< ၂ ဓမ္မရာဇဝင် 9 >
1 ၁ တဖန် ဒါဝိဒ် က၊ ငါသည် ယောနသန် အတွက် ကျေးဇူး ပြု စရာ အခွင့်ရှိစေခြင်းငှါ ၊ ရှောလု အဆွေအမျိုး တစုံတယောက် ကျန်ကြွင်း သေး သလော ဟုမေး သော်၊
AND David said, Is there yet any that is left of the house of Saul, that I may shew him kindness for Jonathan’s sake?
2 ၂ ဇိဘ အမည် ရှိသော ရှောလု ၏အဆွေအမျိုး နှင့်ဆိုင်သော ကျွန် တယောက်ကို အထံ တော်သို့သွင်း၍ ရှင် ဘုရင်က၊ သင် သည် ဇိဘ မှန်သလောဟုမေး လျှင် ၊ ကိုယ်တော် ကျွန် မှန်ပါသည်ဟု ပြန်လျှောက် လေ၏။
And there was of the house of Saul a servant whose name was Ziba. And when they had called him unto David, the king said unto him, Art thou Ziba? And he said, Thy servant is he.
3 ၃ ရှင် ဘုရင်ကလည်း ၊ ဘုရား သခင့်အလိုတော်အတိုင်း ငါကျေးဇူး ပြု စရာ အခွင့်ရှိစေခြင်းငှါ ၊ ရှောလု အဆွေအမျိုး တစုံတယောက် မျှမ ရှိသလော ဟု မေး လျှင် ဇိဘ က၊ ယောနသန် ၌ ခြေဆွံ့ သောသား တယောက်ရှိပါသေး ၏ဟု လျှောက် သော်၊
And the king said, Is there not yet any of the house of Saul, that I may shew the kindness of God unto him? And Ziba said unto the king, Jonathan hath yet a son, which is lame on his feet.
4 ၄ ရှင် ဘုရင်က၊ သူ သည်အဘယ်မှာ ရှိသနည်းဟုမေး ပြန်လျှင် ၊ ဇိဘ က၊ လောဒေဗာ ရွာ၊ အမျေလ သား မာခိရ အိမ် ၌ ရှိ ပါသည်ဟု လျှောက် ၏။
And the king said unto him, Where is he? And Ziba said unto the king, Behold, he is in the house of Machir, the son of Ammiel, in Lo-debar.
5 ၅ ထိုအခါ ဒါဝိဒ် သည် စေလွှတ် ၍ ရှောလု ၏သား ဖြစ်သော ယောနသန် ၏သား မေဖိဗောရှက် ကို၊ လောဒေဗာ ရွာ၊ အမျေလ သား မာခိရ အိမ် မှ ခေါ် ခဲ့၍၊
Then king David sent, and fetched him out of the house of Machir, the son of Ammiel, from Lo-debar.
6 ၆ သူသည်အထံ တော်သို့ ရောက် သောအခါ ပြပ်ဝပ် လျက် ရှိခိုး လေ၏။ ဒါဝိဒ် ကလည်း ၊ မေဖိဗောရှက် ဟုခေါ် လျှင် ၊ ကိုယ်တော် ကျွန် ရှိ ပါသည်ဟုလျှောက် လေ၏။
Now when Mephibosheth, the son of Jonathan, the son of Saul, was come unto David, he fell on his face, and did reverence. And David said, Mephibosheth. And he answered, Behold thy servant!
7 ၇ ဒါဝိဒ် ကလည်း မ စိုးရိမ် နှင့်။ သင် ၏အဘ ယောနသန် အတွက် ငါသည်သင် ၌ ဆက်ဆက်ကျေးဇူး ပြု မည်။ သင့် အဘို့ ရှောလု ပိုင်သမျှ သောမြေ ကို ငါပြန် ပေးမည်။ သင် သည် နေ့တိုင်း အစဉ်ငါ့ စားပွဲ ၌ စား ရမည်ဟုဆို သော်၊
And David said unto him, Fear not: for I will surely shew thee kindness for Jonathan thy father’s sake, and will restore thee all the land of Saul thy father; and thou shalt eat bread at my table continually.
8 ၈ မေဖိဗောရှက်က၊ ကျွန်တော် ကဲ့သို့ ဖြစ်ရသော ခွေး သေ ကောင်ကို ကိုယ်တော်ကြည့်ရှု ရမည်အကြောင်း ၊ ကိုယ်တော် ကျွန် သည် အဘယ်သို့ သောသူဖြစ်ပါသနည်း ဟု ဦးချ ၍ ပြန်လျှောက် ၏။
And he bowed himself, and said, What is thy servant, that thou shouldest look upon such a dead dog as I am?
9 ၉ ထိုအခါ ရှင် ဘုရင်သည် ရှောလု ၏ကျွန် ဇိဘ ကို ခေါ် ၍ ၊ ရှောလု နှင့် သူ ၏အဆွေအမျိုး များ ပိုင်ထိုက်သမျှ တို့ ကို သင့် သခင် ၏သား အား ငါပေး ပြီ။
Then the king called to Ziba, Saul’s servant, and said unto him, I have given unto thy master’s son all that pertained to Saul and to all his house.
10 ၁၀ သင် သည်သင် ၏သား ကျွန် တို့နှင့်တကွ လယ် လုပ် ၍ သင့် သခင် ၏သား စားစရာ ဘို့ အသီးအနှံကို သွင်း ရမည်။ သို့ရာတွင် သင့် သခင် ၏သား မေဖိဗောရှက် သည် နေ့တိုင်း အစဉ် ငါ့ စားပွဲ ၌ အစာ စား ရမည်ဟု မိန့် တော်မူ၏။ ဇိဘ ၌ သား တဆယ် ငါး ယောက်နှင့် ကျွန် နှစ် ဆယ်ရှိ၏။
Thou therefore, and thy sons, and thy servants, shall till the land for him, and thou shalt bring in the fruits, that thy master’s son may have food to eat: but Mephibosheth thy master’s son shall eat bread alway at my table. Now Ziba had fifteen sons and twenty servants.
11 ၁၁ ဇိဘ ကလည်း ၊ ကျွန်တော် သခင် အရှင် မင်းကြီးသည် ကိုယ်တော် ကျွန် ကို မှာ ထားတော်မူသမျှ အတိုင်း ၊ ကိုယ်တော် ကျွန် ပြု ပါမည်ဟု နားတော်လျှောက် ၏။ ထိုနောက် ၊ မေဖိဗောရှက် သည် ရှင်ဘုရင် ၏သားရင်း ကဲ့သို့ စားပွဲ တော်၌ အစာစား ရ၏။
Then said Ziba unto the king, According to all that my lord the king hath commanded his servant, so shall thy servant do. As for Mephibosheth, said the king, he shall eat at my table, as one of the king’s sons.
12 ၁၂ မေဖိဗောရှက် ၌ မိက္ခါ အမည် ရှိသောသား ငယ် တယောက်ရှိ၏။ ဇိဘ အိမ် ၌ နေ သောသူအပေါင်း တို့သည်လည်း မေဖိဗောရှက် ၏ ကျွန် ဖြစ်ကြ၏။
And Mephibosheth had a young son, whose name was Micha. And all that dwelt in the house of Ziba were servants unto Mephibosheth.
13 ၁၃ ထိုသို့ မေဖိဗောရှက် သည် ယေရုရှလင် မြို့၌ နေ ၍ ရှင်ဘုရင် ၏စားပွဲ တော်၌ နေ့တိုင်း အစဉ်စား ရ၏။ ခြေ နှစ် ဘက်ဆွံ့ သောသူဖြစ်၏။
So Mephibosheth dwelt in Jerusalem: for he did eat continually at the king’s table; and was lame on both his feet.