏။
Pa Sila na Timotewu kusoka kulawa Makedoniya, Paulu kanjiti kutumiya shipindi shakuwi shoseri kwajili ya kubwera, kawalanguziya Wayawudi handa Yesu ndo Kristu.
6 ယုဒလူတို့သည် ငြင်းခုံ ဆဲရေးခြင်းကို ပြုသည် ရှိသော်၊ ပေါလု သည် မိမိအဝတ် ကိုခါ လိုက်လျက်၊ သင် တို့၏ အသွေး သည် သင် တို့၏ ခေါင်း ပေါ်၌ တည်စေ။ ငါ မူကား ကင်းလွတ် ၏။ ယခု မှစ၍ တစ်ပါး အမျိုးသားတို့ဆီသို့ သွား မည်ဟု ဆိုပြီးလျှင်၊
Pawamkomiti Paulu na kwanja kumwigilanga, yomberi kapunda nguwu zakuwi kulongolu kwawu pakalonga, “Pamwagamira ulamaweni, neni nahera likosa lyoseri kulawirana na shitwatira ashi. Na kwanjira vinu hanuwagenderi wantu yawawera ndiri Wayawudi.”
7 ထို အရပ်မှထွက် ၍ ဘုရားသခင် ကို ကိုးကွယ် သော ယုတ္တု အမည် ရှိသောသူ ၏ အိမ် သို့ သွား ၏။ ထိုအိမ် သည် တရားစရပ် နှင့် စပ် လျက်ရှိ သတည်း။
Su, kalawa panu kagenda kutama ukaya kwa muntu yumu mguwira Mlungu yawamshema Titu Yustu, mweni kaya yakuwi iweriti pakwegera na numba ya Mlungu ilii.
8 ကရိပ္ပု အမည်ရှိသောတရားစရပ်မှူး သည် မိမိအိမ်သူ အိမ်သားအပေါင်း တို့နှင့်တကွ သခင် ဘုရားကို ယုံကြည် လေ၏။ ကောရိန္တု ပြည်သားအများ တို့သည် လည်း ယုံကြည် ၍ ဗတ္တိဇံ ကိုခံကြ၏။
Krispu, mkulu gwa numba ya Mlungu ilii, kamjimiriti Mtuwa yomberi pamuhera na walongu wakuwi woseri. Wakorintu wavuwa waupikiniriti ujumbi awu, wajimira na kubatiziwa.
9 ညဉ့် အခါ သခင် ဘုရားသည် ပေါလု အား ဗျာဒိတ် ရူပါရုံကိုပြ၍၊ သင်သည်မ ကြောက် နှင့်။ တိတ်ဆိတ် စွာမ နေနှင့်။ ဟောပြော လော့။
Lishaka limu pashiru, Mtuwa kamgambiriti Paulu mmaonu, “Nagutira, gwendereyi kubwera pota kuwuya kumbeli,
10 ၁၀ ငါ သည်သင် နှင့်အတူ ရှိ ၏။ သင့် ကိုညှဉ်းဆဲ ခြင်းငှာအဘယ်သူ မျှအနိုင် အထက်မပြုရ။ ဤ မြို့ ၌ ငါ ၏ လူ အများ ရှိ ကြသည်ဟု မိန့် တော်မူ၏။
Mana neni napanu pamwera nagwenga. Kwa hera mundu yakajera kukutenda toziya panu palushi pana wantu wavua wauwega waneni.”
11 ၁၁ ပေါလုသည် ထိုမြို့သူ မြို့သားတို့အား ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကို ဟောပြော သွန်သင်၍တနှစ် နှင့် ခြောက် လ ပတ်လုံးနေ လေ၏။
Su, Paulu katamiti aku pakafunda shisoweru sha Mlungu pakati pawu kwa shipindi sha shinja shimu na nusu.
12 ၁၂ အခါယ ပြည်ကို ဂါလျုန် မင်းသည် ဝန် အရာနှင့် အုပ်စိုးသောအခါယုဒ လူများသည် တစ် ညီတစ်ညွတ်တည်း ပေါလု ကို အနိုင်အထက် ပြု၍ တရားပလ္လင် ရှေ့ သို့ ယူသွား ပြီးလျှင်၊
Kumbiti shipindi Galiu pakaweriti mkulu gwa mkowa gwa Akaya, Wayawudi wambatiti Paulu kwa pamwera na kumjega kumahakama.
13 ၁၃ လူ တို့သည် ဘုရား ကိုမတရား သဖြင့်ကိုးကွယ် စေခြင်းငှာ၊ ဤသူသည် ဖြားယောင်း တတ်ပါသည် ဟုဆို ကြ၏။
Watakula, “Tumsitaki muntu ayu toziya ya kuwasongiziya wantu wamjimiri Mlungu kwa ntambu yawasingana na malagaliru.”
14 ၁၄ ပေါလု သည် နှုတ် ကိုဖွင့် မည်ပြုသော်၊ ဂါလျူန် မင်းက၊ အချင်း ယုဒ လူတို့၊ မတရားသောအမှု ၊ ဆိုးယုတ် ညစ်ညူး သောအမှုဖြစ် လျှင် ၊ ငါသည်သင် တို့ကို အကြောင်း ရှိ သည်အတိုင်း သည်းခံ ရမည်။
Pamberi hera Paulu keniyanji kutakula, Galiu kawagambiriti Wayawudi, “Mpikinireni mwenga Wayawudi! Handa nakaka shitwatira ashi meshiweri likosa ama ukondola neni menweri kala kuwapikinira.
15 ၁၅ သို့မဟုတ်စကား သော်၎င်း၊ ခေါ်ဝေါ် သမုတ်ခြင်းသော်၎င်း၊ သင် တို့၏ဘာသာတရား သော်၎င်း၊ သင်တို့သည်အစီရင်ခံ လျှင် ကိုယ်အမှုကို စောင့်ကြလော့။ ထိုသို့သော အမှုကိုစီရင်ခြင်းငှာငါ အလို မ ရှိ ဟုဆိုလျက်၊
Kumbiti handa lishawuli lya ukakatala kuusu visoweru na matawu na malagaliru genu, mwamuwi maweni. Neni nfira ndiri kuwera mtoza gwa vitwatira avi!”
16 ၁၆ ယုဒ လူတို့ကို တရားပလ္လင် မှ ပယ်ရှား စေ၏။
Su, kawawinga kulawa kumahakama.
17 ၁၇ ထိုအခါဟေလသလူအပေါင်း တို့သည် တရားစရပ်မှူး သုဿင် ကိုယူ ၍ တရားပလ္လင် ရှေ့ မှာ ရိုက် ကြ၏။ ထိုအမှု ကိုလည်း ဂါလျူန် မင်းသည် အမှု မ ထား ဘဲနေ၏။
Na womberi woseri wambata Sosteni mweni kaweriti mlongoziya gwa numba ya Mlungu, womberi wamkoma palaa palii palongoru pa shizyungu. Kumbiti Galiu kalishera ndiri shitwatira ashi ata padidini.
18 ၁၈ ထိုနောက်မှပေါလု သည် တာရှည် စွာနေ ပြီးမှညီအစ်ကို တို့ကို အခွင့် တောင်း၍ ထိုမြို့မှထွက်သွား ၏။ အထက်ကသစ္စာ ဂတိပြု သည်နှင့်အညီကင်ခြေ မြို့၌ ခေါင်း ရိတ် ခြင်းကိုခံပြီးလျှင်၊ ပြစ်ကိလ နှင့် အာကုလ ကို ခေါ်၍ ရှုရိပြည်သို့သင်္ဘောနှင့်လွှင့်လေ၏။
Paulu kendereyiti kulikala aku Korintu kwa mashaka gatangala. Shakapanu kawagambiriti kwahere, kakwena mtumbwi kagenda Siriya pakawera na Prisila na Akula. Aku Kenkireya, kamogiti viri zakuwi toziya ya kulapa kwakalilapiti.
19 ၁၉ ဧဖက် မြို့သို့ ရောက် လျှင် ၊ တရားစရပ် သို့ ဝင် ၍ ယုဒ လူတို့နှင့် ဆွေးနွေး နှီးနှောလေ၏။
Wagenditi Efesu na panu Paulu kawalekiti Prisikila na Akula, pakagenda mnumba ya Mlungu, kankulitakuziyana na Wayawudi.
20 ၂၀ ထိုသူ တို့သည် မိမိတို့နှင့်အတူပေါလု နေ ပါဦးမည်အကြောင်း တောင်းပန် သောအခါ ၊ ပေါလုသည် ဝန် မ ခံဘဲလျက်၊
Wamluwiti katami nawomberi shipindi shitali nentu, kumbiti kafiriti ndiri.
21 ၂၁ ယခုရောက်လုနီးသောပွဲကိုယေရုရှလင်မြို့၌ ငါအမှန်ခံရမည်။ ဘုရားသခင် အလို တော်ရှိလျှင်၊ နောက်တစ်ဖန် သင် တို့ရှိရာ သို့ ငါပြန် ဦးမည်ဟူ၍အခွင့် တောင်းပြီးမှ ၊ ပြစ်ကိလနှင့်အာကုလကို ဧဖက် မြို့၌ ထား၍ သင်္ဘောနှင့်လွှင့် ပြန်လေ၏။
Su pakaweriti kankuwuka, katakuliti, “Mlungu pakafira hanizi kwamwenga kayi.” Kawuka Efesu kwa meli.
22 ၂၂ ကဲသရိ မြို့သို့ ရောက် လျှင် ယေရုရှလင်မြို့သို့ တက် ၍ အသင်းတော် နှင့် နှုတ်ဆက် ပြီးမှအန္တိအုတ် မြို့ သို့ သွား ပြန်၏။
Yomberi pakasokiti mlushi lwa Kaisariya, yomberi kagenditi Yerusalemu kushilamusiya shipinga sha wantu yawamjimira Yesu, shakapanu kagenditi Antiokiya.
23 ၂၃ ထိုမြို့၌ အတန် အရာနေ ပြီးလျှင် ၊ ထွက် ပြန်၍ ဂလာတိ ပြည် ၊ ဖြူဂိ ပြည်ကို အစဉ် အတိုင်း ရှောက်သွား သဖြင့်၊ တပည့် တော်အပေါင်း တို့ကို မြဲမြံ ခိုင်ခံ့စေ၏။
Katama aku katepu hera, shakapanu kendereyiti na mwanja kwa kupitira seemu za Firigiya na Galatiya kankuwatula moyu wafundwa woseri.
24 ၂၄ အာပေါလု အမည် ရှိသော အာလေဇဒြိ မြို့သား ၊ ယုဒ လူ တစ် ယောက်သည် ဧဖက် မြို့သို့ ရောက်လာ ၏။ ထိုသူ သည် နှုတ် သတ္တိနှင့် ပြည့်စုံ၍ ကျမ်းစာ ၌ အားကြီး သောသူဖြစ် ၏။
Myawudi yumu yawamshema Apolu, mwiwuka gwa Alekizandiriya, kiziti Efesu. Kaweriti muntu kana luhala lwa kuyowera na yakawera na marifa makulu ga Malembu Mananagala.
25 ၂၅ သခင် ဘုရား၏ဘာသာ ၌လေ့ကျက် ၍ စိတ် အားကြီး သဖြင့် ၊ သခင် ဘုရား၏ အကြောင်း များကို စေ့စေ့ ဟောပြော ၍ ဆုံးမ ဩဝါဒပေး၏။ သို့သော်လည်း၊ ယောဟန် ၏ ဗတ္တိဇံ ကိုသာ သိ ၏။
Kaweriti kafundwa kuusu njira ayi ya Mtuwa na pakawera motumotu, kabweriti na kufunda kwa unakaka showeru sha Yesu tembera kaweriti kapata ubatizu wa Yohani hera.
26 ၂၆ ထိုသူ သည် တရားစရပ် ၌ ရဲရင့်စွာဟောပြော စ ပြုသဖြင့်၊ အာကုလ နှင့် ပြစ်ကိလ တို့သည် သူ ၏စကား ကို ကြားသောအခါ ၊ သူ့ ကိုယူ ၍ဘုရားသခင် ၏ ဘာသာ တရားကိုသာ၍ သေချာစွာသင်ကြား ကြ၏။
Prisila na Akula pawampikaniriti kankuyowera kwa ugangamala mnumba ya Mlungu, wamtoliti kwawu wamfunda njira ayi ya Mlungu kwa unakaka nentu.
27 ၂၇ ထိုသူ သည် အခါယ ပြည်သို့ သွား ခြင်းငှာအလိုရှိ သည်ဖြစ်၍ ၊ တပည့် တော်ချင်းတို့သည် သူ့ ကိုလက်ခံ မည်အကြောင်း ညီအစ်ကို တို့သည်မှာစာ ကိုပေးလိုက်ကြ၏။ သူ သည်ရောက်လာ လျှင်၊ ကျေးဇူး တော်အားဖြင့် ယုံကြည် သော သူ တို့ကို အလွန် ထောက်မ လေ၏။
Apolu pakaamuiti kugenda Akaya, walongu walii wampananiti moyu kwa kuwalembera wafundwa kulii Akaya wamyangi. Pakiziti aku, kaweziti kwa utanga wa manemu ga Mlungu, kuwatangitira nentu walongu walii wawapatiti kuwera wajimira,
28 ၂၈ ယေရှု သည်ခရစ်တော် ဖြစ် တော်မူကြောင်းကို ကျမ်းစာ အားဖြင့် ထင်ရှားစွာပြ ၍၊ လူ အပေါင်းတို့ရှေ့မှာ ယုဒ လူတို့၏စကားကို အားကြီး စွာ ပယ်ဖျက် လေ၏။
Toziya kendereyiti kuwakanka Wayawudi paweru pakawalanguziya kwa visoweru vya Malembu Mananagala kuwera Yesu ndo Kristu.

< တမန်တော်ဝတ္ထု 18 >