< ၂ သက်သာလောနိတ် 3 >

1 ကြွင်း သေးသော စကားဟူမူကား၊ ညီအစ်ကို တို့၊ သခင် ဘုရား၏ နှုတ်ကပတ် တရားသည် သင် တို့တွင် နှံ့ပြား၍ ဘုန်း ထင်ရှားခြင်းရှိသကဲ့သို့ ၊ အရပ်ရပ်တို့၌ ထင်ရှားမည်အကြောင်းနှင့်၊
FINALLY, brethren, pray for us, that the word of the Lord may run, and be glorified, even as among you;
2 အကျိုးအကြောင်းကို မသိမမှတ်၊ ဆိုးညစ် သော သူ တို့လက်မှ ငါတို့ကို ကယ်လွှတ် တော်မူမည် အကြောင်း ၊ ငါ တို့အဘို့ ဆုတောင်း ကြလော့။ လူ တိုင်း သစ္စာ ရှိသည် မ ဟုတ်။
and that we may be delivered from unreasonable and wicked men: for there is not faith in all.
3 သို့သော်လည်း ၊ သခင် ဘုရားသည် သစ္စာ နှင့် ပြည့်စုံတော်မူ၏။ သင် တို့ကိုမြဲမြံ စေ၍ ၊ မကောင်း အမှုအရာနှင့် ကင်းလွတ်စေခြင်းငှာစောင့်မ တော်မူလိမ့်မည်။
But the Lord is faithful, who will stablish you, and keep you from the wicked one.
4 ငါတို့ပညတ် သည် အတိုင်း သင်တို့သည် ယခုကျင့် ကြ၏။ နောက်၌လည်း ကျင့် ကြလိမ့်မည်ဟု သခင် ဘုရားကို အမှီပြု ၍ ငါတို့သည် ယုံမှား ခြင်းမရှိ။
But we have confidence in the Lord towards you, that the things which we have enjoined you, ye both do, and will do.
5 ဘုရားသခင် ကို ချစ် စေခြင်းငှာ၎င်း၊ ခရစ်တော် ၏နည်းတူသည်းခံ စေခြင်းငှာ၎င်း၊ သခင် ဘုရားသည် သင် တို့စိတ် နှလုံးကို ပြင်ဆင် တော်မူပါစေသော။
And the Lord direct your hearts into the love of God, and into the patience of Christ.
6 တနည်းကား၊ ညီအစ်ကို တို့၊ ငါ တို့ထံ၌ ခံ သော နည်း ဥပဒေသအတိုင်း မ ကျင့် ဘဲ၊ မတရား စွာပြုသော ညီအစ်ကို ရှိသမျှ တို့ကို ရှောင် ကြလော့ဟု ငါ တို့သခင် ယေရှု ခရစ် ၏ နာမ တော်အားဖြင့် ငါတို့သည် ပညတ် ထား ကြ၏။
Now we command you, brethren, in the name of our Lord Jesus Christ, to withdraw yourselves from every brother who walketh disorderly, and not according to the injunction which he hath received from us.
7 အကြောင်းမူကား ၊ ငါ တို့ပေးသော ပုံသက်သေကိုလိုက် ၍ သင်တို့သည် အဘယ်သို့ ကျင့်ရ မည်ဟု သင်တို့ ကိုယ်တိုင် သိ ကြ၏။ ငါတို့သည် သင် တို့တွင် မတရား စွာ ပြုကြသည်မ ဟုတ်။
For ye yourselves know how ye ought to imitate us; for we behaved not ourselves disorderly among you,
8 အဘယ်သူ ၏ အစာ ကိုမျှအလိုအလျောက်မ စား ။ သင် တို့တွင် တစ်ယောက် ကိုမျှ မ နှောင့်ရှက် ခြင်းငှာ၊ ပင်ပန်း စွာ ကြိုးစား အားထုတ်၍ နေ့ ညဉ့် မပြတ်လုပ်ဆောင် ကြ၏။
neither did we eat bread with any man unpaid for, but with labour and toil worked night and day, that we might be burdensome to none of you:
9 ထိုသို့ပြုသော်လည်း ၊ မ ခံမယူပိုင် သောကြောင့် ပြုသည်မ ဟုတ်။ သင် တို့လိုက် စရာဘို့ ပုံ သက်သေဖြစ် စေခြင်းငှာ ပြုကြ၏။
not that we have not such power, but that we might be ourselves an example for you to imitate.
10 ၁၀ အဘယ်သို့ နည်းဟူမူကား၊ သင် တို့နှင့်အတူ ရှိ နေစဉ်အခါ ၊ အလုပ်မ လုပ် ချင် သောသူ မည်သည်ကား၊ အစာကိုလည်းမ စား စေနှင့်ဟု ပညတ် ထားကြပြီ။
For when we were with you, this we enjoined you, that if a man would not work, neither should he eat.
11 ၁၁ မတရား စွာပြု၍ အဘယ် အလုပ် ကိုမျှ မလုပ်ဘဲ၊ ကိုယ်နှင့်မဆိုင်သောအမှု၌ ရောနှော သော သူအချို့ တို့သည် သင် တို့တွင် ရှိ ကြောင်းကို ငါတို့ကြား ရကြ၏။
For we hear that there are some among you who walk disorderly, doing no work, but being busy-bodies.
12 ၁၂ ထိုသို့သော သူတို့သည် ငြိမ်ဝပ် စွာ လုပ်ဆောင် ၍၊ ကိုယ် အစာ ကို စား မည်အကြောင်း ၊ ငါတို့သခင် ယေရှု ခရစ် အားဖြင့် ငါတို့သည် ပညတ် ထား၍ ၊ တိုက်တွန်း သွေးဆောင်ကြ၏။
Now such we command, and conjure, by our Lord Jesus Christ, that with quietness they labour, and eat their own bread.
13 ၁၃ ညီအစ်ကို တို့အားလျော့ စိတ်ပျက်ခြင်းမ ရှိဘဲကောင်း သောအကျင့်ကို ကျင့်ကြလော့။
But ye, brethren, be not weary of well doing.
14 ၁၄ ဤ စာ ၌ ငါ တို့ရေးထားသော ပညတ် စကားကို တစ်စုံတစ်ယောက် သောသူသည် နား မ ထောင်ဘဲ နေလျှင် ၊ ထို သူကိုမှတ် ကြလော့။ ရှက်ကြောက် စေခြင်းငှာ ၊ အပေါင်းအဖေါ် မ လုပ်ကြနှင့်။
And if any man obey not our word by letter, mark that man, and maintain no society with him, that he may be ashamed.
15 ၁၅ သို့သော်လည်း ၊ ရန်သူ ကဲ့သို့ မ မှတ် ၊ ညီအစ်ကို ကဲ့သို့ မှတ်၍ သတိပေး ကြလော့။
Yet regard him not as an enemy, but admonish him as a brother.
16 ၁၆ ငြိမ်သက် ခြင်း၏ သခင် သည် ကိုယ်တော် တိုင် သင် တို့၌ အစဉ်မပြတ်ခပ်သိမ်း သော အမူအရာ အားဖြင့် ငြိမ်သက် ခြင်းကို ပေး သနားတော်မူပါစေသော။ သခင် ဘုရားသည် သင် တို့အပေါင်း နှင့်အတူ ရှိတော်မူပါစေသော။
And the Lord of peace himself give you peace, by every means, in every situation. The Lord be with you all.
17 ၁၇ ငါ ပေါလု သည်သင်တို့ကို နှုတ်ဆက် ခြင်းအချက်ကို ကိုယ်လက် နှင့်ရေး ထား၏။ ဤသို့ရေးထား လေ့ရှိ၍၊ ငါရေးသမျှ သော ဩဝါဒ၏ လက္ခဏာ ဖြစ် ၏။
The salutation of Paul with my own hand, which is my sign in every letter: so I write.
18 ၁၈ ငါ တို့သခင် ယေရှု ခရစ် ၏ ကျေးဇူး တော်သည် သင် တို့အပေါင်း ၌ ရှိ စေသတည်း။ အာမင်။
The grace of our Lord Jesus Christ be with you all. Amen. The second epistle was written to the Thessalonians from Athens.

< ၂ သက်သာလောနိတ် 3 >