< တမန်တော်ဝတ္ထု 17 >

1 ထိုနောက်၊ အံဖိပေါလိ မြို့၊ အာပေါလောနိ မြို့ကို ရှောက်သွား ၍ သက်သာလောနိတ် မြို့သို့ ရောက် ကြ၏။ ထို မြို့မှာယုဒ တရားစရပ် ရှိ ၏။
Then, passing through Amphipolis and Apollonia, they went to Thessalonica. Here there was a synagogue of the Jews.
2 ပေါလု သည် မိမိထုံးစံ ရှိသည်အတိုင်း ထိုစရပ် သို့ ဝင် ၍ ၊ ဥပုသ်နေ့ သုံး ရက်တွင် ကျမ်းစာ ကိုအမှီပြု ၍ ထိုသူ တို့နှင့် ဆွေးနွေး နှီးနှောသဖြင့်၊
Paul--following his usual custom--betook himself to it, and for three successive Sabbaths reasoned with them from the Scriptures,
3 ခရစ်တော် သည် အသေခံ ရ မည်။ သေ ခြင်းမှ ထမြောက် ရမည်။ ငါ ဟောပြော သောယေရှု သည် ခရစ်တော် ဖြစ် သည်ဟူသောအကြောင်း အရာတို့ကို ရှင်းလင်းစွာဖွင့်ပြ လေ၏။
which he clearly explained, pointing out that it had been necessary for the Christ to suffer and rise again from the dead, and insisting, "The Jesus whom I am announcing to you is the Christ."
4 ထိုသူ အချို့ တို့သည် ယုံကြည် ခြင်းသို့ရောက်၍ ၊ ပေါလု ၊ သိလ တို့နှင့် ပေါင်းဘော် ကြ၏။ ဘုရား ကို ကိုးကွယ်သော ဟေလသ လူ အပေါင်း တို့နှင့် ထင်ရှား သော မိန်းမ များ တို့လည်း ယုံကြည်ကြ၏။
Some of the people were won over, and attached themselves to Paul and Silas, including many God-fearing Greeks and not a few gentlewomen of high rank.
5 ယုဒ လူတို့သည် ဆိုးယုတ် လျှပ်ပေါ် သော သူ အချို့ တို့ကို ခေါ် ၍ လူများကို စုဝေး စေပြီးလျှင် ၊ မြို့ ၌ အုတ်အုတ်သဲသဲ ပြုကြ၏။ ယာသုန် ၏ အိမ် ကိုဝိုင်း ၍ သူ တို့ကို လူ များရှေ့ သို့ ဆွဲထုတ်ခြင်းငှာရှာ ကြ၏။
But the jealousy of the Jews was aroused, and, calling to their aid some ill-conditioned and idle fellows, they got together a riotous mob and filled the city with uproar. They then attacked the house of Jason and searched for Paul and Silas, to bring them out before the assembly of people.
6 မ တွေ့ လျှင်၊ ယာသုန် နှင့် ညီအစ်ကို အချို့ တို့ကို မင်း အရာရှိ တို့ထံသို့ ဆွဲငင် ၍၊ လောကီ နိုင်ငံကို မှောက်လှန် သော ဤသူ တို့သည် ဤ အရပ်တိုင်အောင်ရောက် ကြပါပြီ။
But, failing to find them, they dragged Jason and some of the other brethren before the magistrates of the city, loudly accusing them. "These men," they said, "who have raised a tumult throughout the Empire, have come here also.
7 ယာသုန် သည်လည်း သူ တို့ကို လက်ခံ ပါပြီ။ ထိုသူ အပေါင်း တို့သည် ကဲသာ ဘုရင်၏ အမိန့် တော်ကို ဆန့်ကျင်ဘက် ပြု ၍၊ ယေရှု အမည် ရှိသော ရှင်ဘုရင် တစ်ပါး ရှိ သည်ဆို တတ်ပါ၏ဟု ဟစ်ကြော် လျက် ၊
Jason has received them into his house; and they all set Caesar's authority at defiance, declaring that there is another Emperor-- one called Jesus."
8 မင်း အရာရှိမှစ၍ စုဝေး သောသူတို့၏ စိတ်ကို ထိုသို့သောစကားအားဖြင့်နှောင့်ရှက် ကြ၏။
Great was the excitement among the crowd, and among the magistrates of the city, when they heard these charges.
9 ထိုအခါယာသုန် မှစ၍ ကြွင်း သောသူ တို့ကို အာမခံပေးစေပြီးမှလွှတ် လိုက်ကြ၏။
They required Jason and the rest to find substantial bail, and after that they let them go.
10 ၁၀ ညဉ့် အခါ ညီအစ်ကို တို့သည် ပေါလု နှင့် သိလ ကို ဗေရိ မြို့သို့ ချက်ခြင်း လွှတ် လိုက်ကြ၏။ ထိုမြို့သို့ ရောက် လျှင် ယုဒ တရားစရပ် သို့ ဝင် ကြ၏။
The brethren at once sent Paul and Silas away by night to Beroea, and they, on their arrival, went to the synagogue of the Jews.
11 ၁၁ ဗေရိမြို့သားတို့သည် သက်သာလောနိတ် မြို့သားတို့ထက် ထူးမြတ်သဖြင့် ၊ အလွန်ကြည်ညိုသော စေတနာ စိတ်နှင့် နှုတ်ကပတ် တရားတော်ကိုခံယူ ၍ မှန် သည်မမှန်သည်ကိုသိခြင်းငှာ၊ ကျမ်းစာ ကိုနေ့တိုင်း အစဉ်စေ့စေ့ကြည့်ရှု့ ကြ၏။
The Jews at Beroea were of a nobler disposition than those in Thessalonica, for they very readily received the Message, and day after day searched the Scriptures to see whether it was as Paul stated.
12 ၁၂ ထိုကြောင့် ၊ ယုဒ လူအများ တို့သည် ယုံကြည် ခြင်းသို့ရောက်ကြ၏။ အသရေ ထင်ရှားသော ဟေလသ မိန်းမ တို့နှင့် ယောက်ျား အများတို့သည် လည်း ယုံကြည်ကြ၏။
As the result many of them became believers, and so did not a few of the Greeks--gentlewomen of good position, and men.
13 ၁၃ ပေါလု သည် ဗေရိ မြို့၌ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကိုဟောပြော သည်ကို၊ သက်သာလောနိတ် မြို့သားဖြစ်သော ယုဒ လူ တို့သည် ကြားသိ ရလျှင် ၊ ဗေရိ မြို့သို့လာ ပြန်၍ လူ များတို့ကို တိုက်တွန်း နှိုးဆော် ကြ၏။
As soon, however, as the Jews of Thessalonica learnt that God's Message had been proclaimed by Paul at Beroea, they came there also, and incited the mob to a riot.
14 ၁၄ ထိုအခါ ညီအစ်ကို တို့သည် ပေါလု ကို ပင်လယ် လမ်းဖြင့် သွား စေခြင်းငှာချက်ခြင်း လွှတ် လိုက်ကြ၏။ သိလ နှင့် တိမောသေ တို့သည် နေရစ် ကြ၏။
Then the brethren promptly sent Paul down to the sea-coast, but Silas and Timothy remained behind.
15 ၁၅ ပေါလု ကိုပို့ သောသူ တို့သည် အာသင် မြို့ တိုင်အောင် ပို့ဆောင် ပြီးမှ၊ သိလ နှင့် တိမောသေ တို့ကို အလျင်အမြန် လာ စေခြင်းငှာမှာစာ ကိုခံ ၍ပြန် ကြ၏။
Those who were caring for Paul's safety went with him as far as Athens, and then left him, taking a message from him to Silas and Timothy, asking them to join him as speedily as possible.
16 ၁၆ ပေါလု သည်အာသင် မြို့၌ သိလ နှင့် တိမောသေ တို့ကို ငံ့လင့် ၍ နေစဉ်တွင်၊ ထိုမြို့ သည် ရုပ်တု တို့နှင့် အပြည့်ရှိ သည်ကိုမြင် လျှင် စိတ် ပူပန် ခြင်းသို့ရောက်၏။
While Paul was waiting for them in Athens, his spirit was stirred within him when he noticed that the city was full of idols.
17 ၁၇ ထိုကြောင့် တရားစရပ် ၌ ယုဒ လူမှစ၍ ဘုရား ကို ကိုးကွယ် သော သူ တို့နှင့်၎င်း ၊ လူများစုဝေးရာအရပ်၌ နေ့တိုင်း တွေ့ကြုံ သော သူ တို့နှင့်၎င်း ဆွေးနွေး နှီးနှောခြင်းကိုပြု၏။
So he had discussions in the synagogue with the Jews and the other worshippers, and in the market place, day after day, with those whom he happened to meet.
18 ၁၈ ထိုအခါ ဧပိကုရု တပည့်တို့နှင့် သတောအိတ် ပညာရှိ အချို့ တို့ သည် ပေါလု နှင့်ဆိုင်ပြိုင် ၍၊ အချို့ က၊ ဤ မရေရ သောလူသည် အဘယ်သို့ ပြော ချင် သနည်းဟု ဆို ၏။ အချို့ကလည်း၊ ဤသူသည် တစ်ကျွန်း တစ်နိုင်ငံနတ် ဘုရားတို့၏ အကြောင်းကို ဟောပြော သောသူ ဖြစ် ဟန် ရှိသည်ဟုဆို၏။ ဆိုသည်အကြောင်း ကား၊ ပေါလုသည် ယေရှု ၏ တရားနှင့် ထမြောက် ခြင်း တရားတည်းဟူသောဧဝံဂေလိတရားကို ဟော သတည်း။
A few of the Epicurean and Stoic philosophers also encountered him. Some of them asked, "What has this beggarly babbler to say?" "His business," said others, "seems to be to cry up some foreign gods." This was because he had been telling the Good News of Jesus and the Resurrection.
19 ၁၉ ထိုအခါ ၊ ထိုသူတို့သည် ပေါလု ကိုခေါ် ၍ အာရေ တောင်သို့ ဆောင်သွား ပြီးလျှင်၊ သင် သည် ဟောပြော သော ဤ အယူဝါဒသစ် ကို ငါတို့ သိ အပ် သလော။
Then they took him and brought him up to the Areopagus, asking him, "May we be told what this new teaching of yours is?
20 ၂၀ ငါ တို့မသိမကျွမ်းဘူးသောအရာတို့ကို သင်သည် ကြားပြော ၏။ ထို အရာများကား အဘယ်သို့ ဆိုလို သည် ကို ငါတို့သိ ချင် ပါသည်ဟု ဆို ကြ၏။
For the things you are saying sound strange to us. We should therefore like to be told exactly what they mean."
21 ၂၁ အာသင် မြို့သူမြို့သားအပေါင်း တို့နှင့် ဧည့်သည် များ တို့သည် သိတင်း စကားကိုကြားပြော ခြင်း၊ နားထောင် ခြင်း အမှုမှတစ်ပါးအခြားသော အမှုဖြင့်ကာလကို မ လွန် စေတတ်ကြ။
(For all the Athenians and their foreign visitors used to devote their whole leisure to telling or hearing about something new.)
22 ၂၂ ထိုအခါ ပေါလု သည် အာရေ တောင်ပေါ်၌ ရပ် လျက်၊ အချင်း အာသင် လူတို့ ၊ သင် တို့သည် ခပ်သိမ်း သော အရာတို့၌ နတ်ဘုရားတို့ကို အလွန်ရိုသေ တတ်ကြ သည်ကို ငါမြင် ပါ၏။
So Paul, taking his stand in the centre of the Areopagus, spoke as follows: "Men of Athens, I perceive that you are in every respect remarkably religious.
23 ၂၃ လမ်း ၌သွား၍ သင် တို့၏ ဘုရား များကို ကြည့်ရှု သည်တွင်၊ ငါတို့ မ သိသော ဘုရားသခင် အဘို့ဟူ၍အက္ခရာတင် သောယဇ်ပလ္လင် တစ်ခုကို တွေ့ ပါ၏။ သင်တို့ သည် မ သိဘဲလျက် ကိုးကွယ် သော ဘုရားသခင်၏ အကြောင်း ကို ငါ ဟောပြော ၏။
For as I passed along and observed the things you worship, I found also an altar bearing the inscription, 'TO AN UNKNOWN GOD.' "The Being, therefore, whom you, without knowing Him, revere, Him I now proclaim to you.
24 ၂၄ လောကဓာတ် မှစ၍ လောကဓာတ် ၌ ရှိ လေသမျှသောအရာ တို့ကို ဖန်ဆင်း တော်မူသော ဘုရားသခင် သည်၊ ကောင်းကင် နှင့် မြေကြီး ကို အစိုးရတော်မူသော အရှင် ဖြစ် ၍၊ လူတို့လက် ဖြင့် လုပ်သော ဗိမာန် ၌ ကျိန်းဝပ် တော်မူသည်မ ဟုတ်။
GOD who made the universe and everything in it--He, being Lord of Heaven and earth, does not dwell in sanctuaries built by men.
25 ၂၅ ဘုရားသခင် သည် ခပ်သိမ်း သောသူတို့အား ဇီဝ အသက်နှင့်တကွ ထွက်သက်ဝင်သက် မှစ၍ ခပ်သိမ်း သောအရာ တို့ကို ပေး တော်မူသောအရှင်ဖြစ်၍၊ တစ်စုံတစ်ခု ကို အလို တော်ရှိသကဲ့သို့လူ တို့လက် ဖြင့် ကျွေးမွေး ခြင်းကို ခံတော်မူသည်မ ဟုတ်။
Nor is He ministered to by human hands, as though He needed anything--but He Himself gives to all men life and breath and all things.
26 ၂၆ ဘုရားသခင်သည် မြေ တပြင်လုံး ၌ နေ ရသော လူ အမျိုးမျိုး တို့ ကိုတစ် သွေးတည်းနှင့် ဖန်ဆင်း တော်မူ၍၊ သူတို့အားခွဲဝေ စီမံ သောအချိန် ကာလကို ၎င်း ၊ သူ တို့၏ နေရာ အပိုင်းအခြားကို၎င်း မှတ်သား တော်မူ၏။
He caused to spring from one forefather people of every race, for them to live on the whole surface of the earth, and marked out for them an appointed span of life and the boundaries of their homes;
27 ၂၇ အကြောင်းမူကား၊ လူတို့သည် ဘုရားသခင် ကို ရှာ စမ်း သဖြင့် တွေ့ ကောင်းတွေ့ကြလိမ့်မည်အကြောင်း တည်း။ သို့ဆိုသော်လည်း၊ ဘုရားသခင်သည် ငါ တို့တွင် အဘယ်သူနှင့်မျှဝေး တော်မူသည်မ ဟုတ်။
that they might seek God, if perhaps they could grope for Him and find Him. Yes, though He is not far from any one of us.
28 ၂၈ ငါတို့သည် ဘုရားသခင် အားဖြင့် အသက် ရှင်လျက် ၊ လှုပ်ရှား လျက် ၊ ဖြစ် လျက်ရှိကြ၏။ ထိုသို့နှင့်အညီ၊ သင် တို့တွင် လင်္ကာ ဆရာအချို့ တို့က၊ ငါတို့သည်ကား၊ နွယ်တော်သားပင်၊ ဘုရားမျိုး ပေ ၊ ဖြစ် ကြလေဟု စပ်ဆို သတည်း။
For it is in closest union with Him that we live and move and have our being; as in fact some of the poets in repute among yourselves have said, 'For we are also His offspring.'
29 ၂၉ ထိုသို့ ငါတို့သည် ဘုရားသခင် ၏ အမျိုးအနွယ် ဖြစ် လျက်နှင့် လူတို့ အတတ် အကြံအစည် အားဖြင့်ထုလုပ် သောရွှေ ရုပ်တု ၊ ငွေ ရုပ်တု၊ ကျောက် ရုပ်တုနှင့် ဘုရားသခင် တူ တော်မူသည်ဟု မ ထင် မမှတ်အပ်။
Since then we are God's offspring, we ought not to imagine that His nature resembles gold or silver or marble, or anything sculptured by the art and inventive faculty of man.
30 ၃၀ ဘုရားသခင် သည် မိုက်မဲ သော အချိန် ကာလတို့ကို အမှု မထားဘူးသော်လည်း ၊ ယခု မှာ ကိုယ်အပြစ်ကို မြင်၍ နောင်တရ ကြလော့ဟု ခပ်သိမ်း သော အရပ်တို့၌ ရှိသော လူ အပေါင်း တို့အား ပညတ် တော်မူ၏။
Those times of ignorance God viewed with indulgence. But now He commands all men everywhere to repent,
31 ၃၁ အကြောင်းမူကား ၊ ခန့်ထား တော်မူသော သူ အားဖြင့် လောကီသား တို့ကို ဖြောင့်မတ် ခြင်းတရားနှင့် ညီလျော်စွာစစ်ကြော စီရင် မည့်နေ့ရက် ကို ချိန်းချက် တော်မူပြီ။ ထိုသူ ကို သေ ခြင်းမှ ထမြောက် စေတော်မူသော အားဖြင့်ခပ်သိမ်း သောလူတို့အား ယုံ လောက်သော သက်သေကိုပြတော်မူပြီဟုပေါလုဟောပြော၏။
seeing that He has appointed a day on which, before long, He will judge the world in righteousness, through the instrumentality of a man whom He has pre-destined to this work, and has made the fact certain to every one by raising Him from the dead."
32 ၃၂ သေ သောသူတို့၏ ထမြောက် ခြင်းအကြောင်းကို ကြား ရလျှင် ၊ အချို့ တို့သည် ကဲ့ရဲ့ ကြ၏။ အချို့ တို့က၊ ဤ အမှု မှာ သင် ၏စကားကို ငါတို့သည် နောက် တဖန် နားထောင် ဦးမည်ဟု ဆို ကြ၏။
When they heard Paul speak of a resurrection of dead men, some began to scoff. But others said, "We will hear you again on that subject."
33 ၃၃ ထိုသို့ ဆိုကြသောအခါပေါလု သည် ထိုသူ တို့ အထဲ မှ ထွက်သွား လေ၏။
So Paul went away from them.
34 ၃၄ လူ အချို့ တို့သည် ပေါလု ၌ မှီဝဲ ဆည်းကပ်၍ ယုံကြည် ခြင်းသို့ ရောက်ကြ၏။ ထိုသူ တို့အဝင် ဒယောနုသိ အမည်ရှိသော အာရေ တောင် မင်းတစ်ယောက်၊ ဒမာရိ အမည် ရှိသောမိန်းမ တစ်ယောက်မှစ၍ အခြား သောသူရှိ ကြ၏။
A few, however, attached themselves to him and believed, among them being Dionysius a member of the Council, a gentlewoman named Damaris, and some others.

< တမန်တော်ဝတ္ထု 17 >