< တမန်တော်ဝတ္ထု 10 >
1 ၁ ကဲသရိ မြို့၌ ဣတလိ တပ်ဟု ခေါ်ဝေါ် သော တပ် တွင် လူတရာ ကိုအုပ်ချုပ်သော တပ်မှူး ကော်နေလိ အမည် တွင်သော သူ တစ် ယောက်ရှိ ၏။
And there was a certain man in Caesarea, by name Cornelius, a centurion from a cohort that is called Italian,
2 ၂ ထိုသူသည် မိမိ အိမ် တွင်ရှိသမျှ သော သူတို့နှင့်တကွ ဘုရားဝတ်၌ မွေ့လျော် ၍ ဘုရားသခင် ကို ကြောက်ရွံ့ ခြင်းရှိသဖြင့် လူ တို့အားများစွာ သော စွန့်ကြဲ ခြင်းကိုပြု ၍ ဘုရားသခင် ကို အစဉ် ဆုတောင်း လေ့ရှိ၏။
pious, and fearing God with all his house, also doing many kind acts to the people, and always imploring God;
3 ၃ တစ်နေ့သ၌ နေသုံးချက်တီး အချိန် တွင် ဘုရားသခင် ၏ ကောင်းကင်တမန် သည်၊ ကော်နေလိ ဟု ခေါ် လျက် ရောက်လာ သည်ကို ထိုသူ သည် ထင်ရှား သော ဗျာဒိတ် ရူပါရုံအားဖြင့် မြင် ရ၏။
he saw in a vision openly, as it were the ninth hour of the day, a messenger of God coming in to him, and saying to him, “Cornelius”;
4 ၄ ကောင်းကင် တမန်ကို စေ့စေ့ ကြည့်လျှင် ထိတ်လန့် ခြင်းရှိသည် ဖြစ်၍ ၊ သခင် ၊ အဘယ် အခင်းရှိ ပါ သနည်းဟု မေး သော် ၊ ကောင်းကင်တမန်က၊ သင် ပြု သောဆုတောင်း ပဌနာနှင့် စွန့်ကြဲ ပေးကမ်းခြင်းတို့သည် ဘုရားသခင့် ရှေ့ တော်၌ အောက်မေ့ စရာဘို့ တက် ကြပြီ။
and he having looked earnestly on him, and becoming afraid, said, “What is it, Lord?” And he said to him, “Your prayers and your kind acts came up for a memorial before God,
5 ၅ ထိုကြောင့် ယခုပင် ယုပ္ပေ မြို့သို့ လူ တို့ကိုစေလွှတ် ၍ ၊ ပေတရု အမည် သစ်ကိုရသော ရှိမုန် ကိုခေါ်ပင့် လော့။
and now send men to Joppa, and send for a certain one Simon, who is surnamed Peter;
6 ၆ ထိုသူ သည်သားရေ လုပ်သမားရှိမုန် ၏ အိမ်၌ တည်း နေ၏။ ထို အိမ် သည် ပင်လယ် နား မှာ ရှိ သည်ဟု ပြောဆို၏။
this one lodges with a certain Simon a tanner, whose house is by the sea; this one will speak to you what you must do.”
7 ၇ ထိုသို့ ပြောဆို သော ကောင်းကင်တမန် သွား ပြီးမှ ၊ ကော်နေလိသည် မိမိငယ်သား နှစ် ယောက်နှင့်တကွ မိမိ ထံ၌မပြတ်ခစား သောလူစုအဝင်၊ ဘုရားဝတ်၌ မွေ့လျော် သော စစ်သူရဲ တစ်ယောက်ကိုခေါ် ၍ ၊
And when the messenger who is speaking to Cornelius went away, having called two of his servants, and a pious soldier of those waiting on him continually,
8 ၈ ထိုအကြောင်းအရာအလုံးစုံ တို့ကို ကြားပြော ပြီးမှယုပ္ပေ မြို့သို့ စေလွှတ် ၏။
and having expounded all things to them, he sent them to Joppa.
9 ၉ နက်ဖြန် နေ့၌ ထိုသူ တို့သည် သွား ၍ ယုပ္ပေမြို့ အနီး သို့ ရောက်ကြသောအခါ ၊ နှစ်ချက်တီးအချိန် တွင် ပေတရု သည် ဆုတောင်း ခြင်းငှာအိမ်မိုး ပေါ်သို့ တက် လေ ၏။
And on the next day, as these are proceeding on the way, and are drawing near to the city, Peter went up on the housetop to pray, about the sixth hour,
10 ၁၀ ဆာမွတ် ၍ အစာ အာဟာရကို အလိုရှိ လျှင် သူတစ်ပါးတို့သည် အစာအာဟာရကို ပြင်ဆင် ကြစဉ်အခါပေတရုသည် ဘဝင် ဖြစ်၍နေသဖြင့်၊
and he became very hungry, and wished to eat; and they making ready, there fell on him a trance,
11 ၁၁ ကောင်းကင် ဖွင့်လှစ် သည်ကို၎င်း ၊ ခြုံထည် ကဲ့သို့ လေး ထောင့် ချုပ်၍ မြေ သို့ ချ လွှတ်သော တန်ဆာ သည် မိမိဆီသို့ဆင်းသက် လာသည် ကို၎င်းမြင် လေ၏။
and he beholds Heaven opened, and a certain vessel descending to him, as a great sheet, bound at the four corners, and let down on the earth,
12 ၁၂ ထို တန်ဆာထဲ၌ သားရဲ မှစ၍ မြေ ၌ကျင်လည်သောသားမျိုး၊ တွား တတ်သော တိရစ္ဆာန်မျိုး၊ မိုဃ်း ကောင်းကင်၌ ကျင်လည်သော ငှက် မျိုး တို့သည်ရှိ ကြ၏။
in which were all the four-footed beasts of the earth, and the wild beasts, and the creeping things, and the birds of the sky,
13 ၁၃ စကား အသံသည်လည်း ၊ ပေတရု ထ ၍ သတ် စား လော့ဟု လာ ၏။
and there came a voice to him: “Having risen, Peter, slay and eat.”
14 ၁၄ ပေတရု ကလည်း ၊ မ ဖြစ်နိုင်ပါသခင် ။ ညစ်ညူး သောအရာ နှင့် မ စင်ကြယ်သောအရာကို အကျွန်ုပ်သည် တရံတစ်ခါ မျှမစား ဘူးပါဟု ပြောဆို ၏။
And Peter said, “Not so, Lord; because at no time did I eat anything common or unclean”;
15 ၁၅ နောက်တစ်ဖန် စကား သံကား၊ ဘုရားသခင် စင်ကြယ် စေတော်မူသောအရာ ကို ညစ်ညူး သည်မ ထင် နှင့်ဟု လာပြန်၏။
and [there is] a voice again a second time to him: “What God cleansed, you do not declare common”;
16 ၁၆ ထိုသို့ သုံး ကြိမ်မြောက်အောင်လာ ပြီးလျှင်၊ ထိုတန်ဆာ ကို ကောင်းကင် ထဲသို့ သိမ်းရုပ် ပြန်လေ၏။
and this was done three times, and again was the vessel received up to Heaven.
17 ၁၇ ပေတရု သည် မိမိမြင် ရသော ဗျာဒိတ် ရူပါရုံ ကား၊ အဘယ်သို့ ဆိုလို သနည်းဟု တွေးတော ဆင်ခြင်၍ နေစဉ်တွင်၊ ကော်နေလိ စေလွှတ် သောသူ တို့သည် ရှိမုန် အိမ် ကို မေးမြန်း ရှာဖွေ၍ တံခါး ရှေ့မှာ ရပ် လျက်၊
And as Peter was perplexed in himself what the vision that he saw might be, then, behold, the men who have been sent from Cornelius, having made inquiry for the house of Simon, stood at the gate,
18 ၁၈ ပေတရု အမည် သစ်ကိုရသော ရှိမုန် သည် ဤမှာတည်း နေပါ သလောဟု မေးမြန်း ဟစ်ခေါ် ကြ၏။
and having called, they were asking if Simon, who is surnamed Peter, lodges here.
19 ၁၉ ပေတရုသည်ထိုဗျာဒိတ် ရူပါရုံကို ဆင်ခြင် ၍နေစဉ်တွင် ဝိညာဉ် တော်က၊ လူ သုံး ယောက်တို့သည် သင့် ကိုရှာ ကြ၏။
And Peter thinking about the vision, the Spirit said to him, “Behold, three men seek you;
20 ၂၀ ထ ၍ဆင်း လော့။ တွေးတော ခြင်းမ ရှိဘဲ ထိုသူ တို့နှင့်အတူ လိုက် သွားလော့။ အကြောင်းမူကား ၊ ထိုသူ တို့သည် ငါ စေလွှတ် သော သူဖြစ်ကြသည်ဟု မိန့်တော်မူလျှင်၊
but having risen, go down and go on with them, doubting nothing, because I have sent them”;
21 ၂၁ ပေတရု သည်ဆင်း ၍ ၊ ငါ ကား၊ သင်တို့ရှာ သော သူ ဖြစ် ၏။ အဘယ် အကြောင်း ရှိ၍ လာ ကြသနည်းဟု ထိုသူ တို့အား မေး ၏။
and Peter having come down to the men who have been sent from Cornelius to him, said, “Behold, I am he whom you seek, what [is] the cause for which you are present?”
22 ၂၂ ထိုသူတို့ကလည်း ဘုရားသခင် ကိုကြောက်ရွံ့ ၍ ၊ ယုဒ လူ အပေါင်း တို့တွင် အသရေ ရှိသော သူတော်ကောင်း တည်းဟူသောတပ်မှူး ကော်နေလိ သည်၊ ကိုယ်တော် ကို မိမိ အိမ် သို့ ခေါ်ပင့် ၍ ကိုယ်တော် ၏ စကား ကို နားထောင် ရမည်အကြောင်း၊ သန့်ရှင်း သော ကောင်းကင်တမန် အားဖြင့် ဗျာဒိတ် တော်ကို ခံရပါသည်ဟု ပြန်ပြော ကြ၏။
And they said, “Cornelius, a centurion, a man righteous and fearing God, well testified to, also, by all the nation of the Jews, was divinely warned by a holy messenger to send for you, to his house, and to hear sayings from you.”
23 ၂၃ ပေတရုသည်လည်းထိုသူ တို့ကို အိမ်ထဲသို့ခေါ် ၍ ဧည့်သည် ဝတ်ကိုပြုလေ၏။ နက်ဖြန် နေ့၌ ထ ၍ ထိုသူ တို့ နှင့်အတူ သွား သဖြင့်၊ ယုပ္ပေ မြို့သားဖြစ်သော ညီအစ်ကို အချို့ တို့သည် လိုက် ကြ၏။
Having called them in, therefore, he lodged them, and on the next day Peter went forth with them, and certain of the brothers from Joppa went with him,
24 ၂၄ ထိုနောက် တနေ့ ၌ ကဲသရိ မြို့သို့ ဝင် ကြ၍၊ ကော်နေလိ သည် မိမိ အဆွေအမျိုး မိတ် ခင်ပွန်းများတို့ကို စုဝေး စေပြီးလျှင်၊ ထိုသူ တို့ကို မြော်လင့် လျက်နေ ကြ၏။
and on the next day they entered into Caesarea; and Cornelius was waiting for them, having called together his relatives and near friends,
25 ၂၅ ပေတရု ရောက်လာ သောအခါ ကော်နေလိ သည် ခရီးဦးကြိုပြု ၍၊ ပေတရု၏ခြေ ရင်း၌ ပြပ်ဝပ် လျက် ကိုးကွယ် လေ၏။
and as it came that Peter entered in, Cornelius having met him, having fallen at [his] feet, worshiped [him];
26 ၂၆ ပေတရု သည် သူ့ ကိုချီပင့် လျက်၊ ထ လော့။ ငါ ကိုယ်တိုင်လူ ဖြစ် သည်ဟုဆို ၏။
and Peter raised him, saying, “Stand up; I am also a man myself”;
27 ၂၇ ထိုသို့နှုတ်ဆက် ၍ ဝင် လေသော် စုဝေး လျက်ရှိ ကြသော လူများ ကိုတွေ့ လျှင်၊
and talking with him he went in, and finds many having come together.
28 ၂၈ ပေတရုက၊ ယုဒ လူ ဖြစ် သောသူတို့သည် တစ်ပါး အမျိုးသားတို့နှင့် မပေါင်းဘော် မချည်းကပ် အပ်သည်ကို သင် တို့သိ ကြ၏။ သို့သော်လည်းညစ်ညူး သည် မ စင်ကြယ်ဟု အဘယ်သူ ကိုမျှ မခေါ် ရမည်အကြောင်း၊ ဘုရားသခင် သည်၊ ငါ့ အားဆုံးမပြသ တော်မူပြီ။
And he said to them, “You know how it is unlawful for a man, a Jew, to keep company with, or to come to, one of another race, but God showed to me to call no man common or unclean;
29 ၂၉ ထိုကြောင့် ငါ့ကိုခေါ် ကြသောအခါငါသည် မ ငြင်းမခုံဘဲလျက် လာ ၏။ သို့ဖြစ်၍ အဘယ် အကြောင်း ကြောင့် ငါ့ ကိုခေါ် ကြသနည်း၊ ငါမေး လိုသည်ဟု ထိုသူ တို့ အား ပြောဆို ၏။
therefore also without contradicting I came, having been sent for; I ask, therefore, for what matter you sent for me?”
30 ၃၀ ကော်နေလိကလည်း၊ အကျွန်ုပ်သည် ယခု အချိန် နာရီတိုင်အောင် အစာရှောင်၍ သုံးချက်တီး အချိန်တွင် အိမ် ၌ ဆုတောင်း လျက် နေ သည်၊ ယခု လေး ရက် ရှိပါပြီ။ ထိုအချိန်၌ လူ တစ်ယောက်သည် ထွန်းတောက် သောအဝတ်ကို ဝတ် လျက် အကျွန်ုပ် ရှေ့မှောက် ၌ရပ် ၍ ၊
And Cornelius said, “Four days ago until this hour, I was fasting, and [at] the ninth hour praying in my house, and behold, a man stood before me in radiant clothing,
31 ၃၁ ကော်နေလိ ၊ သင် ပြုသောပဌနာ ကို ဘုရားသခင် သည် ကြား ၍၊ သင် စွန့်ကြဲ ခြင်းကိုလည်း မှတ် တော်မူပြီ။
and he said, Cornelius, your prayer was heard, and your kind acts were remembered before God;
32 ၃၂ ထိုကြောင့် ယုပ္ပေ မြို့သို့ စေလွှတ် ၍ ပေတရု အမည် သစ်ကို ရသော ရှိမုန် ကို ခေါ်ပင့် လော့။ ထိုသူ သည် ပင်လယ် နား မှာ သားရေ လုပ်သမားရှိမုန် ၏ အိမ် ၌ တည်း နေ၏။ ထိုသူသည်ရောက်လာလျှင် သင့်အား ဟောပြောလိမ့်မည်ဟုပြောဆို ပါ၏။
send, therefore, to Joppa, and call for Simon, who is surnamed Peter; this one lodges in the house of Simon a tanner, by the sea, who having come, will speak to you;
33 ၃၃ ထိုကြောင့် အကျွန်ုပ်သည် ကိုယ်တော် ထံသို့ အလျင်အမြန် စေလွှတ် ၍၊ ကိုယ်တော် သည် ကြွလာ သော အားဖြင့်ကောင်းမွန် စွာပြု ပါ ပြီ။ သို့ဖြစ်၍ ဘုရားသခင် သည် ကိုယ်တော် ၌မှာထား တော်မူသမျှ ကို နားထောင် ခြင်းငှာ၊ ယခု အကျွန်ုပ် တို့ရှိသမျှ သည် ဘုရားသခင် ရှေ့ တော်၌ အသင့် နေကြပါသည်ဟု ကော်နေလိ ပြောဆို ၏။
at once, therefore, I sent to you; you also did well, having come; now, therefore, we are all present before God to hear all things that have been commanded you by God.”
34 ၃၄ ထိုအခါပေတရု သည် နှုတ် ကိုဖွင့် ၍ ၊ အကယ်စင်စစ် ဘုရားသခင် သည် လူ မျက်နှာကို မှတ်တော်မ မူ။
And Peter having opened his mouth, said, “Of a truth, I perceive that God is not favoring by appearance,
35 ၃၅ လူ အမျိုးမျိုး တို့တွင် ဘုရားသခင် ကို ကြောက်ရွံ့ ၍ တရား သဖြင့် ကျင့်ဆောင် သောသူ သည် အထံ တော်၌ မျက်နှာ ရသည်ကို ငါသိမြင် ၏။
but in every nation he who is fearing Him, and is working righteousness, is acceptable to Him;
36 ၃၆ အလုံးစုံ တို့ကို အစိုးရ တော်မူသော သခင်ယေရှု ခရစ် အားဖြင့် ရန်ငြိမ်း ခြင်းတရားတည်းဟူသောဧဝံဂေလိတရားကို ဟော တော်မူလျက်၊ ဣသရေလ အမျိုးသား တို့အား ပေး လိုက်တော်မူသော တရား တော်နှင့်အညီ၊
the word that He sent to the sons of Israel, proclaiming good news—peace through Jesus Christ (this One is Lord of all),
37 ၃၇ ယောဟန် သည် ဗတ္တိဇံ တရားကို ဟော သည် နောက် ဂါလိလဲ ပြည်မှစ၍ ယုဒ ပြည်အရပ်ရပ် တို့၌ နှံ့ပြား သော အကြောင်း အရာကို သင် တို့သည် သိ ကြ၏။
you have known the word that came throughout all Judea, having begun from Galilee, after the immersion that John preached;
38 ၃၈ ထိုအကြောင်းအရာဟူမူကား၊ ဘုရားသခင် သည် သန့်ရှင်း သော ဝိညာဉ် တော်နှင့် ၎င်း၊ တန်ခိုး တော်နှင့်၎င်း၊ နာဇရက် မြို့သားယေရှု ကို ဘိသိက် ပေးတော်မူသဖြင့်၊ ထိုသူ သည် ဘုရားသခင် ၏ အခွင့်တော်နှင့် ကျေးဇူး ပြုလျက်၊ မာရ်နတ် ညှဉ်းဆဲ သော သူ အပေါင်း တို့အား ချမ်းသာ ကို ပေးလျက် လှည့်လည် တော်မူ၏။
Jesus who [is] from Nazareth—how God anointed Him with the Holy Spirit and power; who went through, doing good, and healing all those oppressed by the Devil, because God was with Him;
39 ၃၉ ငါ တို့သည်လည်း ၊ ယေရုရှလင် မြို့မှစ၍ ယုဒ ပြည် တွင် ပြု တော်မူသောအမှု များတို့၏ သက်သေခံ ဖြစ်ကြ၏။ ထိုသူ ကိုသစ် တိုင်၌ ဆွဲ ၍ ကွပ်မျက် ကြလေ၏။
and we are witnesses of all things that He did, both in the country of the Jews, and in Jerusalem—whom they slew, having hanged [Him] on a tree.
40 ၄၀ သုံး ရက်မြောက်သောနေ့ ၌ ဘုရားသခင် သည် ထမြောက် စေတော်မူ၍၊
This One God raised up [on] the third day, and gave Him to become visible,
41 ၄၁ လူ အပေါင်း တို့အား ထင်ရှား စွာပြတော်မ မူ၊ ဘုရားသခင် ခန့်ထား တော်မူနှင့်သော သက်သေခံ တည်းဟူသောငါ တို့အား ထင်ရှားစွာ ပြတော်မူ၏။ သေ ခြင်းမှ ထမြောက် တော်မူသည်နောက် ၊ ထိုသခင် နှင့်အတူငါတို့သည်စား သောက် ရကြ၏။
not to all the people, but to witnesses, to those having been chosen before by God—to us who ate with [Him], and drank with Him, after His rising out of the dead;
42 ၄၂ ထို သခင်သည်လည်း အသက်ရှင် သောသူတို့နှင့် သေ သော သူ တို့ကို တရား စီရင်သောသခင်ဖြစ် စေခြင်းငှာ ၊ ဘုရားသခင် ခန့်ထား တော်မူကြောင်းကို လူ အပေါင်းတို့အား ဟောပြော ကြလော့။ သက်သေခံ ကြ လော့ဟု ငါ တို့အားပညတ် ထားတော်မူ၏။
and He commanded us to preach to the people, and to fully testify that it is He who has been ordained judge of living and dead by God—
43 ၄၃ ထိုသခင် ကို ယုံကြည် သောသူရှိသမျှ တို့သည် နာမ တော် အားဖြင့် အပြစ် လွှတ် တော်မူခြင်း ကျေးဇူးကို ခံရကြလတံ့ဟူ၍ပရောဖက် အပေါင်း တို့သည် ထို သခင်၏ သက်သေခံ ဖြစ်ကြသည်ဟု ပေတရုမြွက်ဆို ၏။
to this One do all the Prophets testify, that through His Name everyone that is believing in Him receives forgiveness of sins.”
44 ၄၄ ထို စကား ကို မြွက်ဆို စဉ် ၊ နှုတ်ကပတ် တရား တော်ကို ကြားနာ ရသော သူ အပေါင်း တို့အပေါ်သို့ သန့်ရှင်း သောဝိညာဉ် တော်သည် သက်ရောက် တော်မူ၏။
While Peter is yet speaking these sayings, the Holy Spirit fell on all those hearing the word,
45 ၄၅ တစ်ပါး အမျိုးသားတို့ အပေါ်သို့ သန့်ရှင်း သော ဝိညာဉ် တော်၏ ကျေးဇူး ကိုသွန်းလောင်း သောကြောင့်၊ အရေဖျားလှီး ခြင်းကို ခံသောသူ တည်းဟူသောပေတရု နှင့် ပါ သမျှ သော တပည့် တော်တို့သည် မိန်းမော တွေဝေခြင်းရှိကြ၏။
and those of circumcision [who were] believing were astonished—as many as came with Peter—because the gift of the Holy Spirit has also been poured out on the nations,
46 ၄၆ အကြောင်းမူကား ၊ ထိုသူ တို့သည် အမျိုးမျိုး သော ဘာသာစကား အားဖြင့်ပြော ၍ ၊ ဘုရားသခင် ကို ချီးမွမ်း သည်ကိုကြား ကြလေ၏။
for they were hearing them speaking with tongues and magnifying God.
47 ၄၇ ထိုအခါ ပေတရု က၊ ငါ တို့ကဲ့သို့ သန့်ရှင်း သော ဝိညာဉ် တော် ကိုခံရ သော ဤ သူ တို့ကို ဗတ္တိဇံ မ ပေးစေခြင်းငှာအဘယ်သူ သည် ရေ ကို မြစ်တား နိုင် သနည်း ဟုဆို လျက်၊
Then Peter answered, “Is anyone able to forbid the water, that these may not be immersed, who received the Holy Spirit—even as us also?”
48 ၄၈ သခင်ဘုရား၏နာမ ၌ ဗတ္တိဇံ ကို ခံစေမည်အကြောင်းစီရင် လေ၏။ ထိုနောက်မှ ပေတရု သည် ကာလ အတန် အရာနေ ပါမည် အကြောင်းကို ထိုသူတို့ သည် တောင်းပန် ကြ၏။
He commanded them to also be immersed in the Name of the LORD; then they implored him to remain certain days.