< တမန်တော်ဝတ္ထု 17 >
1 ၁ ထိုနောက်၊ အံဖိပေါလိ မြို့၊ အာပေါလောနိ မြို့ကို ရှောက်သွား ၍ သက်သာလောနိတ် မြို့သို့ ရောက် ကြ၏။ ထို မြို့မှာယုဒ တရားစရပ် ရှိ ၏။
Now after passing through Amphipolis and Apollonia, they came to Thessalonica where there was a synagogue of the Jews.
2 ၂ ပေါလု သည် မိမိထုံးစံ ရှိသည်အတိုင်း ထိုစရပ် သို့ ဝင် ၍ ၊ ဥပုသ်နေ့ သုံး ရက်တွင် ကျမ်းစာ ကိုအမှီပြု ၍ ထိုသူ တို့နှင့် ဆွေးနွေး နှီးနှောသဖြင့်၊
And according to Paul's custom, he went in to them, and for three sabbaths he discoursed with them from the scriptures,
3 ၃ ခရစ်တော် သည် အသေခံ ရ မည်။ သေ ခြင်းမှ ထမြောက် ရမည်။ ငါ ဟောပြော သောယေရှု သည် ခရစ်တော် ဖြစ် သည်ဟူသောအကြောင်း အရာတို့ကို ရှင်းလင်းစွာဖွင့်ပြ လေ၏။
explaining and pointing out that it was necessary for the Christ to suffer, and to rise from the dead, and, This Jesus, whom I proclaim to you, is the Christ.
4 ၄ ထိုသူ အချို့ တို့သည် ယုံကြည် ခြင်းသို့ရောက်၍ ၊ ပေါလု ၊ သိလ တို့နှင့် ပေါင်းဘော် ကြ၏။ ဘုရား ကို ကိုးကွယ်သော ဟေလသ လူ အပေါင်း တို့နှင့် ထင်ရှား သော မိန်းမ များ တို့လည်း ယုံကြည်ကြ၏။
And some of them were persuaded, and joined with Paul and Silas, and of the devout Greeks a great quantity, and of the prominent women not a few.
5 ၅ ယုဒ လူတို့သည် ဆိုးယုတ် လျှပ်ပေါ် သော သူ အချို့ တို့ကို ခေါ် ၍ လူများကို စုဝေး စေပြီးလျှင် ၊ မြို့ ၌ အုတ်အုတ်သဲသဲ ပြုကြ၏။ ယာသုန် ၏ အိမ် ကိုဝိုင်း ၍ သူ တို့ကို လူ များရှေ့ သို့ ဆွဲထုတ်ခြင်းငှာရှာ ကြ၏။
But the disobedient Jews having taken along certain evil men of the marketplaces, and having gathered a mob, were rioting the city. And having stood by the house of Jason, they sought to bring them out to the populace.
6 ၆ မ တွေ့ လျှင်၊ ယာသုန် နှင့် ညီအစ်ကို အချို့ တို့ကို မင်း အရာရှိ တို့ထံသို့ ဆွဲငင် ၍၊ လောကီ နိုင်ငံကို မှောက်လှန် သော ဤသူ တို့သည် ဤ အရပ်တိုင်အောင်ရောက် ကြပါပြီ။
And not having found them, they dragged Jason and some brothers to the city rulers, shouting, The men who have agitated the world, these are present here also,
7 ၇ ယာသုန် သည်လည်း သူ တို့ကို လက်ခံ ပါပြီ။ ထိုသူ အပေါင်း တို့သည် ကဲသာ ဘုရင်၏ အမိန့် တော်ကို ဆန့်ကျင်ဘက် ပြု ၍၊ ယေရှု အမည် ရှိသော ရှင်ဘုရင် တစ်ပါး ရှိ သည်ဆို တတ်ပါ၏ဟု ဟစ်ကြော် လျက် ၊
whom Jason has received. And all these men are acting against the decrees of Caesar, asserting another man to be king, Jesus.
8 ၈ မင်း အရာရှိမှစ၍ စုဝေး သောသူတို့၏ စိတ်ကို ထိုသို့သောစကားအားဖြင့်နှောင့်ရှက် ကြ၏။
And they disturbed the multitude and the city rulers when they heard these things.
9 ၉ ထိုအခါယာသုန် မှစ၍ ကြွင်း သောသူ တို့ကို အာမခံပေးစေပြီးမှလွှတ် လိုက်ကြ၏။
And after taking bond from Jason and the other men, they released them.
10 ၁၀ ညဉ့် အခါ ညီအစ်ကို တို့သည် ပေါလု နှင့် သိလ ကို ဗေရိ မြို့သို့ ချက်ခြင်း လွှတ် လိုက်ကြ၏။ ထိုမြို့သို့ ရောက် လျှင် ယုဒ တရားစရပ် သို့ ဝင် ကြ၏။
And the brothers straightaway sent both Paul and Silas away through the night to Berea, who, when they arrived, went into the synagogue of the Jews.
11 ၁၁ ဗေရိမြို့သားတို့သည် သက်သာလောနိတ် မြို့သားတို့ထက် ထူးမြတ်သဖြင့် ၊ အလွန်ကြည်ညိုသော စေတနာ စိတ်နှင့် နှုတ်ကပတ် တရားတော်ကိုခံယူ ၍ မှန် သည်မမှန်သည်ကိုသိခြင်းငှာ၊ ကျမ်းစာ ကိုနေ့တိုင်း အစဉ်စေ့စေ့ကြည့်ရှု့ ကြ၏။
But these were more noble than those in Thessalonica, who received the word with all willingness, examining the scriptures daily, if it has these things this way.
12 ၁၂ ထိုကြောင့် ၊ ယုဒ လူအများ တို့သည် ယုံကြည် ခြင်းသို့ရောက်ကြ၏။ အသရေ ထင်ရှားသော ဟေလသ မိန်းမ တို့နှင့် ယောက်ျား အများတို့သည် လည်း ယုံကြည်ကြ၏။
Indeed therefore many of them believed, also of the prominent Greek women, and of men, not a few.
13 ၁၃ ပေါလု သည် ဗေရိ မြို့၌ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကိုဟောပြော သည်ကို၊ သက်သာလောနိတ် မြို့သားဖြစ်သော ယုဒ လူ တို့သည် ကြားသိ ရလျှင် ၊ ဗေရိ မြို့သို့လာ ပြန်၍ လူ များတို့ကို တိုက်တွန်း နှိုးဆော် ကြ၏။
But when the Jews of Thessalonica also learned that the word of God was proclaimed by Paul at Berea, they came there also, agitating the crowds.
14 ၁၄ ထိုအခါ ညီအစ်ကို တို့သည် ပေါလု ကို ပင်လယ် လမ်းဖြင့် သွား စေခြင်းငှာချက်ခြင်း လွှတ် လိုက်ကြ၏။ သိလ နှင့် တိမောသေ တို့သည် နေရစ် ကြ၏။
But then straightaway the brothers sent Paul away to go as far as to the sea, but both Silas and Timothy remained there.
15 ၁၅ ပေါလု ကိုပို့ သောသူ တို့သည် အာသင် မြို့ တိုင်အောင် ပို့ဆောင် ပြီးမှ၊ သိလ နှင့် တိမောသေ တို့ကို အလျင်အမြန် လာ စေခြင်းငှာမှာစာ ကိုခံ ၍ပြန် ကြ၏။
And those who brought Paul led him as far as Athens. And after taking a command for Silas and Timothy, that they should come to him quickly, they departed.
16 ၁၆ ပေါလု သည်အာသင် မြို့၌ သိလ နှင့် တိမောသေ တို့ကို ငံ့လင့် ၍ နေစဉ်တွင်၊ ထိုမြို့ သည် ရုပ်တု တို့နှင့် အပြည့်ရှိ သည်ကိုမြင် လျှင် စိတ် ပူပန် ခြင်းသို့ရောက်၏။
But while Paul waited for them in Athens, his spirit was aroused within him, seeing the city being completely idolatrous.
17 ၁၇ ထိုကြောင့် တရားစရပ် ၌ ယုဒ လူမှစ၍ ဘုရား ကို ကိုးကွယ် သော သူ တို့နှင့်၎င်း ၊ လူများစုဝေးရာအရပ်၌ နေ့တိုင်း တွေ့ကြုံ သော သူ တို့နှင့်၎င်း ဆွေးနွေး နှီးနှောခြင်းကိုပြု၏။
Indeed therefore he was discoursing in the synagogue with the Jews, and with those who worship, and in the marketplace every day with those who happened by.
18 ၁၈ ထိုအခါ ဧပိကုရု တပည့်တို့နှင့် သတောအိတ် ပညာရှိ အချို့ တို့ သည် ပေါလု နှင့်ဆိုင်ပြိုင် ၍၊ အချို့ က၊ ဤ မရေရ သောလူသည် အဘယ်သို့ ပြော ချင် သနည်းဟု ဆို ၏။ အချို့ကလည်း၊ ဤသူသည် တစ်ကျွန်း တစ်နိုင်ငံနတ် ဘုရားတို့၏ အကြောင်းကို ဟောပြော သောသူ ဖြစ် ဟန် ရှိသည်ဟုဆို၏။ ဆိုသည်အကြောင်း ကား၊ ပေါလုသည် ယေရှု ၏ တရားနှင့် ထမြောက် ခြင်း တရားတည်းဟူသောဧဝံဂေလိတရားကို ဟော သတည်း။
And also some of the Epicurean and Stoic philosophers encountered him. And some said, Whatever does this babbler want to say? But others, He seems to be a proclaimer of strange deities, because he brought the good news-Jesus and the resurrection.
19 ၁၉ ထိုအခါ ၊ ထိုသူတို့သည် ပေါလု ကိုခေါ် ၍ အာရေ တောင်သို့ ဆောင်သွား ပြီးလျှင်၊ သင် သည် ဟောပြော သော ဤ အယူဝါဒသစ် ကို ငါတို့ သိ အပ် သလော။
And having taken him, they brought him to the Areopagus, saying, Can we understand what this new doctrine is, being spoken by thee?
20 ၂၀ ငါ တို့မသိမကျွမ်းဘူးသောအရာတို့ကို သင်သည် ကြားပြော ၏။ ထို အရာများကား အဘယ်သို့ ဆိုလို သည် ကို ငါတို့သိ ချင် ပါသည်ဟု ဆို ကြ၏။
For thou bring some surprising things to our ears. Therefore, we want to know whatever these things aim to be.
21 ၂၁ အာသင် မြို့သူမြို့သားအပေါင်း တို့နှင့် ဧည့်သည် များ တို့သည် သိတင်း စကားကိုကြားပြော ခြင်း၊ နားထောင် ခြင်း အမှုမှတစ်ပါးအခြားသော အမှုဖြင့်ကာလကို မ လွန် စေတတ်ကြ။
Now all the Athenians, and the foreigners who dwell alien there, were at leisure in nothing else, than to tell or to hear something new.
22 ၂၂ ထိုအခါ ပေါလု သည် အာရေ တောင်ပေါ်၌ ရပ် လျက်၊ အချင်း အာသင် လူတို့ ၊ သင် တို့သည် ခပ်သိမ်း သော အရာတို့၌ နတ်ဘုရားတို့ကို အလွန်ရိုသေ တတ်ကြ သည်ကို ငါမြင် ပါ၏။
And having stood in the middle of the Areopagus, Paul said, Athenian men, I perceive you as deity-fearing in all things.
23 ၂၃ လမ်း ၌သွား၍ သင် တို့၏ ဘုရား များကို ကြည့်ရှု သည်တွင်၊ ငါတို့ မ သိသော ဘုရားသခင် အဘို့ဟူ၍အက္ခရာတင် သောယဇ်ပလ္လင် တစ်ခုကို တွေ့ ပါ၏။ သင်တို့ သည် မ သိဘဲလျက် ကိုးကွယ် သော ဘုရားသခင်၏ အကြောင်း ကို ငါ ဟောပြော ၏။
For, passing through and examining your religious objects, I also found an altar on which had been engraved, TO AN UNKNOWN GOD. Whom therefore ye worship unknowingly, him I proclaim to you.
24 ၂၄ လောကဓာတ် မှစ၍ လောကဓာတ် ၌ ရှိ လေသမျှသောအရာ တို့ကို ဖန်ဆင်း တော်မူသော ဘုရားသခင် သည်၊ ကောင်းကင် နှင့် မြေကြီး ကို အစိုးရတော်မူသော အရှင် ဖြစ် ၍၊ လူတို့လက် ဖြင့် လုပ်သော ဗိမာန် ၌ ကျိန်းဝပ် တော်မူသည်မ ဟုတ်။
The God who made the world and all things in it, he, being Lord of heaven and earth, dwells not in temples made with hands,
25 ၂၅ ဘုရားသခင် သည် ခပ်သိမ်း သောသူတို့အား ဇီဝ အသက်နှင့်တကွ ထွက်သက်ဝင်သက် မှစ၍ ခပ်သိမ်း သောအရာ တို့ကို ပေး တော်မူသောအရှင်ဖြစ်၍၊ တစ်စုံတစ်ခု ကို အလို တော်ရှိသကဲ့သို့လူ တို့လက် ဖြင့် ကျွေးမွေး ခြင်းကို ခံတော်မူသည်မ ဟုတ်။
nor is he served by the hands of men, as needing anything, since he himself gives to all life, and breath, with all things.
26 ၂၆ ဘုရားသခင်သည် မြေ တပြင်လုံး ၌ နေ ရသော လူ အမျိုးမျိုး တို့ ကိုတစ် သွေးတည်းနှင့် ဖန်ဆင်း တော်မူ၍၊ သူတို့အားခွဲဝေ စီမံ သောအချိန် ကာလကို ၎င်း ၊ သူ တို့၏ နေရာ အပိုင်းအခြားကို၎င်း မှတ်သား တော်မူ၏။
And he made from one blood every nation of men to dwell upon all the face of the earth, having determined prescribed times, and the limits of their occupancy,
27 ၂၇ အကြောင်းမူကား၊ လူတို့သည် ဘုရားသခင် ကို ရှာ စမ်း သဖြင့် တွေ့ ကောင်းတွေ့ကြလိမ့်မည်အကြောင်း တည်း။ သို့ဆိုသော်လည်း၊ ဘုရားသခင်သည် ငါ တို့တွင် အဘယ်သူနှင့်မျှဝေး တော်မူသည်မ ဟုတ်။
to search for the Lord, if indeed perhaps they might grope for him and find him, although being not far from each one of us.
28 ၂၈ ငါတို့သည် ဘုရားသခင် အားဖြင့် အသက် ရှင်လျက် ၊ လှုပ်ရှား လျက် ၊ ဖြစ် လျက်ရှိကြ၏။ ထိုသို့နှင့်အညီ၊ သင် တို့တွင် လင်္ကာ ဆရာအချို့ တို့က၊ ငါတို့သည်ကား၊ နွယ်တော်သားပင်၊ ဘုရားမျိုး ပေ ၊ ဖြစ် ကြလေဟု စပ်ဆို သတည်း။
For in him we live, and move, and exist, as also some of the performers from you have said, For of him we are also offspring.
29 ၂၉ ထိုသို့ ငါတို့သည် ဘုရားသခင် ၏ အမျိုးအနွယ် ဖြစ် လျက်နှင့် လူတို့ အတတ် အကြံအစည် အားဖြင့်ထုလုပ် သောရွှေ ရုပ်တု ၊ ငွေ ရုပ်တု၊ ကျောက် ရုပ်တုနှင့် ဘုရားသခင် တူ တော်မူသည်ဟု မ ထင် မမှတ်အပ်။
Being therefore offspring of God, we ought not think the Divine to be like gold, or silver, or stone handiwork of the skill and thought of man.
30 ၃၀ ဘုရားသခင် သည် မိုက်မဲ သော အချိန် ကာလတို့ကို အမှု မထားဘူးသော်လည်း ၊ ယခု မှာ ကိုယ်အပြစ်ကို မြင်၍ နောင်တရ ကြလော့ဟု ခပ်သိမ်း သော အရပ်တို့၌ ရှိသော လူ အပေါင်း တို့အား ပညတ် တော်မူ၏။
Indeed therefore having overlooked the times of ignorance, God now commands for all men everywhere to repent.
31 ၃၁ အကြောင်းမူကား ၊ ခန့်ထား တော်မူသော သူ အားဖြင့် လောကီသား တို့ကို ဖြောင့်မတ် ခြင်းတရားနှင့် ညီလျော်စွာစစ်ကြော စီရင် မည့်နေ့ရက် ကို ချိန်းချက် တော်မူပြီ။ ထိုသူ ကို သေ ခြင်းမှ ထမြောက် စေတော်မူသော အားဖြင့်ခပ်သိမ်း သောလူတို့အား ယုံ လောက်သော သက်သေကိုပြတော်မူပြီဟုပေါလုဟောပြော၏။
Because he appointed a day during which he is going to judge the world in righteousness by a man whom he appointed, having provided assurance to all men because he raised him from the dead.
32 ၃၂ သေ သောသူတို့၏ ထမြောက် ခြင်းအကြောင်းကို ကြား ရလျှင် ၊ အချို့ တို့သည် ကဲ့ရဲ့ ကြ၏။ အချို့ တို့က၊ ဤ အမှု မှာ သင် ၏စကားကို ငါတို့သည် နောက် တဖန် နားထောင် ဦးမည်ဟု ဆို ကြ၏။
But when they heard the resurrection of the dead, of course they mocked, but others said, We will hear thee again about this.
33 ၃၃ ထိုသို့ ဆိုကြသောအခါပေါလု သည် ထိုသူ တို့ အထဲ မှ ထွက်သွား လေ၏။
And so Paul departed from among them.
34 ၃၄ လူ အချို့ တို့သည် ပေါလု ၌ မှီဝဲ ဆည်းကပ်၍ ယုံကြည် ခြင်းသို့ ရောက်ကြ၏။ ထိုသူ တို့အဝင် ဒယောနုသိ အမည်ရှိသော အာရေ တောင် မင်းတစ်ယောက်၊ ဒမာရိ အမည် ရှိသောမိန်းမ တစ်ယောက်မှစ၍ အခြား သောသူရှိ ကြ၏။
But some men, having joined with him, believed, among whom was also Dionysius the Areopagite, and a woman named Damaris, and others with them.