< ၂ တိမောသေ 4 >
1 ၁ ကိုယ်တော် တိုင်ပေါ်ထွန်း ၍ နိုင်ငံ တော်ထင်ရှားသောကာလ၊ အသက် ရှင်သောသူ၊ သေ သော သူတို့ကိုစစ်ကြော စီရင်တော်မူသော သခင် ယေရှု ခရစ် ရှေ့ မှာ၎င်း၊ ဘုရားသခင် ရှေ့မှာ၎င်း ၊ ငါသည် သင့်ကို သစ္စာ ပေးသည်ကား
I solemnly charge yoʋ therefore in the presence of God and the Lord Jesus Christ, who will judge the living and the dead when he appears with his kingdom:
2 ၂ နှုတ်ကပတ် တရားတော်ကို ပြော လော့။ အချိန် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကြိုးစားအားထုတ်လော့။ အပြစ်ကိုဖော်ပြ လော့။ ဆုံးမ ခြင်းကိုပြုလော့။ အလွန် ရှည်သောစိတ်နှင့် ဩဝါဒ မျိုးကိုပေး၍ တိုက်တွန်း သွေးဆောင်လော့။
Preach the word, be prepared whether the time is favorable or not, reprove, rebuke, and encourage, with complete patience and careful instruction.
3 ၃ အကြောင်းမူကား ၊ နောင် ကာလ ၌လူ တို့သည် စင်ကြယ် သော ဩဝါဒ ကိုနား မ ခံနိုင်ဘဲ၊ ယား တတ်သော နား ရှိလျှင်၊ မိမိ တပ်မက် ခြင်းအတိုင်း များပြား သော ဆရာ တို့နောက်သို့ လိုက်ကြလိမ့်မည်။
For a time is coming when people will not tolerate sound doctrine, but having itching ears they will surround themselves with teachers to suit their own desires.
4 ၄ သမ္မာတရား ကို နား မထောင်ဘဲ၊ ဒဏ္ဍာရီ စကားကို နားထောင်၍ လွဲ သွားကြလိမ့်မည်။
They will turn their ears away from the truth and be turned aside to myths.
5 ၅ သင် မူကား ၊ အရာရာ ၌ သမ္မာ သတိရှိစေလော့။ ဆင်းရဲ ဒုက္ခကိုသည်းခံလော့။ သာသနာပြု ဆရာ ဆောင်ရွက်ရသောအမှု ကို ဆောင်ရွက် လော့။ ဓမ္မဆရာ အရာ၌ ခန့်ထား၍ ပြုရသောဝတ်များကို အကုန်အစင်ပြုလော့။
But as for yoʋ, be sober-minded in all things, endure hardship, do the work of an evangelist, and fulfill yoʋr ministry.
6 ၆ အကြောင်းမူကား ၊ ငါ့ ကိုယဇ်ပေါ်မှာလောင်း ရသော အချိန်ရှိပြီ။ စုတေ့ ရသောအချိန် ရောက် လေပြီ။
For I am already being poured out like a drink offering, and the time of my departure is at hand.
7 ၇ ကောင်း စွာသော တိုက်လှန် ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်း ကို အဆုံး တိုင်အောင်ပြေးပြီ။ ယုံကြည် ခြင်းတရားကို စောင့်ရှောက် ပြီ။
I have fought the good fight, I have finished the race, I have kept the faith.
8 ၈ ယခု မှစ၍ဓမ္မ သရဖူ သည် ငါ့ အဘို့သိုထား လျက်ရှိ၏။ ထို နေ့ရက် ၌ တရား သဖြင့် စီရင် သောသူ တည်းဟူသောသခင် ဘုရားသည် ထို သရဖူကို ငါ ၌အပ်ပေး တော်မူမည်။ ထိုမျှမက ၊ ပေါ်ထွန်း တော်မူခြင်းကို တောင့်တ သောသူ အပေါင်း တို့၌ လည်း အပ်ပေးတော်မူမည်။
There is now laid up for me a crown of righteousness, which the Lord, the righteous Judge, will give to me on that day, and not only to me, but also to all who have longed for his appearing.
9 ၉ ငါ့ ထံသို့ မြန်မြန် လာ ခြင်းငှာကြိုးစား လော့။
Make every effort to come to me soon.
10 ၁၀ အကြောင်းမူကား၊ ဒေမ သည် ယခု ဘဝ ကို နှစ်သက် သော စိတ်ရှိသည်နှင့် ငါ့ ကိုစွန့်ပစ် ၍၊ သက်သာလောနိတ် မြို့သို့ သွား ပြီ။ ကရက္ကေ သည်ဂလာတိ ပြည်သို့ ၎င်း ၊ တိတု သည် ဒါလမာတိ ပြည်သို့ ၎င်း သွားပြီ။ (aiōn )
For Demas, who is in love with this present world, has deserted me and gone to Thessalonica. Crescens has gone to Galatia, and Titus to Dalmatia. (aiōn )
11 ၁၁ လုကာ တယောက်တည်း သာ ငါ့ ထံမှာရှိ ၏။ မာကု ကိုသင် နှင့်အတူ ခေါ် ခဲ့လော့။ သူသည်ဆရာ အမှုကို ပြုရာမှာ ငါ အကျိုး ရှိ ၏။
Luke alone is with me. Get Mark and bring him with yoʋ, for he is useful to me for ministry.
12 ၁၂ တုခိတ် ကိုလည်း ဧဖက် မြို့သို့ ငါစေလွှတ် ပြီ။
Tychicus I have sent to Ephesus.
13 ၁၃ တရော မြို့တွင် ကာပုလက် ၌ ငါထား ခဲ့သော ဝတ်လုံ ကို၎င်း ၊ စာစောင်ကို၎င်း၊ အထူးသဖြင့် သားရေ စာ ကို၎င်း၊ သင်သည်လာ သောအခါယူခဲ့ လော့။
When yoʋ come, bring the cloak that I left with Carpus in Troas, as well as my scrolls, especially the parchments.
14 ၁၄ ပန်းတိမ် သမားအာလေဇန္ဒြု သည် ငါ ၌မကောင်း သောအမှုအများ ကို ပြု လေပြီ။ ထိုသူ ကျင့်သော အကျင့် တို့၏ အကျိုး အပြစ်ကို သခင် ဘုရား ဆပ်ပေး တော်မူပါစေသော။
Alexander the coppersmith did me great harm. May the Lord repay him according to his works.
15 ၁၅ သူ တို့သတိပြု လော့။ ငါ တို့စကား ကို အလွန် ငြင်းပယ် လေပြီ။
Yoʋ yoʋrself should be on guard against him, for he has vehemently opposed our message.
16 ၁၆ ပဌမ အချိန်၌ အပြစ်တင် ခွင့်ကိုဖြေ၍ ငါ သည် အစီရင်ခံရသောအခါ၊ ငါ့ ဘက် ၌ အဘယ်သူ မျှမနေ။ လူအပေါင်း တို့သည် ငါ့ ကို စွန့်ပစ် ကြ၏။
At my first defense no one came to stand by me; instead, they all deserted me. May it not be counted against them.
17 ၁၇ သူ တို့၌ အပြစ်တင်တော်မ မူပါစေနှင့်။ လူအပေါင်းတို့သည် စွန့်ပစ်ကြသော်လည်း၊ ဒေသနာတော် ကို အကုန်အစင်ဟောပြော ၍၊ ခပ်သိမ်း သောလူမျိုး တို့သည် ကြားသိ စေခြင်းငှာ ၊ သခင် ဘုရားသည် ငါ့ ဘက်၌ နေ ၍ ငါ့ ကို ခွန်အား နှင့် ပြည့်စုံ စေတော်မူသောကြောင့် ၊ ခြင်္သေ့ ခံတွင်း မှ ကယ်နှုတ် ခြင်းချမ်းသာကို ငါ ရ၏။
But the Lord stood by me and strengthened me, so that through me the proclamation might be fully made and all the Gentiles might hear. And I was rescued from the lion's mouth.
18 ၁၈ ထိုမျှမက၊ သခင် ဘုရားသည် မကောင်း သော အမှု ရှိသမျှ ကို ငါ့ ကိုကယ်နှုတ် ၍၊ မိမိ ကောင်းကင် နိုင်ငံ တော်သို့ တိုင်အောင်မစ ပို့ဆောင်တော်မူလိမ့်မည်။ ထိုသခင် သည် ကမ္ဘာ အဆက်ဆက် ဘုန်းကြီး တော်မူစေ သတည်း။ အာမင် ။ (aiōn )
And the Lord will rescue me from every evil deed and preserve me for his heavenly kingdom. To him be the glory forever and ever. Amen. (aiōn )
19 ၁၉ ပြစ်ကိလ နှင့် အာကုလ မှစ၍ ဩနေသိဖော် ၏ အိမ်သူ အိမ်သားများကို နှုတ်ဆက် လော့။
Greet Prisca and Aquila and the household of Onesiphorus.
20 ၂၀ ဧရတ္တု သည် ကောရိန္သု မြို့၌ နေ ၏။ တရောဖိမ် သည် နာ ၍ မိလက် မြို့၌ ငါထား ခဲ့၏။
Erastus stayed in Corinth, and Trophimus, who was sick, I left in Miletus.
21 ၂၁ ဆောင်း ကာလမ ရောက်မှီကြိုးစား ၍ လာ ခဲ့ လော့။ ဥဗုလု ၊ ပုဒေ ၊ လိနု ၊ ကလောဒိ မှစ၍ ညီအစ်ကို အပေါင်း တို့သည် သင့် ကို နှုတ်ဆက် ကြ၏။
Make every effort to come before winter. Eubulus greets yoʋ, and so do Pudens, Linus, Claudia, and all the brothers.
22 ၂၂ သခင် ယေရှုခရစ်သည် သင် ၏စိတ် ဝိညာဉ်နှင့်အတူ ရှိတော်မူပါစေသော။ သင် ၌ ကျေးဇူး တော်ရှိစေသတည်း။ အာမင်။
The Lord Jesus Christ be with yoʋr spirit. Grace be with you. Amen.