< ၃ ယောဟန် 1 >

1 အသက်ကြီး သူ သည်ချစ် အပ်သောဂါယု ကိုကြားလိုက်၏။ ငါ သည်သင်၌ မှန်ကန် သောချစ် ခြင်းမေတ္တာရှိ၏။
အသက်ကြီးသူသည်ချစ်အပ်သောဂါယုကိုကြားလိုက်၏။ ငါသည်သင်၌မှန်ကန်သောချစ်ခြင်း မေတ္တာရှိ၏။
2 အချင်းချစ်သူ ၊ သင် ၏စိတ် နှလုံးသည် ကောင်းစား သကဲ့သို့ ၊ သင် သည်အရာရာ ၌ကောင်းစား ခြင်းနှင့် ကျန်းမာ ခြင်းရှိမည်အကြောင်း ငါဆုတောင်း ၏။
အချင်းချစ်သူ၊ သင်၏စိတ်နှလုံးသည် ကောင်းစားသကဲ့သို့၊ သင်သည်အရာရာ၌ကောင်းစားခြင်းနှင့် ကျန်းမာခြင်းရှိမည်အကြောင်း ငါဆုတောင်း၏။
3 သင် သည်သမ္မာတရား ၌ ကျင်လည် သည်အတိုင်း သင် ၌ရှိသောသမ္မာတရား ၏အကြောင်းကို ညီအစ်ကို တို့သည်လာ ၍ သက်သေခံ ကြသောအခါ ၊ ငါသည် အလွန် ဝမ်းမြောက် ခြင်းရှိ၏။
သင်သည်သမ္မာတရား၌ ကျင်လည်သည်အတိုင်း သင်၌ရှိသောသမ္မာတရား၏အကြောင်းကို ညီအစ်ကို တို့သည်လာ၍ သက်သေခံကြသောအခါ၊ ငါသည် အလွန်ဝမ်းမြောက်ခြင်းရှိ၏။
4 ငါ ၏သားသမီး တို့သည် သမ္မာတရား ၌ ကျင်လည် သည်ကို ငါကြား ၍ ဝမ်းမြောက် ခြင်းထက် သာ၍ ဝမ်းမြောက်ခြင်းမ ရှိ ။
ငါ၏သားသမီးတို့သည် သမ္မာတရား၌ ကျင်လည်သည်ကို ငါကြား၍ ဝမ်းမြောက်ခြင်းထက် သာ၍ ဝမ်းမြောက်ခြင်းမရှိ။
5 အချင်းချစ်သူ ၊ သင်သည်ညီအစ်ကို တို့အား၎င်း၊ အာဂန္တု တို့အား၎င်း ပြု သမျှသောဝတ်တို့ကို သစ္စာ နှင့်အညီပြု တတ်၏။
အချင်းချစ်သူ၊ သင်သည်ညီအစ်ကိုတို့အား၎င်း၊ အာဂန္တုတို့အား၎င်း ပြုသမျှသောဝတ်တို့ကို သစ္စာနှင့် အညီ ပြုတတ်၏။
6 ထိုသူ တို့သည် သင် ၏ချစ် ခြင်းမေတ္တာအကြောင်းကို အသင်းတော် ရှေ့ ၌ သက်သေခံ ကြ၏။ သင်သည်ထိုသူ တို့ကို ဘုရားသခင် ၏ အလိုတော်နှင့်အညီပို့ လိုက်ပြန်လျှင်၊ ကောင်း သောအမှုကိုပြု လိမ့်မည်။
ထိုသူတို့သည် သင်၏ချစ်ခြင်းမေတ္တာအကြောင်းကို အသင်းတော်ရှေ့၌ သက်သေခံကြ၏။ သင်သည်ထိုသူတို့ကို ဘုရားသခင်၏ အလိုတော်နှင့်အညီ ပို့လိုက်ပြန်လျှင်၊ ကောင်းသောအမှုကိုပြုလိမ့်မည်။
7 အကြောင်းမူကား ၊ ထိုသူတို့သည် နာမ တော်ကိုထောက် ၍၊ သာသနာပ လူတို့တွင် အလှူ မ ခံဘဲသွား ကြ၏။
အကြောင်းမူကား၊ ထိုသူတို့သည် နာမတော်ကိုထောက်၍၊ သာသနာပလူတို့တွင် အလှူမခံဘဲသွားကြ၏။
8 ငါ တို့သည် သမ္မာတရား ကို ကူမ သောသူ ဖြစ် အံ့သောငှာ ၊ ထိုသို့သော သူတို့အား ဧည့်သည် ဝတ်ကို ပြုအပ် ကြ၏။
ငါတို့သည် သမ္မာတရားကို ကူမသောသူ ဖြစ်အံ့သောငှါ၊ ထိုသို့သောသူတို့အား ဧည့်သည်ဝတ်ကို ပြုအပ်ကြ၏။
9 အသင်းတော် ထံသို့မှာစာကိုငါရေး ၍ ပေးလိုက်လေပြီ။ သို့သော်လည်း ၊ အကဲအမှူး လုပ်ချင်သော ဒယောတရပ် သည် ငါ တို့အားအခွင့် မ ပေး။
အသင်းတော်ထံသို့မှာစာကို ငါရေး၍ ပေးလိုက်လေပြီ။ သို့သော်လည်း၊ အကဲအမှူးလုပ်ချင်သော ဒယောတရပ်သည် ငါတို့အားအခွင့်မပေး။
10 ၁၀ ထိုကြောင့် ၊ ငါလာ သောအခါ သူသည် မိမိပြု သော အမှု ကို မိမိ သတိရ စေခြင်းငှာငါပြုမည်။ ထိုသူ သည်၊ ငြူစူ သောစကား နှင့် ငါ တို့ကို ကဲ့ရဲ့ သည်သာမက ၊ ကဲ့ရဲ့ ခြင်းနှင့် စိတ် မ ပြေဘဲလျက်၊ ညီအစ်ကို တို့ကို ကိုယ်တိုင် လက် မ ခံ၊ လက်ခံ ချင်သောသူ တို့ကိုလည်း မြစ်တား ၍ ၊ အသင်းတော် ထဲက နှင်ထုတ် တတ်၏။
၁၀ထိုကြောင့်၊ ငါလာသောအခါ သူသည် မိမိပြုသောအမှုကို မိမိသတိရစေခြင်းငှါ ငါပြုမည်။ ထိုသူ သည်၊ ငြူစူသောစကားနှင့် ငါတို့ကို ကဲ့ရဲ့သည်သာမက၊ ကဲ့ရဲ့ခြင်းနှင့် စိတ်မပြေဘဲလျက်၊ ညီအစ်ကိုတို့ကို ကိုယ်တိုင်လက်မခံ၊ လက်ခံချင်သောသူတို့ကိုလည်း မြစ်တား၍၊ အသင်းတော်ထဲကနှင်ထုတ်တတ်၏။
11 ၁၁ အချင်းချစ်သူ ၊ မကောင်း သောနည်းကို မ လိုက် နှင့်၊ ကောင်း သောနည်းကိုသာ လိုက်လော့။ ကောင်းသောအကျင့်ကို ကျင့် သောသူ သည် ဘုရားသခင် နှင့်စပ်ဆိုင် ၏ ။ မကောင်းသောအကျင့်ကို ကျင့် သောသူ မူကား၊ ဘုရားသခင် ကို မ သိ မမြင်ရပြီ။
၁၁အချင်းချစ်သူ၊ မကောင်းသောနည်းကို မလိုက်နှင့်၊ ကောင်းသောနည်းကိုသာလိုက်လော့။ ကောင်းသောအကျင့်ကို ကျင့်သောသူသည် ဘုရားသခင်နှင့် စပ်ဆိုင်၏။ မကောင်းသောအကျင့်ကို ကျင့်သောသူမူကား၊ ဘုရားသခင်ကို မသိမမြင်ရပြီ။
12 ၁၂ လူအပေါင်း တို့သည် ဒေမေတရိ ၏ သက်သေ ဖြစ်ကြ၏။ သမ္မာတရား သည်လည်း သူ ၏ သက်သေဖြစ်၏။ ငါ တို့သည်လည်း ထိုသူဘက်၌ သက်သေခံ ကြ၏။ ငါ တို့၏ သက်သေခံ ခြင်းသည် ဟုတ် မှန် သည်ကို သင်တို့ သိ ကြ၏။
၁၂လူအပေါင်းတို့သည် ဒေမေတရိ၏ သက်သေဖြစ်ကြ၏။ သမ္မာတရားသည်လည်း သူ၏ သက်သေ ဖြစ်၏။ ငါတို့သည်လည်း ထိုသူဘက်၌ သက်သေခံကြ၏။ ငါတို့၏ သက်သေခံခြင်းသည် ဟုတ်မှန်သည်ကို သင်တို့ သိကြ၏။
13 ၁၃ ငါ ရေး စရာအကြောင်းအများ ရှိသော်လည်း ၊ မှင် နှင့် မှင်တံ ဖြင့် ရေး ခြင်းငှာအလို မ ရှိ၊
၁၃ငါရေးစရာအကြောင်းအများရှိသော်လည်း၊ မှင်နှင့် မှင်တံဖြင့် ရေးခြင်းငှာ အလိုမရှိ၊
14 ၁၄ မ ကြာမမြင့်မှီသင့် ကို ငါတွေ့မြင် လျှင် အချင်းချင်း နှုတ်ဆက်၍ စကားပြော မည်ဟု မြော်လင့် လျက် နေ၏။ သင် ၌ငြိမ်သက် ခြင်းရှိပါစေသော။ အဆွေ တို့သည် သင့် ကိုနှုတ်ဆက် ကြ၏။ သင်၌ရှိသောအဆွေ တို့၏ နာမည် ကို ထုတ် ၍နှုတ်ဆက် လော့။
၁၄မကြာမမြင့်မှီသင့်ကို ငါတွေ့မြင်လျှင် အချင်းချင်းနှုတ်ဆက်၍ စကားပြောမည်ဟု မြော်လင့်လျက် နေ၏။ သင်၌ငြိမ်သက်ခြင်းရှိပါစေသော။ အဆွေတို့သည် သင့်ကိုနှုတ်ဆက်ကြ၏။ သင်၌ရှိသောအဆွေတို့၏ နာမည်ကို ထုတ်၍နှုတ်ဆက်လော့။

< ၃ ယောဟန် 1 >