< တမန်တော်ဝတ္ထု 11 >
1 ၁ တစ်ပါး အမျိုးသားတို့သည် ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကို ခံယူ ကြသည်ဟု ယုဒ ပြည်၌ ရှိ သောတမန်တော် တို့နှင့် ညီအစ်ကို များတို့သည် ကြားသိ ကြ၏။
Now the apostles and brethren that were in Judea heard that the Gentiles also had received the word of God.
2 ၂ ပေတရု သည် ယေရုရှလင် မြို့သို့ တက်ရောက် လာသောအခါ အရေဖျားလှီး ခြင်းကို ခံသောသူ တို့က၊
And when Peter was come up to Jerusalem, those that were of the circumcision contended with him, saying,
3 ၃ သင်သည် အရေဖျားလှီး ခြင်းကို မခံသော လူ တို့နှင့် ပေါင်းဘော်စား သောက်ပါသည်တကားဟု ဆန့်ကျင်ဘက်ပြု၍ဆို ကြ၏။
Thou wentest in to men uncircumcised and didst eat with them.
4 ၄ ပေတရု သည်လည်း ၊ ထိုအကြောင်းအရာကို အစ မှအဆုံးတိုင်အောင်ဘော်ပြ သည်ကား၊
But Peter began and laid the matter in order before them,
5 ၅ ငါ သည်ယုပ္ပေ မြို့ ၌ ဆုတောင်း စဉ် ဘဝင် ဖြစ် ၍၊ ကောင်းကင် မှ လေး ထောင့် ဖြင့် ချ လွှတ်သော ခြုံထည် ကဲ့သို့သော တန်ဆာ သည် ဆင်းသက် ၍၊ ငါ့ ထံသို့ ရောက်လာ သည်ကို ဗျာဒိတ် ရူပါရုံအားဖြင့် မြင် ၏။
saying, I was praying in the city of Joppa; and in a trance I saw a vision, some thing like a large sheet descending from heaven, let down by the four corners; and it came close to me.
6 ၆ ထို တန်ဆာကို စေ့စေ့ ကြည့်ရှုဆင်ခြင် လျှင်၊ သားရဲ မှစ၍ မြေ ၌ ကျင်လည်သောသားမျိုး ၊ တွား တတ် သော တိရစ္ဆာန်မျိုး၊ မိုဃ်း ကောင်းကင်၌ ကျင်လည်သော ငှက် မျိုးတို့ကိုမြင် ၏။
And looking stedfastly upon it, I observed four-footed creatures and wild beasts, and reptiles, and fowls of the air.
7 ၇ ထိုအခါ ၊ ပေတရု ၊ ထ ၍ သတ် စား လော့ဟု ငါ့ အားပြော သော စကား သံကိုလည်း ငါကြား ၏။
And I heard a voice saying to me, Rise, Peter, kill and eat.
8 ၈ ငါကလည်း မ ဖြစ်နိုင်ပါသခင် ။ ညစ်ညူး သော အရာနှင့် မ စင်ကြယ်သောအရာသည် အကျွန်ုပ် ခံတွင်း ထဲသို့ တရံတစ်ခါ မျှမဝင် ဘူးပါ ဟုပြောဆို ၏။
But I said, By no means, Lord: for nothing polluted or unclean hath ever entered into my mouth.
9 ၉ နောက်တဖန်စကား သံကား၊ ဘုရားသခင် စင်ကြယ် စေတော်မူသောအရာ ကို ညစ်ညူး သည်မ ထင်နှင့်ဟု ကောင်းကင် ထဲက လာ ပြန်၏။
And the voice answered me a second time from heaven, What God hath cleansed do not thou call polluted.
10 ၁၀ ထိုသို့ သုံး ကြိမ်မြောက်အောင် ဖြစ် ပြီးလျှင် ၊ ထိုအရာရှိသမျှ တို့ကို ကောင်းကင် ထဲသို့ ဆွဲယူ ပြန် လေ၏။
And this was done thrice: and then they were all drawn up again to heaven.
11 ၁၁ ထိုခဏခြင်း တွင် ကဲသရိ မြို့မှ ငါ့ ထံသို့ စေလွှတ် သော လူ သုံး ယောက်တို့သည် ငါ ရှိသောအိမ် အနားမှာ ရပ် နေကြ၏။
And behold at that very time there came three men to the house where I was, sent from Cesarea to me.
12 ၁၂ ငါ သည်တွေးတော ခြင်းမ ရှိဘဲ ထိုသူ တို့နှင့်အတူသွား ရမည်အကြောင်းဝိညာဉ် တော်သည် မိန့် တော်မူ၏။ ဤ ညီအစ်ကို ခြောက် ယောက်တို့သည်လည်း ငါ နှင့်အတူ သွား ၍ ထိုသူ ၏အိမ် သို့ ဝင် ကြ၏။
And the Spirit ordered me to go with them, doubting nothing. And these six brethren also came with me, and we entred into the man's house;
13 ၁၃ ကောင်းကင်တမန် သည် သူ ၏အိမ် ၌ ထင်ရှားစွာရပ် လျက်၊ သင်သည်ယုပ္ပေ မြို့သို့ လူတို့ကိုစေလွှတ် ၍ ပေတရု အမည် သစ်ကိုရသော ရှိမုန် ကို ခေါ်ပင့် လော့။
and he told us how he had seen an angel in his house, standing and saying to him, Send men to Joppa, and fetch hither Simon,
14 ၁၄ ထို ပေတရုသည် သင် မှစ၍ သင် ၏ အိမ် ၌ ရှိသမျှ သော သူ တို့ကို ကယ်တင် တော်မူခြင်း တရား စကား ကို သင့် အားဟောပြော လိမ့်မည်ဟု မြွက်ဆို ခဲ့သော အကြောင်းအရာကို ထိုသူသည် ငါ တို့အားပြန်ကြား လေ၏။
whose sirname is Peter, who will tell thee things, by which thou shalt be saved and all thy family.
15 ၁၅ ငါ သည်ဟောပြော စ ပြုစဉ်၊ သန့်ရှင်း သော ဝိညာဉ် တော်သည် ရှေ့ဦးစွာ ငါ တို့အပေါ်သို့ သက်ရောက်တော်မူသည်နည်းတူ ၊ ထိုသူ တို့ အပေါ်သို့ လည်း သက်ရောက် တော်မူ၏။
And when I began to speak, the holy Spirit fell on them, even as it did upon us at the beginning.
16 ၁၆ ယောဟန် သည် ရေ ၌ဗတ္တိဇံ ကိုပေး၏။ သင် တို့ သည် သန့်ရှင်း သော ဝိညာဉ် တော်၌ ဗတ္တိဇံ ကို ခံရကြလိမ့်မည်ဟု သခင် ဘုရား မိန့် တော်မူသော စကား ကို ထိုအခါ ငါအောက်မေ့ ၏။
Then I remembered the word of the Lord, how He said, John indeed baptized with water; but ye shall be baptized with the holy Spirit.
17 ၁၇ သခင် ယေရှု ခရစ် ကို ယုံကြည် သောငါ တို့အား ဘုရားသခင် သည် ဆုကျေးဇူး ကို ပေး တော်မူသည် နည်းတူ ၊ ထိုသူ တို့အားလည်း ပေးတော်မူသည်ဖြစ်သောကြောင့်၊ ငါ သည်အဘယ်သို့ သောသူဖြစ် ၍ ဘုရားသခင် ကို ဆီးတား နိုင် သနည်းဟု ပေတရုဆို၏။
As therefore God gave to them the like gift that He did to us, upon our believing on the Lord Jesus Christ, who was I, that I should be able to withstand God?
18 ၁၈ ဤ အကြောင်းအရာတို့ကို ထိုသူတို့သည် ကြား ရလျှင် မငြင်းဘဲ နေ၍၊ အကယ်စင်စစ်ဘုရားသခင် သည် အသက် ရှင်စေခြင်းအလိုငှာ ၊ နောင်တ တရားကို တပါး အမျိုးသားတို့အားလည်း ပေး တော်မူပြီဟု ဘုရားသခင် ၏ ဂုဏ် တော်ကိုချီးမွမ်းကြ၏။
And when they heard these things they acquiesced, and glorified God, saying, Then hath God given to the Gentiles also repentance unto life.
19 ၁၉ ထိုမှတပါး၊ သတေဖန် ၏အမှုကြောင့် ညှဉ်းဆဲ ခြင်းကိုခံရ၍ အရပ်ရပ်သို့ ကွဲပြား သောသူ တို့သည် ဖိနိတ် ၊ ကုပရု ၊ အန္တိအုတ် မြို့များသို့ တိုင်အောင်သွား၍၊ ယုဒ လူတို့အားသာ နှုတ်ကပတ် တရားတော်ကို ဟောပြော ကြ၏။
Now they that were dispersed by the trouble, which arose about Stephen, travelled as far as Phenicia, and Cyprus, and Antioch, preaching the word to none but the Jews only.
20 ၂၀ နောက်မှထိုသူအချို့ တို့သည် ကုပရု ပြည်သား ၊ ကုရေနေ ပြည်သားဖြစ် ၍ အန္တိအုတ် သို့ သွား ပြီးလျှင်၊ သခင် ယေရှု ၏ အကြောင်းတည်းဟူသောဧဝံဂေလိ တရားကို ဟေလေနစ် လူတို့အား ဟောပြော ကြ၏။
But some of them were Cyprians, and Cyrenians, who when they came to Antioch, discoursed with the Grecians also, preaching the Lord Jesus.
21 ၂၁ သခင် ဘုရား၏လက် ထောက်တော်သည် လူ တို့နှင့်တကွ ရှိ တော်မူသဖြင့် ၊ လူအပေါင်းတို့သည် ယုံကြည် ၍ သခင် ဘုရားထံသို့ ပြောင်းလဲ ကြ၏။
And the hand of the Lord was with them, and a great number believed, and turned unto the Lord.
22 ၂၂ ထို အကြောင်း အရာကို ယေရုရှလင် မြို့၌ ရှိ သော အသင်းတော် သည်ကြား လျှင်၊ အန္တိအုတ် မြို့တိုင်အောင် သွား စေမည်အကြောင်း ဗာနဗ ကိုစေလွှတ် လေ၏။
And the report of these things came to the ears of the church in Jerusalem; and they sent Barnabas to Antioch.
23 ၂၃ ထိုသူ သည် ရောက် ၍ ဘုရားသခင် ၏ ကျေးဇူး တော်ကို မြင် လျှင် ဝမ်းမြောက် ဝမ်းသာခြင်းရှိ၍ ထိုသူအပေါင်းတို့သည် ယုံကြည် သောစိတ် နှင့် သခင် ဘုရားကို မှီဝဲ ဆည်းကပ်မည်အကြောင်း တိုက်တွန်းနှိုးဆော် လေ၏။
Who, when he was come, and saw the grace of God, rejoiced, and exhorted them all with steadiness of heart to adhere to the Lord.
24 ၂၄ ထိုသူ သည် သူတော်ကောင်း ဖြစ် ၍၊ သန့်ရှင်း သော ဝိညာဉ် တော်နှင့်၎င်း၊ ယုံကြည် ခြင်းနှင့် ၎င်း၊ ပြည့်စုံ သောအားဖြင့်၊ လူ များ အပေါင်းတို့သည် သခင် ဘုရားထံသို့ဝင်စား ကြ၏။
For he was a good man, and full of the holy Spirit, and of faith: and many were added unto the Lord.
25 ၂၅ ဗာနဗ သည်လည်း ရှောလု ကို ရှာ လျက် တာရှု မြို့သို့သွား၏။ တွေ့ လျှင်အန္တိအုတ် မြို့သို့ ခေါ် ခဲ့၏။
Then Barnabas departed to Tarsus, to seek Saul: and when he found him, he brought him to Antioch.
26 ၂၆ ထိုသူ တို့သည် တနှစ် ပတ်လုံး ထိုအသင်းတော် နှင့်အတူ စည်းဝေး ၍၊ လူ များ အပေါင်းတို့အား ဆုံးမ ဩဝါဒပေးကြ၏။ တပည့် တော်တို့သည်လည်း ခရစ်ယာန် ဟူသောခေါ်ဝေါ် သမုတ်ခြင်းကို အန္တိအုတ် မြို့၌ အဦး ခံရကြ၏။
And they assembled in the church a whole year, and taught much people: and the disciples were first called Christians at Antioch.
27 ၂၇ ထို အခါ ၌ ပရောဖက် တို့သည် ယေရုရှလင် မြို့မှ အန္တိအုတ် မြို့ သို့ လာ ကြ၏။
And in these days came down prophets from Jerusalem to Antioch.
28 ၂၈ ထိုသူ တို့အဝင် ၊ အာဂဗု အမည် ရှိသော သူ တစ် ယောက်သည်ထ ၍ ၊ မြေ တပြင်လုံး ၌ အစာ အာဟာရ အလွန် ခေါင်းပါးခြင်းဖြစ် လတံ့ဟု ဝိညာဉ် တော်အားဖြင့် ဖော်ပြ ၏။ ထို ခေါင်းပါးခြင်းသည် ကဲသာဘုရင် ကလောဒိ လက်ထက် ၌ဖြစ် သတည်း။
And one of them, named Agabus, stood up and signified by the Spirit, that there would be a great famine over all the earth: which accordingly came to pass in the reign of Claudius Cesar.
29 ၂၉ ထိုအခါ တပည့် တော်တို့သည် အသီးအသီး တတ်နိုင် ကြသည်အတိုင်း ၊ ယုဒ ပြည်၌ နေ သော ညီအစ်ကို တို့အား အကူအမ ပေးလိုက် မည်ဟု၊
And each of the disciples, according to his ability, determined to send relief to the brethren who dwelt in Judea.
30 ၃၀ စီရင် ကြသည်နှင့်အညီဗာနဗ နှင့်ရှောလု တို့တွင် သင်းအုပ် တို့ ထံသို့ ပေး လိုက်ကြ၏။
Which they also did, sending it to the elders by the hand of Barnabas and Saul.