< တမန်တော်ဝတ္ထု 12 >
1 ၁ ထို အခါ ဟေရုဒ် မင်းကြီး သည် သင်းဝင် သူ အချို့ တို့ကို ညှဉ်းဆဲ ခြင်းငှာစီရင် ၍၊
၁ထိုအခါဟေရုဒ်မင်းကြီးသည် သင်းဝင်သူ အချို့ တို့ကို ညှဉ်းဆဲ ခြင်းငှါစီရင်၍၊
2 ၂ ယောဟန် ၏အစ်ကို ဖြစ်သော ယာကုပ် ကို ဓား နှင့်ကွပ်မျက် လေ၏။
၂ယောဟန်၏အစ်ကိုဖြစ်သော ယာကုပ်ကို ထား နှင့်ကွပ်မျက် လေ၏။
3 ၃ ယုဒ လူတို့သည် အားရ ဝမ်းမြောက်ခြင်း ရှိ သည် ကို မြင် လျှင်၊ အဇုမ ပွဲနေ့ရက် တို့၌ တဖန်ထပ် ၍၊
၃ယုဒလူတို့သည် အားရဝမ်းမြောက်ခြင်း ရှိသည် ကိုမြင်လျှင်၊ အဇုမပွဲနေ့ရက်တို့၌ တဖန်ထပ်၍၊
4 ၄ ပေတရု ကိုလည်း ဘမ်းဆီး ပြီးမှ၊ ပသခါ ပွဲလွန် လျှင် လူ များတို့အား ထုတ်ပေး မည်အကြံ နှင့် အစောင့်အရှောက် စစ်သူရဲ တစ်ကျိပ်ခြောက်ယောက်တို့၌အပ် ၍ ထောင် တွင် လှောင် ထားလေ၏။
၄ပေတရုကိုလည်း ဘမ်းဆီးပြီးမှ၊ ပသခါပွဲလွန်လျှင် လူများတို့အား ထုတ်ပေးမည်အကြံနှင့် အစောင့် အရှောက်စစ်သူရဲ တကျိပ်ခြောက် ယောက်တို့၌အပ်၍ ထောင်တွင်လှောင်ထားလေ၏။
5 ၅ ပေတရု သည်ထောင် ၌ အကျဉ်း နေရစဉ်၊ သင်းဝင် သူ တို့သည် သူ့ ဘို့ ကြိုးစား ၍ ဘုရားသခင် ကို ဆုတောင်း ဝတ်ပြုကြ၏။
၅ပေတရုသည်ထောင်၌ အကျင်းနေရစဉ်၊ သင်း ဝင်သူတို့သည် သူ့ဘို့ကြိုးစား၍ ဘုရားသခင်ကို ဆုတောင်းဝတ်ပြုကြ၏။
6 ၆ ပေတရု သည် ဟေရုဒ် မင်းထုတ် ခါနီး ၊ ညဉ့်အချိန် တွင် သံကြိုး နှစ် စင်းနှင့် ချည်နှောင် ခြင်းကိုခံရလျက်၊ စစ်သူရဲ နှစ် ယောက်တို့အလယ် ၌ အိပ်ပျော် ၍၊ အစောင့် များ တို့သည် ထောင် တံခါး ရှေ့ မှာ စောင့် နေကြ၏။
၆ပေတရုသည် ဟေရုဒ်မင်းထုတ်ခါနီး၊ ညဉ့်အချိန် တွင် သံကြိုး နှစ်စင်းနှင့် ချည်နှောင်ခြင်းကိုခံရလျက်၊ စစ်သူရဲနှစ်ယောက်တို့အလယ်၌ အိပ်ပျော်၍၊ အစောင့် များ တို့သည် ထောင်တံခါးရှေ့မှာ စောင့်နေကြ၏။
7 ၇ ထိုအခါထာဝရ ဘုရား၏ ကောင်းကင် တမန် သည် ပေါ်လာ လျှင် ထောင်အိမ် ၌ အလင်း ထွန်းတောက် လေ၏။ ကောင်းကင်တမန်သည် ပေတရု ၏ နံဖေး ကို ပုတ်ခတ် ၍ ၊ အလျင်အမြန် ထ လော့ဟု ဆို လျက်ထ စေ ၏။ သံကြိုး သည်လည်းပေတရုလက် မှ ကျွတ် လေ၏။
၇ထိုအခါ ထာဝရဘုရား၏ ကောင်းကင်တမန် သည် ပေါ်လာလျှင် ထောင်အိမ်၌ အလင်းထွန်းတောက် လေ၏။ ကောင်းကင်တမန်သည် ပေတရု၏ နံဖေးကို ပုတ်ခတ်၍၊ အလျင်အမြန်ထလော့ဟု ဆိုလျက်ထစေ ၏။ သံကြိုးသည်လည်း ပေတရုလက်မှကျွတ်လေ၏။
8 ၈ ကောင်းကင် တမန်ကလည်း၊ သင် ၏ ခါးပန်းကို စည်း လော့။ ခြေနင်း ကိုလည်းစည်းလော့ဟုဆို လျှင် ၊ ဆိုသည်အတိုင်း ပေတရုပြု ၏။ ဝတ်လုံ ကိုခြုံ ၍ ငါ့ နောက် သို့လိုက်လော့ဟုဆိုပြန်၏။
၈ကောင်းကင်တမန်ကလည်း၊ သင်၏ ခါးပန်းကို စည်းလော့။ ခြေနင်းကိုလည်းစည်းလော့ဟုဆိုလျှင်၊ ဆိုသည်အတိုင်း ပေတရုပြု၏။ ဝတ်လုံကိုခြုံ၍ ငါ့နောက်သို့လိုက်လော့ဟုဆိုပြန်၏။
9 ၉ ပေတရုသည် ထွက် ၍လိုက် သော်လည်း ၊ ကောင်းကင်တမန် ပြု သမျှတို့သည် မှန် သောအမှုအရာဖြစ် သည်ဟု မ သိ မမှတ်ဘဲ၊ မိမိသည် ဗျာဒိတ် ရူပါရုံကို မြင် သည်ဟုထင် လေ၏။
၉ပေတရုသည် ထွက်၍လိုက်သော်လည်း၊ ကောင်းကင်တမန် ပြုသမျှတို့သည် မှန်သောအမှုအရာ ဖြစ်သည်ဟု မသိမမှတ်ဘဲ၊ မိမိသည် ဗျာဒိတ်ရူပါရုံကို မြင်သည်ဟုထင်လေ၏။
10 ၁၀ လူစောင့် နှစ် တန်ကို လွန်သွား ၍ မြို့ ထဲသို့ ဝင် သော သံ တံခါး သို့ ရောက် လျှင်၊ ထို တံခါးသည် အလိုလို ပွင့် သဖြင့် သူ တို့သည်ထွက် ၍ လမ်း တစ် ကြောင်း၌ ရှောက်သွား ပြီးမှ ၊ ကောင်းကင်တမန် သည် ချက်ခြင်း ပေတရု မှ ခွာ ၍ သွားလေ၏။
၁၀လူစောင့်နှစ်တန်ကို လွန်သွား၍ မြို့ထဲသို့ ဝင်သော သံတံခါး သို့ရောက်လျှင်၊ ထိုတံခါးသည် အလိုလို ပွင့်သဖြင့် သူတို့သည်ထွက်၍ လမ်းတကြောင်း၌ ရှောက်သွားပြီးမှ၊ ကောင်းကင်တမန်သည် ချက်ခြင်း ပေတရုမှ ခွါ၍ သွားလေ၏။
11 ၁၁ ပေတရု သည် သတိရလျှင်၊ ယခုပင် သခင် ဘုရားသည် မိမိ ကောင်းကင် တမန်ကို စေလွှတ် ၍ ဟေရုဒ် မင်း လက် မှ ၎င်း ၊ ယုဒ လူ တို့၏ မြော်လင့် ခြင်းမှ ၎င်း၊ ငါ့ ကိုကယ်နှုတ် တော်မူသည် ငါအမှန် သိ ၏ဟု အောက်မေ့ စဉ်၊
၁၁ပေတရုသည် သတိရလျှင်၊ ယခုပင် သခင်ဘုရားသည် မိမိကောင်းကင်တမန်ကို စေလွှတ်၍ ဟေရုဒ်မင်း လက်မှ၎င်း၊ ယုဒလူတို့၏ မြော်လင့်ခြင်းမှ ၎င်း၊ ငါ့ကိုကယ်နှုတ်တော်မူသည် ငါအမှန်သိ၏ဟု အောက်မေ့စဉ်၊
12 ၁၂ လူများ စုဝေး ၍ ဆုတောင်း ရာ၊ မာကု အမည် သစ်ကိုရသော ယောဟန် ၏အမိ ဖြစ်သော မာရိ ၏ အိမ် သို့ရောက် ၍၊
၁၂လူများစုဝေး၍ ဆုတောင်းရာ၊ မာကုအမည် သစ်ကိုရသော ယောဟန်၏အမိဖြစ်သော မာရိ၏ အိမ်သို့ရောက်၍၊
13 ၁၃ အိမ်ဦးတံခါး ကိုခေါက် လေသော်၊ ရောဒေ အမည် ရှိသော မိန်းမငယ်တစ်ယောက်သည် နားထောင် ခြင်းငှာလာ ၍၊
၁၃အိမ်ဦးတံခါးကိုခေါက်လေသော်၊ ရောဒေအမည် ရှိသော မိန်းမငယ်တယောက်သည် နားထောင်ခြင်း ငှါလာ၍၊
14 ၁၄ ပေတရု ၏စကား အသံကိုသိ လျှင် ၊ ဝမ်းမြောက် သော အားဖြင့်တံခါး ကို မ ဖွင့် ဘဲ အထဲ သို့ပြေးဝင်၍၊ ပေတရု သည် တံခါး ရှေ့မှာ ရပ် နေသည်ဟု ကြားပြော ၏။
၁၄ပေတရု၏စကားအသံကိုသိလျှင်၊ ဝမ်းမြောက်သော အားဖြင့် တံခါးကို မဖွင့်ဘဲ အထဲသို့ပြေးဝင်၍၊ ပေတရု သည် တံခါးရှေ့မှာရပ်နေသည်ဟု ကြားပြော၏။
15 ၁၅ ထိုသူ တို့က၊ သင်သည်အရူး ဖြစ်၏ဟု ထို မိန်းမငယ် အားဆို ကြသော်လည်း ၊ ပေတရုအမှန် ရှိ သည်ဟု သူသည်ခိုင်မာ စွာဆိုလျှင်၊ ပေတရု ၏ ကောင်းကင်တမန် ဖြစ် လိမ့်မည်ဟုဆို ကြ၏။
၁၅ထိုသူတို့က၊ သင်သည်အရှုးဖြစ်၏ဟု ထို မိန်းမငယ်အားဆိုကြသော်လည်း၊ ပေတရုအမှန် ရှိသည်ဟု သူသည်ခိုင်မာစွာဆိုလျှင်၊ ပေတရု၏ ကောင်းကင်တမန်ဖြစ်လိမ့်မည်ဟုဆိုကြ၏။
16 ၁၆ ပေတရု သည် ခေါက် ၍နေ သော်၊ တံခါးကို ဖွင့် ကြ၍ သူ့ ကိုမြင် သဖြင့် အလွန်တရာအံ့ဩ ကြ၏။
၁၆ပေတရုသည် ခေါက်၍နေသော်၊ တံခါးကို ဖွင့်ကြ၍ သူ့ကိုမြင် သဖြင့် အလွန်တရာအံ့ဩကြ၏။
17 ၁၇ ပေတရုသည်လည်း ထိုသူ တို့ကိုတိတ်ဆိတ် စွာ နေစေခြင်းငှာမိမိလက် နှင့် အမှတ်ပေး ၍ မိမိ ကို ထောင် ထဲက သခင် ဘုရားနှုတ် တော်မူသော အကြောင်းအရာကို ဘော်ပြ ပြီးမှ ၊ သင်တို့သွား၍ ယာကုပ် နှင့် ညီအစ်ကို တို့အား ဤ အကြောင်းများကို ပြန်ကြား ကြလော့ဟု ဆို ပြီးလျှင်၊ ထွက် ၍အခြား တစ်ပါးသို့ သွား လေ၏။
၁၇ပေတရုသည်လည်း ထိုသူတို့ကိုတိတ်ဆိတ်စွာ နေစေခြင်းငှါ မိမိလက်နှင့်အမှတ်ပေး၍ မိမိကို ထောင်ထဲကသခင်ဘုရားနှုတ်တော်မူ သော အကြောင်းအရာကို ဘော်ပြပြီးမှ၊ သင်တို့သွား၍ ယာကုပ်နှင့် ညီ အစ်ကိုတို့အား ဤအကြောင်းများကို ပြန်ကြားကြလော့ဟု ဆိုပြီးလျှင်၊ ထွက်၍အခြားတပါးသို့သွားလေ၏။
18 ၁၈ မိုဃ်းလင်း သောအခါ စစ်သူရဲတို့သည် ပေတရု ၌ အဘယ်သို့ ဖြစ် သနည်းဟု ရုန်းရင်းခတ် မျှ ဖြစ် ကြ၏။
၁၈မိုဃ်းလင်းသောအခါ စစ်သူရဲတို့သည် ပေတရု၌ အဘယ်သို့ ဖြစ်သနည်းဟု ရုန်းရင်းခတ်မျှ ဖြစ်ကြ၏။
19 ၁၉ ဟေရုဒ် မင်းသည် ပေတရု ကိုရှာ ၍ မ တွေ့ သည် ရှိသော်၊ စောင့်ရှောက် သောသူတို့ကို စစ်ကြော ပြီးမှသတ် မည်အကြောင်းကို စီရင် လေ၏။
၁၉ဟေရုဒ်မင်းသည် ပေတရုကိုရှာ၍ မတွေ့သည် ရှိသော်၊ စောင့်ရှောက်သောသူတို့ကို စစ်ကြောပြီးမှ သတ်မည်အကြောင်းကို စီရင်လေ၏။
20 ၂၀ ထိုနောက် ၊ ဟေရုဒ်မင်းသည် ယုဒ ပြည်မှ ကဲသရိ မြို့သို့ သွား ၍ နေ သည်ရှိသော်၊ တုရု မြို့သားနှင့် ဇိဒုန် မြို့သားတို့ကို အမျက်ထွက် လေ၏။ ထိုသူတို့သည် တစ်ညီတစ်ညွတ် တည်းလာ ကြ၍ ၊ ဗလတ္တု အမည်ရှိသော အတွင်းဝန် ကို ဖျောင်းဖျ ပြီးမှ ၊ အမျက် တော်ပြေမည်အကြောင်း တောင်းပန် ကြ၏။ အကြောင်းမူကား ၊ သူ တို့ပြည် သည်ပြည် တော်ကိုမှီ၍ ကျွေးမွေး ခြင်းကိုခံရ၏။
၂၀ထိုနောက်၊ ဟေရုဒ်မင်းသည် ယုဒပြည်မှ ကဲသရိမြို့သို့သွား၍ နေသည်ရှိသော်၊ တုရုမြို့သားနှင့် ဇိဒုန် မြို့သားတို့ကို အမျက်ထွက်လေ၏။ ထိုသူတို့သည် တညီတညွတ်တည်းလာကြ၍၊ ဗလတ္တုအမည်ရှိသော အတွင်းဝန်ကို ဖျောင်းဖျပြီးမှ၊ အမျက်တော်ပြေမည်အကြောင်း တောင်းပန်ကြ၏။ အကြောင်းမူကား၊ သူတို့ပြည်သည်ပြည်တော်ကိုမှီ၍ ကျွေးမွေးခြင်းကိုခံရ၏။
21 ၂၁ ဟေရုဒ် မင်းသည်လည်းချိန်းချက် သောနေ့ ၌ မင်း မြောက် တန်ဆာ ကိုဝတ်ဆင် ၍ ပလ္လင် တော်ပေါ်မှာ ထိုင် လျက် ထိုသူ တို့အား မိန့် တော်မူ၏။
၂၁ဟေရုဒ်မင်းသည်လည်း ချိန်းချက်သောနေ့၌ မင်းမြောက် တန်ဆာကိုဝတ်ဆင်၍ ပလ္လင်တော်ပေါ်မှာ ထိုင်လျက် ထိုသူတို့အားမိန့် တော်မူ၏။
22 ၂၂ လူ များတို့က၊ ဤအသံသည်လူ ၏အသံ မ ဟုတ်။ ဘုရားသခင် ၏ အသံဖြစ်၏ဟု ကြွေးကြော် ကြသည် ရှိသော်၊
၂၂လူများတို့က၊ ဤအသံသည်လူ၏အသံမဟုတ်။ ဘုရားသခင်၏ အသံဖြစ်၏ဟု ကြွေးကြော်ကြသည် ရှိသော်၊
23 ၂၃ ထို မင်းကြီးသည် ဘုရားသခင် ၏ ဂုဏ် အသရေတော်ကို မ ထောက်ထား သောကြောင့် ၊ ထိုခဏခြင်း တွင် ထာဝရ ဘုရား၏ ကောင်းကင်တမန် သည် ဒဏ်ခတ် ၍၊ ကိုယ်တွင်း၌ ပိုး များကိုက်သဖြင့် အနိစ္စ ရောက်လေ၏။
၂၃ထိုမင်းကြီးသည် ဘုရားသခင်၏ ဂုဏ်အသရေတော်ကို မထောက်ထားသောကြောင့်၊ ထိုခဏခြင်းတွင် ထာဝရဘုရား၏ ကောင်းကင်တမန်သည် ဒဏ်ခတ်၍၊ ကိုယ်တွင်း၌ ပိုးများကိုက်သဖြင့် အနိစ္စရောက်လေ၏။
24 ၂၄ ဘုရားသခင် ၏ သာသနာ တော်သည် တိုးပွား များပြား လာ၏။
၂၄ဘုရားသခင်၏ သာသနာတော်သည် တိုးပွားများပြားလာ၏။
25 ၂၅ ဗာနဗ နှင့် ရှောလု တို့သည် လုပ်ကျွေး ခြင်းအမှုကို ဆောင်ရွက်ပြီး လျှင်၊ မာကု အမည် သစ်ကိုရသော ယောဟန် ကိုလည်း ခေါ် ခဲ့၍ ယေရုရှလင် မြို့မှပြန် ကြ၏။
၂၅ဗာနဗနှင့် ရှောလုတို့သည် လုပ်ကျွေးခြင်းအမှုကို ဆောင်ရွက်ပြီးလျှင်၊ မာကုအမည်သစ်ကိုရသော ယောဟန်ကိုလည်း ခေါ်ခဲ့၍ ယေရုရှလင်မြို့မှပြန်ကြ၏။