< တမန်တော်ဝတ္ထု 14 >
1 ၁ ဣကောနိ မြို့သို့ ရောက် လျှင် ထိုသူ နှစ်ယောက် တို့သည် ယုဒ တရားစရပ် သို့ ဝင် ၍ ဟောပြော သဖြင့် ၊ ယုဒ လူ၊ ဟေလသ လူများ အပေါင်း တို့သည် ယုံကြည် ခြင်းသို့ ရောက်ကြ၏။
And it came to pass in Iconium, that they went both together into the synagogue of the Jews, and so spoke, that a great multitude both of the Jews and also of the Greeks believed.
2 ၂ မယုံကြည် သော ယုဒ လူတို့သည် တစ်ပါး အမျိုးသားတို့ကို နှိုးဆော် ၍ ၊ ညီအစ်ကို တို့အား မနာလို သော စိတ် ရှိစေခြင်းငှာချောစားကြ၏။
But the unbelieving Jews stirred up the Gentiles, and made their minds evil affected against the brethren.
3 ၃ ထိုကြောင့် ကြာမြင့် စွာနေ ၍ သခင် ဘုရား၏ တရားတော်ကို မဆုတ်မဆိုင်း ဟောပြောလေ၏။ သခင် ဘုရားသည်လည်း ကျေးဇူး တရား တော်ဘက်၌ သက်သေခံ တော်မူလျက်၊ တမန်တော် တို့သည် နိမိတ် လက္ခဏာ၊ အံ့ဘွယ် သော အမှုတို့ကိုပြု နိုင်မည်အကြောင်း အခွင့် ပေးတော်မူ၏။
A long time therefore they abode speaking boldly in the Lord, who gave testimony to the word of his grace, and granted signs and wonders to be done by their hands.
4 ၄ ထိုမြို့သူ မြို့သားအပေါင်း တို့သည် ကွဲပြား ခြင်းရှိ ၍၊ အချို့ တို့သည် ယုဒ လူတို့ဘက် ၌၎င်း၊ အချို့ တို့သည် တမန်တော် တို့ဘက် ၌၎င်း နေ ကြ၏။
But the multitude of the city was divided: and part held with the Jews, and part with the apostles.
5 ၅ မင်း အရာရှိတို့နှင့် ယုဒ အမျိုးသား၊ တစ်ပါး အမျိုးသားတို့သည် တမန်တော် တို့ကို ညှဉ်းဆဲ ၍ ကျောက်ခဲ နှင့် ပစ်မည်ဟုတဟုန်တည်း ပြေးလာ ကြသည်အကြောင်းကို၊
And when there was an assault made both of the Gentiles, and also of the Jews with their rulers, to use them despitefully, and to stone them,
6 ၆ တမန်တော်တို့သည်သိ လျှင်၊ လုကောနိ ပြည်၌ လုတ္တရ မြို့၊ ဒေရဗေ မြို့မှစ၍ ကျေးလက် များသို့ ထွက်ပြေး ၍၊
Being aware of it, they fled to Lystra and Derbe, cities of Lycaonia, and to the surrounding region:
7 ၇ ထို အရပ်တို့၌ ဧဝံဂေလိတရားကို ဟောပြော ကြ၏။
And there they preached the gospel.
8 ၈ အမိ ဝမ်း တွင်းကပင် ခြေမစွမ်း သဖြင့်၊ တစ်ခါမျှ မသွား ဘူးသော လူတစ်ယောက်သည် လုတ္တရ မြို့၌ ထိုင် လျက်၊
And there sat a certain man at Lystra, impotent in his feet, being a cripple from his mother’s womb, who had never walked:
9 ၉ ပေါလု ဟောပြော သည်ကို ကြား လေ၏။ ပေါလု သည်လည်း ထိုသူ ကိုစေ့စေ့ ကြည့်ရှု၍ ရောဂါကင်း မည်အကြောင်း သူ၌ယုံကြည် ခြင်းရှိ သည်ကိုသိမြင် လျှင်၊
The same heard Paul speak: who steadfastly beholding him, and perceiving that he had faith to be healed,
10 ၁၀ ထ ၍မတ်တတ် ရပ်လော့ဟု ကြီး သောအသံ နှင့် ဆို သဖြင့်၊ ထိုသူ သည်ရုတ်တရက်ထ ၍ လှမ်းသွား လေ၏။
Said with a loud voice, Stand upright on thy feet. And he leaped and walked.
11 ၁၁ ပေါလု ပြု သောအမှု ကိုမြင် သော လူ အစုအဝေး တို့က၊ နတ်ဘုရား တို့သည် လူ အယောင် ကိုဆောင်၍ ငါ တို့ရှိရာသို့ ဆင်းသက် ပါသည် တကားဟု လုကောနိ ဘာသာစကားအားဖြင့်အသံ ကိုလွှင့် ၍ ဆို ကြ၏။
And when the people saw what Paul had done, they lifted up their voices, saying in the speech of Lycaonia, The gods have come down to us in the likeness of men.
12 ၁၂ ပေါလု သည်သာ၍ဟောပြော သောကြောင့် သူ့ ကို ဟေရမေ ဟူ၍၎င်း ၊ ဗာနဗ ကိုဇုသ ဟူ၍၎င်း ခေါ်ဝေါ် ကြ၏။
And they called Barnabas, Jupiter; and Paul, Mercury, because he was the chief speaker.
13 ၁၃ ထိုမြို့ ရှေ့ ၌ရှိ သော ဇုသ ၏ယဇ် ပုရောဟိတ်သည် နွား နှင့် ပန်းကုံး ကို မြို့တံခါး နားသို့ ယူခဲ့ ၍၊ လူ အစုအဝေးတို့နှင့်တကွ ယဇ် ပူဇော်မည်ပြု သည်ကို၊
Then the priest of Jupiter, who was before their city, brought oxen and garlands to the gates, and would have done sacrifice with the people.
14 ၁၄ တမန်တော် ဗာနဗ နှင့် ပေါလု တို့သည် သိတင်းကြား လျှင်၊ မိမိ တို့အဝတ် ကို ဆုတ် ၍ လူစု ထဲသို့ ပြေး ဝင်လျက်၊
Which when the apostles, Barnabas and Paul, heard of, they tore their clothes, and ran in among the people, crying out,
15 ၁၅ အချင်းလူ တို့၊ အဘယ်ကြောင့် ဤသို့ ပြု ကြသနည်း။ ငါ တို့သည် သင် တို့ကဲ့သို့လောကဓံ တရား၌ ကျင်လည်သောသူ ဖြစ် ပါ၏။ သင် တို့သည် ဤ အချည်းနှီး သောအရာတို့ကို ပယ်ကြ၍၊ ကောင်းကင် ၊ မြေကြီး ၊ သမုဒ္ဒရာ မှစ၍ ၊ အသက် ရှင်တော်မူသော ဘုရားသခင့် ထံတော်သို့ ပြောင်းလဲ ရကြမည်အကြောင်း၊ ငါတို့သည် ဧဝံဂေလိတရားကိုဟောပြော ကြ၏။
And saying, Sirs, why do ye these things? We also are men of like passions with you, and preach to you that ye should turn from these vanities to the living God, who made heaven, and earth, and the sea, and all things that are in them:
16 ၁၆ ရှေးလွန်လေပြီးသောကာလတို့၌ ၊ လူ အမျိုးမျိုး တို့သည် မိမိ တို့အလိုအလျောက် ကျင့်ကြမည် အကြောင်း ဘုရားသခင်သည် အလွတ် ထားတော်မူ၏။
Who in times past allowed all nations to walk in their own ways.
17 ၁၇ သို့သော်လည်း ၊ သင် တို့အား ကျေးဇူး ပြုလျက်၊ အစာ အာဟာရနှင့် ဝပြော ၍ဝမ်းမြောက် စေခြင်းငှာ၊ မိုဃ်း ကောင်းကင်မှ မိုဃ်းရွာ စေတော်မူ၍၊ အသီးအနှံတို့ကို သီး စေတတ်သော ဥတု ကိုပေး တော်မူသော အားဖြင့်၊ ကိုယ်တော် ရှိတော်မူသည်ကို သက်သေ မခံဘဲနေတော်မမူဟု ပေါလုနှင့် ဗာနဗသည်ကြွေးကြော် လေ၏။
Nevertheless he left not himself without witness, in that he did good, and gave us rain from heaven, and fruitful seasons, filling our hearts with food and gladness.
18 ၁၈ ထိုသို့ကြွေးကြော် သဖြင့် လူ အစုအဝေးတို့သည် ယဇ် ပူဇော်ခြင်းကို မ ပြုရမည်အကြောင်း မြစ်တားခဲ သော အမှုကိုမြစ်တား လေ၏။
And with these sayings they scarce restrained the people, from doing sacrifice to them.
19 ၁၉ ထိုအခါ ယုဒ လူတို့သည် အန္တိအုတ် မြို့၊ ဣကောနိ မြို့မှ လာ ကြ၍ လူ အစုအဝေးတို့ကို ညှိညွတ် တိုင်ပင်ပြီးလျှင် ၊ ပေါလု ကို ကျောက်ခဲနှင့်ပစ် ၍ သေ ပြီဟု စိတ်ထင် နှင့် မြို့ ပြင် သို့ ဆွဲငင် ကြ၏။
And there came there certain Jews from Antioch and Iconium, who persuaded the people, and, having stoned Paul, drew him out of the city, supposing him to be dead.
20 ၂၀ တပည့် တော်တို့သည် ဝန်းရံ ၍နေကြစဉ်၊ ပေါလုသည် ထ ၍မြို့ ထဲသို့ ဝင် ပြန်၏။ နက်ဖြန် နေ့၌ ဗာနဗ နှင့်တကွ ဒေရဗေ မြို့သို့ ထွက်သွား လေ၏။
But, as the disciples stood around him, he rose, and came into the city: and the next day he departed with Barnabas to Derbe.
21 ၂၁ ထို မြို့ ၌ ဧဝံဂေလိ တရားကို ဟောပြော၍ လူများ တို့ကို တပည့် တော်ဖြစ်စေပြီးမှ ၊ လုတ္တရ မြို့၊ ဣကောနိ မြို့၊ အန္တိအုတ် မြို့တို့ကို အစဉ်အတိုင်း လှည့်လည်၍ပြန် ကြ၏။
And when they had preached the gospel to that city, and had taught many, they returned again to Lystra, and to Iconium, and to Antioch,
22 ၂၂ ထိုသို့ပြန်ကြစဉ်၊ တပည့် တော်များ၏ စိတ် နှလုံးကို မြဲမြံ ခိုင်ခံ့စေသဖြင့်၊ ယုံကြည် ခြင်း၌ တည်ကြည် မည်အကြောင်း နှိုးဆော် ချီပင့်၍ ၊ ငါ တို့သည် များပြား သောဆင်းရဲ ဒုက္ခကိုခံ၍ ဘုရားသခင် ၏ နိုင်ငံ တော်သို့ ဝင် ရကြမည်ဟု ဟောပြောပြညွှန်ကြ၏။
Confirming the souls of the disciples, exhorting them to continue in the faith, and that we must through much tribulation enter into the kingdom of God.
23 ၂၃ အသင်းတော် များ တို့၌ သင်းအုပ် တို့ကို ခန့်ထား ၍၊ အစာရှောင် လျက် ဆုတောင်း ပဌနာ ပြုပြီးလျှင်၊ သင်းဝင်သူတို့ယုံကြည် သော သခင် ဘုရား၏ လက်တော်သို့ ထိုအသင်းတော်တို့ကို အပ်နှံ ကြ၏။
And when they had ordained for them elders in every church, and had prayed with fasting, they commended them to the Lord, on whom they believed.
24 ၂၄ ပိသိဒိ ပြည်တစ်ပြည်လုံးကို ရှောက်သွား ၍ ပံဖုလိ ပြည်သို့ ရောက် လျှင်၊
And after they had passed throughout Pisidia, they came to Pamphylia.
25 ၂၅ ပေရဂေ မြို့၌ နှုတ်ကပတ် တရားတော်ကို ဟောပြော ၍ အတ္တလိ မြို့သို့ သွား ကြပြန်၏။
And when they had preached the word in Perga, they went down into Attalia:
26 ၂၆ ထိုမြို့ မှ သင်္ဘောစီး၍လွှင့် သဖြင့်၊ မိမိတို့ဆောင်ရွက် ခဲ့ပြီးသော အမှု အလိုငှာ ဘုရားသခင် ၏ ကျေးဇူး တော်သို့ အပ်နှံ ၍ စေလွှတ်သော အန္တိအုတ် မြို့သို့ ရောက်လာကြ၏။
And from there sailed to Antioch, where they had been commended from to the grace of God for the work which they fulfilled.
27 ၂၇ ထိုမြို့သို့ရောက် ပြီးလျှင် သင်းဝင် သူ တို့ကို စုဝေး စေ၍၊ မိမိ တို့အားဖြင့် ဘုရားသခင် သည် ပြု တော်မူသမျှ တို့ကို၎င်း ၊ ယုံကြည် ခြင်း တံခါး ကို တစ်ပါး အမျိုးသားတို့အား ဖွင့် တော်မူကြောင်း ကို၎င်း ပြန်ကြား ကြ၏။
And when they had come, and had gathered the church together, they reported all that God had done with them, and that he had opened the door of faith to the Gentiles.
28 ၂၈ ထိုမြို့၌လည်း၊ တပည့် တော်တို့နှင့်အတူ ကြာမြင့်စွာ နေ ကြ၏။
And there they abode a long time with the disciples.