< ၂ ဓမ္မရာဇဝင် 8 >

1 ထိုနောက် ဒါဝိဒ် သည် ဖိလိတ္တိ လူတို့ကို လုပ်ကြံ ၍ အောင်မြင် သဖြင့် ၊ မေသေဂမ္မာမြို့ကို သိမ်းယူ လေ၏။
この後ダビデはペリシテびとを撃って、これを征服した。ダビデはまたペリシテびとの手からメテグ・アンマを取った。
2 မောဘ ပြည်ကိုလည်း လုပ်ကြံ ၍ ပြည်သားတို့ကို မြေ ပေါ် မှာ လှဲချ သဖြင့်၊ ကြိုး နှင့် တိုင်း လျက် သုံးစုတွင် နှစ် စုကိုသတ် ၏။ တစုကိုချမ်းသာ ပေး၏။ ထိုသို့ မောဘ အမျိုးသားတို့သည် ဒါဝိဒ် ၌ ကျွန် ခံ၍ အခွန် ဆက် ရကြ၏။
彼はまたモアブを撃ち、彼らを地に伏させ、なわをもって彼らを測った。すなわち二筋のなわをもって殺すべき者を測り、一筋のなわをもって生かしておく者を測った。そしてモアブびとは、ダビデのしもべとなって、みつぎを納めた。
3 ဇောဘ မင်းကြီး ရဟောဘ ၏သား ဟာဒဒေဇာ သည် ဥဖရတ် မြစ် နား မြေကိုသိမ်းယူခြင်းငှါ သွား သောအခါ ၊ ဒါဝိဒ် သည် တိုက်ဖျက် ၍၊
ダビデはまたレホブの子であるゾバの王ハダデゼルが、ユフラテ川のほとりにその勢力を回復しようとして行くところを撃った。
4 ရထားတထောင် ၊ မြင်းစီး သူရဲခုနစ် ထောင်၊ ခြေသည် သူရဲနှစ် သောင်းကို ဘမ်းဆီး ၍ ရထား တရာ ကိုသိမ်းထား ပြီးမှ ၊ အခြားသောမြင်းရထား ရှိသမျှ တို့ကို ဖျက်ဆီး လေ၏။
そしてダビデは彼から騎兵千七百人、歩兵二万人を取った。ダビデはまた一百の戦車の馬を残して、そのほかの戦車の馬はみなその足の筋を切った。
5 ဒမာသက်မြို့နေ ရှုရိလူတို့သည် ဇောဘ မင်းကြီး ဟာဒဒေဇာ ကို စစ်ကူ သောအခါ ၊ ဒါဝိဒ် သည် ရှုရိ လူ နှစ်သောင်း နှစ်ထောင်တို့ကိုသတ်ပြီးမှ၊
ダマスコのスリヤびとが、ゾバの王ハダデゼルを助けるためにきたので、ダビデはスリヤびと二万二千人を殺した。
6 ရှုရိပြည် ဒမာသက်မြို့၌ မြို့စောင့် တပ်ကို ထား သဖြင့် ၊ ရှုရိ လူတို့သည် ဒါဝိဒ် ၌ ကျွန် ခံ၍ အခွန် ဆက် ရကြ၏။ ဒါဝိဒ် သွား လေရာရာ ၌ ထာဝရဘုရား စောင့်မ တော်မူ၏။
そしてダビデはダマスコのスリヤに守備隊を置いた。スリヤびとは、ダビデのしもべとなって、みつぎを納めた。主はダビデにすべてその行く所で勝利を与えられた。
7 ဟာဒဒေဇာ ၏ ကျွန် တို့စွဲကိုင် သော ရွှေ ဒိုင်းလွှား များကို ဒါဝိဒ် သည်သိမ်း ၍ ယေရုရှလင် မြို့သို့ ဆောင်သွား ၏။
ダビデはハダデゼルのしもべらが持っていた金の盾を奪って、エルサレムに持ってきた。
8 ဟာဒဒေဇာ အစိုးရသောဘေတ မြို့နှင့် ဗေရောသဲ မြို့မှ ဒါဝိဒ် မင်းကြီး သည် များစွာ သောကြေးဝါ ကို သိမ်းသွား ၏။
ダビデ王はまたハダデゼルの町、ベタとベロタイから、ひじょうに多くの青銅を取った。
9 ဟာဒဒေဇာ ၏ တပ် အလုံးအရင်း ကို ဒါဝိဒ် လုပ်ကြံ ကြောင်း ကို၊ ဟာမတ် မင်းကြီး တောဣ သည် ကြား လျှင်၊
時にハマテの王トイは、ダビデがハダデゼルのすべての軍勢を撃ち破ったことを聞き、
10 ၁၀ မိမိ ရန်သူ ဟာဒဒေဇာ ကို ဒါဝိဒ်သည် စစ်တိုက် ၍ လုပ်ကြံ သောကြောင့် ၊ မိဿဟာယ ဖွဲ့ ၍ ကောင်းကြီး ပေးစေခြင်းငှါ ၊ မိမိ သား ယောရံ ကို ဒါဝိဒ် မင်းကြီး ထံသို့ စေလွှတ် ၍၊ ယောရံ သည် ငွေ ဖလား ၊ ရွှေ ဖလား ၊ ကြေးဝါ ဖလား တို့ကို ဆောင် လျက်လာ ၏။
その子ヨラムをダビデ王のもとにつかわして、彼にあいさつし、かつ祝を述べさせた。ハダデゼルはかつてしばしばトイと戦いを交えたが、ダビデがハダデゼルと戦ってこれを撃ち破ったからである。ヨラムが銀の器と金の器と青銅の器を携えてきたので、
11 ၁၁ ထိုဖလားတို့ကို ဒါဝိဒ် မင်းကြီး သည် ထာဝရဘုရား အား ပူဇော် ၏။ ထိုအတူ အောင်မြင် သော ရှုရိ ပြည်၊ မောဘ ပြည်၊ အမ္မုန် ပြည်၊ ဖိလိတ္တိ ပြည်၊ အာမလက် ပြည်၌ သိမ်းယူ သော ရွှေ ငွေ ကို၎င်း၊
ダビデ王は征服したすべての国民から取ってささげた金銀と共にこれらをも主にささげた。
12 ၁၂ ဇောဘ မင်းကြီး ရဟောဘ သား ဟာဒဒေဇာ ၏ဘဏ္ဍာကို လုယူ၍ ရသောရွှေငွေကို၎င်း၊ ထာဝရဘုရားအား ပူဇော်၏။
すなわちエドム、モアブ、アンモンの人々、ペリシテびと、アマレクから獲た物、およびゾバの王レホブの子ハダデゼルから獲たぶんどり物と共にこれをささげた。
13 ၁၃ ဆားချိုင့်တွင် ဧဒုံလူတသောင်း ရှစ်ထောင်တို့ကို လုပ်ကြံ ရာမှ ၊ ဒါဝိဒ် သည် ပြန် လာသောအခါ ဂုဏ် အသရေကြီး၏။
こうしてダビデは名声を得た。彼は帰ってきてから塩の谷でエドムびと一万八千人を撃ち殺した。
14 ၁၄ ဧဒုံ ပြည်အရပ်ရပ် ၌ မြို့စောင့် တပ်တို့ကိုထား ၍၊ ဧဒုံ ပြည်သားအပေါင်း တို့သည် ဒါဝိဒ် ၌ ကျွန် ခံကြ၏။ ဒါဝိဒ် သွား လေရာရာ ၌ ထာဝရဘုရား စောင့်မ တော်မူ၏။
そしてエドムに守備隊を置いた。すなわちエドムの全地に守備隊を置き、エドムびとは皆ダビデのしもべとなった。主はダビデにすべてその行く所で勝利を与えられた。
15 ၁၅ ထိုသို့ ဒါဝိဒ် သည် ဣသရေလ နိုင်ငံလုံး ကို စိုးစံ ၍ ၊ နိုင်ငံ တော်သားတို့တွင် တရား မှုကို စီရင် ဆုံးဖြတ်တော်မူ၏။
こうしてダビデはイスラエルの全地を治め、そのすべての民に正義と公平を行った。
16 ၁၆ ဇေရုယာ ၏သား ယွာဘ သည် ဗိုလ်ချုပ်မင်းဖြစ်၏။ အဟိလုပ် ၏သား ယောရှဖတ် သည် အတွင်းဝန်ဖြစ်၏။
ゼルヤの子ヨアブは軍の長、アヒルデの子ヨシャパテは史官、
17 ၁၇ အဟိတုပ် သား ဇာဒုတ် နှင့် အဗျာသာ ၏သား အဟိမလက် သည် ယဇ်ပုရောဟိတ် ဖြစ်၏။ စရာယ သည် စာရေးတော်ကြီး ဖြစ်၏။
アヒトブの子ザドクとアビヤタルの子アヒメレクは祭司、セラヤは書記官、
18 ၁၈ ယောယဒ ၏သား ဗေနာယ သည် ခေရသိ လူနှင့် ပေလသိ လူတို့ကိုအုပ်ရ၏။ ဒါဝိဒ် ၏သား တော်တို့သည်လည်း မင်းသား အရာနှင့်နေ ကြ၏။
エホヤダの子ベナヤはケレテびととペレテびとの長、ダビデの子たちは祭司であった。

< ၂ ဓမ္မရာဇဝင် 8 >